Chapter (79) _ New Mobile Card

2.8K 502 4
                                    


Chapter (79) _  New Mobile Card

လော်ရွှင့် သည် လူများစွာကို ဝိုင်းရံထားသည့် လူအုပ်ကြီးအလယ်က    အဖွဲ့ထဲ တွင် ကောင်းဘွိုင်နှင့် ဟစ်ဟော့လိုလို ဝတ်ဆင်ထားသည့်လူများကို တွေ့လိုက်ရသည်။ လူအုပ်ကြီးက သူတို့ကို အော်ဟစ်ကာ အလုအယက်မေးနေကြသည်။

  "မင်းမှာ ရှိလား၊ မရှိဘူးလား"
သူတို့က သူခိုးဖမ်းနေတာ မဟုတ်ဘူး။ အပြင်ဘက်က ပြန်လာသည့် အဖွဲ့က ပါလာသည့် အမြူတေကို  လဲလှယ်ဖို့   စောင့်နေခြင်းဖြစ်သည်။
 
အမြူတေတွေ ရောင်းနေတာလား။

ထိုဖြစ်ရပ်ကြောင့် လော်ရွှင့်က ထိုအမြူတေတွေကို ဝင်ကြည့်လိုက်တော့ ရုတ်တရက် အေးခဲသွားသည်။ ထိုအမြူတေ သုံးခုက မတူညီသော အရောင်ရှိနေပြီး     သူတို့သတ်ခဲ့သော ဖုတ်ကောင်များမှ အမြူတေထက် အဆင့်မြင့်ပုံရသည်။ဒီအမြူတေ သုံးလုံးက သေချာပေါက်  အဆင့်နှစ်အမြူတေ ဆိုတာ ထင်ရှားသည်။ အမြူတေ သုံးခုထဲက နှစ်ခုမှာ ထူးထူးခြားခြား တောက်ပြောင်သော မီးခိုးနက်ရောင်ဖြစ်သည်။ အခြားတစ်ခုသည် အဆင့်နှစ် မြေအမြူတေ ဖြစ်ကြောင်း ထင်ရှားသည်။ လော်ရွှင့် ၏နှလုံးခုန်သံမြန်လာခဲ့သည်။ အရင်ဘဝတုန်းက သူက လျှို့ဝှက်ဆန်းကြယ်သော  မီးခိုးရောင် အမြူတေ ကို မမြင်ဖူးခဲ့ပေ။  အခုအမြူတေက  အမြန်နှုန်းနှင့် ပါဝါ ခွန်အားတိုးမြှင့် အမြူတေ နှင့်မတူပေ။   သူတို့သည် အနက်ရောင်ဖြစ်သော်လည်း စိမ်းပြာရောင်နှင့် နီညိုရောင်အလင်းတန်းများကို ထုတ်လွှတ်နေသေးသည်။

"ဘယ်လိုအမြူတေမျိုးနဲ့ လဲလှယ်ချင်လို့လဲ"

ထိုအမြူတေနှစ်ခုသည် ယန်ဖေး လိုချင်သော သတ္တုအမြူတေ ဖြစ်ကြောင်း သေချာလျှင် တော်သေးသည်။ မဟုတ်ပါက ယန်ဖေး အတွက် အသုံးမဝင်ပေ။
  မေးသံကိုကြားရတော့  ရောင်းသူတွေက လော်ရွှင့် ကို ကြည့်လိုက်သည်။ ထိုလူက လဲလှယ်ချင်သည့် အမြူတေကို မေးလာသည့်အတွက် အခု အမြူတေတွေက     အနည်းဆုံး အဆင့်နှစ်ဖြစ်တယ်ဆိုတာ သူ သတိပြုနိုင်လောက်သည်။

ထိုအဖွဲ့ထဲက တစ်ယောက်က ဖြေလိုက်သည်။
 "မိုးကြိုး နဲ့  ခွန်အား အမြူတေ နဲ့လဲမယ်"

လော်ရွှင့် လှည့်ပြီးထွက်မသွားခင် ခဏလောက်စဉ်းစားလိုက်သည်။

"အခြေအနေက ဘယ်လိုလဲ?"

 လော်ရွှင့် ပြန်လာသောအခါ ယန်ဖေး သည် ကားတံခါးကို လက်ဖြင့် အသာထိကာ တိတ်တဆိတ် မေးလိုက်သည်။

"မိုးကြိုးနဲ့  ခွန်အားအမြူတေ အတွက် အဆင့်နှစ်ရှိတဲ့  အမြူတေ ကို လဲလှယ်တဲ့ လူတွေရှိတယ်။"

လော်ရွှင့် က တိုးတိုးလေးပြောသည်။

 "မသေချာပေမယ့် ခင်ဗျား အဲ့ဒီအမြူတေ နှစ်ခုကို သုံးလို့ရလောက်တယ်။"

သတ္တုအမြူတေက ဘယလိုပုံစံရှိတယ်ဆိုတာ ဘယ်သူမှ မသိပေမယ့် အခုတွေ့တဲ့ အဆင့်နှစ် အမြူတေ သုံးခုထဲမှာ နှစ်ခုက    အမှန်တကယ် သတ္တု အမြူတေ ပုံပေါက်နေသည်။ လော်ရွှင့်ရဲ့စကားကိုကြားတော့ ယန်ဖေး မျက်ခုံးပင့်လိုက်သည်။

"မင်း ကားနားမှာပဲ စောင့်နေ၊ ငါ သွားစစ်ကြည့်လိုက်မယ်။"

ပြီးတော့ ယန်ဖေးက လူအုပ်ကြီးကို ဖြတ်လျှောက်သွားလိုက်သည်။ လော်ရွှင့် က တံခါးကိုဖွင့်ပြီး သူ့လက်ထဲမှာ လေးထောင့်ဒူးလေးကို ကိုင်ပြီး ကားထဲမှာ ဝင်ထိုင်လိုက်သည်။ သိပ်မကြာခင်မှာပဲ လူအုပ်ကြီးက ဆူညံပွက်လောရိုက်နေကြပြီး  ယန်ဖေး ပြန်လာတာကို တွေ့လိုက်ရသည်။

