Chapter 14- သူခိုးတွေကို ခြောက်လွှတ်ခြင်းနှင့် နိုးထလာသော အလှလေး
ညနေ ၅ နာရီ ၆ နာရီလောက်မှာ စင်္ကြံတွေဘက်က မှောင်သွားပြီးနောက် ဆောင်းတွင်း ကောင်းကင်ကြီးလည်း မှောင်လာခဲ့သည်။
လူတစ်ယောက်သည် လက်ထဲတွင် လက်နက်တစ်ခုကိုင်ကာ နောက်ဆုံးအထပ်ဆီသို့ သတိထားပြီး လှမ်းကြည့်လိုက်သည်။
"အပေါ်ထပ်မှာ တိုက်ခန်းတွေရှိလား"
"ကိစ္စမရှိပါဘူး ငါတို့ကြည့်လိူက်မယ်"
"တိုက်ခန်းအလွတ်တွေ ရှိတယ်၊ လူတွေသေနေတာ ဒါမှမဟုတ်..."
ရှေ့ကလူက လှမ်းပြောလိုက်သည်။
"သေပြီး ဖုတ်ကောင်ဖြစ်နေရင် လည်း ငါတို့မှာ သေနတ်ရှိတယ်ဆိုတော့ ကိစ္စမရှိပါဘူး"
"ဒါ့အပြင် အပေါ်ထပ်မှာ လူတွေရှိရင် ငါတို့ အတွက် သူတို့က စားစရာတွေ ချက်ပေးလို့ရတယ်။"
သူတို့နှစ်ဦးသည် ဖုတ်ကောင်များ၏ အရိပ်အယောင်မရှိသည့် စင်္ကြန်ကိုဖြတ်ကိာ တိတ်ဆိတ်စွာ အမှောင်ထဲတွင် ပေါ်ထပ်ကို တက်ခဲ့ကြသည်။ စင်္ကြန်အထဲသို့မဝင်ဘဲ ပြတင်းပေါက်ကနေ သူတို့က အထဲကို လှမ်းကြည့်လိုက်သည် - အတွင်းမှအလင်းရောင်သည် လှေကားထစ်တွင်းထက် ပိုတောက်ပနေသည်၊ သူတို့မြင်နေရ ဝိညာဉ်တော့ မဟုတ်ဘူးမလား။
သူတို့သည် ပထမထပ်မှာ ဘာမှမတွေ့ပဲ ဗလာဖြစ်နေသောကြောင့် အခုလာတာက အရှုံးပေါ်နေသည်။ ယခုအခါ တံခါး တဝက် ဖွင့်ထားသော အခန်းထဲမှ ရုတ်တရက် ဖုတ်ကောင်တွေ ခုန်ထွက်လာမည်ကို စိုးရိမ်နေကြသည်။ အနီးဆုံးအိမ်သုံးအိမ်သည် ဗလာဖြစ်ကြောင်း အတည်ပြုပြီးနောက် ခွေးတစ်ကောင် ရုတ်တရက် ဟောင်လာသောအခါတွင် သူတို့သည် ခေါင်းကို ပိုငုံ့လိုက်ကြသည်။
နှစ်ယောက်သား ငြိမ်သက်စွာ ငြိမ်ငြိမ်လေးနားထောင်နေချိန် ခွေးဟောင်သံက ပိုကျယ်လောင်လာခဲ့သည်။ ခွေးက တစ်ကောင်ထက်ပိုများပုံရသည်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies