Chapter (27) - ခေါင်မိုးပေါ်မှာ ပိတ်မိသည့် တနေ့တာ

6.1K 1K 7
                                    

       Chapter (27) -  ခေါင်မိုးပေါ်မှာ ပိတ်မိသည့် တနေ့တာ


သေနတ်သံကြားတော့ ဟန်လိ၏ မျက်နှာ ဖြူဖျော့သွားပြီး လက်နက်ကို ကိုင်ထားတဲ့ လက်က တုန်ခါသွားတယ်။ လော်ရွှင့် က သူ့လက်ကို ညှစ်လိုက်ကာ အားပေးလိုက်သည်။

"မကြောက်ပါနဲ့၊ သူတို့အဆင်ပြေပါတယ်။"

အချို့သော ဖုတ်ကောင်များသည် အမြူတေရှိလာပေမယ့်   သေနတ်သမားများနှင့် မယှဉ်နိုင်သေးပေ။ စစ်သားတွေ ရှုံးခဲ့ရင်တောင် လော်ရွှင့် ဟာ ဒီလိုမျိုး သင်းကွဲဖုတ်ကောင်မျိုးတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါသေးတယ်။

"ကျေးဇူးတင်ပါတယ်။ ငါ သိတယ်။" ဟန်လိသည် ဖြည်းညှင်းစွာ ချွေးသုတ်လိုက်ပြီး သူ့ပစ္စည်းများကို ဆွဲထုတ်ကာ အမြန်ထွက်သွားသည်။

"ငါတို့ နောက်ကျောမှာ ဂိုဒေါင်တစ်ခုရှိရမယ်။ အထဲကို ဝင်ကြည့်ရအောင်။"

လော်ရွှင့် သည် လှည့်ပတ်ကြည့်ရင်း၊ စင်များပေါ်က တင်ထားသော   ဆိုလာအားသွင်းကိရိယာများ၊ ဆိုလာပြား  အားလုံးကို သူတို့ကားထဲထည့်ထားရင် တခြားဘာမှ ထပ်ထည့်နိုင်မှာ မဟုတ်လို့ အဆင်ပြေမှာမဟုတ်ဘူး။ အနည်းဆုံး တစ်ဝက်လောက်ပဲယူဖို့ စစ်သားနှစ်ယောက်ကို ခေါ်ကာ ကူသယ်ခိုင်းလိုက်တယ်။

လော်ရွှင့် သည် ယန်ဖေးလုပ်ပေးထားသည့် ကြက်ခြေခတ် ဒူးလေးကို ထုတ်ကိုင်ကာ ဟော်ချင်ခွန်းကို အနောက်ဘက်မှ သတိနှင့် ပတ်ဝန်းကျင်ကို အကဲခတ်ပေးနေသည်။ ဟော်ချန်ခွန်းက လူဝသလောက်    သူ့ဦးနှောက် မကောင်းဘူးလို့ မဆုံးဖြတ်ပါနဲ့။ ဒီကောင်က ဂဏန်းတွက်တဲ့နေရာမှာ တကယ့်ကို ကျွမ်းကျင်တယ်။ စက်ကိရိယာမျိုးစုံအတွက်၊ DIY လုပ်နည်း၊ စက်ဖွဲ့စည်းပုံတွေကို တခါကြည့်ပြီး သူ့ဖာသာ မလုပ်ကြည့်ဖူးတာ မရှိဘူး။
 

ဟော်ချန်ခွန်း သည် ရုပ်ပိုင်းဆိုင်ရာလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ မကူညီနိုင်သော်လည်း လော်ရွှင့် လိုအပ်သောအစိတ်အပိုင်းများကိုရှာဖွေရာတွင်  စက်ကိရိယာနှင့် ရင်းနှီးသူတစ်ဦးဖြစ်လို့ ထိရောက်တဲ့ အကူညီပေးနိုင်သည်။
 

"ငါတို့နောက်လိုက်ဖို့ စစ်သားကြီးတစ်ယောက်ကို ခေါ်နေတာမဟုတ်ဘူးလား။"

လုံးပတ်သုံးဆလောက် ပိုကြီးတဲ့ကောင်လေးက   သူတို့ကို 'စစ်သားကြီး' လို့ ခေါ်နေတာကြောင့် သူ့ကို လက်သီးနဲ့ထိုးချင်သလို ထင်လိုက်ရသည်။
 

"ကောင်းပြီ ငါ စစ်သားတွေကို ခေါ်လိုက်မယ်"

စစ်သားတွေက နောက်တန်းက အခြေအနေကနေကို စစ်ဆေးပြီးတော့ ပြန်လာခဲ့တယ်။ လော်ရွှင့် က သူတို့ရဲ့ ကပ္ပတိန်ကို တွေ့ပြီး နှစ်ယောက်ကို လာခေါ်ခိုင်းခဲ့တယ်။

"တပ်သား နှစ်ယောက် ဆိုရပြီလား"

"ဟုတ်ကဲ့...ဟုတ်ကဲ့...သေနတ်တစ်လက်နဲ့ ဆို လုံလောက်ပါပြီ!"

