Chapter (8) - ကမ္ဘာပျက်ကပ်ကာလ၏ပထမဆုံးနေ့

7.6K 1.3K 13
                                    

Chapter (8) - ကမ္ဘာပျက်ကပ်ကာလ၏ပထမဆုံးနေ့





ထိုညတွင်ပင် ယန်ဖေးသည်  အစည်းဝေး ခန်းမကြီးအတွင်း ပရောဂျက်တစ်ခုအကြောင်း ငြင်းခုံနေသည့် ဒါရိုက်တာများကို ကြည့်နေခဲ့သည်။ ထိုစဉ် သူ ပြတင်းပေါက်ကို လှည့်ကြည့်လိုက်တော့ မီးစိမ်းရောင် အလင်းတန်းကို မြင်လိုက်ရပြီး အသက်ရှု ကြပ်သွားခဲ့သည်။



"ဟေး။"

"ယန်ဖေး....ဘာဖြစ်လို့လဲ?"

"မနက်ဖြန်မှ ဒါကို ဆက်ပြီး ဆွေးနွေးရအောင် "

သူ့ရင်ထဲတွင် အမည်မသိသော ခံစားချက်တစ်ခု တိုးလာကာ ယန်ဖေးသည် ထူးဆန်းသော အရာတစ်ခု၊ အန္တရာယ်နှင့် မျှော်လင့်ချက်တစ်ခုကို ခံစားလိုက် ရသည်။

အပြောင်းအလဲကြီးက  ကပ်ဆိုးကြီးတစ်ခုဆီသို့ ဦးတည်လာနေပြီဖြစ်သည်။ နိမိတ်ကောင်းလား ၊ နိမိတ်ဆိုးလားဆိုတာ သူ့စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေသည်။ ပိုမိုကောင်းမွန်သော ပြောင်းလဲမှု သို့မဟုတ် စိတ်ဓာတ်ကျခြင်းနှင့် အကူအညီမဲ့ခြင်း၏ ချောက်ထဲသို့ ဆင်းသက်လာခြင်း တခုခုဖြစ်နိုင်သည်။


 နေရောင်ခြည်သည် ကရုဏာမရှိစွာ တောက်ပနေသည့်အချိန် လော်ရွှင့်သည် အကြိမ်များစွာ မျက်တောင်ခတ်ပြီး အပြင်သို့  ကြည့်ရန် အိပ်ရာပေါ်မှ ထလိုက်သည်။

ကမ္ဘာပျက်ကပ်အချိန်ကြီး ရောက်လာခဲ့ပြီ!
ဒီအရာက ကမ္ဘာကြီးရဲ့ အဆုံးသတ်ကို ဆောင်ကျဉ်းပေးလိမ့်မယ်။

 

သူ၏အရင်ဘဝတွင် လော်ရွှင့်သည် ကမ္ဘာပျက်ကပ်အစကို မမြင်ခဲ့ရသော်လည်း သူ့ရဲ့ အဖော်တချို့က ထွက်ပြေးလာတုန်းက သူ့ကို ပြန်ပြောပြခဲ့တာကို သတိရနေတုန်းဖြစ်သည်။



"တကယ်လို့ သေခြင်းတရားတွေ ရောက်လာမယ်ဆိုတာ ငါ ကြိုသိခဲ့မယ်ဆိုရင်  ငါကြိုတင်ပြင်ဆင်ထားမှာပေါ့။ ငါက ပြင်ဆင်မှု လုပ်နေမယ့်အစား  ငါက အိမ်ထဲအောင်းနေပြီး   ငြိမ်သက်စွာ ထိုင်နေခဲ့တယ်။ ကွန်ပြူတာ ဖန်သားပြင်ပေါ်မှာ အစိမ်းရောင် အလင်းတန်းတွေ လင်းလက်လာတဲ့အချိန်က ပုံရိပ်ယောင်လို့ ထင်ခဲ့ပေမယ့် မကြာခင် စက်က ပိတ်ကျသွားခဲ့တယ်။ နောက်တော့  အတော်တော်များများက ဖုတ်ကောင်တွေဖြစ်လာပြီး တစ်ယောက်နဲ့တစ်ယောက် ကိုက်ပြီး ကူးစက်သွားကြတယ်။"



အခုလည်း သူ့မျက်လုံးနဲ့  ဖြစ်ရပ်ကို အစအဆုံး သူမြင်ခဲ့ရတယ်။ ပထမဆုံး လော်ရွှင့် သည် သူ့လက်ကို စစ်ဆေးလိုက်သည်။  ဒဏ်ရာအနည်းငယ်နှင့် ကြမ်းတမ်းသောအရေပြားကလွဲရင် ဘာဒဏ်ရာမှ မရတာကို မြင်တော့မှ  မျက်လုံးမှိတ်ပြီး  ခံစားချက်လုံးဝ မရှိအောင် ထိန်းကာ ငြိမ်သက်စွာ ထိုင်လိုက်သည်။


ပြီးတော့ သေချာမွမ်းမံထားသော ချွန်ထက်သံချွန်များ စိုက်ထားသည့်  ဘေ့စ်ဘောရိုက်တံကို ကောက်ယူခဲ့သည်။ သူက သာမန်လူ တစ်ယောက်ပဲ ရှိနေပါသေးတယ်။ လော်ရွှင့်သည် နံရံ အနီးတွင် ကပ်လျက် သတိအပြည့်နှင့် လိုက်ကာကို ဆုပ်ကိုင်လိုက်သည်။

ဟင်းလင်းပြင်သို့သွားကာ လျှောတံခါးကိုဖွင့်ကာ အတွင်းထဲသို့ ချောင်းကြည့်သည်။ ကောက်ပဲသီးနှံအချို့ စတင် ပြောင်းလဲလာခဲ့သည်။ စင်လေးပေါ်တွင် ပြန့်ကျဲနေသော ပျိုးပင် သုံးဆယ့်သုံးပင်မှ ခြောက်ပင်သည် မီးခိုးရောင်အငွေ့အသက်များ ဖုံးလွှမ်းသွားကာ ညစ်ညမ်းသွားတာ သေချာသည်။ စားသုံးမိပါက ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲနိုင်ခြေရှိပြီး ယခုအခါတွင် ကြက်သွေးရောင်အပင်သည် စားသုံး၍မရတော့ဘဲ အဆိပ်အလွန်ပြင်းတယ်ဆိုတာ ပြသနေသည်။


လော်ရွှင့်သည် ဓါတ်ရောင်ခြည်သက်ရောက်မှုကြောင့်
ညစ်ညမ်းနေသော အပင်များကို ဆွတ်ယူရန် ရာဘာလက်အိတ်ကို အသုံးပြုကာ ထောင့်ရှိ အိုးတစ်လုံးထဲသို့ ပစ်ချခဲ့သည်။ ညစ်ညမ်းသောအပင် လေးပင်တွင် နှစ်ပင်က  ရွှေဝါရောင်၊ တစ်ပင်က  အနီရောင်တောက်တောက် ဖြစ်ပြး ကျန်တစ်ပင်က မီးခိုးရောင်ဖြစ်နေသည်။



လော်ရွှင့်သည် ထိုအပင်များကို ဖယ်ရှားပြီး သီးခြား စင်တစ်ခုသို့  ပြောင်းထားလိုက်သည်။

 မျိုးပြောင်းအပင်များသည် အသီးမသီးတာ ဖြစ်နိုင်သလို အသီးအနှံများ ပိုမိုထွက်ရှိလာတာမျိုးလည်း ဖြစ်နိုင်သည်။ အများအားဖြင့် မျိုးဗီဇပြောင်းလဲမှုသည် လုံးဝကွဲပြားခြားနားသော အပင်မျိုးစိတ်များကို ဖန်တီး ဖြစ်ပေါ်စေခဲ့သည်။

ဒုတိယထပ်တွင် ဘာပြဿနာမရှိပေ။ အခန်းတိုင်းကို စစ်ဆေးပြီးနောက် လော်ရွှင့် သည် သူ့အိမ်လုပ် တင်းပုတ်ကို ကိုင်ကာ လှေကားထစ်မှ ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။

* ဝုတ်...ဝုတ်...!*

 လော်ရွှင့် သည် ခွေးဟောင်သံကို ကြားလိုက်ရသဖြင့်  အေးခဲသွားပြီး အောက်ကိုငုံ့ကြည့်လိုက်ပြီးနောက် စိတ်သက်သာရာရသွားသည်။

ပုစွန်သုံးကောင်လုံး ဗိုက်လန်ပြီး သေနေလေပြီ။ သူတို့ကို ထားသည့်မှန်ကန်က အောက်ဆီဂျင် အလုံအလောက်မရှိသောကြောင့် သေသွားခဲ့သည်။

