Chapter (75) - အဖွဲ့ဝင်အသစ် ချစ်စဖွယ် အမျိုးသမီးနှစ်ဦး

3.2K 538 3
                                    


Chapter (75) - အဖွဲ့ဝင်အသစ် ချစ်စဖွယ် အမျိုးသမီးနှစ်ဦး



အသံအကာအရံများအပြင် သတ္တုကြမ်းခင်းကို လုပ်တယ်ဆိုတာ သတ္တု စွမ်းအားရှင်ရှိခြင်းကြောင့်သာမက သတ္တုကြမ်းခင်းက သစ်သားကြမ်းပြင်ထက်   အပူစီးကူးနိုင်စွမ်း ပိုမြန်သောကြောင့်ဖြစ်သည်။ ရေအနည်းငယ်ပူနွေး နေသရွေ့ အခန်းတစ်ခုလုံးကို အပူရှိန်က လျင်မြန်စွာ ပျံ့နှံ့သွားစေပြီး စွမ်းအင်ကို သက်သာစေတယ်။ လီထယ် နှင့် အဖွဲ့ တို့သည် အားသာချက်များကို မစဉ်းစားဘဲ သစ်သားကြမ်းခင်း ခင်းရန် အလျင်စလို လုပ်ခဲ့မိသည်ကို နောင်တရခဲ့သည်။

တတိယအချက်မှာ  ယန်ဖေးရဲ့ စွမ်းရည်ကြောင့် သတ္တုကို ထိန်းချုပ်ရတာ အရမ်း လွယ်ကူသောကြောင့် ကြမ်းခင်း သို့မဟုတ် တစ်ခုခုကို ပြန်လည်တည်ဆောက်ရာတွင် ပြဿနာများကြုံလာသောအခါ ယန်ဖေးက သတ္တုဖြင့် အစားထိုးကာ တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းနိုင်သည်။ လီထယ်က အခု သူတို့ ကြမ်းပြင်ကို ပြန်ခွာကာ အောက်မှ အပူပေးပိုက်ကို ပြန်တပ်ရတော့မည်။
 
ဒါပေမယ့် သတ္တုကြမ်းခင်းက ပူပြင်းသည့် ရာသီတွင် အရမ်းပူတတ်သလို ကြမ်းခင်းတစ်ခုလုံး သတ္တုရောင်ဖြင့်ပြောင်နေပြီး မျက်စိကျိန်းမတတ် ခံစားရနိုင်သည်။ ဒါပေမယ့် ဘေးအိမ်ကို ဖန်လုံအိမ်စိုက်ခင်းအဖြစ် သုံးချင်တဲ့ လော်ရွှင့် အတွက်တော့ ဒီအလှအပဆိုင်ရာ ပြဿနာတွေက ပြဿနာမဟုတ်ဘူး။

 မြင့်မားသောအပူချိန် အတွက်ဆိုရင်တော့... လော်ရွှင့် သည်  ပြဿနာမရှိခဲ့ဘဲ အပူပေးကိရိယာများကို မြေကြီးထဲတွင် ထားရှိမည်ဖြစ်ပြီး အပူပေးသည့်ရေကိုသာ ပိုက်လိုင်းများတွင် အဆုံးသတ်ကာ   အပူချိန်ထိန်းကိရိယာတစ်ခု ထပ်လိုက်မည်။

သို့သော် အိမ်ခန်း 1603 ၏ပြုပြင်မွမ်းမံမှု လုံးဝမပြီးစီးနိုင်သေးခင် ကျန်းရီ သည် ကျန်သတ္တု ပစ္စည်းများကို သူတို့ကို လက်ဆောင်အဖြစ် ပေးခဲ့သည့် သတ္တုလက်ကျန်က  ကြမ်းပြင်အားလုံးအတွက် အပူပေး ပိုက်လိုင်းတပ်ဆင်ရန် လုံလောက်သေးသည်။ ထို့ကြောင့် လော်ရွှင့် ၏အိမ်တွင် အိပ်ခန်းနှစ်ခန်းစာ ခင်းဖို့ ကျန်နေသေးပြီး အပြင်ထွက် ပစ္စည်းတွေ စုဆောင်းသည့်အခါ သူတို့က သတ္တုတွေကိုရှာရမည်။

ထိုအချိန်တွင် လော်ရွှင့် သည် နွေသီးနှံမျိုးစေ့များကို စိုက်ပြီး ဖန်လုံအိမ်ထဲတွင် အညှောက်ပေါက်လာအောင် စောင့်ဆိုင်းရန် လိုအပ်သည်။ အပင်ပေါက်ပြီးသည်နှင့် ချက်ချင်း ပြန်မစိုက်နိုင်သေးပေ စပါးအထွက်ကောင်းလိုလျှင် မျိုးပြောင်းအပင်များ ကြီးထွားမှုကို တားဆီးဖို့ နှစ်ဆ  ကြိုးစားအားထုတ်ရန် လိုအပ်သည်။
အိမ်မှာ အလုပ်မျိုးစုံ ပြီးသွားတဲ့နောက် အပြင်ထွက်ကာ ဖုတ်ကောင် အမဲလိုက်ရမယ့်နေ့ ရောက်လာသည်။

လီထယ်တို့ နားသည့် အချိန်ဇယားနှင့် တူညီဖို့ ယန်ဖေး နှင့် လော်ရွှင့် တို့သည် ၂၇ ရက်မြောက်နေ့တွင် အိမ်၌ အနားယူကြသည်။ နောက်နေ့မနက်စောစောမှာ လော်ရွှင့် ယန်ဖေး၊ ကျန်းရီ၊ ဝမ်သော်၊ လီထယ်၊ ဟန်လိ၊  ဟော်ချန်ခွန်း နဲ့ ဝူရှင်း တို့ အားလုံး 16 လွှာကနေ အောက်ကိုဆင်းဖို့ စင်္ကြံမှာ ပြင်ဆင်ကြတယ်။

