Chapter (20) - မင်းရဲ့ ပိုင်ဆိုင်မှုက ငါ့ဟာဖြစ်သလို ငါ့ပိုင်ဆိုင်မှုလည်း မင်းဟာပါပဲ...
လူတစ်ယောက်က လှေကားထစ်ကိုတက်သွားတော့ အရပ်မြင့်အရာရှိက လှောင်အိမ်ထဲမှာ ခွေးလေးကိုတွေ့တော့ ရှေ့ကို ကွေးညွတ်ကာ ငုံ့ကြည့်လိုက်သည်။
"ချောင်ချောင်၊ ကျန်းကျန်းမာမာနဲ့ ပုံမမှန်တာ မရှိဘူး မဟုတ်လာ?"
"မရှီပါဘူး။ ဒီရက်ပိုင်း သူနေကောင်းပါတယ်"
လော်ရွှင့် က အမြန်ရှင်းပြလိုက်သည်။
အရာရှိက ခေါင်းညိတ်ပြပြီး ပြောခဲ့သည်။
"မင်း သတိထားရမှာက သူမကို အပြင် မထွက်ခိုင်းတာ အကောင်းဆုံးပါပဲ။ အပြင်မှာ ခွေးတွေ အများကြီး ဗီဇပြောင်းနေတယ်၊ ခွေးက အမှတ်မထင် အကိုက်ခံရပြီး ခွေးရူးပြန်သွားမယ်ရင် နှမျောစရာပဲ"
"အင်း၊ ကျွန်တော် သိပါတယ်၊ ကံကောင်းတာက သူ့ကို ဝယ်လာတဲ့အချိန် သူက ငယ်သေးလို့ လမ်းလျှောက်ထွက်တဲ့ အကျင့် မရှိသေးဘူး "
လော်ရွှင့် က ခေါင်းညိတ်လိုက်သည်၊ ဖုတ်ကောင်ကိုက်ခံရသည့် ခွေးတွေက ဒုတိယ လက်ဆင့်ကမ်းပြီး ဖုတ်ကောင်ပိုးများကို မဖြန့်နိုင်ကြသေးပေ။ ဒုတိယအကြိမ် ဗီဇပြောင်းသည့် အချိန်ရောက်မှသာ အကိုက်ခံရသော တိရစ္ဆာန်များက သေဆုံးတာ သို့မဟုတ် အသွင်ပြောင်းကြမည် ဖြစ်သည်။
အရာရှိနှစ်ဦးသည် အခန်းထဲတွင် ဖုတ်ကောင်များ ရှိမရှိ စစ်ဆေးခဲ့သည်။ လော်ရွှင့် သည် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်လို့ ပစ္စည်းများအားလုံးကို သေတ္တာများအတွင်း ထည့်ကာ လသာဆောင်၏ စင်ပေါ်၌ တင်ထားခဲ့သည်။ အဲ့ဒီပုံးတွေ့ရင်တောင် ပြဿနာမရှိဘူး - လူတွေက သူတို့ကိုယ်ပိုင်လသာဆောင်မှာ ပန်းပင်တွေ၊ ပုံးတွေကို ထားခွင့်မပေးဘူးလား။ ဘာပဲဖြစ်ဖြစ် ဘယ်သူက တစ်ချက်ကြည့်ရုံနဲ့ သိနိုင်မှာလဲ။
ကံကောင်းထောက်မစွာပင် အရာရှိနှစ်ဦးစလုံးက အသေးစိတ် မကြည့်ဘဲ မကြမ်းဖျင်းပဲ စစ်ဆေးပြီးနောက် ထွက်ခွာ ခဲ့သည်။ သူတို့မထွက်ခွာခင်မှာ လော်ရွှင့် က သူတို့နှစ်ယောက်ကို သတိပေးဖို့ တစ်ခုခုကို ချက်ခြင်းစဉ်းစားလိုက်တယ်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies