Chapter (71)- စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ

3.4K 566 5
                                    

Chapter (71)- စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ

ယန်ဖေး သည် ကျန်းရီကဲ့သို့ ပရောပရီမလုပ်ဘဲ လီထယ်၏အဖွဲ့ကို ပွင့်လင်းစွာ ပြုံးလိုက်ပေမယ့် တဖက်လူကို ငြင်းလိုက်သည်။

"မင်းကူညီချင်ရင် ငါ မင်းတို့ကို မတားဘူး။ ဒါပေမယ့် ကူညီချင်ရင်တော့ သူတို့နဲ့ အတူနေဖို့ ရွှေ့သွားလိုက်ပါ- ၁၅ ထပ်မှာ သုံးယောက်ပဲ ရှိတာဆိုတော့ အိမ်လွတ်တွေ အများကြီးပဲ"

သူကတော့ ဒီ မိန်းကလေး သုံးယောက်ကို စောင့်ရှောက်ရန် စိတ်မဝင်စားပါ။ ရွှီမိန်အမည်ရှိ အမျိုးသမီးရဲ့စရိုက်ကို မသိပေမယ့် ကျောင်းသူ နှစ်ယောက်ကို လူများစွာနဲ့ ရောထွေးနေသည်ကို အကြိမ်များစွာ တွေ့ဖူးသည်။ အလုပ်ကိစ္စကြောင့် ယန်ဖေး နှင့် လော်ရွှင့် သည် နေ့လယ်တွင် နေ့တိုင်းပြန်ရောက်လာချိန်တိုင်း ထိုအမျိုးသမီးနှစ်ဦးသည် မည်သည့်အလုပ်တွင်မျှ ပါဝင်ခြင်းမရှိပဲ တစ်ခါတစ်ရံ လမ်းဖြတ်ကူးနေတာ၊ တခြားအမျိုးသားတွေနဲ့ ရယ်မောစကားပြောတိုင်း နေ့လယ်စာဝယ်ဖို့ ဒါမှမဟုတ် ထမင်းပြန်ယူ လာတာတွေပဲ မြင်ခဲ့ရသည်။ တခါတရံ သူမတို့ကို မတူတဲ့ အမျိုးသားများ ရောထွေးနေသည်ကိုလည်း တွေ့ခဲ့ရသည်။ ထို့အပြင် ယနေ့နံနက်တွင် သူတို့နှစ်ဦးသည် ရွှီမိန်၏ အကူအညီတောင်းသံနှင့် တိုက်ခိုက်သံများကိုကြားခဲ့ရသော်လည်း အခြားအမျိုးသမီးနှစ်ဦးသည်... ကူညီရန် မလာခဲ့ပေ။ အစပိုင်းတွင် အော်ဟစ် စကားပြောသံကို ကြားခဲ့ပေမယ့် ထိုအသံက ရွှီမိန်ရဲ့ အသံ မဟုတ်ပေ။

ယန်ဖေး သည် ထိုအမျိုးသမီး၏ စရိုက်ကို ဂရုမစိုက်ပေမယ့် သူ့အတွက် ဒုက္ခမရှာချင်ပေ။ သူ့မှာ လော်ရွှင့် ရှိလို့ ထိုမိန်းမတွေကို မကူညီတာ မဟုတ်ပေ။ ကပ်ဆိုးကာလ မတိုင်မှီကတောင် သူက ခုလို ကြုံလာရရင် ပိုလို့တောင် အကူအညီ မပေးလောက်ပေ။ သူက တစ်ကိုယ်ကောင်းဆန်တဲ့သူပဲလေ...အဲ့ဒါ ဘာဖြစ်လဲ။

ယန်ဖေး ၏စကားကြားတော့ လီထယ် နှင့် အခြားသူများ အေးခဲသွားပြီး ကောလိပ်ကျောင်းသူ အမျိုးသမီးနှစ်ယောက်ကို ကြည့်လိုက်သည်။

ကောင်မလေးနှစ်ယောက်လည်း အေးခဲသွားသည်၊ ယန်ဖေးက ဒီလောက် အသည်းမာမည်ဟု မမျှော်လင့်ထားမိပေ။ သူမတို့ကို နည်းနည်းလေးတောင် ကူညီ ချင်စိတ် မရှိပေ။ ဒါပေမယ့် အခုခေတ်မှာ ဒီလိုလူစားတွေက များပါတယ်။ သူက အစွမ်း ထက်တဲ့ စွမ်းအားရှင်ဖြစ်လို့ သူ ငြင်းလိုက်တာကို အမျိုးသမီးများက ဂရုမစိုက်ပေ။ သူမတို့ အတွက် အလုပ်လုပ်ပေးမယ်သူတွေကိုသာ ပစ်မှတ်ထားနိုင်ကြသေးတယ်လေ။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now