လုူတစ်ယောက်စီက သူတို့လက်ထဲမှာ လက်နက်တွေကို စစ်ဆေးကြည့်နေချိန် လော်ရွှင့်ဆီမှာ ယန်ဖေး ဖန်တီးထားတဲ့ အလတ်စား ဒူးလေးတစ်ခု ရှိတယ်။ ယန်ဖေး သည် သူ၏ သတ္တုစွမ်းရည်ကို လေ့ကျင့်ရန်အတွက် ကျောပိုးအိတ်ထဲတွင် သတ္တုပစ္စည်းများစွာကို ထည့်ထားသည်။ သတ္တုမြှားဖြင့် ဖုတ်ကောင်တစ်ကောင်ကို ပစ်သတ်ခြင်းက သူ့အတွက် ဌက်ပျောသီး အခွံခွာသလောက်ကို  ရိုးရှင်းလှသည်။

ထို့အပြင် လီထယ် နှင့် အခြားသူများသည် ဖုတ်ကောင်များကို အနီးကပ် တိုက်ခိုက်ရာတွင် သုံးဖို့ သူတို့၏ခါးတွင် သတ္တုချောင်းတစ်ခုစီ ပါရှိသည်။ စခန်းမှ ထွက်ခွာပြီးနောက် ယန်ဖေးသည် သူတို့တစ်ဦးစီနှင့် ကိုက်ညီမည့် လက်နက်များအဖြစ် ပြောင်းလဲပေးလိုက်မည် ဖြစ်သည်။
 
လော်ရွှင့် တွင် အဆင့်မြှင့်ထားသော သတ္တုဆူးချွန်ပါသည့် တင်းပုတ်ရှိပြီး ယန်ဖေး တွင် သတ္တုချောင်းများပါရှိသည်။ နောက်ပိုင်း ဘယ်လိုပုံစံဖြစ်မလဲဆိုတာ  စွမ်းအားရှင် ရဲ့ စိတ်အခြေအနေပေါ် မူတည်သည်။

ကျန်းရီ သာလျှင် အတန်ငယ်ရှည်သော စစ်ဓားမြှောင်ကို ကိုင်ဆောင်ကာ အနည်းငယ် ပြဿနာတက်နေသည်။ သူသည် ဆေးရုံမှ လူတွေရဲ့ ဦးရေပြားကို အသာလေး လှီးဖြတ်နိုင်သည့်  အစွမ်းရှိပေမယ့် ဒီလက်နက်က တိုလွန်းသည်။   သူသည် ရှေ့တန်းစစ်မျက်နှာတွင် ရှိနေစဉ် ကိုယ်တိုင် တိုက်ခိုက်ရတာကို နှစ်သက်သူဖြစ်ပြီး သူ၏လှုပ်ရှားမှုများကို လွှမ်းမိုးမည့် လက်နက်ကြီးများကို မကြိုက်ပေ။

"အားလုံး အဆင်သင့်ဖြစ်ပြီ"
 လော်ရွှင့် သည် ဦးထုပ်ဆောင်းထားသည့် လူများ တန်းစီနေချိန်တွင် လူတိုင်း၏ စက်ပစ္စည်းများကို စစ်ဆေးကြည့်ရှုခဲ့သည်။

လီထယ် နှင့် အခြားသူများသည် မကြာသေးမီက စုဆောင်းထားသော ဆိုင်ကယ်စီး ဦးထုပ်များကို ဝတ်ဆင်ပြီး   ယန်ဖေး နှင့် ကျန်းရီ တို့သည် သူတို့၏ ဦးထုပ်များအောက်တွင် မျက်နှာဖုံးများ ဝတ်ဆင်ထားသည်။

ခိုင်ခံ့သောဦးထုပ်တွေကို ဆောင်းကာ တံခါးကိုသော့ခတ်ပြီးနောက် သူတို့  အောက်ထပ်သို့ဆင်းလာခဲ့သည်။ 15 လွှာတွင် ရွှီမိန်နှင့်တွေ့တော့ ဦးထုပ်များဆောင်း၊ သားရေအကျီအထူများဝတ်လျက် လက်နက်အပြည့်စုံ ကိုင်ထားသည့်   လူတစ်စုကို မြင်တော့ သူမ အံ့သြသွားသည်။ ရာသီဥတုဆိုးရွားပါက ရွက်ဖျင်တဲထိုးနိုင်ရန် သူတို့၏ပခုံးပေါ်တွင် ရွက်ဖျင်တဲအိတ်များကို လွယ်ထားသေးသည်။   အနောက်မှာ ရပ်နေတဲ့ အမျိုးသမီးက တံခါးမှီကာ မတ်တပ်ရပ်လိုက်တယ်။

"မင်းတို့... အားလုံးအဆင်သင့်ဖြစ်ပြီလား"
တကယ်တော့၊ အခြေစိုက်စခန်းအပြင်ဘက်မှာ အလုပ်တွေလုပ်ဖို့ သံချပ်ကာ အကာကွယ်တွေတပ်ထားတဲ့ လူအနည်းစုတော့ ရှိပါတယ်။ ဒါပေမယ့် ဒီလို စည်းစည်း လုံးလုံး နဲ့ လူတိုင်း အကာကွယ်တွေ ဝတ်စားထားတာမျိုးက ရှားပါးပြီး လူတွေ အံ့အားသင့်စေပါလိမ့်မယ်။

လော်ရွှင့် က ဦးခေါင်းညိတ်ပြပြီး နောက်က လူသစ် အမျိုးသမီးကို ကြည့်လိုက်တော့ နည်းနည်း ရင်းနှီးပုံရတယ်။
"ဒါက?"

"သူမနာမည်က စုန့်လင်လင် ပါ။ မစ်ရှင်တစ်ခုထွက်ရင်းနဲ့ သူမကို တွေ့ခဲ့တယ်။"

ရွှီမိန်သည် စုန့်လင်လင် ၏အထောက်အထားကို မရှင်းပြဘဲ သံတံခါးကို ညွှန်ပြကာ ပြောခဲ့သည်။
 "သူမက ကျွန်မနဲ့ နေဖို့ လိုက်ခဲ့တာပဲ။"

စုန့်လင်လင်လား... ဒီနာမည်က သိပ်မရင်းနှီးပေမယ့် လော်ရွှင့် က အပြစ်ကင်းစင်ပြီး ချစ်စဖွယ် သူမရဲ့ အသွင်အပြင်ကို ဂရုတစိုက်ကြည့်လိုက်တယ်။ သူမ၏အမူအရာသည် ဘဝ၏ဖိအားကြောင့်  ရွှီမိန်ရဲ့ အမူယာကဲ့သို့ ရင့်ကျက်မှုတို့က ဆင်တူသည်။ ဒီအမျိုးသမီးဟာ အနာဂတ် Rose Army အဖွဲ့ရဲ့ အဖွဲ့ဝင်လည်း ဖြစ်ကောင်းဖြစ်နိုင်သလို သူမရဲ့ အဆင့်အတန်းကလည်း မနိမ့်ကျလောက်ဘူး။ မဟုတ်ရင် သူ့အပေါ် ရွှီမိန်က  အထင်ကြီးမှာမဟုတ်ဘူး။

လော်ရွှင့် က ခေါင်းညိတ်ပြပြီး ယန်ဖေး နှင့် အခြားလူများက ဘာထင်မြင်ချက် မှ မပေးပေ။ ရွှီမိန်က သူတို့ကို သစ္စာမဖောက်တဲ့လူဖြစ်ဖို့ အရေးကြီသည်။  တခြားအားကိုးလို့ မရတဲ့ လူတွေနဲ့ အလုပ်တွဲလုပ်ရတာ မိုက်မဲရာကျလိမ့်မယ်။ လွန်ခဲ့သည့်ရက် အနည်းငယ် က သူတို့ကြမ်းခင်းရဲ့  အသံလျှပ်ကာ အကျိုးသက်ရောက်မှုကိုတိုင်းတာရန် ရွှီမိန်တို့ အခန်းကနေ နားထောင်ဖို့ သူတို့ တောင်းဆိုခဲ့သည်။ ယန်ဖေး က သူမရဲ့ တံခါးကို ပြုပြင်ရာမှာ ကူညီခဲ့ပြီးနောက် သူမက သူတို့အဖွဲ့က ဝင်ခွင့်ပေးဖို့  ပြောခဲ့တယ်။

ရွှီမိန်သည်   သီးသန့်နေစဉ် သူ့ကို အခွင့်ကောင်းယူကာ တိုက်ခိုက်ဖို့ ယောက်ျားများက အမြဲစောင့်ကြည့်နေသဖြင့် ယုံကြည်စိတ်ချရသောအဖွဲ့ကို သူမ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် အပေါ်ထပ်အဖွဲ့မှ စခန်းအပြင်ထွက်ကာ မစ်ရှင်လုပ်မယ်လို့ ကြားတော့ သူတို့ကိုလည်း ပါဝင်ခွင့်ပေးဖို့ တောင်းပန်ခဲ့သည်။ လော်ရွှင့်တို့က စဉ်းစားကာ လက်ခံလိုက်ပြီးနောက်  မနက်စောစောထွက်ဖို့ သဘောတူလိုက်ကြတယ်။

ရွှီမိန်၏ မိန်းကလေး စုံတွဲတွင် ကိုယ်ပိုင်ကားရှိပြီး လီထယ်တို့နဲ့ ကျန်းရီတို့က အုပ်စုနှစ်စုခွဲကာမောင်းနှင်ရန် ကားတစ်စီးစီရှိသည်။လော်ရွှင့် နဲ့ ယန်ဖေး တို့ဟာ မနေ့ညက ဆွေးနွေးခဲ့ပြီးဖြစ်လို့ ဒီနေ့မနက်မှာတော့ သူတို့ဟာ ထရပ်ကားအသေးစားကို သွားယူခဲ့ကြပြီး သူတို့ရဲ့ အရင်က တစ်ပတ်ရစ်ကားကို ထားပစ်ခဲ့တယ်။  ကားလေးစီးက အုတ်တံတိုင်းတံခါးဆီသို့ မောင်းလာသည်။
လော်ရွှင့် သည် စာရင်းသွင်းပြီး မေးခွန်းအချို့မေးခဲ့သည်။ ယန်ဖေး က ပြုံးပြီး တိတ်တိတ်ဆိတ်ဆိတ်နေခဲ့ပြီး လွန်ခဲ့တဲ့ တစ်လခွဲအချိန်လုံးလုံး သူတို့ အလုပ်ရှုပ်နေ ခဲ့တယ်။ ဘယ်လိုမှ စခန်းကနေ  ထွက်မသွားနိုင်ခဲ့ပေ။ သူတို့   ထွက်သွားချင် ပေမယ့်လည်း ဗိုလ်ကြီးက သဘောမတူဘူး။ စောစောစီးစီး အနားယူဖို့ အိမ်ပြန်ဖို့ တွန်းအားပေး နေခဲ့သည်။

သတ်မှတ်ထားသော လမ်းကြောင်းဘေးတွင် မြင့်မားသော နံရံများ နှစ်ဖက်စလုံး ကာရံထားပြီး အပြင်ထွက်မယ့် ကားတွေက စီတန်းထားသည်။ လော်ရွှင့် သည် ကားကို ခြံဝင်းထဲသို့ မောင်းသွင်းလိုက်ပြီး ကားများ  ထွက်ခွာခွင့်ပြုမယ့် တံခါးများပွင့်ချိန်ကိုစောင့် နေသည်။

နံရံပေါ်ရှိ လုံခြုံရေး တပ်သားများက အသံချဲ့စက်ဖြင့် အော်ဟစ်နေစဉ် စောင့်ဆိုင်းရမယ့် လမ်းကြောင်းကို ဝင်သည့် ဝင်ပေါက်တံခါးကို ဖြည်းညှင်းစွာ ပိတ်လိုက်သည်။

"ယာဉ်ကားလုံး အသင့်ပြင်... တံခါးဖွင့်ချိန်ကို စောင့်ပါ... ၁၀၊ ၉၊ ... ၁၊ ဖွင့်!"

သူ့အသံဆုံးသွားသည်နှင့် ကြီးမားသော သံတံခါးကြီးသည် တဖြည်းဖြည်း ပွင့်လာသည်။  တံခါးဖွင့်လိုက်တာနဲ့ သံမဏိခြံစည်းရိုးကို မြင်လိုက်ရတယ်။ ခြံစည်းရိုးနောက်ကွယ်ရှိ ဖုတ်ကောင်များသည် သူတို့၏လက်များကို ဝှေ့ယမ်းကာ လူသား၏ရနံ့ကြောင့် အော်ဟစ်ခဲ့ကြသည်။

"သူတို့ ဗိုက်ဆာနေတာ ကြာနေပြီလို့ ခံစားရတယ်။"
 လော်ရွှင့် က ပြုံးလိုက်ပြီး သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေ တဖျပ်ဖျပ်တောက်နေပြီး သူ့နှလုံးသားလည်း တဒိန်းဒိန်းခုန်လာသည် ။ သူ အခု အခြေစိုက်စခန်းကနေ ထွက်သွားတော့မှာ ဖြစ်ပြီး နံရံမှာ ရပ်ပြီး ဖုတ်ကောင်တွေကို ပစ်သတ်တာနဲ့ မတူဘူး။

လူသားတိုင်းသည် စွန့်စားခန်းကို ရှာဖွေလိုသော နှလုံးသားရှိကြပြီး အခြေစိုက် စခန်းမှ  ထွက်ခွာရန် ပျင်းလွန်းသူပင် ရံဖန်ရံခါတွင်   အပြင်ထွက်ပြီး ဖုတ်ကောင်အချို့ကို သတ်ချင်သည်။ ယခု သူသည် ယခင်ဘဝကထက် ပိုမိုလုံခြုံလာခဲ့သည်။ များပြားလှသော ပြင်ဆင်မှုများ၊ စွမ်းရည်ရှိသော အသင်းဖော်အများအပြားနှင့် အသေအပျောက် မရှိနိုင်တော့ ပေ။ သူ့အတိတ်ဘဝနဲ့ ယှဉ်ရင် ဒါက အဆပေါင်းများစွာ ပိုကောင်းတယ်။

ကားအင်ဂျင်တွေ ဆူညံလာပြီး ကားတွေက တံခါးဖွင့်ပြီးတာနဲ့ တရှိန်ထိုး ထွက်လာတယ်။

ပြုပြင်ထားသော ကားအများအပြားသည် ရှေ့တွင်ရှိပြီး ဂိတ်ပေါက်ရှိ ဖုတ်ကောင်များထဲသို့ တိုက်ရိုက်ဝင်သွားကာ တိုက်ချသွားသည်။ လော်ရွှင့် နှင့် အခြားသူ၏ကားများသည် နောက်ကျောတွင်ရှိပြီး ရှေ့ကိုအလျင်စလိုမတက်ခဲ့ပေ။ ရှေ့က ကားတွေ လမ်းရှင်းတဲ့အထိ စောင့်နေကြတယ်။

သေချာတာကတော့ ရှေ့က ကားတစ်စီးက အရှိန်လွန်ပြီး လမ်းဘေးကို လမ်းချော်သွားတယ်။ ခဏအကြာတွင် သူ့ဘာသာသူ  လမ်းပေါ်သို့ ပြန်လာခဲ့သည်။

လီထယ် နှင့် သူ့သူငယ်ချင်း၏ကားများသည် ယန်ဖေး ၏ကားနောက်မှလိုက်ကာ မြို့၏အစွန်ဆုံးနေရာသို့သွားကြသည်။

ဖုတ်ကောင်များသည် မြို့ပြဧရိယာတွင် ပို၍  အမြစ်တွယ်နေပြီး အခြေစိုက်စခန်းအနီးတွင် စုစည်းနေပါသည်။ မြို့အစွန်အဖျားများတွင် ဖုတ်ကောင်အနည်းငယ်သာရှိသည်၊ လော်ရွှင့် ၏ပန်းတိုင်မှာ ထိုနေရာဖြစ်သည်။

သူတို့တွင် တာဝေးပစ်လက်နက်များ ရှိသော်လည်း တစ်ကြိမ်လျှင် ပစ်မှတ်တစ်ခုထက်ပို၍ မတိုက်ခိုက်နိုင်သောကြောင့် ဖုတ်ကောင်အုပ်စုလိုက် တွေ့ပါက ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ တကယ်လို့ ဖုတ်ကောင်အုပ်လိုက် ဝန်းရံခံရလျှင်   သူတို့သည် သတ္တဝါများကို ရှင်းလင်းရန် ရွှီမိန်၏ မီး သို့မဟုတ် ကျန်းရီ ၏လေစွမ်းအားများကိုသာ အားကိုးနိုင်မည်ဖြစ်သည်။

ကံမကောင်းစွာပဲ ရွှီမိန်မှာ မီးစွမ်းရည်ရှိသော်လည်း၊ သူမ၏အဆင့်မှာ ယန်ဖေး သို့မဟုတ် ကျန်းရီ လောက်မမြင့်မားသောကြောင့် ကြီးမားသော တိုက်ခိုက်မှုသည် သူမ၏ စွမ်းအားထက်ဝက်ခန့်ကို ဆုံးရှုံးစေမည်ဖြစ်သည်။ ယန်ဖေး သည် ပစ်မှတ်အများအပြားကို တိုက်ခိုက်နိုင်သော်လည်း ထိရောက်မှု ရှိစေရန်အတွက် ပစ်မှတ်များကိုပစ်ရန် သတ္တုမြှားများစွာကို မထိန်းနိုင်ပေ။

ထို့ကြောင့်၊ ထွက်မလာခင် အားလုံးဆွေးနွေးပြီးနောက်၊ ယခင်အစီအစဉ်အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်- ဖုတ်ကောင်မများသောနေရာကို ရှာပြီး  လူတိုင်းက သူတို့ကို ဖြည်းညှင်းစွာ သတ်ဖြတ်မယ်။ လိုအပ်ပါက သူတို့ အမဲလိုက်နေရာကို ရှင်းလင်းရန် သူတို့၏စွမ်းရည်ကို တိုင်းတာနိုင်စေရန် ပိုများသော ဖုတ်ကောင်ရှိသည့် နေရာကို ရှာဖွေနိုင်သည်။

လောလောဆယ်တွင်၊ အခြေစိုက်စခန်းသည် အသက်ရှင်ကျန်ရစ်သူများအား အခြေစိုက်စခန်းမှ ထွက်သွားလျှင် ဖုတ်ကောင်များကို တတ်နိုင်သလောက် သတ်ဖြတ်ရန်  အားပေးခဲ့သည်။ ဒါပေမယ့် ဖုတ်ကောင် အုပ်လိုက်ကို သေစေလောက်တဲ့ လက်နက်တွေ မရှိသလို  အမဲလိုက်သေနတ်ကဲ့သို့သော လက်နက်တွေက ထိရောက်မှု သိပ်မရှိသလို   ဈေးကြီးလွန်းလှသည်။ ဖုတ်ကောင်တွေကို အမဲလိုက်ဖို့ ဒူးလေးကို သုံးတာလောက်တောင် မကောင်းလို့ လော်ရွှင့် နှင့် အဖွဲ့က အမဲပစ်သေနတ်ကို အမှတ်တွေနဲ့ မလဲလှယ်ခဲ့ပေ။

ယန်ဖေး သည် ခေတ်ပျက်မတိုင်မီက သူ့ထံတွင်ရှိသည့် ကျည်ဆံအချို့နှင့် လဲလှယ်ထားသည့် သေနတ်ကို ပေးခဲ့သည်။ သူ့အိမ်မှာ သူ့ဖာသာ လုပ်ထားသည့် လက်နက်ရဲ့ထိရောက်မှုကို သိဖို့ စမ်းသပ်ပစ္စည်းတချို့ လိုချင်တယ်။ ဖုတ်ကောင် တွေအပေါ် သက်ရောက်မှုရှိနေသရွေ့ လက်နက်ရဲ့ပုံစံက အရေးမကြီးပါဘူး။ အရန်အဖြစ် လက်ထဲတွင် သိမ်းထားနိုင်သည်။

ကားထဲကနေ ပစ်မှတ်နေရာကို သူတို့ ဦးတည် မောင်းသွားသည် ။ လော်ရွှင့် သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း မောင်းနှင်သွားကာ နောက်ဆုံးတွင် လမ်းဆုံတစ်ခုကို ရွေးချယ်ခဲ့သည်။

"ရှေ့ကနေရာဆိုရင် ဘယ်လိုလဲ။ အနားယူဖို့ နေရာအဖြစ်အသုံးပြုနိုင်မယ့်  နှစ်ထပ်ဘဏ် အဆောက်ဦးတစ်ခုရှိပြီး ဖုတ်ကောင်အရေအတွက်က သိပ်မများလှဘူး။"

 လော်ရွှင့် သည် ထင်ရှားပေါ်လွင်သော အဆောက်အဦရှေ့တွင် ကားရပ်လိုက်သည်။ ယန်ဖေး က ခေါင်းညိတ်လိုက်သည်၊ ဒီနေရာမှာ သူတို့သည် သတ္တုတစ်ခုခုရရန် သေချာသည်။

လော်ရွှင့် ၏ ကား ဘယ်ဘက်သို့ ကွေ့လာသည်ကို မြင်လိုက်တော့  လီထယ် ၏ ကားသည် လျှင်မြန်စွာ နောက်မှ လိုက်လာပြီး အခြားကားများလည်းလိုက်လာသည်။  ကားတန်းတွေ ဘဏ်ဆီကို သွားကာ သူတို့  အုပ်စုက တံခါးကို လှမ်းကြည့်လိုက်တယ်။  ဖုတ်ကောင်တွေက ဒီဘဏ်ထဲမှာ ပိတ်မိနေနိုင်မလား။ သူတို့က ကားပါကင်နေရာကို ပြောင်းလဲလိုက်ရမလား...

သို့သော် လော်ရွှင့် သည် လီဗာကို နင်းကာ  လှေကားထစ်တွေပေါ်  မောင်းတက်ပြီး  ကားဖြင့် ဘဏ်ခန်းမထဲသို့ တစ်ခါတည်း မောင်းချသွားခဲ့သည်!

"အာ! လှေကားထစ်ကို မောင်းတက်သွားတယ်ကွ!"

 နောက်ကွယ်တွင် လီတိ၊ ဟန်လိ၊ ဟော်ချန်ခွန်းတို့က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ပြုပြင်မွမ်းမံရေး ပစ္စည်းများ စုဆောင်းရန် အရင်က လာခဲ့တဲ့ တကြိမ်ကို သတိရမိကြသည်။ လော်ရွှင့် က ကားကို လှေကားပေါ်တက်ဖို့ ရိုးရိုးရှင်းရှင်းပြောခဲ့တယ်။ သူ့မှာ တကယ်ပဲ အဲ့ဒီလို စတန့်ကားမောင်းနိုင်တဲ့ အရည်အချင်းရှိတာလား။ ဒါပေမယ့် သူတို့အတွက်ကတော့...

လှေကားပေါ်တက်ဖို့ တစ်စုံတစ်ခုရှိသလားလို့ သူတို့ တွေးနေကြတယ်။ ရွှီမိန်၏ကားသည် ရုတ်တရက် ရှေ့သို့ ပြေးသွားပြီး  အင်ဂျင်သံပြင်းပြင်းဖြင့် ချက်ခြင်း လှေကားထစ်ပေါ် တက်သွားသည်။ ရွှီမိန်က လှေကားထစ်ပေါ်တက်ပြီး ကားကို မောင်းနိုင်ရင်တောင် သူတို့ ဘာကို ကြောက်နေရမှာလဲ။

အားတက်လာသည့် လီထယ် နှင့် Otaku အဖွဲ့မှ အခြားသူများကလည်း အရှိန်မြှင့်ကာ လှေကားထစ်ပေါ် ကားမောင်းတက်လာကြသည်။ ခဏကြာတော့ ကားနှစ်စီးက လှေကားထစ်ကို အောင်မြင်စွာ မောင်းတက်သွားတယ်။ လော်ရွှင့် နှင့် ရွှီမိန်တို့သည် ကားများကို ခန်းမထဲတွင် အတူတကွ ရပ်ထားကြသည်။

"ဟင့်အင်း၊ အဲဒါ လန့်စရာပဲ။" ဟော်ချန်ခွန်း က ရင်ဘတ်ကို ပုတ်ကာ သက်ပြင်းချလိုက်သည်။

ဟန်လီသည် သူ့နဖူးကို ပုတ်လိုက်သည်။
 "သက်ပြင်းမချနဲ့၊ ဖုတ်ကောင်တွေကို အရင်သတ်လိုက်"

ဘဏ်ခန်းမထဲမှာ လျှောက်သွားနေတဲ့ ဖုတ်ကောင်တချို့ရှိတယ်။ လော်ရွှင့် ယန်ဖေး နှင့် ရွှီမိန်တို့သည် နယ်မြေရှင်းလင်းရေးစတင်ရန် အမြန်ပြေးကာ သတ်ဖြတ်နေ ကြသည်။ လီထယ် နှင့် အခြားလူများ သည် ဒူးလေးကို လှည့်ပတ်ကာ အလျင်အမြန် အမှီလိုက်ကာ ရှင်းလင်းကြပြီး သိပ်မကြာခင်မှာပဲ အဲဒီမှာရှိတဲ့ ဖုတ်ကောင်တွေအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တယ်။

"  သူတို့ခေါင်းထဲက အမြူတေတွေကို စုထားပါ။ သတိထားပြီး  သေချာလုပ်ပါ။ မသေသေးတဲ့ ဖုတ်ကောင်တွေကို တွေ့ရင် တစ်ခါတည်း အပြတ်ရှင်းလိုက်..."

လော်ရွှင့် သည် အမြူတေ ကို စတင်တူးဖော်ရန် အနီးဆုံးဖုတ်ကောင်ဆီသို့ သွားခဲ့သည်။

ယနေ့ခေတ် ဖုတ်ကောင်များသည် အသိဉာဏ်မရှိသေးပေ၊ သေချင်ယောင် ဆောင်တာ မလုပ်တတ်သေးပေ။  ဒါပေမယ့် အဲဒါက အနာဂတ်မှာ  ပိုထက်မြက်တဲ့ ဖုတ်ကောင်တချို့ဟာ တမင်တကာ ပြုတ်ကျပြီး သေချင်ယောင်ဆောင်ကာ လူတွေက အမြူတေ ကို လာတူးတဲ့အခါ ခြုံခိုတိုက်ခိုက်တာ လုပ်လိမ့်မယ်။

လော်ရွှင့် ၏ စကားလုံးများထဲက အဖွဲ့သား သံယောဇဉ်ကို ခံစားလိုက်ရသည်။  ရွှီမိန်နှင့် စုန့်လင်လင် တို့သည် မကြာသေးမီက အလုပ်များအတွက် စခန်းမှထွက်ခဲ့ကြပြီး ပြုတ်ကျသော်လည်း မသေသော ဖုတ်ကောင်များနှင့် မကြုံတွေ့ခဲ့ရလို့ ကံကောင်းတယ် ပြောရမည်။  ထို့ကြောင့် သူမသည် ခုတ်ဓားကို အသင့်ကိုင်ကာ ဖုတ်ကောင်ဆီသို့ လမ်းလျှောက်သွားပြီးနောက် ဦးခေါင်းကိုဖြတ်ကာ အမြူတေ ကို တူးထုတ်လိုက်သည်။

လီထယ် နှင့် အခြားသူများသည်  ဖုတ်ကောင်ခေါင်းကို ဖောက်ထွင်းကာ ကြည်လင်နေသော အမြူတေ ကို ထုတ်ယူလိုက်သည်။ သူတို့က  ရွံရှာပေမယ့်   ဦးနှောက်ထဲက အမြူတေ ကို စုဆောင်းဖို့ တောက်လျှောက်လုပ်ခဲ့သည်။
 

ကျောင်းသားများသည် အမြူတေ ကို တူးဆွရန် ထိုင်နေကြစဉ် ယန်ဖေးသည် ကျေနပ်စွာ ကြည့်နေသည်။ ကျန်းရီ က သူ့ ခင်ပွန်းသည်လေးကို ပြုံးပြပြီး နှစ်ယောက်သား အရည်အချင်းရှိပြီး ခွန်အားအပြည့်ဖြင့် ဆက်လက်ရှင်းလင်းနေကြသည်။ ကျန်းရီတို့ နှစ်ဦးကို စံပြအဖြစ်ထားရှိခြင်းကြောင့်  လီထယ် နှင့် အခြားသူများကို ကွေးသွားစေမည်တော့ မဟုတ်ပေ။
 
ဖုတ်ကောင်၏ခေါင်းများကို စုဆောင်းပြီးနောက် လီထယ်နဲ့ ကျန်လူငယ်တွေက  ငါးမိနစ်ကြာ အော့အန်ရန် ထောင့်တစ်နေရာသို့ ပြေးသွားကြသည်။ အပြန်လမ်းတွင် ရုံးခန်းပြတင်းပေါက်နားရှိ ဒုတိယထပ်ရှိ လော်ရွှင့်နားကို ဘာမှမဖြစ်သလို ပြန်လာကြသည်။
 