  လော်ရွှင့် က  ယန်ဖေး ကားပေါ်တက်လာတော့  ကားမောင်းရင်း ထိုအမြူတေက  သတ္တု အမြူတေ ဟုတ်၊မဟုတ်  မေးလိုက်သည်။ ယန်ဖေး ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ အဲဒါ သတ္တုအမြူတေပဲ။"  

လော်ရွှင့် ၏ မျက်လုံးများ တောက်ပလာပြီး ယန်ဖးကို ပြုံးကာ မေးလိုက်သည်။

"အဲဒါကိုကြည့်ရုံနဲ့သိတာလား၊ စုပ်ယူလို့ရလို့ သိတာလား"

ယန်ဖေး ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

 "ဒါဟာ သတ္တုအမြူတေ လို့ ခံစားရတယ်၊ ဒါပေမယ့် အဲ့ဒါကို မစုပ်ယူခင် အိမ်ကို အရင် ပြန်သွားတာက ပိုကောင်းလိမ့်မယ်။"

"ခင်ဗျား  ဘယ်လို အမြူတေကို သုံးပြီးလဲခဲ့တာလဲ "

 လော်ရွှင့် က သူဘာကြောင့် ဒီလိုပြောတယ်ဆိုတာ သေချာမသိပေမယ့် သူက သေချာပေါက် လဲခဲ့တယ်ဆိုတာ သူ့စကားထဲက ဖော်ပြနေသည်။

"သူတို့ရဲ့ အမြူတေ  သုံးခုအတွက် လျှပ်စီးအမြူတေနဲ့ ခွန်အား အမြူတေ တစ်ခုနဲ့ လဲခဲ့တယ်။  "

ယန်ဖေး သည် ပြန်ဖြေရင်း သူ့အိတ်ကပ်ထဲမှ အမြူတေ သုံးလုံးကို ထုတ်ပြလိုက်သည်။

"သုံးလုံးတောင်လား?!

လော်ရွှင့် သည် ယန်ဖေး ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

"ခင်ဗျား အဆင့်နှစ် အမြူတေ သုံးခုလုံးကို အမြူတေ နှစ်လုံးနဲ့   လဲလှယ်ခဲ့တာလား။"

 အဲဒီလူတွေက ဘယ်လိုသဘောတူခဲ့တာလဲ။

ယန်ဖေး သည် အပြစ်ကင်းသော အမူအရာ၊ ကူကယ်ရာမဲ့သော အမူအရာဖြင့် ဖြေခဲ့သည်။

 "ငါလိုချင်တဲ့ အမြူတေက ဘယ်ဟာလဲ မသိဘူးလေ။ ဒါကြောင့် နှစ်လုံးဝယ်၊ တစ်လုံးလက်ဆောင်ရအောင် လုပ်ခဲ့တာ  "

သတ္တုစွမ်းအားရှင်များ ရှားပါးသည့်အပြင် သတ္တုစွမ်းအားရှင်ဆိုတာ အခြေစိုက်စခန်းရဲ့ ကာကွယ်ရေးတပ်ထဲမှာသာ ရှိသည့်အတွက် သတ္တုအမြူတေ ရလာခဲ့လျှင်လည်း ပြည်သူထဲကနေ ထိုသတ္တုကို လာရောက်လဲလှယ်မည့်သူက ရှားပါးလွန်းလှသည်။
 

ထို့အပြင်၊ ယန်ဖေးက ကမ္ဘာပျက်ကပ်မတိုင်ခင်က ဘယ်လိုတွေ စီးပွားရေး လုပ်ခဲ့ တာပါလိမ့်။ သူတို့အဖွဲ့ခေါင်းဆောင်အနေနဲ့ ယန်ဖေးက   စေ့စပ်ညှိနှိုင်းမှု အလွန်ကောင်းလှသည်။ တကယ်လို့ ယန်ဖေး နေရာမှာ သူဖြစ်ခဲ့ရင် ဒီအမြူတေနှစ်ခုက သူလိုချင်သည့်အရာဖြစ်လျှင်ပင်   သက်သာသောဈေးနှုန်းရရန် ရက်အနည်းငယ်စောင့်ရ ပေလိမ့်မည်။ လော်ရွှင့် က ရယ်မောကာ ပြောလိုက်သည်။

 "ခင်ဗျားလိုချင်တဲ့ အမြူတေကို သိရပြီလား "

ယန်ဖေး သည် အမြူတေ  သုံးခုကို ကြည့်ကာ  ခေါင်းညိတ်လိုက်သည်။
"အမြူတေ နှစ်ခုက အဆင့်မတူဘူး။ ဘယ်လို အမျိုးစားဖြစ်တယ်ဆိုတာ ထိကြည့်စရာမလိုဘူး။ အနားကို ကပ်လိုက်တာနဲ့ ခံစားကြည့်လို့ရတယ်  "

"ကောင်းပြီ၊ ကျွန်တော်တို့ ပြန်ရောက်ရင် အဲ့ဒီ အမြူတေ  နှစ်ခုကို စမ်းကြည့်ပြီး ဘာတွေ ကွာခြားလဲ ကြည့်ရအောင်။"

ယန်ဖေး အိမ်ပြန်ရောက်တော့ အမြူတေ နှစ်ခုကို ချက်ချင်း မစုပ်ယူပဲ   ကျန်တဲ့ သတ္တုတွေကို ကားပေါ်ကနေ ဖယ်ရှားပြီး 16 ထပ်အထိ ယူဆောင်သွားကာ သူက  စင်များနှင့် ပရိဘောဂများစွာကို စတင်ဖန်တီးခဲ့သည်။ လော်ရွှင့် သည် ပြတင်းပေါက်များကို အပြင်က မမြင်ရလေအောင် ဖလင်ပြားများဖြင့် ဖုံးအုပ်ထားသည်။
 


လူနှစ်ဦး လိုအပ်သော စင်များ၊ အိုးများ၊ သေတ္တာများကို နေရာချထားပြီးနောက်   ကန့်လန့်ကာများချထားသည့် ပြတင်းပေါက်များအားလုံးကို စစ်ဆေးခဲ့သည်။ ပါပီလေးရဲ့အခန်းကိုပါ သေချာစစ်ဆေးပြီးနောက် နှစ်ယောက်သား ကျေနပ်ပြီး 1604 သို့ ပြန်သွားခဲ့သည်။

ရိုးရိုးညစာစားပြီးနောက် လော်ရွှင့် သည် စားပွဲကိုဆေးကြောပြီး ဧည့်ခန်းသို့သွားခဲ့သည်။ ယန်ဖေး သည် သူ့လက်ချောင်းများကြားရှိ သတ္တု အမြူတေ ကို ကိုင်ကာ  ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

"စုပ်ယူကြည့်ချင်လား"
 လော်ရွှင့် က စားပွဲပေါ်ရှိ အမြူတေကို ကြည့်ရင်း စပ်စုကာ မေးလိုက်သည်။

ယန်ဖေး သည် ယခုအချိန်အထိ ဘာ့ကြောင့် စောင့်နေခဲ့သည်ကို သူ မသိပေ။ ကျန်းရီက အဆင့်နှစ် အမြူတေ ကို စုပ်ယူခဲ့စဉ်က သူ့စွမ်းအားက သိသိသာသာ  တိုးမြင့်လာခြင်းမရှိဟု ပြောခဲ့ဖူးသည်။  ရွှီမိန်နှင့် စုန့်လင်လင် တို့လည်း အဆင့်နှစ် အမြူတေကို ကာလတိုအတွင်း စုပ်ယူနိုင်ဦးမည့်ပုံမပေါ်ပေ။

ယန်ဖေး က လော်ရွှင့် ကို အတွေးကို သိသဖြင့်  ခေါင်းညိတ်လိုက်သည်။
"ကိုယ် ဒါကိုခံစားရတယ်...ဒီအမြူတေမှာ တစ်ခုခုတော့ရှိပုံရတယ်။"


"အမ်း..." လော်ရွှင့် က စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကိုကြည့်နေသည်။

"ဒါဟာ ခံစားချက်တစ်ခုပါ။ အကောင်းဆုံးရလဒ်တွေကို လိုချင်ရင် ပထမအဆင့် အမြူတေအချို့ကို စုပ်ယူတာက ပိုကောင်းမယ်ထင်တယ်။ သူတို့ရဲ့ စွမ်းအင်က မလုံလောက်ဘူး။ "

ယန်ဖေး သည် အဆင့်နှစ်အမြူတေကို ကြည့်ကာ ရှုံ့မဲ့စွာပြုံးလိုက်သည်။

လော်ရွှင့် တွေးတောရင်း သူ့မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။
"အစကတည်းက ခင်ဗျားရဲ့စွမ်းရည်က တခြားသူတွေထက် ပိုအားကောင်း ပုံရတယ်၊ ကနဦးအဆင့်က သူတို့ထက် ပိုမြင့်နေတာ ဖြစ်နိုင်တယ်... အဲဒါက အဆင့်တက်ဖို့ ဘယ်လောက်ကြာမယ်ထင်လဲ။ မလုံလောက်ရင် အမြူတေ ပိုရနိုင်မယ့် နည်းလမ်းကို ကျွန်တော်တို့ ရှာတွေ့မှာပါ။"

ယန်ဖေး က  မရှောင်လွှဲဘဲ အမှန်တိုင်းလိုအပ်ချက်ကိုပြောလိုက်သည်။

 "ကိုယ်အဆင့်တက်ဖို့ ပထမအဆင့် အမြူတေ  ၆၀၀ ထက်မနည်းလို အပ်လိမ့်မယ်။"

သူသည် စစ်တပ်အတွက် သတ္တုအသုံးအဆောင်များပြုလုပ်ခြင်းမှ တစ်နေ့လျှင် အမြူတေ 20 သို့မဟုတ် 30 အနည်းဆုံးရရှိသည်။ ထိုသို့ရေတွက်ခြင်းဖြင့် ပမာဏကိုစုဆောင်းရန် အနည်းဆုံး ရက်ပေါင်း 20 ကြာလိမ့်သည်။ သို့သော် ယန်ဖေး သည် လျင်မြန်စွာ အဆင့်တက်နိုင်တာက အရင်တခါ အပြင်ထွက်စဉ်က စုဆောင်းခဲ့သည့် အမြူတေ 400 ကို စုပ်ယူခဲ့သည့်အတွက်ဖြစ်သည်။

"ကျွန်တော်တို့ ဟင်းသီးဟင်းရွက်ရောင်းလို့ ရတယ် မလား"
လော်ရွှင့် သည် ကုန်ပစ္စည်းများ ပြည့်နေသော လသာဆောင်ကို ရည်ညွှန်းကာ ပြောလိုက်သည်။ သူတို့ စိုက်ပျိုးထားသည့် အိမ်တွင်းစိုက်ခင်းဆီမှ ကာလတိုအတွင်း စားသုံးလို့ရသည့် ဆလတ်ရွက်၊ ကြက်သွန်မြိတ် စသည့်   အစိမ်းရောင် အရွက်မျိုးစုံကို ရိတ်သိမ်းနိုင်နေပြီဖြစ်သည်။ ပဲပင်ပေါက်နဲ့ တခြားအရာတွေ ပေါက်နေပြီဆိုတော့ မနေ့က  ရိတ်သိမ်းဖို့ အောက်ကို ချထားရသေးသည်။

ယန်ဖေး မျက်မှောင်ကြုတ်လိုက်သည်။

"ဟင်းသီး ဟင်းရွက်ရောင်းမှာလား... ဒါပေမယ့် ဈေးက ဘယ်လိုလဲ။ တစ်နေ့တည်း အကုန်ရောင်းလို့ရမလား"

အိမ်တွင်ရှိသော ဟင်းသီးဟင်းရွက်များသည် လူနှစ်ဦးနှင့်  ဟင်းရွက်ကြိုက်သော  ခွေးတစ်ကောင်စားလောက်သည်ထက် ပိုလျှံနေသည်။  ထုတ်ရောင်းဖို့က ပြဿနာမရှိ ပါဘူး။ ဒီအသီးအရွက်တွေကို အခုပဲ ရောင်းနိုင်ပါ့မလား။  ဘယ်ဈေးနဲ့ ရောင်းသင့်သလဲ။

