Chapter (127) - အိမ်သာသုံးပစ္စည်း ရှာပုံတော်

1.4K 201 0
                                    

Chapter (127) - အိမ်သာသုံးပစ္စည်း ရှာပုံတော်


လော်ရွှင့် သည် ပါပီ၏ ခါယမ်းနေသော ကြီးမားသော အမြီးကို   ဖမ်းကိုင်လိုက်သည်။ အခု သူမက ခွေးကလေး မဟုတ်တော့ပေ။  လူနှစ်ကောင်နဲ့ ခွေးတစ်ကောင် အိမ်ပြန်ရောက်တော့ လော်ရွှင့် နဲ့ ယန်ဖေး က အဝတ်အစားလဲပြီး ရေချိုးဖို့သွားနေစဉ် ခွေးကလေးက ဆိုဖာပေါ်တက်ကာ လက်သီးဆုပ်ခန့်ရှိသည့် ဌက်အမြူတေကို ခေါင်းအုံးပြီး အိပ်နေသည်။ ဒီဌက်အမြူတေကို အိမ်ပြန်ယူလာကတည်းက ပါပီက ဒါကို   ခေါင်းအုံးလို အသုံးပြုရတာကို အရမ်း သဘောကျနေသည်။ ဒါကိုမြင်တော့ လော်ရွှင့် က  ခွင့်ပြုလိုက်သည်။

 "သူမ အိပ်ချင်လည်း အိပ်ပါစေ၊ အမြူတေ ကျောက်တုံးက အခု အသုံးမဝင်တော့ဘူး၊ သူနဲ့ အနီးကပ် ထိတွေ့နေတော့ ခွေးကလေးရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်မလား မသိဘူး?"  

ညနေရောက်တော့ အားလုံးစုပြီး အစည်းအဝေးလုပ်ကြသည်။ အဓိကအချက်ကတော့  နောက်ထပ် လိုအပ်သည့်အသုံးဆောင်များကို စုဆောင်းရန်။ ဒါမှမဟုတ် အိမ်သာသုံးစက္ကူအတွက် စက်ရုံတစ်ရုံကို ရှာရန်ဖြစ်သည်။

"မေးခွန်းကတော့ ကမ္ဘာပျက်ကပ်မတိုင်ခင်က ထုတ်ထားတဲ့ အိမ်သာသုံးစက္ကူ အချောထည်ကို ရှာတွေ့နိုင်မလား ဆိုတာပဲ။"

ကျန်းရီ သည် ထိုအဆိုပြုချက်ကိုကြားတော့ သူ၏ဖိနပ်များကို ကန်ချွတ်ရင်း လော်ရွှင့် ကို စိုက်ကြည့် လိုက်သည်။ အခြေစိုက်စခန်းမှာ ရနိုင်ပေမယ့် ဒါတွေက အရေသွေးညံ့ဖျင်းလွန်းလှသည်။ ဒါတွေကို သုံးတိုင်း  သူ စိတ်မသက်မသာ ဖြစ်နေပေမယ့် ဒီထက်ပိုကောင်းတာကို ရှာလို့မရဖြစ်နေသည်။

"ကျွန်တော်တို့ စက်ရုံကိုရောက်ပြီး သိုလှောင်ထားတာကို တွေ့ရင်တောင် ပြန်ယူလို့ရပါ့မလား"

ယန်ဖေး-   "အိမ်သာအတွက် ဦးစားပေးပြီး ရှာတာထက် အလိုအလျောက် ရေဆွဲချတဲ့ အိမ်သာကို ပြောင်းလိုက်တာက  လျှပ်စစ်ပိုသုံးနိုင်ပေမယ့် စက္ကူကို ချွေတာနိုင်မယ်"

အိမ်သာသုံး ပစ္စည်းများသည် အသုံးဝင်မည်ဖြစ်သော်လည်း အရေးကြီးသည့်အရာတော့ မဟုတ်ပေ။  ဒါပေမယ့် သူ့ချစ်သူအတွက် ရေဆေးချနိုင်တဲ့ အိမ်သာရှိဖို့ လိုတယ်လို့ ယန်ဖေးက ခံစားခဲ့ရတယ်။

လော်ရွှင့် က သူ့မျက်နှာကို ပွတ်သပ်ကာ အိမ်သာကို ပြောင်းလဲဖို့ ဘာကြောင့် သူ မစဉ်းစားခဲ့မိသလဲဆိုတာ တိတ်တိတ်လေးတွေးနေမိသည်။  ရေဆွဲချလို့ရတဲ့ ဘိုထိုင်အိမ်သာက ကုန်ကျစရိတ် ပိုများတာ ဖြစ်တဲ့အပြင် သူ့လက်ထဲမှာ ရှိတဲ့ ငွေနဲ့ မျိုးစေ့တွေ အခြား ပစ္စည်းတွေ ဝယ်ချင်လို့လည်း ပါသည်။

"ဒါပေမယ့် ဒီမြို့ထဲမှာ ဘယ်မှာရောင်းရမှန်းမသိဘူး" လီထယ် သည် အရေးကြီးသောအချက်ကို ထုတ်ဖော်ခဲ့သည်။

ယန်ဖေး - "Network ကို ကြည့်လိုက်လေ။ လုပ်ငန်းနာမည်တွေကို  မြေပုံပေါ်မှာ  ရေးထားတာပဲ။  "

လော်ရွှင့် က ရှက်ရွံ့သွားသလိုဖြစ်ကာ တီးတိုးပြောလိုက်သည်။
 "အဲဒါဆိုလည်း ငါတို့ ဒီဟာကို ရှာနေစရာ မလိုဘူး..."

ဟော်ချန်ခွန်း က သူ့ပုခုံးပေါ် တက်တင်ကာ ပြောခဲ့သည်။

 "တကယ်တော့ ငါလည်း သိပ်မလိုဘူးလို့ ခံစားရတယ်...အဟမ်း... အိမ်သာက ဒါတွေ သိပ်မလိုပါဘူး။ အိမ်သာတက်ပြီးတိုင်း  ရေဆေးနိုင်တဲ့ ဇလုံတစ်လုံးရှိရင် အဆင်ပြေတာပဲလေ"

ရွှီမိန် နှင့် စုန့်လင်းလင်း တို့က ပြုံးချင်စိတ်ကို ထိန်းကာ ပြောလိုက်သည်။
  "သွားရှာကြည့်တာပေါ့... တွေ့ရင်လည်း ပိုကောင်းတာပဲလေ  "

အမျိုးသမီးနှစ်ဦး၏ စက္ကူလိုအပ်မှုက အမျိုးသားများထက် ပိုဆိုးသည်၊ အထူးသဖြင့် လစဉ် ရာသီစက်ဝန်းကာလအတွက် သူမတို့ စက္ကူအတော်များများကို သုံးခဲ့ရသည်။ ဒီလို ကမ္ဘာပျက်ကပ် အတွင်း  အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ် မရှိတော့ပေ။

လူအုပ်ကြီးသည် မြေပုံကို တစ်ချက်ကြည့်လိုက်ရာ နောက်ဆုံးတွင် စက္ကူ ထုတ်လုပ်သည့် နေရာတစ်ခုကို ရှာတွေ့ခဲ့သည်— ကမ္ဘာပျက်ကပ် ၏အစတွင် သူတို့သည် ထိုနေရာတွင် ရှိနေခဲ့ဖူးသည်။ ဗုံးပေါက်ကွဲမှု ကြောင့် လုံကျား ပရိဘောဂဆိုင်က  ထိခိုက်တာတော့ မဖြစ်လောက်ပေ။ထိုနေရာက သူတို့ အိုတာ့ခု အဖွဲ့ကို ဖွဲ့ပြီး ပထမဆုံး မစ်ရှင်လုပ်ခဲ့ဖူးသည့် နေရာလည်း ဖြစ်သည်။ လုံကျား ဆိုင်တွင် သူတို့လိုအပ်တဲ့ အိမ်သာသုံး စက္ကူရှိ မရှိမှန်း မသေချာပေမယ့် တခြားနေရာတွေထက် ပိုစိတ်ချရတယ်၊ အဲဒါက စခန်းနှင့် သိပ်မဝေးဘူး။

လော်ရွှင့် က သူတို့သွားစရာ မလိုဘူးလို့ မူလက ထင်ထားပေမယ့် တခြားသူတွေက ထိုနေရာကို   သွားဖို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်တယ်။ ထို့နောက်တွင် သူတို့သည် ထိုနေရာသို့ သွားခဲ့ကြပြီး ဗုံးဒဏ်ခံရသည့် မြောက်ဘက်နှင့် နှိုင်းယှဉ်ပါက တောင်ဘက်တွင် ဖုတ်ကောင်များ ပိုမိုများပြားခဲ့သည်။ ထို့အပြင် သူတို့သည် နောက်ဆုံးအကြိမ် မျိုးပြောင်းတိရစ္ဆာန်ကြီးတစ်ကောင်နှင့် ကြုံတွေ့ခဲ့ရသည်။ လုံကျားဆိုင်ကြီးမှာတော့ အန္တရာယ်နည်းနိုင်ဖွယ်ရှိသည်။

ယခင်အချိန်များကဲ့သို့ပင် ယန်ဖေးသည် သူ့လက်များကို ပွတ်သပ်ကာ မြောက်ဘက်သို့ စူးစမ်းရှာဖွေရင်း လမ်းပေါ်ရှိ သတ္တုအစအနများကို စုစည်းခဲ့သည်။

ပိုအရေးကြီးတာက သူတို့မှာပြီးခဲ့တဲ့လက အမြူတေတွေရှိနေတုန်းဖြစ်လို့ ဖုတ်ကောင်တွေ အများကြီး လိုက်ရှာစရာမလိုတော့ဘူး။ ဒါကြောင့် အိုတာ့ခု အသင်းက သာယာစွာ ကားတွေကို မောင်းနှင်လာခဲ့တယ်။

