Chapter (53) - အမြူတေ စုဆောင်းသည့် အလေ့အထများ
"တခြားစခန်းတွေကနေ ကောင်အကြီးကြီးတွေ အများကြီးရောက်လာတယ်လို့ ကြားတယ်။ တချို့က စစ်တန်းလျားတွေမှာ တိုက်ရိုက်နေရာချထားမလား နေရာမချဘူးလားဆိုတာတော့ သေချာမသိရဘူး၊ ဘာသတင်းမှတော့ သေချာ မကြားရသေးဘူး။"
လီထယ် က ဆက်ပြောသည် ။
"ငါတို့အလုပ်များနေချိန်မှာ အပြင်မှာ ကားတွေ ဝင်လာသံကြားလို့ အပြင်ကို ကြည့်လိုက်တော့ ကားကြီးကြီးတွေနဲ့ ကားပေါ်မျာ တိုင်ကီတွေ အများကြီး ပါလာခဲ့တယ်!"
ကျောင်းသားအချို့သည် မိမိတို့အခန်းသို့ ပြန်သွားကြပြီး လော်ရွှင့် နှင့် ယန်ဖေး တို့လည်း ထွက်ခွာရန် ထသွားကြသည်။ သူ့ကိုယ်ပိုင်နေ့လည်စာဘူးလေးထဲမှာ ကျန်းရီ အတွက် ထမင်းတစ်နပ်ပြန်ယူလာတဲ့ လီထယ် က ထိုထမင်းဘူးလေးကို ပြန်ယူဖို့ ငြင်းဆန်ခဲ့တယ်။ ကျန်းရီ က ဒီနေ့ ညစာစားပြီးပြီ၊ မထင်မှတ်ပဲ မနက်ဖြန်လည်း ထမင်းတချို့ ယူလာပေးဖို့ ရယ်ရယ်မောမောနဲ့ တောင်းဆို ခဲ့တယ်...
လော်ရွှင့် သည် လီထယ် ယူလာပေးသော ထမင်းဘူးလေးထဲတွင် အသားနှင့် ဟင်းသီး ဟင်းရွက်များ ရှိနေသည်ကို မြင်လိုက်ရသည်။ အလားတူ ချက်ပြုတ်ထားသော ခရမ်းချဉ်သီးနှင့် အာလူးပြုတ်လည်း ပါသည်။ အခြားအသားမပါသော်လည်း နေ့လယ်က သူ စားခဲ့သော အစားစာတွေထက် အနံ့ပိုမွှေးပါသည်။ အသားနဲ့ အာလူးတွေမှာလည်း အတုံးကြီးတွေဖြစ်သည်။
လီထယ် သည် ယန်ဖေး နှင့် လော်ရွှင့် တို့အတွက် ကြက်ဥနှစ်လုံးကို စားသောက်ရန်အတွက်ပေးခဲ့သည်။ အိမ်မှာရှိသည့် ဆလတ်ရွက်လတ်၊ ဘေကွန်ခြောက်နှင့် အာလူးအချို့ကို ကြော်ပြီးနောက် ဟင်းနုနွယ်ရွက်နှင့် ပုဇွန်အချို့ထည့်ကာ ကြက်ဥပြုတ်နှစ်လုံးနှင့် ပေါင်းလိုက်တော့ သူတို့ ညစာက အတော်လေးကို ဝေဝေဆာဆာဖြစ်သွားပြီဟု လော်ရွှင့် က ခံစားခဲ့ရသည်။
စားသောက်ပြီးလို့ လသာဆောင်ကိုသွားတော့ အနက်ရောင်အထည်နဲ့ ဖုံးထားတဲ့ ငုံးလှောင်အိမ်ထဲမှာ ခုနနဲကွဲပြားနေကြောင်း သတိပြုလိုက်မိသည်။
"ယန်ဖေး ၊ ယန်ဖေး ။ ငုံးဥ!"
လော်ရွှင့် သည် စိတ်လှုပ်ရှားစွာ ခုန်ကာ အော်လိုက်သည်။
"ငုံးတွေ ဥဥ ထားတာလား!"