ယန်ဖေးရဲ့စကားကြောင့် လော်ရွှင့် ၏ အမူအရာလည်း ပြောင်းသွားသည်။ သူ့အရင်ဘဝတုန်းက စားဝတ်နေရေးကြောင့် သူက အသီးရွက်ကို စိုက်ပျိုးခဲ့တာ မဟုတ်ပေ။ ဒါပေမယ့်သူ့ စိုက်ပျိုးစွမ်းရည်ကြောင့် အသီးရွက်အရည်သွေး မြင့်မားသဖြင့်    ထောက်ပံ့ပို့ဆောင်ရေးဌာနက တစ်စုံတစ်ယောက်နဲ့ နှစ်ရှည်စာချုပ်ချုပ်ပြီး သီးနှံတွေကို လွှဲပြောင်းပေးကာ စားဝတ်နေရေးကို ကောင်းစွာဖြေရှင်းနိုင်ခဲ့တာဖြစ်သည်။

အခု သူစဉ်းစားကြည့်တော့ သူ့ကိုယ်ပိုင် ဟင်းသီး ဟင်းရွက်တွေကို ကိုယ်တိုင်ရောင်းမည်ဆိုပါက အရင်ဆုံး ဈေးကို သယ်ကာ ခင်းကျင်းပြသရမည်။ တနေ့စာ ရောင်းမကုန်လျှင် ကျန်တာက ညှိုးကုန်လိမ့်မည်။   ညနေခင်းတွင် နွမ်းနေပြီဖြစ်သော ဟင်းသီးဟင်းရွက်များကို သေချာထိန်းသိမ်း ကိုင်တွယ်ရမည်ဖြစ်ပြီး  အဆင်ပြေပါက နောက်နေ့တွင် ရောင်းချရန် ကျန်ရှိနေနိုင်သည်။

ရိုးရိုးသားသားပြောရလျှင် ခုလို ကပ်ဘေးကာလတွင် အသီးရွက်က   ပုံမှန်အရသာရှိတယ်ဆိုလျှင်ပင် ကိုယ့်စားဝတ်နေရေး ဖူလုံအောင် ဝင်ငွေရနိုင်သည်။ အခြေစိုက်စခန်းက   အသက်မွေးဝမ်းကြောင်းအတွက် ဟင်းသီးဟင်းရွက် စိုက်ပျိုးမည့်သူ ဘယ်နှစ်ဦး ရှိနိုင်မှာလဲ။   အပြင်ထွက်ဖို့ ခွန်အားနဲ့ အရည်အချင်းရှိတဲ့ လူတွေကလွဲရင် လူတွေက စားစရာနဲ့ အဝတ်အစားတွေဖူလုံဖို့ မနည်းရုန်းကန်နေရသည်။

အခြေစိုက်စခန်းထဲက လူတွေထဲမှာ စွမ်းအားရှင်အဖွဲ့က   သက်တောင့်သက်သာ အရှိဆုံးဖြစ်ကာ အုပ်ချုပ်ရေးဝန်ထမ်းများက အတည်ငြိမ်ဆုံးဖြစ်ပြီး  ဆိုလာပြား အများအပြားရှိသည့် အိမ်က လူများသည် အေးအေးဆေးဆေး အရှိဆုံးဖြစ်သည်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ အမျးစုက စားဝတ်နေရေးဖူလုံရုံသာ ဖြစ်သည်။

ထို့အပြင် အသက်မွေးဝမ်းကြောင်းအတွက် သူများပိုင်ဆိုင်မှုကို ခိုးယူရောင်းစားကာ နေထိုင်သည့်လူတွေလည်း  ရှိခဲ့သည်။ ဟင်းသီး ဟင်းရွက်ရောင်းသူ အများစုသည် ထိုလူများထက်တော့ သာလွန်သေးသည်။

ဟုတ်တာပေါ့.. လူတိုင်းက အသီးအနှံတွေ စိုက်ပျိုးဖို့ မဖြစ်နိုင်ပါဘူး။ ကမ္ဘာပေါ်တွင် လူတိုင်းက အပင်စိုက်ပျိုးတတ်သူ၊ အပင်စိုက်ရာတွင် ပါရမီပါသူများ မဟုတ်ကြပေ။  ထိုသို့သောလူများသည် အခြားရင်းမြစ်များနှင့်သာ သူတို့၏ စားဝတ်နေရေးကို ပံ့ပိုးပေးနိုင်သည်။

ထို့အပြင်၊ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသော ဗီဇပြောင်း အပင်များကြောင့် စိုက်ပျိုးသူတွေက ကူးစက်မှုများ    ဖြစ်ပွားပြီးနောက် ဟင်းသီးဟင်းရွက် စိုက်ပျိုးလိုသည့် လူအရေအတွက်မှာလည်း လျော့နည်းလာသည်။ အိမ်တွင် ဟင်းသီးဟင်းရွက်စိုက်သူ အများစုသည် ကုန်ကျစရိတ် သက်သာစေရန်အတွက် သူတို့ကိုယ်တိုင် စားသုံးရန်သာ ဖြစ်သည်။ အရင်ဘဝတွင် လော်ရွှင့် သည် အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုး ရောင်းချခြင်းကို ဇောက်ချလုပ်ကိုင်သူ တစ်ဦးတည်းသာဖြစ်သည်။

လော်ရွှင့် က မျက်မှောင်ကြုတ်ကာ တွေးနေရင်း ပြောလိုက်သည်။

 "ရေရှည် ဟင်းသီး ဟင်းရွက်လိုအပ်နေတဲ့ အဖွဲ့ ရှိရင်..."

ယန်ဖေး သည် ဖြစ်နိုင်ခြေကို ရုတ်တရက် တွေးတောရင်း မျက်ခုံးပင့်လိုက်သည်။
"အစားသောက်ရောင်းတဲ့ ကင်တင်းတွေလား?"