"အရင်က အသံတွေက အနီးနားက ဖုတ်ကောင်တချို့ကို ဆွဲဆောင်ခဲ့တယ်။ ကျွန်တော်က ခုနက ချွေးသုတ်ထားတဲ့ ပုဝါကို တမင်သက်သက် ဝင်ပေါက်နားမှာ ပစ်ချထားခဲ့ပြီး ဖုတ်ကောင်တွေကို မျှားခေါ်ထားတယ်။ ကျွန်တော်တို့ လှေကားတံခါးကို ပိတ်ဆို့ပြီး အထဲက ဖုတ်ကောင်တွေကို ဖြည်းဖြည်းချင်း ဖယ်ရှားနိုင်မှာပါ"
လော်ရွှင့် က သူတို့ရဲ့ နောက်ထပ်လုပ်ဆောင်မယ့်အစီစဉ်တွေကို လူအုပ်ကို ရှင်းပြလိုက်တယ်။ ဒါက သူ့ရဲ့ မသိစိတ်ရဲ့ တုံ့ပြန်မှုပဲဖြစ်တယ်။ လော်ရွှင့် သည် လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီး သိပ်နားမလည်တဲ့သူတွေကို သူ့  အတိတ်ဘဝအတွေ့အကြုံနှင့် အလေ့အထများကို အခြေခံပြီး ရှင်းပြပေးခဲ့သည်။
 
ကံအားလျော်စွာ သူ့မှာ တိုက်ခိုက်ရေး နည်းစနစ်ရှိပြီး စေ့စေ့စပ်စပ်လည်း ရှိတာဖြစ်လို့ ပါဝင်သူတိုင်းက သူ့ အစီစဉ်ကို   ကန့်ကွက်ခြင်းမရှိပါဘူး။ ရွှီမိန်နဲ့ စုန့်လင်လင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို လော်ရွှင့်က အတော်လေးကို အထင်ကြီးထားတယ်။ အခု သူမတို့က ဘယ်သူက ခေါင်းဆောင်နေသလဲဆိုတာ အံ့သြမှာ ၊ စပ်စုမှာ လုပ်မည်မဟုတ်သူ လော်ရွှင့်က ယုံကြည်ထားသည်။ ဒီအမျိုးသမီးတွေက အပိုတွေ သိပ်မတွေးပဲ လက်တွေ့ကျကျ လုပ်တတ်သူတွေလို့ လော်ရွှင့် ယုံကြည်သည်။
 
တိုက်ခိုက်မယ့် လူတွေကို စီစဉ်ပြီးနောက် လော်ရွှင့် သည် လူများကို အမာခံ တိုက်ခိုက်ရမယ့် နေရာဖြစ်သည့်  လှေကားထစ်သို့ ခေါ်ဆောင်သွားသည်။ ဖုတ်ကောင်များသည် ထိုနေရာတွင် စတင်စုရုံးလာသော်လည်း သူတို့သည် လှေကားထစ်ပေါ် ခြေတစ်လှမ်း တက်လှမ်းရန် ကြိုးစားသောအခါတွင် လဲကျသွားသည်။

"လော်ရွှင့် ပြောသလိုပဲ! ဖုတ်ကောင်တွေက လှေကားထစ်မတက်နိုင်သေးဘူး!"
မြင်ကွင်းကိုမြင်တော့ လီထယ် နဲ့ တခြားသူတွေဟာ စိတ်လှုပ်ရှားစွာ ဒူးလေးတွေကို မြှောက်လိုက်ပြီး လှေကားအောက်က ဖုတ်ကောင်တွေကို ပစ်ခတ်ပါတော့တယ်။

လော်ရွှင့် နှင့် အခြားသူအချို့သည် မစတင်သေးပဲ လီထယ် နှင့် လူငယ်လေး တွေက ဖုတ်ကောင်တွေကို သတ်နေသည်ကို ပီတိဖြစ်စွာကြည့်နေသည်။
 
ကျန်းရီ နှင့် ယန်ဖေး တို့သည် ကျိုးပဲ့နေသောပြတင်းပေါက်အပြင်ဘက်မှ ဖုတ်ကောင်များ ဝင်ရောက်တိုက်ခိုက်တာကို တားဆီဖို့ သူတို့ နောက်ကျောအနီးတွင် ရပ်နေခဲ့ကြသည်။

ရွှီမိန်နှင့် စုန့်လင်လင် တို့သည် လော်ရွှင့် ၏နောက်တွင် ရှိနေသည်။ ရှေ့ကလူတွေ မထိန်းနိုင်ရင် ကူညီဖို့ သူတို့က တာဝန်ယူထားတယ်။

ခဏအကြာတွင် သူတို့ ဆီကာ စက်နှိုးလိုက်သည့် ကားသံကို ကြားလိုက်ရပြီး ဖုတ်ကောင်အုပ်ကြီး ချဉ်းကပ်လာသည်။ ဖုတ်ကောင်တွေရဲ့ အမြူတေကို စုပြီးတဲ့အခါ လီထယ် နဲ့ တခြားသူတွေက ကျန် ဖုတ်ကောင်ကို ပစ်သတ်ပြီး ခန်းမထဲကို ပြန်ဆုတ်သွား တယ်။ သူတို့သည် ဖုတ်ကောင်များကို ဖြည်းဖြည်းချင်း ဆွဲဆောင်ပြီးနောက် ဖုတ်ကောင်အားလုံးကို ချေမှုန်းရန်အတွက် ဘဏ်ကို ယာယီအခြေစိုက်စခန်းအဖြစ် နေရာယူချင်နေကြသည်။

လော်ရွှင့် သည် မြို့အတွင်းပိုင်းကို သွားရန် စိတ်ကူးမရှိခဲ့ပေ။ လူသေ အလောင်းများကို ပထမထပ်ရှိ ထောင့်တစ်နေရာတွင် စုပုံထားသည်။ ထို့နောက် အဖွဲ့သည် ပရိဘောဂများ၊ ဗီဒိုများ၊ ကုလားထိုင်များနှင့် အခြားအရာအချို့ကို ခြံစည်းရိုးတစ်ခုအဖြစ် ထားရှိခဲ့သည်။ ယန်ဖေး သည် ကြမ်းပြင်နှင့် အနည်းငယ် ခိုင်ခံ့စေရန် ပစ္စည်းများအတွင်းမှ သတ္တုကို ထိန်းချုပ်ခဲ့သည်။

ကျောင်းသားများသည် ဖုတ်ကောင်များကို အမဲလိုက်စဉ် မြှားတံများကို သုံးရင်း တဖြည်းဖြည်း ကျွမ်းကျင်လာခဲ့ကြသည်။ ယန်ဖေး သည် လက်ကိုဝှေ့ယမ်းလိုက်ပြီး သတ္တုအပိုင်းအစများ လွင့်ထွက်သွားသည်။ အနည်းငယ်ထိန်းချုပ်ထားရုံဖြင့် အုပ်စုရှေ့တွင် စုပုံထားသော သတ္တုအပိုင်းအစများသည် သတ္တုမြှားများအဖြစ်သို့ ပြောင်းလဲသွားသည်။

ယန်ဖေး သည် ဖုတ်ကောင်ထဲ ထိုးစိုက်ဝင်သွားသည့် သတ္တုမြှားများကိုသာ ထုတ်ယူလိုက်ပြီး ဖုတ်ကောင်၏ ခန္ဓာကိုယ်အရည် သို့မဟုတ် သွေးမှန်သမျှကို ချန်ထားခဲ့မည်ဖြစ်သည်။ ယန်ဖေးက သတ္တုကိုသာ ထိန်းချုပ်နိုင်တာဖြစ်လို့ သတ္တု မဟုတ်သည့် အရာတွေ ကျန်ရစ်ခဲ့တာ သဘာဝကျပါသည်။

ခံတပ်ကို တည်ဆောက်ပြီးနောက် လော်ရွှင့် သည် သူ့ကျောပိုးအိတ်မှ   အထည်ထုပ်တစ်ထုပ်ကို ဆွဲယူလိုက်သည်။ အထဲမှာ အနီရောင်အရည်တွေနဲ့ ပြည့်နေတဲ့ အကြည်အိတ်တစ်ခုပါသည် - ဟုတ်တယ်။ အဲ့ဒါက လူသွေးတွေ ထည့်ထားသည့် သွေးအိတ် တစ်အိတ်ဖြစ်သည်။

ဒီသွေးအိတ်ကို ကျန်းရီ ဆေးရုံမှ ယူဆောင်လာခဲ့သည်။ အားလုံးအပြင်ထွက် အမဲလိုက်ဖို့ ဆုံးဖြတ်ပြီးတဲ့အခါ လော်ရွှင့် က ကျန်းရီ ကို ဆေးရုံကနေ သွေးအိတ်တစ်အိတ်ကြိုတင်ယူဖို့ ပြောခဲ့တယ်။ ဖုတ်ကောင် အမဲလိုက်ထွက်ရင်  ဒဏ်ရာရပြီး ဖုတ်ကောင်ဗိုင်းရပ်စ် ကူးစက်ခံရမယ့် ဘေးကို ဘယ်သူမှ မရှောင်နိုင်ပေ။   အပြင်ထွက်ရင်းနဲ့ ဒဏ်ရာကို ညစ်ပတ်တဲ့အရာတစ်ခုခုကို မတော်တဆထိမိသွားတာ ကြောက်စရာကောင်းလှတယ်။

သွေးအိတ်ကိုထုတ်လိုက်သောအခါ လော်ရွှင့် သည် ယန်ဖေး   လှုပ်ရှားသည်ကို စောင့်ကြည့်နေခဲ့သည်။ နောက်မှ သတ္တုအချို့ကို သူ့လက်ထဲသို့ ဆွဲထည့်လိုက်သည်။ လော်ရွှင့် သည် အိတ်ကိုဖွင့်၍ သတ္တုဘား၏ အကွက်ထဲသို့ သွေးအချို့ကို ညှစ်ထုတ်ကာ တစ်မီတာအကွာရှိ ခံတပ်များပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားစေသည်။

သူက အကြွင်းအကျန်တွေကို အမြန်သုတ်လိုက်ပြီး သွေးသုတ်ဖို့သုံးတဲ့ စာရွက်ကို အပြင်ကို လွှင့်ပစ်လိုက်တယ်။

ယန်ဖေး သည် နံရံအတွင်း၌ သွေးများကို သတ္တုဘားကို ယာယီပိတ်လိုက်သည်။ လော်ရွှင့် သည် မြေပြင်ပေါ်တွင် သွေးမစီးကျစေရန် ထိန်းချုပ်ထားပြီးနောက် သွေးထည့်သည့် အိတ်ကို သိမ်းဆည်းလိုက်သည်။

"လော်ရွှင့်..... သွေးနည်းနည်းပဲဆို လုံလောက်ပြီလား"

 ဝမ်သော် သည် လော်ရွှင့် ၏ သတိကြီးစွာသော လှုပ်ရှားမှုများကို ထိတ်လန့်စွာ ကြည့်နေသည် ။ လော်ရွှင့် သည် လက်ကျန်သွေးများကို ထုပ်ပိုးပြီး   အပြုံးဖြင့် သူ့ကို ကြည့်လိုက်သည်။

 "နားထောင်ကြည့်လေ။"

အပြင်ဘက်မှာ ဖုတ်ကောင်အားလုံးစုရုံးပြီး   အော်ဟစ်သံကို တိုးတိုးတိတ်တိတ် ကြားလိုက်ရသည်။

ဖုတ်ကောင်တွေ! ဖုတ်ကောင်အုပ်လိုက်ကြီး ရောက်လာပြီ......


*****-*****

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