Chapter (156) - သန့်ရှင်းရေး လုပ်ကြခြင်း

517 77 1
                                    

Chapter (156) - သန့်ရှင်းရေး လုပ်ကြခြင်း

ကပ္ပတိန် ကောင်း က သူတို့ကို ဆက်သွယ်မယ်လို့ လော်ရွှင့် က ခန့်မှန်းခဲ့ပေမယ့် စစ်တပ် တန်းလျားကိစ္စအားလုံးက မနေ့ကပဲ ဖြစ်ခဲ့တယ်။ မြန်လိုက်တာ၊ သူဘယ်လောက်ထိ ပါဝင်ပတ်သက်နေတယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။

ယန်ဖေး က သူ့အလုပ်ကို လက်စသတ်လိုက်ပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်။ လော်ရွှင့် သည် ချပ်ဝတ်တန်ဆာ အသစ်ကို သဘောကျနေချိန်တွင် အခြားလူများက နောက်မှလိုက်သွားကြသည်။ သူတို့သည် ပိုမိုကျယ်ဝန်းသောနေရာများတွင် သံချပ်ကာဝတ်စုံ၏ ကြံ့ခိုင်မှုကို ဆက်လက်စမ်းသပ် နေသည်။

ယန်ဖေး က ကပ္ပတိန် ကောင်း ဆီက ဖုန်းကို ကိုင်ရင်း "ယန်ဖေး မင်း အနားယူပြီးပြီလား။ ဟိုအရင်တုန်းက ငါတို့ ဆွေးနွေးခဲ့တဲ့ အကြောင်းကို မင်း ဘယ်လိုထင်လဲ၊ မင်း ပြန်လာချင်လား ဒါမှမဟုတ် မင်းအဖွဲ့နဲ့နေချင်လား"

ယန်ဖေး က မျက်ခုံးပင့်ကာ ထို စကားကို ပြန်ဖြေနေစဉ် သူ့စိတ်က ဖြစ်ပျက်သမျှကို နောက်ပြန် စဉ်းစားနေသည်။

"ကပ္ပတိန် ကောင်း၊ ကျွန်တော် ကောင်းကောင်း အနားယူပြီးပါ... ဒီတစ်ခါ အလုပ်က အရမ်းကြီးတယ်..."

နောက်ထပ် ယဉ်ကျေးသော စကားအနည်းငယ်ကို ထပ်ပြောလိုက်သည်။

"ကပ္ပတိန်နဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးက ခိုင်မြဲလျက်ပါပဲ။ ကျွန်တော် ခင်ဗျားကို ကူညီချင်ပေမယ့်လည်း တောင်းပန်ပါတယ်။ ကျွန်တော် သူ့ကိုထားခဲ့မှာမဟုတ်ဘူး"

သူနှင့် လော်ရွှင့် သည် အတူရှိနေကြောင်း ကပ္ပတိန် ကောင်း သိသည်၊ ဒါကြောင့် လော်ရွှင့်အကြောင်းကို ဦးစားပေးကာ ပြောလိုက်သည်။ တကယ်လို့ လော်ရွှင့်မှာ ပြဿနာတစ်ခုခုကြုံရင် သူက ၁၆ ထပ်ကနေ ခုန်ချနိုင်တယ်။

"အဲ့လိုလည်း မဟုတ်ဘူး၊ ငါတို့ ပေးထားတဲ့ အထူးခွင့်ပြုချက်ကို မင်းမစဉ်းစားမိဘူးလား။ ထားလိုက်ပါတော့... ဒါလည်း အရေးမကြီးပါဘူး။ တကယ်လို့ စခန်းမှာ အရေးပေါ်အလုပ်ရှိရင် မင်းလာမယ်လို့ ငါတို့ ယုံမယ်" လို့ ထပ်ပြောခဲ့တယ်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Dove le storie prendono vita. Scoprilo ora