"အာ...ဟုတ်သားပဲ။ ကင်တင်းတွေ...."
 လော်ရွှင့် သည် စိတ်ရှုပ်စွာ ကြည့်နေရာမှ စိတ်လှုပ်ရှားသွားသည် ။
အခု ကင်တင်းမှာ အသီးအရွက် မဖူလုံတော့ပေ။  နောင်တွင် သူတို့သည် များများစားစား စိုက်ပျိုးနိုင်မည် ဖြစ်ပေမယ့် လောလောဆယ်   လတ်ဆတ်သော အသီးအရွက်ငယ်များကို ဝယ်ယူဖြည့်တင်းရန် ဆန္ဒရှိနိုင်သည်။ ဘယ်လောက်ရောင်း ရမယ်ဆိုတာ မပြောနိုင်ပေမယ့် သူတို့ကို ဆက်သွယ်ရင် သေချာပေါက် ရောင်းရနိုင်သည်။

တခြားနေရာတွေမှာ ဈေးပိုမြင့်ပြီး ရောင်းနိုင်ပေမယ့် ရိတ်သိမ်းထားတဲ့ အသီးအရွက်တွေကို နေ့တိုင်းရောင်းရမယ်လို့ အာမ မခံနိုင်ပေ။  နှစ်ယောက်သား ဈေးဆိုင်မဖွင့်ချင်ကြသော အကြောင်းရင်းတစ်ခုမှာ အချိန်မရှိခြင်းကြောင့်ဖြစ်သည်။

မနက်ကနေ နေ့လည် သုံးနာရီအထိ တံတိုင်းတွေဆောက်ပြီး အချိန်ကုန်ကြတယ်။ အိမ်ပြန်ရောက်သောအခါ အမျိုးမျိုးသောကိစ္စများကို လုပ်ကိုင်ကာ   ညစာချက်ပြုတ်ရသည့်အပြင် ညဖက်မှာလည်း အိပ်ယာထဲမှာ ယန်ဖေး နဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ရ သေးသည် ။ ဟင်းသီး ဟင်းရွက်ရောင်းဖို့ အချိန်ဖယ်ထားရင်... လော်ရွှင့် ဟာ ကမ္ဘာပျက်ကာလမှာ ပင်ပန်းနွမ်းနယ်ပြီး မသေချင်သေးပေ။

အနာဂတ်မှာ အခြေစိုက်စခန်းရဲ့တည်ဆောက်ရေးမှာ အလုပ်မရှိတော့သည့်အခါ    ဟင်းသီးဟင်းရွက်ရောင်းဖို့ ဈေးဆိုင်တစ်ခု လုပ်ရမည်။  ဒါပေမယ့် အခုအချိန်မှာတော့ အဲဒါကို စဉ်းစားဖို့ အချိန်မရှိသေးပါဘူး။

"ငါတို့ထင်တာက .. အရာရှိ တင်း က ငါတို့ တစ်ခုခု စိုက်ပျိုးနိုင်ခဲ့ရင် သူ့ကို အကြောင်းကြားဖို့ ပြောခဲ့တယ်... သူ ဒါကို ကူညီပေးနိုင်တယ်"

လော်ရွှင့် က ခဏလောက်စဉ်းစားပြီး နံရံဆောက်လုပ်ရေး တာဝန်ခံကပ္ပတိန် ကောကနေ တဆင့် ဝင်လို့ရပေမယ့် အခုလို အသေးအမွှားလေးတွေကြောင့် သူ့ကို ဒုက္ခမပေးသင့်ဘူး။ နှစ်ယောက်သား အခြေအနေကို   ဒုဗိုလ်ကြီးတင်းကို ပြောပြပြီး စနည်းနာတာ ပိုကောင်းမည်ဟု တွေးလိုက်သည်။  သူတို့နှစ်ဦးသည် နောက်တနေ့ နံနက်တွင်  ဒုဗိုလ်ကြီး တင်း ကိုရှာရန် ဆုံးဖြတ်ခဲ့သည်။

လော်ရွှင့် သည် ဗီရိုထဲက   လက်ကိုင်ဖုန်းနှစ်လုံးကို ထုတ်ကာ စခန်းက ထုတ်ပေးသည့် ဖုန်းကဒ် အသစ်ကို ထည့်လိုက်သည်။ သူတို့ မြင်နေကျ   ရင်းနှီးနေသည့် သင်္ကေတကို မြင်လိုက်ရပြီး သက်ပြင်းမချပဲ မနေနိုင်တော့ပေ။ အခု သူတို့ ဆက်သွယ်ရေးလိုင်းကို သုံးလို့ ရသွားသည် ။

"အခု သုံးလို့ရပြီ..."

အချက်ပြမှုကို စစ်ဆေးပြီးနောက် သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး၏ ဖုန်းနံပါတ်အသစ်များကို ဖုန်းထဲကို ထည့်သွင်းခဲ့သည်။ ဒါမှ သူတို့အချင်းချင်း ဆက်သွယ်နိုင်မယ်။ ဟော်ချန်ခွန်း တီထွင်ထားသည့် အပလီကေးရှင်းတွင်   အလိုအလျောက် ပေါ့ပ်အပ်စနစ်ပါဝင်နေသည့်အတွက် သူတို့နှစ်ဦးစလုံးက  ပထမဆုံးမက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။ ဒါက စခန်းမှာ သုံးသည့် လူအများကို သတင်းဖြန့်ဖြူးသည့် စနစ်ဖြစ်ကာ စခန်းက ထုတ်ဝေသည့် မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်သူ အားလုံးကို အလားတူသတင်းများနှင့် ပရိုမိုးရှင်းများပါသည့် မက်ဆေ့ချ်များကို ပုံမှန်ထုတ်ပြန်ပေးမည်ဖြစ်သည်။

