Chapter (91) _ Otaku အဖွဲ့၏ Captain
နေ့လည် 12:30 တွင် Otaku အဖွဲ့သည် အခြေစိုက်စခန်း ဂိတ်ဝသို့ ချောမွေ့စွာရောက်ရှိခဲ့သည်။ ကားကို အဝင်ပေါက် တံခါးဝကို မောင်းလာပြီး ထိုနေရာတွေမှာ ရပ်ထားတဲ့ ဘတ်စ်ကားတချို့ကို တွေ့လိုက်ရသည်။ ထိုကားနံရံတွင် ဖုတ်ကောင်လက်သည်းရာများကို တွေ့လိုက်ရတော့ မြင်ရသူတိုင်း သွားတွေ နည်းနည်း ကျိန်းသွားစေသည်။ တကယ်လို့ ရုတ်တရက် ဖြတ်သွားသော ဤလူအုပ်စုနောက်က ဖုတ်ကောင်လှိုင်းကို လော်ရွှင့်တို့သာ မျှားမခေါ်ခဲ့ဘူးဆိုရင် ဒီအဖွဲ့က အခြေစိုက်စခန်းအထိတောင် ရောက်လာနိုင်မည် မထင်ပေ။ ဒီလိုအခြေနေဆိုးဖြင့် လမ်းတလျှောက် ဒီအခြေစိုက်စခန်းရောက်အောင် သူတို့ ဘယ်လောက်တောင် ရုန်းကန်ခဲ့ရလေမလဲ။
လွန်ခဲ့သည့် တစ်လခွဲခန့်က အခြေစိုက်စခန်းမှ ဖုတ်ကောင်ဗိုင်းရပ်စ်ပိုး စစ်ဆေးဖို့ အတော်လေး ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုကိုတွေ့ခဲ့တယ်ဆိုတာ ကျန်းရီဆီက တဆင့် သူတို့ကြားခဲ့ရသည်။ အဝတ်အစားတွေမှာ ကုတ်ခြစ်ရာရှိမရှိကို စစ်ဆေးပြီး ပြန်လာတိုင်း နာရီအနည်းငယ်ကြာ စောင့်ဆိုင်းစရာမလိုတော့ပေ။ နည်းလမ်းသစ်ကတော့ သွေးဖောက်စစ်သည့် ကိရိယာ အမျိုးအစားသစ်တစ်ခု ကို ထွင်လာနိုင်ခဲ့ပြီး သွေးမစစ်မီ နာရီဝက်ခန့်စောင့်ဆိုင်းဖို့သာ လိုအပ်ခဲ့သည်။ ဒါက အရင်ကထက် အများကြီးမြန်လာခဲ့သည်။
"အခုက ပထမဆုံး အကြိမ်သုံးတာကြောင့် ခဏစောင့်ရတာ ဖြစ်နိုင်တယ်။"
ယန်ဖေးသည် လော်ရွှင့် ဆီက တိတ်တဆိတ် ရေရွတ်သံကို ကြားလိုက်ရသည်။
အခြေစိုက်စခန်းတစ်ခုတွင် ပထမဆုံးအကြိမ် မှတ်ပုံတင်ခြင်းနှင့်အတူ အခြားဖြတ်ကျော်ရမည့် အဆင့်များပါရှိသောကြောင့် ပိုမိုကြန့်ကြာနိုင်သည်ကို နားလည်နိုင်သည်။
လော်ရွှင့် နဲ့ တခြားသူတွေက နာရီဝက်လောက်စောင့်ရင်း သမ်းဝေနေသည်။ လူတိုင်း၏သွေးကို စစ်ဆေးပြီး ရောဂါပိုးမရှိဟု အတည်ပြုပြီးနောက် သူတို့၏ကားဖြင့် အိမ်သို့ပြန်ခဲ့ကြသည်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies