Chapter (128) _ စမတ်အိမ်သာအဖုံး

1.8K 218 7
                                    

Chapter (128) _ စမတ်အိမ်သာအဖုံး

"အိုး!"

"အဲဒါ ဘာလဲ?" ဝမ်သော် က သူ ဘာနဲ့ ခလုတ်လိုက်ခဲ့သလဲဆိုတာ မမြင်လိုက်ဘူး။ ဟန်လိက သူ့ ဓာတ်မီးနဲ့ မြေပြင်ကို ထိုးကြည့်တော့ လူသေအလောင်းတစ်ခုကို တွေ့သဖြင့် ခြေတစ်လှမ်း ဆုတ်လိုက် သည်။

တကယ်တော့ အလောင်းကောင်တွေက သိပ်ကြောက်စရာမကောင်းပေ။ အခုချိန်ထိ သူက ဖုတ်ကောင်တွေ ဘယ်လောက်တောင် သတ်လိုက်မှန်းတောင် မရေတွက်နိုင်တော့ဘူး။

"ဒီလူက အသတ်မခံရခင်မှာ ဖုတ်ကောင်မဟုတ်ပဲ အသက်ရှင်တဲ့ လူတစ်ယောက်ဖြစ်ခဲ့တယ်။"

လော်ရွှင့် က အလောင်းကို စစ်ဆေးကြည့်ကာ ပြောလိုက်သည်။

"သူ သေသွားတာ တစ်လလောက်ကြာသွားပြီ၊ ယိုယွင်းပျက်စီးမှု ကြီးကြီးမားမား မရှိသေးဘူး"

သူက လက်ခုပ်တီးပြီး တခြားလမ်းကို ညွှန်ပြကာ ပြောလိုက်သည်။

"ဒါက တိုက်ပွဲဖြစ်လို့ အသတ်ခံရတာဖြစ်နိုင်တယ်။ ဖုတ်ကောင်သတ်တာ မဟုတ်ဘူး။ သွားကြရအောင်။"

အသက်ပြင်းပြင်းရှူရင်း အိုတာ့ခု အသင်းတစ်သင်းလုံး စိတ်ထဲမှ တုန်လှုပ်သွားသည်။ ဂိုဒေါင်ဆီသို့ ဆက်သွားရင်း အိမ်သာကို ရွှေ့ရန် အားလုံး အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ မစ်ရှင်ထွက်တာက ယုံကြည်ရတဲ့ အသင်းဖော်တွေနဲ့ ထွက်လာတာ အကောင်းဆုံးပါပဲ။ အခြေစိုက်စခန်းမှာ ရှိတဲ့ အခြား အဖွဲ့အစည်းနဲ့ ခပ်ပေါ့ပေါ့ ပေါင်းပြီးထွက်ရင် သူတို့အဖွဲ့လည်း ဒီလိုအခြေအနေမျိုး မကြုံရဘူးလို့ မပြောနိုင်ဘူး။

အရင်က ဂိုဒေါင်တွေကို သူတို့ သွားကြည့်ဖူးပေမယ့် အဲဒီတုန်းက အိမ်သာမတွေ့ခဲ့ဘူး။ ထိုတစ်ကြိမ်တွင် သူတို့က အခြားအရာတွေကို ရှာဖွေရန် ဂိုဒေါင်များကို အပေါ်ယံပဲစစ်ပြီး ကျော်သွားတာဖြစ်နိုင်သည်။

ဒါပေမယ့် သူတို့ရောက်တာနဲ့ သတိထားမိတာ.." လူတွေက တကယ်ကို အစွမ်းထက်တာပဲ..."

ဂိုဒေါင်တံခါးတွေ အားလုံးပွင့်နေကာ ကြမ်းခင်းကြွေပြားနှင့် ပျဉ်ပြားများကဲ့သို့သော အသုံးဝင်သည့်အရာများ မရှိတော့တာ ကြာပါပြီ။ သူတို့ အသင်း၏အလိုရှိသော အိမ်သာများကဲ့သို့သော လူသုံးနည်းသည့် အရာတွေက ဂိုဒေါင်ထဲတွင် ပစ္စည်းလက်ကျန်အချို့ ကျန်နေလောက်ပါရဲ့....

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Donde viven las historias. Descúbrelo ahora