ဟော်ချန်ခွန်းက အရာရှိကို ကျေးဇူးတင်ရင်း ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။ စစ်သားတွေက ထိုလူငယ်လေးထက် တစ်နှစ်နှစ်နှစ်လောက် ငယ်တာပဲ။ ဘယ်သူက အသက်ကြီးတဲ့ စစ်သားကြီးလဲ။

"နောက်ဘက်မှာ ဖုတ်ကောင်တစ်ကောင်ရှိလား"

လော်ရွှင့် က သူတို့ကို ကြည့်ပြီး အခြေအနေကို မေးတယ်။

"ဟုတ်တယ်၊ တစ်ကောင်ရှိပေမယ့် ငါတို့ရှင်းလိုက်ပြီ "

"နောက်ထပ်ရှိနိုင်သေးတာမို့ သွားလာရင်း သတိထားကြပါ။"

"ဒီဆိုင်မှာရှိတဲ့အရာ အားလုံးက အသုံးဝင်တယ်" သူက ဟော်ချန်ခွန်းကို  လှည့်ကြည့်ကာ ပြောလိုက်သည်။

လော်ရွှင့် သည် ပစ္စည်းများကို အမြန်ချကာ အခြားသူများ ဤနေရာသို့ မရောက်မီ ယခင်တွေ့ခဲ့သည့် ပစ္စည်းများကို ထုပ်ပိုးရန် စောင့်ဆိုင်းနေသည်။ လူအနည်းငယ်သည် ထောက်ပံ့ရေးပစ္စည်းများရှာဖွေနေစဉ် လမ်းလျှောက်လာသဖြင့် သူတို့ ရပ်လိုက်ကြသည်။ မကြာမီ သူတို့သည် လက်ကားကုန်မာဈေး၏ အတွင်းဆုံး စင်္ကြံသို့ ရောက်သွားသည်။

"ငါတို့ မြန်တယ်ဆိုရင် ဒီည ပြန်သွားလို့ရလောက်မလား"

 နောက်ဆုံးသူတို့ရည်မှန်းထားသည့် နေရာကို မြင်လိုက်ရတော့ ဟော်ချန်ခွန်း ရဲ့ မျက်လုံးတွေက မျှော်လင့်ချက်နဲ့  တောက်ပနေတယ်။ "ဒီ ဆိုလာပြားတွေနဲ့ မနက်ဖြန် ပူပူနွေးနွေး အစားအစာတွေကို  စားလို့ရနိုင်လောက်ပြီ!"

"မနက်ဖြန်လောက်မှ ထွက်ဖြစ်လောက်မယ်။ အမြန်ဆုံးဆိုရင်တောင် မနက်ဖြန်ညနေမှ ငါတို့ ပြန်ရောက်နိုင်လောက်တယ်။  ဘယ်လိုပဲဖြစ်ဖြစ် မီးသွေးနဲ့ အမှတ်တွေကို လဲလှယ်ထားခဲ့တယ်မဟုတ်လား။ မီးသွေးနဲ့မချက်ဘူးလား   "

"မီးသွေး တစ်ခုတည်းနဲ့ မရဘူးလေကွာ။ ငါတို့မှာ အိုးတွေ၊ ပန်းကန်တွေ၊ ခွက်တွေ၊  မရှိဘူး။ ငါတို့မှာ မင်းပေးခဲ့တဲ့ အိုးသေးသေးလေး ရှိပေမယ့်... မီးသွေးက ကျက်ဖို့ နှေးလွန်းတယ်။ ငါတို့မှာလည်း ရေများများ  မရှိကြတော့ဘူး၊ အရသာရှိတဲ့ အသင့်စားခေါက်ဆွဲတွေပဲ ရှိတယ်။"

ဟော်ချန်ခွန်းက နာကျင်မှုဖြင့်ပြည့်နေသည့်မျက်နှာဖြင့် ပြောလိုက်သည်။    မီးသွေးက ပူပူနွေးနွေး အစားအစာတွေကို စားနိုင်စေတယ်ဆိုပေမယ့်   အပြင်ဘက်ထွက်အလုပ်လုပ်ရင်း ကင်တင်းက စားစရာကို သွားဝယ်ရင် အနည်းဆုံးတော့ ပူပူနွေးနွေး စားလို့ရသေးတယ်လေ။
 

လော်ရွှင့် က ကောင်းကင်ကို တိတ်တဆိတ် ကြည့်နေတယ်၊ ဒါက တကယ်ပဲ အချိန်မရှိတော့ဘူး....

"ဂါး....ဂါး..."

"ဖုတ်ကောင်တွေ!"