 ငါးလေးကောင်ထဲက တစ်ကောင်က ဖုတ်ကောင်ဖြစ်လာပြီး ထိုငါးက မှန်ကန်ထောင့်မှာ ငြိမ်နေသည်။ ကျန်နှစ်ကောင်က သေသွားခဲ့ပြီး   ဖုတ်ကောင်ငါးက စားလိုက်လို့  အရိုးများသာ ကျန်တော့သည်။

ခွေးကလေးက ဟောင်ပြီး မှန်ကန်ထဲက ဖုတ်ကောင်ငါးကို မာန်ဖီနေသည်။  လော်ရွှင့် က ဖုတ်ကောင်ငါးကို ဆယ်ကာ ရိုက်သတ်လိုက်သည်။

 အခုဆိုရင် သူမွေးထားသည့် ရေနေသတ္တဝါအားလုံး သေဆုံးသွားပြီဖြစ်သည်။

"မင်း အဆင်ပြေသားပဲ..."


 လော်ရွှင့် က  ပြုံးပြီး ခွေးလေးကို ပွတ်ပေးလိုက်သည်။ ငါးတွေအတွက် သူက မသနားပေ။ ခွေးကလေး ကောင်းနေတာကိုပဲ သူ့အတွက် တော်လှပြီ။

 

"နောက်မှ မင်းကို အစာ ထပ်ကျွေးမယ်။ ခဏလောက်စောင့်ပါဦး။"

 လော်ရွှင့် က  နူးညံ့သောလေသံဖြင့် ပြောတော့  ခွေးကလေးက စိတ်ဝင်တစားနဲ့ ခေါင်းညိတ်ပြနေသည်။

 

ငုံးရှစ်ကောင်စလုံးသည် သူတို့ရဲ့ မှန်ကန်ထဲမှာ ပုံမှန်အတိုင်း ရှိနေကြသည်။ တစ်ကောင်မှ ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားခြင်း မရှိလို့ သူ ဘာမှ မဆုံးရှုံးခဲ့ပေ။ ငုံးတွေကို ကျွေးဖို့ သူ မွေးထားတဲ့ ပိုးကောင်များလည်း  ပြောင်းလဲခြင်းမရှိသော်လည်း  လော်ရွှင့် က ပိုသေချာစေဖို့  ငုံးများကို သီးသန့် ခွဲရန် လုပ်သောအခါ ဆူညံစွာအသံပြုပြီး  ကန့်ကွက်ခဲ့ကြသည်။



"ဘယ်လိုတောင် ခေါင်းမာပြီး တက်ကြွလိုက်သလဲ ..."

 လော်ရွှင့် က သက်ပြင်းချကာ သူတို့ကို ပြန်ပြောလိုက်သည်။

နောက်ဆုံးတော့ လသာဆောင်ကို  သွားရောက် စစ်ဆေးခဲ့တယ်။ ပန်းသီးပျိုးပင်များထဲမှ တစ်ပင်သည် ညစ်ညမ်းနေပြီး လိမ္မော်ပျိုးပင်များထဲမှ တစ်ခုမှာ မျိုးပြောင်းသွားပါသည်။ ငရုတ်ကောင်းပင် ၃ ပင်နှင့် စမုန်စပါး အဖြူ ပျိုးပင်တစ်ပင်ကိုလည်း နူတ်ပစ်ခဲ့ရသော်လည်း ဒီလောက်ပဲ ပျက်စီးတဲ့အတွက်  လော်ရွှင့် က ရလဒ်ကို  အလွန်ကျေနပ်အားရနေသည်။

ပျိုးခင်းကို မစစ်ဆေးမီ လှေကားထစ်တွင် သေဆုံးနေသော ငါးများနှင့် ညစ်ညမ်းသော အပင်များကို မီးရှို့ခဲ့သည်။

ဝမ်းနည်းစရာမှာ  မှိုပျိုးပင်ထုပ် အများစုသည် မျိုးပြောင်းသွားကြသည်။  လော်ရွှင့်  သည် ဒီလောက် တောက်ပနေသော အနီရောင် အဆိပ်ရှိသော မှိုများကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားရန် လိုအပ်နေသည်။ ကံကောင်းထောက်မစွာပင် မှိုများသည် သူ၏ အတိတ်အတွေ့အကြုံအရ ဆက်လက်  သုံးစွဲဖို့ သင့်လျော်ကြောင်း သူ သိနေခဲ့သည်။ နီရဲနေသော်လည်း သုံးလို့ ရနိုင်သေးသည်။



 လော်ရွှင့်  သည် လှေကားထစ်မှာရပ်ပြီးအပြင်ဘက်က  အခြေအနေကို သိရှိရန် အဝေးကြည့်မှန်ပြောင်းကို အသုံးပြုခဲ့သည်။ ခွေးကလေးသည် သူမ၏လှောင်အိမ်မှ လွတ်မြောက်လာခဲ့ပြီး လက်ရှိတွင်  လော်ရွှင့် ၏ခြေရင်း၌ ညစ်ကျယ်ကျယ် ကလေးလေးကဲ့သို့ ပြုမူကာ သူ့  ဘောင်းဘီရှည် အောက်ဖျားအစကို ကိုက်ထားသည်။ ခွေးနာမည်ကို 'Puppy' ကနေ မပြောင်းချင်သေးပေ။ ပါပီဆိုတဲ့ နာမည်က ချစ်ဖို့ကောင်းသည်။ အရေးကြီးဆုံးကတော့ အဲ့ဒီနာမည်က မှတ်မိရလွယ်တယ် မဟုတ်လား။



"အပြင်မှာက အခြေအနေက မကောင်းဘူးထင်တယ်"

 လော်ရွှင့်  က ညည်းညူလိုက်သည်။

ကမ္ဘာပျက်ကပ်သည် နေ့ချင်းညချင်း ုဖြစ်ပွားခဲ့သောကြောင့်၊ လူအများစုသည် အိမ်ထဲမှာ နေနေရင်းနှင့်ပင် ဖုတ်ကောင်အဖြစ်ကို  ပြောင်းလဲသွားကြသည်။ မှန်ဘီလူးမှတဆင့် အိမ်များတွင်နေထိုင်ကြသူ အများအပြား ဖုတ်ကောင်များဖြစ်လာသည်ကို သူ တွေ့ခဲ့ရသည်။ ညအိပ်ဝတ်အိပ်ဝတ်ထားတဲ့ ဖုတ်ကောင်တွေက ပြတင်းပေါက်ကို တွန်းနေကြပြီး တံခါးပိတ်ထားလို့ သူတို့က အပြင်ကို ထွက်မလာနိုင်ကြပေ။

 

ဖုတ်ကောင်အနည်းစုသည် အစာရှာရန် လမ်းများပေါ်တွင်  ဟိုဟိုသည်သည် နှေးကွေးစွာ လမ်းလျှောက်နေကြသည်။  လော်ရွှင့်  သည် အပြင်ထွက်သွားလာနေသည့် ဖုတ်ကောင်အရေအတွက် နည်းနေသေးသည်ကို တွေ့သော် သူလည်း အပြင်ထွက်၍ ရိက္ခာများ စုဆောင်းရန် ဆုံးဖြတ်ခဲ့သည်။

အထူးသဖြင့်  လော်ရွှင့် ထံတွင် အတော်လေး လုံခြုံသော သိုလှောင်ခန်းရှိသောကြောင့် မည်သူ တစ်ဦးတစ်ယောက်မျှ အရင်းအမြစ်များ ပိုပိုလျှံလျှံစုဆောင်းထားလို့ ပိုသည်လို့ မရှိပေ။


 သူက  ငွေကြေးအခက်အခဲကြောင့် ဆိုလာပြားများနှင့် အခြားသော စွမ်းအင်အရင်းအမြစ်များနှင့် ကို သိပ်များများစားစား မစုဆောင်းနိုင်ခဲ့ပေ။ နောက်ပိုင်းတွင် သက်တမ်းကုန်ဆုံးသွား အစားအစာများပင်လျှင်  ကမ္ဘာပျက်ကာလအတွင်းမှာ  အစားစာခြောက် (မုန့်၊ ခေါက်ဆွဲခြောက်များ)  လူတိုင်း တွင်ကျယ်စွာ စားနေသည့် အရာ ဖြစ်လာ  လိမ့်မည်။
 

ကမ္ဘာကြီးကို ရှုထောင့်အသစ်ဖြင့် ကြည့်ရမယ် ဆိုပါက   လူ့အဖွဲ့အစည်းအတွင်းမှာ သတိကြီးကြီးထားရှိသည့် မည်သည့်ပုဂ္ဂိုလ်မဆို၊ အထူးသဖြင့် ကမ္ဘာပျက်ကာလ အတွင်းတွင် ကိုယ့်အသက်ရှင်နေထိုင်နေနိုင်ဖို့ အချိန်မှီ လှုပ်ရှားကြမည် ဖြစ်သည်။

  လော်ရွှင့်  သည် သူ့ တိုက်ခန်းရှိ ပြတင်းပေါက်များတွင် ဆိုလာပြားဖြင့် ချိတ်ဆွဲကာ နေရောင်ခြည်မှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်သည့် အဓိက အရင်းမြစ်အဖြစ်ကို ကူးပြောင်းချင်နေသည်။

 သူ့လုံခြုံရေးအတွက် 24 နာရီစောင့်ကြည့်လို့ရမယ့် လုံခြုံရေးကင်မရာ၊ အရေးပေါ် အကူညီတောင်းလို့ရတဲ့ ကရိယာ၊ အသံသွင်းဖို့ စက်များ၊  ညမြင်ကွင်းကိုပါကြည့်လို့ရမည့် LCD ဖန်သားပြင်များ၊  SMS အချက်ပြခြင်း၊ အဝေးထိန်း ခလုတ်နှင့် အိမ်သုံး ကွန်ပြူတာ စတဲ့အရာတွေအတွက်  လော်ရွှင့် သည် လျှပ်စစ်ကို လုံလောက်အောင် ရနိုင်ဖို့ လိုအပ်သည်။ နောက်ပိုင်းမှာ လျှပ်စစ်က ရှားပါးလာသည့်အခါ ကိုယ့်ဆီက ဆိုလာစနစ်နဲ့ လျှပ်စစ်ထုတ်လုပ်ခြင်းက မရှိမဖြစ် အရေးပါလာလိမ့်မည်။
 

24 နာရီ လုံခြုံရေးကင်မရာနှင့် စောင့်ကြည့်ခြင်း လုပ်ငန်းက  ညအချိန်တွင် ကိုယ့်တိုက်ခန်းအပြင်ဘက် စင်္ကြံရှိ သွားလာနေသည့် လူများကို ရှင်းရှင်းလင်းလင်းမြင်နိုင်လိမ့်သည်။  



 လော်ရွှင့်  သည် တံခါးနောက်တွင် ရပ်လိုက်ပြီး မနေ့ညက ဖမ်းယူထားသည့် ကင်မရာမှတ်တမ်းကို စစ်ဆေးကြည့်ပြီးမှ စိတ်သက်သာရာရသွားသည် - 16 လွှာတွင် လမ်းလျှောက်နေသောဖုတ်ကောင်များ မရှိပေ။  လော်ရွှင့် သည် ယခုအချိန်တွင် ထိုအထပ်မှာ  တစ်ဦးတည်းသော နေထိုင်သူဖြစ်သည်။ သူနေထိုင်သည့် တိုက်ခန်း 1602 ကလွဲရင် ကျန် နှစ်ခန်းဖြစ်သည့် 1601 နှင့် 1603 တွင် အခန်း ပြင်ဆင်တာ မပြီးသေးသောကြောင့် လူနေထိုင်ခြင်း မရှိသေးပေ။

 

15 ထပ်က အပြီးသတ် ဆောက်လုပ်ထားပေမယ့် ဘယ်သူမှ မနေသေးပေ။ ၁၄ လွှာက ဆောက်လုပ်ပြီး ဖြစ်ပေမယ့် အိမ်တွင်းအလှဆင်မှုကို  ပြုပြင် နေဆဲဖြစ်သည်။ ယေဘူယျအားဖြင့်၊ နှစ်ကုန်တွင် ပြောင်းရွှေ့ နေထိုင်မှုနှုန်းမှာ နည်းပါးပြီး  လူအများစုမှာ သူတို့ရဲ့ ပရိဘောဂများကိုပင်  မပြောင်းရွှေ့လာကြသေးပေ။


 လော်ရွှင့် အတွက်တော့... အခု နေထိုင်နေသည့်  သူ့အိမ်အသစ်က အရင်ဘဝက သူနေထိုင်ခဲ့ရသည့် အဆောက်အအုံဟောင်းထက် ပိုလုံခြုံတယ်ဆိုတာ သိသည်။ အဆောက်အဦးတွင် နေထိုင်တဲ့ လူနည်းလေ... ဖုတ်ကောင်ဖြစ်တဲ့အရေတွက် နည်းလေဖြစ်သည်။