ပထမဆုံးသတင်းက  ပြည်တွင်း အခြားစခန်းတွေရဲ့ သတင်းတချို့ကိုလည်း သူတို့ဆီ ပို့ပေးမည် ဖြစ်သည်။ ယနေ့တွင် ဆိုလာပြားများ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ သတင်းများ ထွက်ပေါ်လာခဲ့ပြီး အချို့သော စွမ်းအင်ရင်းမြစ်များအတွက်  အတားအဆီးများ ရှိနေသေးသည်။ ရေက အနည်းငယ် အသုံးပြုနိုင်သော်လည်း ကျောက်မီးသွေး သို့မဟုတ် သဘာဝဓာတ်ငွေ့တွေက ပြတ်တောက်ကာ ရဖို့ကို လုံးဝ မဖြစ်နိုင်သေးပေ။
 
ကပ်ဆိုးကာလ တွင် နှစ်အနည်းငယ်ကြာပြီးနောက် စစ်တပ်သည် ဆိုလာပြားများနှင့် ယင်းကဲ့သို့သော အရာများကို စတင်ရှာဖွေခဲ့သည်။ လော်ရွှင့် သည် ဆိုလာပြားများ ရှာဖွေရန် စစ်တပ်နှင့် ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့သည်ကို သတိရမိသည်။ ဒါပေမယ့် အကန့်ဘယ်လောက်ရှိလောက်တယ်။ သူတို့ ရှာဖွေရလာမယ့် ဆိုလာပြားက  အခြေစိုက်စန်းတစ်ခုလုံးအတွက် လုံလောက်ပါသလား။

ထို့ကြောင့် မကြာသေးမီကာလတွင် နံရံအတွက် ပစ္စည်းများ စုဆောင်းခြင်းအပြင် ရေနံနှင့် ဓာတ်ဆီကဲ့သို့သော အခြားအရာများကဲ့သို့ပင်  နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားုများက စက်ရုံများအတွက် အရေးပါလာခဲ့သည်။

မကြာသေးမီက နေရောင်ခြည်စွမ်းအင်သုံး ကိရိယာ အများအပြားကို အခြေစိုက်စခန်းသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ လုံလောက်သော အထောက်အကူ ပစ္စည်းများဖြင့် အဆင်ပြေသည့် လူနေထိုင်မှု စနစ်ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ အိမ်သုံးလျှပ်စစ်မီးပြဿနာများကို ဖြေရှင်းရန်အတွက် စခန်းအုပ်ချုပ်ရေးတပ်သည် ကိုယ်ပိုင်စက်ပစ္စည်းများကို ငှားရမ်းရန် တိုက်တွန်းခဲ့သည်။ စခန်းအုပ်ချုပ်ရေးတပ်သည် အနာဂတ်တွင် ပုဂ္ဂလိကလျှပ်စစ်ဓာတ်အား ပေးဝေမှုအားလုံးကို ရပ်တန့်ရန် ပြင်ဆင်ထားပြီး အများပြည်သူသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖန်တီးပေးခဲ့သည်။

"တစ်နည်းအားဖြင့်ပြောရရင်တော့ အနာဂတ်မှာ ကျွန်တော်တို့ အဆောက်အဦး မှရှိတဲ့ ဓာတ်လှေကားအတွက် သုံးဆွဲဖို့ လျှပ်စစ်မီး လုံးဝရပ်ဆိုင်းသွားတော့မယ်။"

ယန်ဖေး သည် ဖုန်းထဲ ဝင်လာသည့် သတင်းစကားကို ဖတ်ပြီး လော်ရွှင့် စကားကို အတည်ပြုလိုက်သည်။

လော်ရွှင့် က  ခေါင်းညိတ်လိုက်သည်။

 "အင်း...ညတိုင်း ရှစ်နာရီကနေ ဆယ်နာရီလောက်မှာ ဓာတ်အားပြတ်လာပြီ။  အခု ဓာတ်လှေကားသုံးဖို့ လျှပ်စစ်မီးရှိလို့ အတော်လေး ကောင်းနေပြီ။ အနာဂတ်မှာ လမ်းမီးတွေ ပေးမှာ မဟုတ်ဘူးလို့ တောင် ခန့်မှန်းမိတယ်။"

လက်ရှိတွင် လမ်းမီးတိုင်များ သွယ်တန်းထားဆဲဖြစ်သည်။ လော်ရွှင့် သည် ဆိုလာစွမ်းအင်သုံးသည့် စနစ်က  ပေါ်ပြူလာဖြစ်လာသည့်အချိန်ရောက်မှ  အခြေစိုက်စခန်းမှ ပင်မ လမ်းမီးများကို ဆိုလာမီးများဖြင့် အစားထိုးလိုက်ကြောင်း သိရှိခဲ့သည်။

ကံမကောင်းစွာပဲ လမ်းမီးများပေါ်ရှိ ဆိုလာပြားများ အခိုးခံရကာ 'ပျောက်' သွားပြီး ထိုနည်းလမ်းက  ရပ်တန့်သွားသည်ကို ဝမ်းနည်းစွာသိလိုက်ရသည်။ အခိုးခံလိုက်ရသည့် မီးချောင်းများ၊ ဆိုလာပြားများကို ပြန်လိုက်ဖို့ လုပ်ရန် အချိန်မရှိ၊ ဒါကြောင့် လမ်းမီးထွန်းသည့် စနစ်က   ရပ်တန့်သွားသည် -  

ကပ်ဆိုးကာလ မဖြစ်မီကဲ့သို့ လူတွေအားလုံးက ကိုယ်ကျင့်တရား ထိန်းသိမ်းနိုင်ဖို့ မဖြစ်နိုင်တော့ပေ။ စားဝတ်နေရေး ခက်ခဲလာသည့်အချိန် လူတွေရဲ့စံတန်ဖိုးတွေက ပြိုလဲကာ ကိုယ်ကျိုးကိုသာ ကြည့်လာကြသည်။
 
ယန်ဖေး ခဏလောက်စဉ်းစားပြီး လော်ရွှင့် ဘက်လှည့်ကာ ပြောလိုကသ်ည်။

 "ငါတို့ မနက်ဖြန် အသီးရွက်တွေ လဲလှယ်ဖို့ တချို့ကို ယူသွားတာပေါ့။ စခန်းတွင်းမှာ လဲလှယ်တာက  ဈေး သင့်တင့်ပုံရတယ်။  မနက်ဖြန် လဲလှယ်ဖို့ ကိုယ်တို့  သက်သေခံကတ်ပြားကို စမ်းသုံးနိုင်ပါတယ်။"

"ကောင်းပြီ! မနက်ဖြန် အလုပ်ပြီးရင် သွားမေးမယ်။" လော်ရွှင့် က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

သူ့တွင် ဆိုလာပြားများစွာ မရှိပေ။ အခြေစိုက်စခန်းက ဆိုလာပြားတရားဝင် သုံးခွင့်ပြုသည့် ကြော်ငြာထွက်လာသည့်အချိန်ထိ စောင့်ပြီး သူတို့ အိမ်ခန်းရဲ့ အပြင်ဘက် နံရံမှာ ဒီအရာတွေ အကုန်ဆွဲထားပစ်လိုက်မယ်။ ဒါက သူ့ဘဝရဲ့ အိပ်မက်တွေထဲက တစ်ခုပါ၊ ဒီဘဝမှာ ရှားရှားပါးပါး အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး။

လက်ရှိ ဆိုလာပြားများသည် လော်ရွှင့် ၏အိမ်အတွက် လုံလောက်သော်လည်း ဘေးအိမ်က အခန်း ပြီးသွားပါက မီးများနှင့် အခြားအရာများကို စိုက်ပျိုးဖို့ စွမ်းအား လိုအပ်ချက်ကို  လုံလောက်မည်မဟုတ်ပါ။ လျှပ်စစ်မီးမရှိရုံမက ရေကလည်း ဒီအတိုင်းပါပဲ။ နေ့စဉ် ရေပေါင်းခံစက် နှစ်စုံလုံးကို သုံးပြီး လိုအပ်သည့် ရေကို ပံ့ပိုးပေးထားရသည်။

ဒါပေမယ့် ပေါင်းခံစက် နှစ်စုံက ဘေးအိမ်မှာ သီးနှံအမြောက်အများ စိုက်ထားရင် မလုံလောက်တော့ဘူး။ စစ်ထားတဲ့ရေကို သုံးလို့ရသည်အထိ ဖန်တီးဖို့အတွက် အနည်းဆုံး တစ်ရက်လောက် ကန်ထဲ ထည့်ထားရမည်။

လော်ရွှင့် သည် ဖုန်းပေါ်ရှိ မှတ်စုကိုဖွင့်ကာ မနက်ဖြန်တွင် လုပ်စရာများကို ရေးမှတ်ရင်း အလုပ်များမယ့်ပုံပေါ်သည်ဟု တွေးနေသည်။  ယန်ဖေး ရဲ့ စွမ်းအားကို အဆင့်မြှင့်တင်ရန်အတွက် အမြူတေလိုအပ်ချက်အတွက်၊ ဘေးအိမ်အတွက် လုံလောက်သောစွမ်းအင်ပေးရန် ဆိုလာပြားများတပ်ဆင်ရန်လိုအပ်ခြင်း၊  ပေါင်းခံစက်များပြုလုပ်ရန် လိုအပ်ခြင်း၊ ဟင်းသီးဟင်းရွက်များရောင်းရန် သွားတွေ့ရန် စသဖြင့် အလုပ်များနေသကဲ့သို့ လကုန်တွင် လူတိုင်းနှင့် အပြင်ထွက်၍ ပုံဆောင်ခဲအမြူတေ များကို စုဆောင်းဖို့ လည်း စီစဉ်ရဦးမည်။

သြော်.. သူစိတ်ကူးထားတဲ့ 'အေးအေးဆေးဆေး စိုက်ပျိုးမွေးမြူခြင်း' ဘဝဟာ ပိုပိုပြီး ဝေးကွာသွားသလိုပဲ?

သို့သော် သူ၏ အရင်ဘဝနဲ့ ယှဉ်လျှင် အခုဘဝက ပင်ပန်းသော်လည်း ဒီဖြစ်ချင်ည့် ဘဝ နှင့် အလွန်ကိုက်ညီလို့နေသည်။

ဒီအရာများကို ဆေးကြောပြီး မှတ်တမ်းတင်ပြီးနောက် လီထယ် နှင့် အခြားသူများ ပြန်လာကြသည်။

မိုဘိုင်းကတ်နှင့် အက်ပ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့်၊ သူတို့သည် သူတို့၏ ဖုန်းကတ်များကို ပထမဆုံးရရှိသူများထဲတွင် ပါဝင်ခဲ့သည်။ သူတို့၏အထက်လူကြီးများသည် လူတစ်ဦးစီအား ဆဲလ်ဖုန်းအသစ်တစ်လုံးကို ရက်ရက်ရောရော ပေးခဲ့သည်။ ကမ္ဘာပျက်ပြီးနောက် ဒီအရာများကို လမ်းဘေးတွင် ထားခဲ့ပြီး လျစ်လျူရှုထားသဖြင့် အခု အဖွဲ့ဝင်တွေကို ပေးကမ်းရန် မဖွင့်ရသေးသော အသစ်စက်စက် ဖုန်းကိုပင်  အလွယ်တကူ ကောက်ယူနိုင်ခဲ့သည်။ ဒါက အရမ်းအဆင်ပြေတယ်။

တက္ကသိုလ်ကျောင်းသားများသည် ဖုန်းများကိုကိုင်ကာ သက်ပြင်းကို အကြိမ်ကြိမ်ချလိုက်သည်။

 "ကမ္ဘာပျက်ကပ် မတိုင်ခင်က ဒီလို နောက်ဆုံးထွက်မော်ဒယ်က ဈေးကွက်ထဲကို ရောက်လာတယ်။ အရင်အခြေနေနဲ့ဆိုရင် ငါတို့တဖွဲ့လုံးရဲ့ ကျောက်ကပ်ကို ထုတ်ရောင်းရင်တောင် ဒီလို ဖုန်းမျိုးတစ်လုံးတောင် ကိုင်နိုင်မှာ မဟုတ်ဘူး  ..."

လော်ရွှင့် သည် ဝမ်းနည်းပူဆွေးမှုနှင့် ပျော်ရွှင်မှုများ ရောပြွန်းနေသည့် လူငယ်တွေရဲ့  မျက်နှာများကို ကြည့်ပြီး ရေအေးဇလုံကို လောင်းချလိုက်သည်။
"မျက်နှာပြင်ကြီးတဲ့ မိုဘိုင်းလ်ဖုန်းက အလုပ်တွေအတွက် အဆင်ပြေပေမယ့် ပျက်စီးတာ  အရမ်းလွယ်ပါတယ်..."

လီထယ် နှင့် သူငယ်ချင်းများ အံ့အားသင့်သွားသည် - သူတို့သည် ထိုပြဿနာကို နားမလည်ခဲ့ကြပါ။ ကျန်းရီ က သူတို့ရဲ့ IQ ကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်ကာ အော်ဟစ်လိုက်သည်။

"  ဘာ? ဘယ်ဖုန်းက ပိုအကြမ်းခံသလဲ"

လော်ရွှင့် က ချောင်းဟန့်လိုက်ပြီး နှစ်ယောက်သား သုံးနေတဲ့ ဖုန်းကို ထုတ်လိုက်ကာ ပြလိုက်သည်။

 "အကြမ်းတမ်းခံပြီး  ရေ၊ ဖုန်မှုန့်နှင့် ကွဲအက်မှုဒဏ်သုံးဆခံနိုင်တယ်။ အပြင်ထွက်နေချိန်မှာ ပြုတ်ကျသွားရင်တောင် လုံးဝအကြမ်းခံပြီး ကမ္ဘာပျက် ပြီးနောက်ပိုင်း ဒီလို ဖုန်းမော်ဒယ်မျိုးကသာ လက်တွေ့အကျဆုံး မော်ဒယ်ဆိုတာ  မစဉ်းစားမိဘူးလား?"

"ဒါကို  မင်း ဘယ်ကရလာတာလဲ"

"လော်ရွှင့် ငါတို့ မင်းနဲ့ လဲလှယ်လို့ရမလား"

"ဖုန်းပုံစံက ထူထဲပြီး ရုပ်ဆိုးပေမယ့် အနီးကပ်ကြည့်လေ ပိုကောင်းလေလေ..."

"လော်ရွှင့် ဒါက ကပ်ဆိုးကာလ မတိုင်ခင်မှာ မင်းသုံးခဲ့တာလား။ ဘာလို့ဒီလောက်အသစ်အဆန်းဖြစ်နေရတာလဲ"

လော်ရွှင့် က ပြုံးပြီး သူ့ကျောပိုးအိတ်ထဲက သေတ္တာကို ထုတ်လိုက်တယ်။
"ပစ္စည်းတွေ စုဆောင်းဖို့ အပြင်သွားချိန်  စတိုးဆိုင်တစ်ဆိုင်က ဖြတ်သွားလို့ ပြန်သယ်လာခဲ့တာ"

ကပ်ဆိုးကာလ မဖြစ်မီက သူသည် စတိုးဆိုင်သို့သွား၍ ငေးကြည့်နေခဲ့သည်။ သူ့မှာ မိုဘိုင်းလ်ဖုန်းတစ်လုံးရှိတော့ အသစ်တစ်လုံးဝယ်ဖို့ မဖြစ်နိုင်ဘူး။ သူသည် ကမ္ဘာပျက်သည့်တိုင်အောင် စောင့်ဆိုင်းခဲ့ပြီး လမ်းပေါ်တွင် လူတိုင်း လွှင့်ပစ်ကာ စိတ်ဝင်စားခြင်း မခံရသည့် ထိုဖုန်းဆိုင်တွေထဲက ဖာတစ်ဖာ အပြည့် ဖုန်းတွေကို ကောက်ယူလာခဲ့လို့ အခု   လီထယ် နဲ့ တခြားသူတွေကို လက်ဆောင်ပေးဖို့ အခက်အခဲမရှိဘူး။

ကျန်တာတွေကတော့... နောက်ပိုင်းလိုအပ်လာရင် လဲလှယ်ဖို့  အပိုပစ္စည်းအဖြစ် သိမ်းထားလိုက်သည်။

လီထယ် နှင့် အခြားသူများ အနည်းငယ် ဆွေးနွေးခဲ့ကြပြီး နောက်ထပ် အကြမ်းခံသော ဖုန်းခြောက်လုံးအတွက် ဖုန်းအသစ်သုံးလုံးနှင့် အမြူတေ30 တို့ကို လဲလှယ်ခဲ့သည်။ ညီအစ်ကိုများသည် လောလောဆယ်တွင် မလိုအပ်ပေမယ့် နောင်တချိန် ပျက်စီးသွားရင် အစားထိုးသုံးဖို့ ဖုန်းအပိုတွေကို အလကားမယူပဲ သူတို့ပိုင်သည့် အမြူတေဖြင့် လဲလှယ်ယူငင်ခဲ့သည်။   ဖုန်းက သူတို့အတွက်  ပို၍အရေးကြီးသည်။

လောလောဆယ် ပိုနေသည့် ဖုန်းသုံးလုံးနဲ့ သူတို့ အပျင်းပြေဖို့ တခုခုသုံးနိုင်သည်။ ကံဆိုးတာက ထိုဖုန်းထဲက   အပလီကေးရှင်းအများစုသည် အွန်လိုင်ဂိမ်းများဖြစ်ကာ အခုချိန် အသုံးမပြုနိုင်ပါ။ ဟော်ချန်ခွန်း နှင့် ဝူရှင်း တို့သည် အလုပ်တွင် ဖုန်းထဲ ထည့်ကာ ကစားနိုင်ဖို့  ဂိမ်းအချို့ကို တီထွင်ရန် အစီအစဉ်များကို ဆွေးနွေးခဲ့ပြီးဖြစ်သည်။

အိုး...ပရိုဂရမ်သမားဖြစ်လို့ ဂိမ်းအသစ်ကို ဖန်တီးတာ အဆင်ပြေပါတယ်။ ဒါပေမယ့် သူတို့  ဂိမ်းအသစ်ကို တီထွင်ဖို့ သူများဂိမ်းကို ကိုးကားလို့တော့ ရတယ် မဟုတ်လား...
 

 

******-*

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now