စတိုးဆိုင်တစ်ခုမှ ဖုတ်ကောင်တစ်ကောင် ပြုတ်ကျလာပြီး အသံထွက်လာသည်။  စစ်သားနှစ်ယောက်က ရှေ့ကို အမြန်ပြေးပြီး ဖုတ်ကောင်ရဲ့ခေါင်းကို သေနတ်နဲ့ ပစ်ခတ်လိုက်သည်။

ဖုတ်ကောင်ကို တိုက်ခိုက်ရင်း အနီးနားက အခန်းထဲကနေ နောက်ဖုတ်ကောင် တစ်ကောင် ပြေးထွက်လာမယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒုတိယဖုတ်ကောင်သည် လျင်မြန်ပြီး အခြားတစ်ကောင်ကို ဖြတ်ကျော်ကာ စစ်သားနှစ်ဦးဆီသို့ ပြေးသွားခဲ့သည်။

နှစ်ယောက်သား အလျင်အမြန် ပစ်ကြသော်လည်း သေသေချာချာ ချိန်ရန် နောက်ကျနေသဖြင့် ဖုတ်ကောင်၏  ခန္ဓာကိုယ်ကိုပဲ ထိမှန်သွားကာ ဖုတ်ကောင်က ရှေ့ဆက်တိုးလာသည်။

*ဝှစ်...ဒုတ်...* အသံတိုးတိုးမြည်သွားပြီးနောက် ဖုတ်ကောင်က လဲကျသွားပြီး ခန္ဓာကိုယ်တစ်ဝက်ကို ကွေးကာ မလှုပ်ရှားနိုင်တော့ပေ။

"အိုး...တယ်ဟုတ်ပါလား! လော်ရွှင့် ..မင်းက ဒူးလေးပစ်တာကို  လေ့ကျင့်ထားတာလား"


ဟော်ချန်ခွန်းသည် လော်ရွှင့် ကိုင်ထားသော ဒူးလေးနှင့်မြှားကို ကြည့်ကာ အရမ်းကို လေးစားကိုးကွယ်မတတ် ကြည့်လိုက်သည်။
 

"အင်း ငါ ငှက်တွေ သားကောင်ငယ်တွေကို အမဲလိုက်ဖို့ လေ့ကျင့်ထားခဲ့တာ"

လော်ရွှင့် သည် ရှေ့သို့ ဂရုတစိုက် ခြေလှမ်းနှစ်လှမ်း လှမ်းပြီး သူ့မြှားကို ပြန်ဆွဲနူတ်ကာ သိမ်းလိုက်သည်။
 

ဖုတ်ကောင်နှစ်ကောင်သေသွားပြီ၊ တတိယတစ်ကောင်မရှိလို့တော်သေးတယ်။
  စစ်သားနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်တယ်၊ အရပ်သားတွေက သူတို့ကို ပြန်ပြီး အကာအကွယ်ပေးနေပုံရတယ်။

နေဦး...ဒီလက်လုပ်ဒူးလေးက သေစေတတ်တဲ့လက်နက်ဖြစ်လို့ ကိုင်ဆောင်တာ ဥပဒေနှင့် မကိုက်ညီပေမယ့် အခုလို   လူတိုင်းဟာ မလုံခြုံတဲ့ဇုန်မှာနေနေသရွှေ့ အသက်ဘေး ဒုက္ခမဖြစ်စေအောင် သီးသန့် လက်နက်ကိုင်ဆောင်ထားတာ ကောင်းပါတယ်။ ဒူးလေးက ကောင်းပေမယ့်  သေနတ်နှင့် နှိုင်းယှဉ်နိုင်သော်လည်း သေနတ်ကို မမှီသေးပေ။
 

သူတို့ လှည့်ကြည့်လိုက်တော့ လော်ရွှင့် သည် မြှားတံကို ပြန်လည်နူတ်ယူသလိုနှင့် ဖုတ်ကောင် ဦးခေါင်းထဲက အမြူတေကို တစ်ခါတည်း ခွဲကာ သိမ်းဆည်းလိုက်သည်။ ဟော်ချန်ခွန်းတဖွဖွချီးကျူးနေစဉ် လော်ရွှင့်က အမြူတေကို သေသပ်စွာ ထုတ်ယူလိုက်သည်။ ပထမအဆင့်အမြူတေတွေက သေးငယ်က စွမ်းအားရှင်တွေက ထိုအမြူတေကနေ စွမ်းအားကို စုပ်ယူကာ သူတို့ စွမ်းအားကို အဆင့်မြှင့်တင်နိုင်သည်။ နောင်မှာ ဒီလိုအမြူတေတွေက အလဲအလှယ်လုပ်ရာမှာ ငွေကြေးအနေနဲ့ အစားထိုးသုံးစွဲလာနိုင်ပေမယ့် အခုတော့ ဒီအမြူတေအကြောင်း သိသူ သိပ်မရှိသေးပေ။
 

မည်သို့ပင်ဆိုစေကာမူ အမြူတေတွေက  ကောင်းမွန်သောအရာတစ်ခုဖြစ်ပြီး အနာဂတ်တွင် ငွေအစားထိုး ဖြစ်လာနိုင်သည်။ ခြားနားချက်မှာ အမှတ်များသည် အခြေခံ သီးသန့်ဖြစ်ပြီး အမြူတေကို မည်သည့်အခြေနေမဆို လဲလှယ်နိုင်သည် ။

လိုအပ်သောပစ္စည်းများရှာဖွေရန် စတိုးဆိုင်ထဲ ထပ်မံ မွှေနှောက်ပြီးနောက် တခြားဆိုင်သို့လာရောက်ကြသည်။ ပစ္စည်းလိုအပ်သမျှကို  နည်းနည်းစီယူနေရပေမယ့် နောက်ထပ် လိုအပ်သည့် အရာကို ချရေးကို ကားတစ်စီးထပ်လွှတ်ကာ ထပ်လာယူနိုင်သည်။
 

လိုအပ်သောပစ္စည်းကရိယာများ၊ ဆိုလာပြားများနှင့် အရန်ပစ္စည်းများရရှိပြီးနောက် လီထယ် နှင့် အခြားသူများသည် PVC ပိုက်အချို့ကို သွားယူကြသည်။ လော်ရွှင့် သည် ယန်ဖေးအတွက် အိမ်ပြန်သယ်ရန် သတ္တုပြားအချို့ကို ကောက်ယူခဲ့သည်။ လီထယ် ကိုတွေ့သောအခါ ပိုက်များသာမကဘဲ တူးဆွသည့်ကိရိယာများ၊ လွှများ၊ ဓားများ၊ နံရံအပေါက်ဖောက်စက်များတို့ကိုပါ ယူဖို့   ကြင်နာစွာ သတိပေးခဲ့သည်။

လီထယ်က ပျာရိပျာယာနှင့် ဟာ့ဒ်ဝဲစတိုးဆိုင်ထဲက အကုန်သယ်ဖို့  တံခါးကို ကန်ဖွင့်လိုက်သည် ။ လူတွေက ပစ္စည်းတွေ သိမ်းဖို့ အပြေးအလွှား သယ်ပြီးချိန်မှာ ကောင်းကင်ကြီးက မှောင်သွားတယ်။ အားလုံး အမြန်မောင်းထွက်ဖို့ ပြင်ဆင်နေကြပြီး အနီးနားတွင် တာဝန်ကျသော စစ်သည်တော် အများအပြားက သတင်းပေးပို့ချက်ရကာ ပြေးလာကြသည်။

"ဖုတ်ကောင်လှိုင်းလုံးကြီး တက်လာနေတယ်။ ဘေးကင်းတဲ့ အခြေစိုက်စခန်းကို  ဦးတည်သွားနေကြတယ်။"

"အာ!?" ကပ္ပတိန်သည် ကားဆီသို့ အမြန်ပြေးသွားခဲ့သည်။

လော်ရွှင့် တွေးတောစဉ်းစားပြီးနောက် သူ့မှန်ဘီလူကိုကိုင်ပြီး  ကားခေါင်မိုးပေါ်သို့ တက်သွားသည်။ သူ့မျက်နှာက ကူကယ်ရာမဲ့စွာဖြင့် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။
 

အပြင်မှာ ဖုတ်ကောင်လှိုင်းလုံးကြီးလောက်တော့ ဖုတ်ကောင်တွေ မများသေးပေ။ သေချာကြည့်လိုက်တော့ သူတို့က   တစ်စုံတစ်ဦးနောက်ကို လိုက်ကာ  တောင်ဘက်သို့ ဦးတည်ကာ သွားနေတယ်ဆိုတာ ထင်ရှားသည်။ ဖုတ်ကောင်များ၏  ပစ်မှတ်ကို မမြင်ရသော်လည်း  သူတို့က တစုတစည်းနှင့်  ဦးတည်ချက်အတိုင်း ဆက်သွားနေကြသည်။

အဲ့ဒါဘယ်သူလဲ! ဖုတ်ကောင်များစွာကို လှုံ့ဆော်နေတဲ့သူက ဘယ်သူများလဲ..
 

အနောက်တောင်အခြေစိုက် နံရံများကို ခိုင်ခံ့အောင်ပြုလုပ်ထားခြင်းကြောင့် ကံကောင်းတယ်လို့ပြောရမည်။ မဟုတ်ရင်  ဖုတ်ကောင်အများအပြား ချက်ခြင်းပေါ်လာတဲ့အချိန် အခြေစိုက်စခန်းက မငြိမ်မသက်ဖြစ်ကုန်လိမ့်မည်။
 

"မြန်မြန်! မြန်မြန်! ဖုတ်ကောင်အုပ်ကြီးက တံခါးက ရှေ့ကိုရောက်နေပြီ!"

ပြုပြင်ထားသော ဂျစ်ကားအချို့သည် လမ်းမပေါ်သို့ ဆုတ်သွားကာ နောက်ဆုံးတွင် ဖုန်တလုံးလုံးထအောင် နောက်က လိုက်နေသည့် ဖုတ်ကောင်များကို ချန်ထားခဲ့သည်။ နောက်ဆုံးတော့ သူတို့ လုံခြုံသွားတယ်။

"အစ်ကိုကြီး.... ရှေ့မှာ ! အနောက်တောင်အခြေစိုက်စခန်းက တံတိုင်းတွေ ဆောက်ပြီးပြီ။ ဒီဖုတ်ကောင်တွေကို သေချာပေါက် ထိန်းထားနိုင်လောက်တယ်!"

ထိုလူသည် မျက်မှန်ကို ငြီးငွေ့စွာ ပင့်ကာ ပြောလိုက်သည်။

  "ဝမ်..... ဒီခွေးကောင်က အဲ့ဒီကနေ ထွက်ပြေးနေပြီထင်တယ်..."

"သူတို့တွေ ဒီလောက်ဆူညံမနေဘူးဆိုရင် ဖုတ်ကောင်တွေ အများကြီးကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။"

"ဘာပဲဖြစ်ဖြစ် အနောက်အခြေစိုက်စခန်းက မလုံခြုံဘူး၊ မတည်ငြိမ်ဘူး။ သူတို့က နံရံကို တောင့်တင်းအောင် ပြုပြင်တဲ့လူ တော်တော်များများ မရှိဘူး။ မနေ့ကအထိ ဘာမှမလုပ်တဲ့သူကများပြီး တကယ်လုပ်နိုင်စွမ်းရှိတဲ့ သူက  နည်းနည်းလေးပဲရှိတယ်။ သူတို့က မြန်မြန်ထွက်ပြေးနိုင်ရင်ပြေး... မဟုတ်ရင် ငါတို့က နောက်က လိုက်လာတဲ့ဖုတ်ကောင်တွေ လက်ချက်နဲ့ ပြေးဖို့အချိန်တောင် ရှိမှာ မဟုတ်တော့ဘူး"

ဝူချန်ခွန်းသည် ကမ္ဘာပျက်ကပ် မဖြစ်ပွားမီကပင် သူနှင့် ဝမ် တို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနိုင်ခြင်း မရှိကြပေ။ အခုကမ္ဘာကြီးရဲ့အဆုံးရောက်လာပြီ ဆိုတာ့  ဒီလို သေခြင်းရှင်းခြင်း မရေရာသော အခြေအနေမျိုးတွင် ဝမ်ဟိန်သည် အခြားကောင်တွေလိုပဲ သူ့အတွက် အပေါစားကောင်တစ်ကောင်သာ ဖြစ်သည်။
 
"ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ငါတို့မှာ နေစရာနေရာဖို့လိုတယ် မဟုတ်လား? ခဏနေဦး...အခြေစိုက်စခန်း  တံခါးဝမှာ လူတန်းတစ်ခုရှိနေတယ်!"

"အိုး၊ ငါတို့နောက်က ဖုတ်ကောင်တွေ အများကြီး လိုက်လာပြီး။  ငါတို့ ဒီလောက်ရှည်တဲ့ လူတန်းနောက်မှာ တန်းစီပြီး စောင့်ရမှာလား။"

ယောက်ျားလေး တစ်ယောက်က စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်သည်။ တကယ်တော့  သူတို့အဖွဲ့သည် ဖုတ်ကောင်များကို ဆွဲဆောင်ခဲ့တာဖြစ်လို့ ဒီအကြောင်းသာ သိသွားရင် အခြေစိုက်စခန်းထဲက လူတွေက   ဝင်ခွင့်မပေးနိုင်လောက်ဘူး...

အိမ်ခေါင်မိုးပေါ်တွင်ထိုင်နေသော လူအုပ်စုသည် ကျယ်လောင်စွာ စကားမပြောဝံ့ဘဲ   ဖုတ်ကောင်များ၏ အသံကို ကြောက်လန့်ကာ ငြိမ်နေကြသည်။ သူတို့ကိုယ်သူတို့ ဖုတ်ကောင်အုပ်ကြီးရဲ့ အချိုပွဲဖြစ်စေဖို့ ဒီကို ဘယ်သူက အတင်းလာခိုင်းနေလို့လဲ...

