Chapter (74) - အရွက်သူခိုးလေးကို မိပြီ

3.4K 599 11
                                    

Chapter (74) - အရွက်သူခိုးလေးကို မိပြီ


လော်ရွှင့်က လှေကားဆီသို့ အမြန်မပြေးမီ လူနှစ်ယောက်က လသာဆောင်တွင် ခဏရပ်နေလိုက်သည်။

"ကျွန်တော် မှတ်တမ်းတင်ထားတဲ့ ကင်မရာကိုသွားယူလိုက်ဦးမယ်၊ အိမ်မှာ USB ကင်မရာရှိတယ်။ မနက်ဖြန် လသာဆောင်မှာ တပ်ပြီး တစ်ရက်စာ မှတ်တမ်းတင် ထား လိုက်မယ်!"

ဟင်းရွက်တွေ ဘယ်လို "ပျောက်" သွားတယ် ဆိုတာ သူ တကယ်ကို သိချင်နေ တယ်။

ခွေးကလေးကတော့ ငုံးမွေးထားတဲ့ မှန်ကန်ဘေးတွင် လဲလျောင်းနေပြီး အိပ်နေသကဲ့သို့ မျက်လုံးများကို မှိတ်ထားရင်း နားရွက်များ လှုပ်ယမ်းနေသည်။ သူမသည် ငုံးများနှင့် ဆော့ကစားရသည်ကို နှစ်သက်ပုံရသောကြောင့် လော်ရွှင့် သည် နေ့ဘက်တွင် ကြမ်းပြင်ပေါ်တွင် အိပ်ဖို့ ကူရှင်တစ်ခုကို ရွှေ့ပေးထားသည်။

ယန်ဖေးက ယာယီသတ္တုစားပွဲငယ်တစ်ခုကို ပြုလုပ်ပေးပြီးနောက် လော်ရွှင့်က ဝိုင်ယာကြိုးကို ဆွဲပြီး ကွန်ပျူတာကို ကင်မရာနဲ့ချိတ်ပြီး ဗီဒီယိုမြင်ကွင်းကို ချိန်ညှိလိုက် တယ်။ အကုန်လုပ်ပြီးချိန်မှာ လော်ရွှင့် က လက်ခုပ်တီးပြီး သူ့မျက်လုံးတွေက မကျေမနပ်နဲ့ တောက်ပနေတယ်။

"ကျွန်တော်တို့ စိုက်ထားတဲ့ အစာကို ခိုးယူရဲတာ ဘယ်လိုကောင်လဲဆိုတာ သိရဖို့ မစောင့်နိုင်တော့ဘူး။ သိချင်လှပြီ"

လီထယ် နှင့် အခြားသူများမဟုတ်တာ သေချာသည်။ သူတို့က အိမ်မှာ နေဖို့ အချိန်မရှိသလို အိမ်မှာ သူတို့ကိုယ်ပိုင်ဟင်းသီးဟင်းရွက်များ စိုက်ထားလို့ ဒီလိုမျိုး ခိုးယူမည် မဟုတ်ပေ။

ယန်ဖေး လည်း ခေါင်းညိတ်ပြပြီး အသီးရွက်များကို ခိုးသည့်လူကို မိဖို့ အရေးကြီး တယ်လို့ ခံစားလိုက်ရသည်။ သူခိုးက သတိထားပြီး ပိုင်ရှင်က သတိထားမိမှာ စိုးလို့ နေ့တိုင်း အရွက်နည်းနည်းပဲ ခိုးတယ်။ ဒါပေမယ့် သူခိုးက ဘာကြောင့် အောက်ဆုံး အတန်းက အသီးအရွက်တွေကိုပဲ ခိုးယူရသလဲဆိုတာ သူ လုံးဝ နားမလည်ခဲ့ဘူး။ ဖြစ်နိုင်တာက သူခိုးက ဆလတ်ရွက်ကို ပိုကြိုက်ပုံရတယ်။ အနီးနားမှာ ရှိတဲ့ စိမ်းလန်းစိုပြေနေတဲ့ ကြက်သွန်မြိတ်ကို လုံးဝ မထိခဲ့ဘူး။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now