 

 လော်ရွှင့် သည် သူ၏ ဆူးများတပ်ဆင်ထားသော တင်းပုတ်၊ ကျောပိုးအိတ်၊ သံခမောက်၊ လက်လုပ် ဒူးလေးနှင့် မြှားတို့ကို ကိုယ်တွင် တပ်ဆင်ကာ အိမ်ကနေ  မထွက်ခင်မှာ Puppy ကို အိမ်မှာ စောင့်ကြည့်ခိုင်းထားခဲ့သည်။

 

ခွေးကလေးသည် ယခုအချိန်တွင် ငယ်လွန်းသော်လည်း  လော်ရွှင့် သည် သူမ ကြီးပြင်းလာလျှင်ပင် သူမကို အပြင်သို့ ခေါ်ဆောင်သွားရန် တွန့်ဆုတ်နေသေးသည်။ သူမက ဖုတ်ကောင်တစ်ကောင်ကို ကိုက်လိုက်မိလို့ ပိုးကူးစက်ပြီး မျိုးရိုးဗီဇပြောင်းသွားခြင်း၊ သို့မဟုတ် ဖုတ်ကောင်အဖြစ်သို့ ကူးပြောင်းတာမျိုး ဖြစ်နိုင်သည်။

 

စင်္ကြံတွင် လျှပ်စစ်မီး မဖြတ်ရသေးပေမယ့် သူ့ အိမ်တံခါးပိတ်သွားသောအခါ မီးသီးတစ်လုံးက လောင်ကျွမ်းလို့ မီးမလင်းပေ။
 

မီးသီးတစ်လုံးသည် လွန်ခဲ့သော သုံးရက်က ကျွမ်းသွားခဲ့သည်။  တိုက်ခန်းကန်ထရိုက်များက ကုန်ကျစရိတ်သက်သာစေဖို့  ဈေးပေါသော အရာများကိုသာ ဝယ်ယူတပ်ဆင်သဖြင့် မီးသီးများက ကြာရှည်မခံပဲ ကျွမ်းလွယ်သည်။

 

ဓာတ်လှေကားက  သုံးလို့ရသေးလို့ လော်ရွှင့်က အောက်ကို ဆင်းမယ့် ခလုတ်ကို တည်ငြိမ်စွာ နှိပ်လိုကသ်ည်။   အမှန်တကယ်တော့ ဓါတ်လှေကားနှစ်စင်းရှိပေမယ့် ဖွင့်ပွဲမတိုင်မှီက တစ်ခုပဲ သုံးလို့ ရသေးသည်။

*Ding*

အသံမြည်ပြီး ဓာတ်လှေကားတံခါး ပွင့်လာခဲ့သည်။  လော်ရွှင့် သည်  သူ၏တင်းပုတ်ကိုဆွဲကိုင်ကာ အထဲကို ဝင်လာခဲ့သည်။ ဓာတ်လှေကားဆီက ကျယ်လောင်သောအသံများက ထွက်ပေါ်နေသဖြင့်  နောင်မှာ ဒီအသံက ဖုတ်ကောင်တွေကို ဆွဲဆောင်နိုင်လိမ့်မည်ဟု  လော်ရွှင့် က တွေးနေသည်။ နောက်ပိုင်း သူ ဒီအသံထွက်သည့် ကရိယာကို ရှာဖွေကာ ဖြုတ်ထားရဦးမည်ဟု တွေးနေသည်။



၁၄ ထပ်ရှိ ဆောက်လုပ်ရေးလုပ်သားအချို့သည် သော့ခတ်ထားသော တံခါးအတွင်းထဲတွင် စုနေပြီး ဖုတ်ကောင်များဖြစ်လာနိုင်ကြောင်း  လော်ရွှင့်  ခန့်မှန်းခဲ့သည်။


*တင်... တင် *

ဆိုသည့် အသံကို ကြားသည်နှင့် လည်ချောင်းထဲက လာသည့် အသံဖြင့် မာန်ဖီ ဟိန်းဟောက်နေသည့် အသံကို ကြားရသူတိုင်းက  ဘာရယ်လို့ မသိပဲ စိတ်ဓာတ်ကျခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို မလွဲမသွေ ခံစားကြရပေလိမ့်မည်ကို  လော်ရွှင့်  သိနေသည်။


****-****

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Donde viven las historias. Descúbrelo ahora