ထိုအုပ်စုငယ်လေးတွင် လော်ရွှင့်၊ လီထယ်နှင့် အခြားအဖွဲ့ဝင်များနှင့်    စုစုပေါင်း ၁၆ ဦးအထိ တိုးလာသည်။ အမိုးဖွင့် ဟင်းလင်းပြင် အဆောက်ဦးအပေါ်ထပ်တွင် ထိုင်နေကြစဉ် အားလုံး စိုးရိမ်စိတ်မြင့်တက်ကာ တင်းမာသောအခြေနေဖြစ်ပေါ်နေသည်။
 

ကံကောင်းထောက်မစွာပင် သူတို့သည် စခန်းမှမထွက်ခွာမီ အရေးပေါ်အခြေအနေကိုကြိုတွေးကာ   အပြင်တွင် တစ်ညတာ အိပ်ရန် လိုအပ်တာကို အကုန်ပြင်ဆင်ခဲ့ကြသည်။ ကံအားလျော်စွာ အစောပိုင်း ဖုတ်ကောင်များသည် ကျယ်လောင်သော အသံများ မထုတ်သရွေ့ အကြားအာရုံသိပ်မထက်မြက်လို့ သူတို့ရှိတာ  မကြားရပေ။ လောလောဆယ်တော့ နေရတာ အဆင်မပြေတာကလွဲရင် ဘေးသိပ်မရှိဘူး။

"အင်း၊ ဖုတ်ကောင်တွေ အများကြီးကို ဘယ်သူက ဆွဲဆောင်တယ်ဆိုတာ ငါ မသိစေနဲ့။ မဟုတ်ရင် ဒင်းတို့ သွားအချောင်းလိုက် ကျွတ်အောင် လက်သီးစာကျွေးပစ်လိုက်မယ်။!"

ဟော်ချန်ခွန်းက သူ့လက်သီးကို ယမ်းကာ ကြိမ်းမောင်းလိုက်တယ်။

"ဖုတ်ကောင်တွေ အများကြီးပဲ၊ တစ်ယောက်ယောက်က မြို့လယ်ကို ဖြတ်သွားနေတယ်လို့ ကျွန်တော် သံသယရှိမိတယ်။ ဖုတ်ကောင်အများကြီးကို ဆွဲဆောင်နိုင်ပေမယ့် ဖုတ်ကောင်အစားမခံရသေးဘူးဆိုတော့ သူတို့ဆီမှာ   ကားတစ်စီး လိုအပ်ပါသည်။ ဒါပေမယ့် ကားထဲမှာရှိတဲ့ လူတော်တော်များများဟာ စွမ်းအားရှင်  ဒါမှမဟုတ် အနည်းဆုံး သေနတ်တစ်လက် ရှိကြလိမ့်မယ်။"

လော်ရွှင့် သည် ဟော်ချန်ခွန်းရဲ့စကားကို နားထောင်ပြီး ဖြစ်နိုင်ခြေကို ပိုင်းခြားစိတ်ဖြာခဲ့သည်။

ထိုစကားကိုကြားတော့ ဟော်ချန်ခွန်းက မျက်နှာ ညှိုးနွမ်းသွားသည်။ "ဘာလို့ ငါ့မှာ ဘာစွမ်းရည်မှ မရှိတာလဲ"

"မင်းဟာ ကမ္ဘာပျက်ကပ် မတိုင်မှီကတည်းက စွမ်းရည်တစ်ခုက ပေါ်လာပြီးတာ ဖြစ်နိုင်တယ်။"  ဝမ်သော် သည် ဟော်ချန်ခွန်း၏ပခုံးကို သိုင်းဖက်ကာ ပြောလိုက်သည်။

 
သူ့ခန္ဓာကိုယ် အပူချိန်က ပူနွေးပြီး   အေးလွန်းတဲ့ ရာသီဥတုကြောင့် ဟော်ချန်ခွန်း က အရမ်းကောင်းတဲ့ အပူပေးကိရိယာတစ်ခုလိုဖြစ်ကာ အခုလို ထိကပ်ထားတာ အရသာရှိလှသည်။

"ဘာစွမ်းရည်လဲ"

ဟော်ချန်ခွန်းက သူ့သူငယ်ချင်းက စကားကောင်း ပြောမှာမဟုတ်ဘူးဆိုတာ သိပေမယ့်   မျှော်လင့်ချက်တွေ တဖျပ်ဖျပ်နဲ့ ခံစားလိုက်ရတယ်။

"အစားစားနိုင်စွမ်းလေ! မင်းတကယ်စားနိုင်တယ်၊ ဒီလို ဝဝကစ်ကစ်လေး ရှိတာက သာမန်လူ လုပ်လို့ရတာ မဟုတ်ဘူး။"

"ပါးစပ်ပိတ်ထား!"

"စကားများမနေကြနဲ့... ဖုတ်ကောင်တွေ  ကြားရင် ဘာဖြစ်ကုန်မယ် ထင်သလဲ"

"ဟူး......အခြေစိုက်ခန်းကို ငါတို့ ဘေးကင်းကင်းနဲ့ ဘယ်အချိန်မှာ ပြန်နိုင်မလဲ မသိဘူး။ ပြီးတော့ စခန်းက ဒီဖုတ်ကောင်လှိုင်းလုံးကြီးကို ခံနိုင်ရည်ရှိရမှရမယ်။"

"သေချာတာပေါ့၊ နံရံကို သူတို့ ဆက်တိုက် ပြုပြင်ထားတာပဲ"

ကပ္ပတိန်က အားပေးလိုက်တယ်။
 "ဖုတ်ကောင်တွေ အများကြီးရှိနိုင်ပေမယ့် သူတို့အားလုံး တစ်ချိန်တည်းမရောက်မလာသရွေ့ အနားကပ်တာတဲ့ကောင်တိုင်းကို ဖယ်ရှားပစ်ရလိမ့်မယ်။ အားလုံးစိတ်မပူကြပါနဲ့၊ အခြေစိုက်စခန်းက အဆင်ပြေမှာပါ"

"အသုံးမပြုရသေးတဲ့ မီးသွေးကျန်နေတာကြောင့် တစ်စုံတစ်ယောက် ငါတို့ အိမ်ထဲကို ဖောက်ဝင်လာမှာကို ပိုစိုးရိမ်မိပါတယ်..."
ဟန်လိက ကောင်းကင်ကို ဝမ်းနည်းစွာ စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်း သိပ်စဉ်းစားလွန်းတာပဲ။" ဝူရှင်း က မတတ်နိုင်ဘဲ ပြောလိုက်ပြီး မျက်လုံးကို မှိတ်ထားကာ နားလိုက်သည်။

သူတို့ အခန်းကျဉ်းလေးထဲမှာ ဘာမှ မရှိဘူး။ အကယ်၍ တစ်စုံတစ်ယောက်သည် ဖောက်ထွင်းဝင်ရောက်လိုပါက တံခါးကို ရအောင်ဖွင့်ရဦးမည်ဖြစ်သည်။
 

လော်ရွှင့် သည် ဝက်သား၊ ကြက်သွန်စိမ်း၊ ပုဇွန် သို့မဟုတ် ပဲငပိတို့ဖြင့် အရသာရှိလှသော ခေါက်ဆွဲလေး တစ်ခွက်ကို စားခဲ့သည်။  ဖက်ထုပ်ထုပ်ပြီး  ကျန်ရှိသော ဟင်းလျာတွေကို သူက   မုန့်အချို့ကို ပြုလုပ်ခဲ့သည်။ သေချာတာကတော့ သူတို့ အခုသုံးနေကြပါပြီ။

ထို့အပြင် ပေါင်မုန့်ခြောက်၊ ဝက်ပေါင်ခြောက်၊ ကြက်ဥပြုတ်၊ ဖျော်ရည်၊ ဓာတ်သတ္တုရေနှင့် အိမ်လုပ် မုန့်ခြောက်များလည်း ပါလာခဲ့သေးသည်။ ဖျော်ရည်ကို စူပါမားကတ်ကိုသွားပြိး  ကမ္ဘာပျက်ကပ် မတိုင်မီက ဝယ်ခဲ့ပြီး ဗီတာမင်ဓာတ် ဖြည့်တင်းပေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ သူလည်း ဗီတာမင်စီ ဆေးပြားတွေ ဝယ်ခဲ့ပေမယ့် ကောင်းကောင်းစားနိုင်ရင် ထိုဆေးပြားမှီဝဲဖို့မလိုပေ။

"ငါတို့ ပြန်ရောက်ရင် မင်းနောက်တစ်ခါ ထပ်ထွက်ဦးမှာလား"

လော်ရွှင့် သည် တွင်းထွက်ရေပုလင်းကို ဖွင့်ကာ နှစ်လုတ်လောက်သောက်ကာ သေချာပြန်သိမ်းထားသည်။
  ခြွေခြွေတာတာသောက်လျှင်  10 ရက်ကြာပိတ်ဆို့မိရင်တောင် အသက်ကိုကယ်တင် နိုင်လိမ့်မည်။
 

"ငါတို့ ထပ်လာလို့ရနိုင်ဦးမယ်ဆိုရင် ထပ်လာမှာပေါ့ "

လီထယ်က ချက်ချင်းပြန်ဖြေတယ်။

"ရွေးချယ်စရာမရှိဘူး၊ ငါတို့နေရာက အိပ်ယာ၊ စောင်နဲ့မွေ့ရာ မရှိဘူး။ စားဖို့လည်း လိုတယ်၊ တစ်ခုခု စုဆောင်းတာက ဘာမှထက် ပိုကောင်းပါတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့ရဲ့ စွမ်းအင်ပြဿနာကို ဖြေရှင်းပြီး နောက်တစ်ကြိမ် စားဝတ်နေရေး ပြဿနာကို ဖြေရှင်းဖို့ ထပ်ထွက်လာရဦးမှာပါ။"

ကျန်တဲ့လေးယောက်က ခေါင်းညိတ်ပြတယ်၊ ဒါက ဉာဏ်မရှိသူတိုင်းပင် သိသည်။  အိမ်တအိမ်မှာ ဘာက  အရေးကြီးတယ်ဆိုတာ လူတိုင်း သိတာပဲ။
 

လော်ရွှင့် လည်း ခေါင်းညိတ်သည်။
 "ငါ့အိမ်မှာ ဒါတွေရှိတယ်၊ ဒါပေမယ့် ငါ့အခန်းဘေး ကပ်လျက် ဝမ်းကွဲရဲ့ အိမ်က ပြင်ဆင်လို့ မပြီးသေးဘူး။   သူလည်း ဒီအရာတွေ လိုအပ်လိမ့်မယ်။  နောက်တခါ လုံခြုံရေးယာဉ်တန်းထွက်လာရင်  အခွင့်ကောင်းယူပြီး ထပ်လိုက်လာသင့်တယ်။ မဟုတ်ရင် နောင်မှာ ကျွန်တော်တို့က အခွင့်ကောင်းရမှာ မဟုတ်တောဘူး  "

လော်ရွှင့် သည် ယန်ဖေးအတွက် အပိုအဝတ်အစား တစ်စုံတစ်ခုမျှ မရှိလု့ ဒီခရီးသည် သူ့အတွက် ဝတ်စုံကို ရှာဖွေရန် အခွင့်အရေးတစ်ခုဖြစ်သည်။

"ပြီးတော့ မျိုးစေ့တွေ!" လီထယ် က ဆက်ပြောသည်။ "ငါတို့လိုအပ်တာ အများကြီးရှိတယ်! ငါတို့ ပြန်ရောက်ရင် ငါ စာရင်းပြုစုပြီး နောက်တခေါက် အခွင့်ရေးရရင် တခြားကားနဲ့ ပြန်လာနိုင်တယ်"

လော်ရွှင့် ၏ မြားတံသည် အလွန်တိကျကြောင်း ဟော်ချန်ခွန်း ထံမှ ကြားသိရပြီး ထိုဒူးလေးမြှားဖြင့် ဖုတ်ကောင်တစ်ကောင်ကို ပစ်သတ်လိုက်နိုင်သည်။ သာမန်လူတစ်ယောက်တွင် ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းရည်ကို တွေ့ရခဲသည်။

"ငါတို့ အရင်ပြန်ဖို့ စဉ်းစားရမယ်။"

"အင်း.... မနက်ဖြန်အထိ စောင့်တာပေါ့"

"သုံးရက်..."
ယန်ဖေးသည် လသာဆောင်တွင် ရပ်ကာ ဘေးနားမှ အလုပ်များနေသော လူများကို အေးစက်စွာ ကြည့်နေသည်။ အဆောက်အဦးထဲကို လူသစ်တွေ ထပ်မံဝင်လာသည်။ ထိုလူသစ်တွေက  မနေ့က ဒီခရိုင်ကို ရောက်လာကြတယ်။ ယခင်ကြားသိရသော သတင်းများနှင့် ပေါင်းစပ်လိုက်သောအခါ ထိုလူများသည် ဘေးကင်းရေး အခြေစိုက်ခန်း အပြင်ဘက်ရှိ ဖုတ်ကောင်များကို ဆွဲဆောင်ခဲ့ကြောင်း ယန်ဖေး မှန်းဆခဲ့သည်။

သူတို့က အရမ်းသန်မာတယ်၊ သူတို့ထဲက အများစုဟာ စွမ်းရည်အသုံးပြုသူတွေဖြစ်ပြီး တခြားအဖွဲ့ဝင်တွေအကြောင်း မသေချာပေမယ့် သူတို့ ရဲ့ ခက်ထန်ကြမ်းတမ်းမှုကို အဝေးကနေတောင် ခံစားရတယ်။ လော်ရွှင့် ထံမှ မည်သည့်သတင်းကိုမျှ မကြားခဲ့ရခြင်းကြောင့် သူက ပိုမိုစိတ်ပူနေတာ ဖြစ်နိုင်သည်။

ယန်ဖေးသည် အလွန်စိတ်တိုဒေါသထွက်ကာ ပေါက်ကွဲတော့မလို ခံစားခဲ့ရသည်။

ခွေးကလေးက ထုံးစံအတိုင်း မနက်ခင်းမှာ သူ့ဘောင်းဘီခြေထောက်ကို မကိုက်ရဲတော့ဘူး။ ယန်ဖေးကို သခင်က ဒီအိမ်ထဲမှာ နေခွင့်ပြုလိုက်တဲ့အတွက် သူ့ကို အခြားမိသားစုဝင်တစ်ဦးအဖြစ် မြန်မြန်ဆန်ဆန် သတ်မှတ်ခဲ့တယ်။ ခွေးကလေးသည် အခြားပိုင်ရှင်ကို ထပ်မံ ရရှိခဲ့ပြီး သူတို့ကြားတွင် ရန်ငြိုးရန်စမရှိသင့်ဘူးလို့ ယူဆထားသည်။

သူ့ သခင်ကို လွမ်းလှပြီ။ သူ့သခင်ပြန်လာမှ သခင့်ဘောင်းဘီခြေထောက်အနားစကို  လွတ်လွတ်လပ်လပ် ဝါးနိုင်မည်ဖြစ်သည်။



*****-****

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now