အဖွဲ့လိုက်သွားရန် အဆင်သင့်ဖြစ်ပြီ၊ သူတို့၏ ဦးတည်ရာသည် အခြားအဖွဲ့တွေရဲ့ ပန်းတိုင်တစ်ခုနှင့် မတူသောကြောင့် သူတို့သည် ခါတိုင်းထက် မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှုကို ပိုမိုမြင့်မားစေသည်။

  စခန်းအပြင်ကို ထွက်သည့် ကားများစွာက စခန်းထွက်ပေါက် ဂိတ်တွင် တန်းစီထားသည်။ ပထမဦးစွာ သူတို့သည် မြို့ရိုးများမှတဆင့် 'ကင်းစခန်း' ကိုဖြတ်၍ နောက်ဆုံးတွင် ခိုင်ခံလွန်းသည့် အပြင်ဘက်တံတိုင်းကို ဖြတ်သွားကြသည်။

"ငါတို့ဖြတ်လာခဲ့တဲ့ တံတိုင်းက အခြေနေ ဘယ်လိုလဲ။ ပြင်စရာရှိသေးလား"
ဟော်ချန်ခွန်း က ဂိတ်ပေါက်ဝကို ချဉ်းကပ်ပြီး မေးတယ်။

"မြို့သစ်အကြောင်းပြောနေတာမဟုတ်လား"
လော်ရွှင့် သည် ထိုအဖြေ အတွက် ယန်ဖေး ကို လှည့်ကြည့်လိုက်သည်။

ယန်ဖေး က ခေါင်းညိတ်လိုက်ပြီး "ဟိုမှာ မြို့သစ်ဖြစ်လောက်တယ်"

"မြို့သစ်က တံတိုင်းကြီးလည်း ဆောက်မှာလား။" ဝူရှင်း  က မေးလိုက်တယ်။

မြို့သစ်သည် လျှပ်စစ်ဓာတ်အား များစွာ သုံးစွဲနိုင်သည့် ရာထူးကြီးလူများဖြင့်  ပြည့်နှက်နေသည်။ နံရံ၏ အမြင့်အရ မြေသားနဲ့ သတ္တုနံရံကိုလည်း ဆောက်မယ်ဆိုရင် ဟန်ချက်မညီလောက်ပေ။ သူတို့ထဲက နေထိုင်သူ အများစုသည် စွမ်းအားရှင်များဖြစ်သော်လည်း သာမန်လူများကဲ့သို့ သူတို့ နေထိုင်သည့် မြို့သစ်ကို အကာအကွယ် အပြည့်ဖြင့် ကာကွယ်ထားကြသည်။

"ဟင့်အင်း၊ မြို့ခံ မြေကြီးစွမ်းအားရှင် တွေက နံရံကို ပြုပြင်ထားပုံရတယ်။"
ယန်ဖေး သူ့လက်ကို ဖြန့်ကာသတ္တု ကို စုစည်းရင်း ဖြေလိုက်သည်။

 "မြေစွမ်းအားရှင်တွေက လတ်တလော လုပ်စရာ မစ်ရှင်မရှိဘူး။ ဒါကြောင့် သူတို့က  အခြေစိုက်စခန်း အပြင်ဘက် မြို့သစ်ရဲ့ ခံတပ်တွေကို ဆောက်လုပ်နေရတယ် ။ ဒါမှမဟုတ်ရင်လည်း သူတို့ဖာသာ စခန်းအပြင်ထွက်ပြိး မစ်ရှင်လုပ်ကြတယ်။"

ထို့ကြောင့် မြို့သစ်မြို့ရိုးအတွင်းသားများကို မြေကြီးစွမ်းအားရှင်များ ပြုလုပ်ထားတာ မဟုတ်ရင်    ပုဂ္ဂလိက ကန်ထရိုက်တာများကို တာဝန်ပေးထားတာဖြစ်နိုင်သည်။

"ငါတို့ရပ်ကွက်..."

ဟော်ချန်ခွန်း က ပြောဟန်ပြင်ပြီးမှ သူ့စကားများကို မျိုချလိုက်သည်။

ပိုလုံခြုံသော ရပ်ကွက်ကို သူ လိုချင်သော်လည်း လူအများစုသည် လစဉ် အိမ်ငှားခ ပေးဖို့ပင် မနည်းရုန်းကန်နေရသည်။ တံတိုင်းဆောက်ချင်သော်လည်း တိုက်ခန်းမှာ နေထိုင်သူ အားလုံးကို စည်းရုံးဖို့ မဖြစ်နိုင်လို့ ဒါက အိပ်မက်မက်ရုံသာတတ်နိုင်တော့သည်။

သူတို့ အိုတာ့ခု အဖွဲ့ဝင်တွေရဲ့ ကားနေရာချရာတွင် လူတိုင်း ဘေးကင်းစေရန်နှင့် တိုက်ခိုက်နိုင်စွမ်း ရှိဖို့   လူတွေကို အညီအမျှ ခွဲဝေပေးခဲ့သည်။  လော်ရွှင့် ၏ကားထဲတွင်  စွမ်းအားရှင် အဖြစ် ယန်ဖေး နှင့် ဟော်ချန်ခွန်း နှင့် ဝူရှင်း တို့က  ပစ်ခတ်သူအဖြစ် ပါဝင်ခဲ့သည်။ အလယ်ကားတွင် စုန့်လင်းလင်း နှင့်အတူ ရှောင်ရန် နှင့် ဟန်လိ နှင့် လီထယ် တို့ပါရှိသည်။ နောက်ဆုံးကားတွင် ရွှီမိန် နှင့် ကျန်းရီပါဝင်ပြီး ဝမ်သော်က  ယာဉ်မောင်းဖြစ်သည်။

နှိုင်းယှဉ်ကြည့်လျှင် အလယ်မှ ကားထဲတွင် အားအနည်းဆုံးဖြစ်ပေမယ့်   ရှောင်ရန် ၏  ထောင်ချောက် ဆင်နိုင်စွမ်းအားသည် အခြားသူများထက် သာလွန်သည်။ အကြာကြီးလေ့ကျင့်ပြီးနောက်၊ စုန့်လင်းလင်း သည် လေးထောင့်ဒူးလေးကဲ့သို့ပင် ရေမြှားဖြင့် တိုက်ခိုက်နိုင်ခဲ့သည်။

သိပ်သည်းဆမြှင့်ထားသည့် ရေမြှားများဖြင့် ပစ်ခတ်ခြင်းက အဆင့်မြင့် ဖုတ်ကောင်အပေါ်  ထိရောက်မှု မရှိပေမယ့် အားနည်းတဲ့ ဖုတ်ကောင်ကို အလွယ်တကူ ပစ်ခတ်နိုင်လေပြီ။   

 အချိန်စေ့တော့ ယာဉ်တန်းအားလုံးသည် ဂိတ်ပေါက်မှ ထွက်သွားကြသည်။

အသင်း၏ ရည်ရွယ်ချက်မှာ အခြားအသင်းများကဲ့သို့ ပြိုကျခြင်းမရှိသော နေရာများသို့ သွားရောက်ရန်ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ကားအမြောက်အမြားနှင့် အဖွဲ့များ အခြေစိုက်စခန်းမှ ထွက်ခဲ့ကြသည်။

လမ်းမပေါ်တွင် ဖုတ်ကောင်အနည်းငယ်ရှိကာ အချို့သော ဖုတ်ကောင်များသည် အခြားကားများနောက်ကို လိုက်နေသည်။  သူသည် တောင်ပိုင်းမှ အဆောက်ဦးပျက်တွေနှင့်စာရင် အရေတွက် အတော်လေး နည်းသည်။

နာရီဝက်လောက်ကြာတော့ ရှေ့က ကားတွေ ရုတ်တရက် ရပ်သွားသဖြင့် လော်ရွှင့် နှင့် အဖွဲ့တို့လည်း အရှိန်လျှော့ကာ အကဲခတ်စဉ် ဒါက လမ်းပေါ်တွင် ရန်ပွဲဖြစ်နေတာ သိလိုက်ရသည်။

ဟုတ်တယ်၊ အဲဒါက ဖုတ်ကောင်တွေမဟုတ်ဘဲ အဖွဲ့တွေကြားက ရန်ပွဲဖြစ်တယ်။

ရန်ပွဲကြောင့် အဆောက်အဦအနီးတွင် ရပ်ထားသည့် ကားသုံးစီးမှာ ပျက်စီးသွားခဲ့သည်။ အခြားအဖွဲ့များသည် ရန်ပွဲကို ကြည့်ရှုရန် ရပ်သွားတာ ဒါမှမဟုတ် အခြားလမ်းကြောင်းမှ ထွက်ခွာသွားကြသည်။

"ဝိုး၊ ဒါက ဖုတ်ကောင်တွေကို တိုက်ရတာထက် အများကြီး ပိုစိတ်လှုပ်ရှားစရာကောင်းတယ်။"

စပ်စုတတ်သည့် ဝမ်သော်  လည်ပင်းကို ဆန့်တန်းပြီး ထိုရန်ပွဲက ဘာတွေဖြစ်နေလဲ ကြည့်ဖို့ ကြိုးစားနေသည်။

လော်ရွှင့် က မျက်ခုံးတွန့်လိုက်ကာ အမိန့်ပေးလိုက်သည်။
"ကားပေါ်ပြန်တက်၊ လမ်းလွှဲကနေ သွားဖို့ပြင်ထား။"

"ခေါင်းဆောင်... လမ်းလွဲကနေသွားဖို့ဆိုရင် အဲ့နေရာကိုရောက်ဖို့ အချိန်ယူရလိမ့်မယ်..." ဟော်ချန်ခွန်း က သူ့လက်ကိုင်ဖုန်းထဲက မြေပုံကိုကြည့်ကာ ပြောခဲ့သည်။

*ဝုန်း*

စွမ်းအားရှင်တစ်ဦးက လမ်းဘေးကို ဖောက်ခွဲလိုက်ချိန်မှာတော့ အဆောက်အဦးနံရံက ဧရာမအပေါက်ကြီး တစ်ခု ဖြစ်သွားခဲ့သည်။

"သွားကြရအောင်။" လော်ရွှင့် က သူ့လက်ကို ဝှေ့ယမ်းပြီး လူတိုင်းကို ထွက်သွားဖို့ လှုံ့ဆော်လိုက်သည်။

အခြေအနေကိုမြင်တော့ အဖွဲ့သားတွေက စိတ်လှုပ်ရှားစရာမရှိတော့ အားလုံးက  ကားပေါ်တက်ကာ မောင်းထွက်လာခဲ့သည်။ စွမ်းအားရှင်တွေကြားက တိုက်ပွဲက  အရမ်းအန္တရာယ်များတယ်။

မြေပုံကို တစ်ချက်ကြည့်လိုက်ပြီး လော်ရွှင့် သည် အခြားလမ်းကြောင်းကို ရွေးချယ်ခဲ့သည်။ သူက ကားစတီယာတိုင်ကို လှည့်ပြီး မစ်ရှင်မစခင်လေးမှာ ဝယ်ထားတဲ့ walkie-talkies တွေကို ထုတ်လိုက်တယ်။

"ငါ့ကားနောက်ကို လိုက်ခဲ့"

"သိပါပြီ ခေါင်းဆောင်...ဒါနဲ့  ခုနက ဒီလူတွေ ဘာဖြစ်နေကြတာလဲ"

လီထယ်က သိလိုစိတ်ဖြင့် မေးလိုက်သည်။ အခြေစိုက်စခန်းတွင် မကြာခဏ ခိုက်ရန်ဖြစ်ပွားမှုများ ရှိသော်လည်း ကျောင်းသားများသည် ပုံသေအချိန်ဇယားဖြင့် အလုပ်ကို နေ့စဉ်သွားနေရသဖြင့် ထိုသို့ စွမ်းအားရှင်ကြားက တိုက်ပွဲကို သိပ်မတွေ့ဖူးခဲ့ပေ။

အခြေစိုက်စခန်၏ နံရံသို့ ရောက်အောင် နေ့စဉ် ကူးလားသွားလာနေသည့်   လော်ရွှင့် နှင့် ယန်ဖေး တို့က ထိုသို့ ရန်ပွဲကို နေ့စဉ် များစွာမြင်တွေ့ခဲ့ကြရသည်။

"အရင်က ရန်ငြိုးကြောင့် ဒါမှမဟုတ် အကျိုးအမြတ်ကြောင့် တိုက်ပွဲဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။"
 
 သူ့အတိတ်ဘဝတွင်လည်း စွမ်းအားရှင်ကြားက တိုက်ပွဲတွေက ပုံမှန်ဖြစ်ခဲ့လို့  အံ့သြစရာမဟုတ်ပေ။ သူတို့ တိုက်ပွဲ ပြင်းထန်လျှင် အဝေးက ကြည့်နေသည့် လူပင် မလွတ်နိုင်ပေ။ သူ့လို ဟင်းသီးဟင်းရွက် စိုက်သည့်သူပင် ထိုသို့ရန်ပွဲကြောင့် အသက်ပေးခဲ့ရသေးသည် မဟုတ်လား။

 ဒါကြောင့် ဒီဘဝမှာတော့ သူက သင်ခန်းစာယူခဲ့ပြီး စွမ်းအားရှင်ကြားက ရန်ပွဲဆိုရင် ဝေးဝေးရှောင်တော့သည်။ သူက အသက်ရှည်ရှည်နဲ့ ဘေးကင်းကင်းပဲ နေချင်သည်။

အိုတာ့ခု အဖွဲ့သည် ကွေ့ဝိုက်ကာ ကုန်တိုက်သို့ရောက်ရှိရန် အဝေးပြေးလမ်းမအောက်တွေကနေ မောင်းနှင်ခဲ့ရသည် - ကမ္ဘာပျက်ကပ် အပြီးတွင် ဘေးကင်းလုံခြုံမှု မရှိသောကြောင့်  လူများစွာက လမ်းကြောင်းပြောင်းကာ သွားခဲ့ရသည်။

ပစ်မှတ်နေရာကို မရောက်ခင် တစ်နာရီလောက်မောင်းနှင်လာခဲ့ရသည်။
 ရိုးရိုးသားသားပြောရရင် အခြေအနေတွေက အရင်ကနဲ့မတူတော့ဘူး။ မြို့၏တောင်ဘက်ပိုင်းလောက် အပျက်စီး မများပေမယ့်  အိမ်များ၊ လမ်းများနှင့် သစ်ပင်များ ပြိုကျပျက်စီးကာ အမှိုက်တွေ ပြန့်ကျဲနေသည်။

အိမ်များနှင့် အဆောက်အဦများသည် ပြတင်းပေါက်များ ကျိုးပေါက်ခြင်း သို့မဟုတ် ပျောက်ဆုံးနေပါသည်။ ဆိုင်များအားလုံးသည် တံခါးဖွင့်ထားသည် သို့မဟုတ် တံခါးမရှိသဖြင့် အရာအားလုံး လွတ်သွားခဲ့သည်။

အဝတ်အစား ပစ္စည်းများ၊ ဗီဒိုများနှင့် သစ်သားကဲ့သို့သော ပရိဘောဂအချို့ကို  ယခုထိ ကျန်ရစ်သည့် ဆိုင်များစွာလည်း ရှိပါသည်။

ယန်ဖေးသည် အနီးနားရှိ သတ္တုများကို စုဆောင်းခဲ့သော်လည်း သူတို့အပြင် အခြား အသင်းများကို မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်သောကြောင့် သံဘောလုံးကြီးကြီးအဖြစ် ပြောင်းလဲကာ လှိမ့်ပြီး ယူမလာရဲပေ။ ဒါကြောင့် သူက ကားနောက်ခန်းမှာသာ ချိတ်ထားနိုင်ပေမယ့်  ဘယ်လောက်မှ မသယ်လာနိုင်ခဲ့ပေ။

လော်ရွှင့် က ဘေးပတ်ဝန်းကျင်ကို အမြန်ကြည့်ကာ ဘယ်သူမှ မရှိသဖြင့် ယန်ဖေးကို အမြန်ပြောလိုက်သည်။
  "သတ္တုကားတစ်စီးလုပ်ပါ။"

"ဟမ်?"

 ယန်ဖေး ရဲ့ တုံ့ပြန်မှုကို အပြစ်တင်လို့မရပေ။ လော်ရွှင့် ရဲ့ ဆိုလိုရင်းကို လူအနည်းငယ်က နားလည်နိုင်သည်။

"ကျွန်တော်ဆိုလိုတာက ကားပုံသဏ္ဍာန်အတိုင်း   သတ္တုကိုသုံးပြီး လုပ်ခိုင်းတာ။ ကားပုံစံနဲ့ ကျွန်တော်တို့ ကားနောက်ကိုချိတ်ပြီး ဆွဲယူဖို့ပါ။ အရင်ဆုံး အခွံအလွတ်တစ်ခုလုပ်ပြီး စုဆောင်းရတာကို ထည့်မယ်။ ကျွန်တော်တို့ ပစ္စည်းပိုစုဆောင်းရင် အလယ်အလတ်ဂျစ်ကားအရွယ်ကို ပုံစံပြောင်းနိုင်ပြီး နောက်ဆုံးမှာတော့ ကုန်တင်ကားကြီးတစ်ကား ဖြစ်လာနိုင်တယ်။"

"..."
ယန်ဖေး သည် သူ့ ဇနီးလေး ပေးသည့်အကြံက လက်တွေ့ကျသော နည်းလမ်းတစ်ခုဖြစ်ကြောင်း ဝန်ခံလိုက်ရသည်၊ သူ့ချစ်သူရဲ့ ဦးနှောက်ဘယ်လောက်တောင် ထက်မြက်လိုက်သလဲ။

  ဝူရှင်းနှင့် အခြားလူများက ထိုအကြံကို ကြားတော့ အားလုံး ဝိုင်းဝန်းကာ ချီးကျုးကြသည်။
  "အစ်ကိုလော် က တကယ်ကို ဉာဏ်ကောင်းတယ်။ ခေါင်းဆောင် လော်ရွှင့် က အရမ်းသန်မာတယ်!"  

သူတို့လင်မယားနှစ်ယောက်လုံးက ချစ်ခင်မှုအပြည့်နဲ့  တစ်ယောက်ကို တစ်ယောက်ကြည့်နေချိန်   လူပျိုကြီးနှစ်ယောက်က ဝမ်းနည်းစွာပြောခဲ့သည်။

 "ငါတို့တစ်ကိုယ်တည်းသမားတွေရှေ့မှာ ဒီလိုမျိုး ခွေးစာတွေ မကျဲနဲ့လေ...ငါတို့ကို ကြင်နာပါဦး!"

"မင်းတို့နှစ်ယောက် ပေါင်းလို့ရတယ်၊ ငါတို့ မင်းတို့ကို တားမှာမဟုတ်ဘူး။" လော်ရွှင့် က သူတို့ကို မထီမဲ့မြင် အကြည့်ပေးကာ ပြောလိုက်သည်။

ယန်ဖေးသည် သူ့လက်ကို ဝှေ့ယမ်းကာ သတ္တုကို စုဆောင်းကာ ကားတစ်စီးကို စတင်ဖွဲ့စည်းလိုက်စဉ် ဟော်ချန်ခွန်း နှင့် ဝူရှင်း  တို့က စောင့်ကြည့်ခဲ့ကြသည်။

ယန်ဖေး ၏ စွမ်းရည်သည် ပိုမို ကောင်းမွန်လာကြောင်း ထင်ရှားသည်၊ သတ္တုဘယ်လောက်တောင် သူ စုစည်းခဲ့တာလဲ။  ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ သတ္တုစွမ်းအားရှင် မရှိလို့ ဒီရွှေတွင်းကို ဘယ်သူမှ မစုစည်းခဲ့တာလား။

ဘာပဲဖြစ်ဖြစ် ယန်ဖေး ဟာ ခိုင်ခံ့တဲ့ကားကို ခပ်ပေါ့ပေါ့ ပြုလုပ်လိုက်ပြီး၊ အလယ်မှာ အခေါင်းပေါက် ထားလိုက်သည်။ ယန်ဖေး သည် သတ္တုတွေကို လမ်းဘေး စတိုးဆိုင်ငယ်များမှ ရှာဖွေကာ ကားကိုထပ်အားဖြည့်ကာ နောက်ဆုံး   စခန်းကို ပြန်ချိန် သူတို့က ထရပ်ကားသုံးစီးကို ပြန်လည်သယ်ဆောင်နိုင်ခဲ့သည်။  အိမ်ကိုပြန်ရောက်ရင် ဒီသတ္တုတွေနဲ့ အိမ်ကို ပိုမိုခိုင်ခံ့အောင် အားဖြည့်လို့ရသည်။
 

ကားအဖြစ် ဖန်တီးပြီးသွားတော့ ယန်ဖေး က လော်ရွှင့် ကို ပြုံးပြလိုက်သည်။
 "ငါတို့ပြန်လာတဲ့အခါ ငါတို့ရဲ့ကားကို ထပ်ပြီးအားဖြည့်လို့ရတယ်။"

သူတို့  နေသည့် ခရိုင်၏ အခြေအနေသည် ပို၍ဆိုးရွားလာကာ အချို့လူများသည် အခကြေးငွေမပေးနိုင်ပဲ လမ်းဘေးမှာပဲ တဲထိုးကာ နေထိုင်ကြသည်။ သူတို့ကားက အောက်ထပ်မှာပဲ ထားလို့ တစ်နေ့မှာ ထိုလူတွေ ပြဿနာရှာမည်ကို  ကြိုပြီးတားတာ အကောင်းဆုံးပဲ။

လော်ရွှင့် က ပြုံးပြီး ပြောလိုက်သည်။
"ဒါဆို များများယူပါ၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားက သတ္တုတွေကို သေချာ သုံးနိုင်မှာပါ"

 သူတို့ သိုလှောင်ထားသော အရာများကို လက်နက် သို့မဟုတ် အကာအကွယ် ကိရိယာများ အတွက် အသုံးပြုလိုက်လျှင် သတ္တုတွေက ကုန်သွားမည်ဖြစ်လို့ အပိုသိမ်းထားနိုင်တာ အကောင်းဆုံးပင်။   ထို့အပြင် အဆောက်အဦးအောက်တွင် နေရာအချို့ကို ပြုပြင်ဖို့လည်း လိုအပ်သည်။

ယန်ဖေး က ပြုံးပြီး လော်ရွှင့် ရှေ့ကို မောင်းခိုင်းလိုက်သည်။ ကားကို ရွှေ့ဖို့ စိတ်ကူးကာ သူ့လက်ကို မြှောက်လိုက်ရုံပဲ၊  ခွန်အားတွေ အများကြီး မလိုဘူး။

နောက်ထပ် နှစ်ကွေ့လောက်သွားပြီးနောက် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ယာဉ်များ ပိတ်ဆို့သွားခဲ့ ထိုနေရာကို ကျော်ဖြတ်ပြီးနောက်  သူတို့ လိုရာခရီးကို ရောက်ခဲ့တယ်။

"အို ဘုရားရေ...ဒီလိုဖြစ်သွားပြီလား"

အိမ်ဆောက်ပစ္စည်း ရောင်းသည့် ကုန်တိုက်မှာ မှန်တံခါးတွေ အကုန်ကွဲသွားတယ်။ သတ္တုတံခါးက စုတ်ပြဲပြီး ကုလားကာတွေတောင် ပျောက်သွားတယ်။ ဘေးကပ်လျက် စူပါမားကတ်မှာ နံရံပြိုကျနေသည်။  အနီးနားက လမ်းတွေမှာ ရှုပ်ပွနေပြီး ပြိုကျနေတဲ့ ယာဉ်တွေနဲ့ ပြည့်နေတယ်။ ဒီနေရာတွင် ဖုတ်ကောင်အချို့သွားလာနေပြီး ကားတစ်စီးကိုတွေ့တော့ စိတ်လှုပ်ရှားစွာနဲ့ ရှေ့ကို ပြေးလာကြတယ်။

  ပထမအဆင့် ဖုတ်ကောင်များက မာန်ဖီကာ ပြေးလာသည်။ အိုတာ့ခု အဖွဲ့သည် မျက်စိပင် မလွဲရဲပေ။   ရှောင်ရန် သည် အမြူတေကို ဆုပ်ကိုင်ကာ ထိုကွန်ကရစ်လမ်းကို သဲပြင်အဖြစ်ပြောင်းလဲလိုက်သည်။ စုန့်လင်လင်က အမြူတေကို အသင့်ထုတ်ပေးထားသည်။  သူမ၏ စွမ်းအားတွေက တိုက်ခိုက်နိုင်ပေမယ့် အဖွဲ့ကို ထောက်ပံ့ပို့ဆောင်ရေး အတွက် အဓိက တာဝန်ရှိသည်။

"အိမ်သာသုံး စက္ကူရောင်းတဲ့ ဆိုင်ရှိတဲ့နေရာကို ဘယ်သူမှတ်မိသေးလဲ။"
လော်ရွှင့် သည် အဆောက်အဦးပတ်ပတ်လည်ကို မသေချာမရေရာ ကြည့်လိုက်သည်။

အားလုံးက တစ်ယောက်နဲ့တစ်ယောက်ကြည့်ကြပြီး ကျန်းရီ က ပြောလိုက်သည်။
"ယေဘူယျအားဖြင့် ပထမထပ်မှာ အိမ်သာသုံး စက္ကူတွေရောင်တာလားလို့"

"ဒါဆို အထဲကို ဝင်ကြည့်ရအောင်"
အဖွဲ့သည် ကားများကို သော့ခတ်ပြီး ယန်ဖေး သည် ပြတင်းပေါက်များကို သတ္တုဖြင့် ဖုံးအုပ်ထားသည်။ သူသည် သတ္တုဒိုင်းတစ်ခုကို ဖန်တီးပြီး မှောင်မိုက်သော အဆောက်အအုံထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။

လူတိုင်းက ဒီနေရာကို အရင်က ရောက်ဖူးကြပေမယ့် သူတို့ရဲ့ အရင်ဦးတည်ရာကတော့ နောက်ဘက်မှာ ဂိုဒေါင်ပါ။ အခု သူတို့   အိမ်သာသုံး စက္ကူရောင်းသည့် နေရာကို ရှာနေကြသည်။ ဂိုဒေါင်ထဲမှာ အချို့ရှိနိုင်ပေမယ့်  အိမ်သာသုံး စက္ကူအနည်းငယ်အတွက် အဲ့လောက် လုပ်နေရင် ရယ်စရာဖြစ်လိမ့်မည်။
 
*ဂါး...*
 အမှောင်ရိပ်ထဲမှ ဖုတ်ကောင်တစ်ကောင်က ခုန်အုပ်လိုက်ပေမယ့်  ရွှီမိန် က မီးဖြင့် လှမ်းပစ်လိုက်သည်။
 
"အဆင့်နှစ် ဖုတ်ကောင်ပဲ"
 ရွှီမိန် သည် ပုရွက်ဆိတ်တစ်ကောင်ကို နင်းမိသကဲ့သို့ သူမရဲ့ တတိယ စွမ်းအားရှင် အဆင့်အတန်းကို တည်ငြိမ်စွာ ထုတ်ဖော်ခဲ့သည်။

 အမြူတေကို တူးယူပြီးနောက်တွင် သူတို့အဖွဲ့က ကုန်တိုက်ထဲကို ဝင်လာရင်း  ဂရုတစိုက် စစ်ဆေးခဲ့ကြသည်။ သူတို့တစ်ဦးစီတွင်   အားပြန်သွင်းနိုင်သော ဓာတ်မီးတစ်ခု ရှိသည်။

မြို့တွင်းသို့သွားသောအဖွဲ့အများစုသည် အခြေစိုက်စခန်းနှင့် နီးသည့်နေရာကိုသာ သွားကြသဖြင့်   သူတို့၏ကံကောင်းသည်။ အသုံးဝင်တဲ့ ပစ္စည်းအများစု မရှိတော့တဲ့အတွက် ဘယ်သူမှ ဒီနေရာကို ထပ်မလာကြတော့ပေ။

နောက်ဆုံး သူတို့အဖွဲ့က ရေချိုးခန်းနှင့် အိမ်သာသုံးပစ္စည်းများ ရောင်းချသည့်နေရာများကို ရှာဖွေတွေ့ရှိခဲ့သည်။

"ဘုရားရေ၊ သူတို့ အပိုင်းအားလုံးကို ဖြိုချပစ်လိုက်ပြီ!"

"ဒါတွေ အတော်လေးကို  ပျက်စီးကုန်ပြီ "

"ကံကောင်းတာက အိမ်သာတွေ ရှိသေးတယ်!"

လူတိုင်းက ထိုနေရာကို ဝိုင်းအုံလာကြသည်။မူလက ဆိုင်များတွင် နမူနာပြထားသည့် အရာများဖြင့် ပြည့်နေပေမယ့်   အခုတော့ ကုန်ပစ္စည်းတွေ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေခဲ့သည်။  အိမ်သာ နှစ်လုံး သုံးလုံး ကျိုးပျက်သွားတယ်။

သူတို့သည် လိုချင်သည့်အရာကို အမြန်ဆုံးရှာကြည့်သည်။ ဒီက နမူနာထဲမှာ ရှိလျှင်  ကုန်ပစ္စည်းက ဂိုဒေါင်ထဲတွင်ရှိရပါမည်။ အနည်းဆုံးတော့ တစ်ခုလောက်တော့ ရှိနိုင်သည်။ ထိုသို့တွေးပြီးနောက်  လူတိုင်း ဂိုဒေါင်ဆီသို့ အမြန်ပြေးသွားကြသည်။


**-***

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now