ယန်ဖေး လည်း ခုန်တက်လာပြီး လှောင်အိမ်ဘေးကို ပြေးသွားသည် ။ ဟုတ်တယ်၊ ငုံးအသိုက်ငယ်လေးထဲမှာ အဖြူအမည်း အစက်အပြောက်လေးတွေရှိတဲ့ ဥတွေ တစ်လုံးထက် ပိုရှိနေတယ်။
လော်ရွှင့် သည် ဓာတ်မီးကို ကောက်ကိုင်လိုက်ပြီး မျိုးအောင်နိုင်ခြင်း ရှိမရှိကို သိရန် ဥများကို ချိန်ရွယ်ကာ စစ်ဆေးလိုက်သည်။စုစုပေါင်း ငုံးဥ သုံးလုံး ဥထားကာ ငုံးဥ နှစ်လုံးက မျိုးအောင်နိုင်ခြင်း မရှိပေ။ ကျန်တစ်လုံးကို အသိုက်ထဲတွင် ထားခဲ့ပြီး နှစ်လုံးကို ထုတ်ယူခဲ့သည်။
"အရင်ဆုံး သိမ်းထားရမယ်၊ ချက်ချင်းမစားသေးဘူး"
ငုံးဥများသည် အခြားဥများကဲ့သို့ ခံနိုင်ရည်မရှိသော်လည်း ၃၅ ရက်ကြာအောင် သိမ်းထားလို့ရသည်။ ဟင်းချက်တဲ့အခါ ဒါမှမဟုတ် အပိုဟင်းအဖြစ် စားနိုင်ဖို့ သိမ်းထားရင် ကောင်းလိမ့်မယ်။
အစောပိုင်းဥတွေ သိုလှောင်ထားတဲ့ ဘဲဥ၏တောင်းကြီးက လွတ်နေလို့ လော်ရွှင့် သည် ငုံးဥနှစ်လုံးကို ခြင်းတောင်းကြီးထဲတွင် ထည့်လိုက်သည်။ ကြီးမားသော ဝါးခြင်းတောင်းအတွင်းမှ ဥသေးသေးလေး နှစ်လုံးကို ထည့်ထားတာက ရယ်ချင်စဖွယ်ဖြစ်နေသည်။ တကယ်တော့ ဒီကမ္ဘာကြီးမှာ ငုံးဥက စားရတာ အရသာ အရှိဆုံးပဲ။
ငုံးတစ်ကောင်၏ သက်တမ်းသည် မရှည်လျားလှပေ၊ ကျန်းမာသော အိမ်မွေးငုံးသည် နှစ်နှစ် အသက်ရှင်နိုင်ပြီး တောရိုင်းငုံးများသည် သုံးနှစ်မှ ငါးနှစ်အထိ အသက်ပိုရှည်သည်။ ဟုတ်သားတယ်၊ ဒီငုံးတွေကို ရွာက ကလေးတွေက မနှစ်က လယ်ကွင်းတွေကနေ ဖမ်းးယူခဲ့တယ်လို့ ပြောတာကို လော်ရွှင့် မှိတ်မိလိုက်တယ်။ ငှက်များကို ဖမ်းမိသည့်အချိန်က အသက်မည်မျှ ရှိမည်ကို ရှင်းရှင်းလင်းလင်းမသိရသေးဘဲ ဥအနည်းစုကို ဥ နိုင်မည်ဟု ခန့်မှန်းထားသော်လည်း နောက်ပိုင်းတွင် သိပ် ကြာကြာတော့ အသက်ရှည်တော့မည်မဟုတ်ပေ။ သူတို့ နှစ်ဦးအတွက် ငုံးဥများ စောစောဥပြီး ဥပေါက်ရန် အရေးကြီးပါသည်။
"ငုံး ခုနစ်ကောင်က ပေါက်တဲ့ ငုံးတွေဆိုရင် သတ်သတ်ခွဲထားရမယ်။ သူတို့ကို ရောထားလို့မဖြစ်ဘူး "
အရွယ်ရောက်တဲ့ ငုံးတွေဟာ အတိုင်းအတာတစ်ခုအထိ အသက်ကြီးပြီး သေဆုံးသွားတာ ပိုကောင်းပါတယ်။ ယခုအခါ အပြင်ဘက်တွင် ဗီဇပြောင်းလဲသွားသော သားရဲများ မပေါ်သေးပေ၊ ယခုအခြေသည် ထိုသားရဲများကို လို့ရနေသေးသည်။ အသားစားချင်ရင် အိမ်ဆိုင်တွေမှာ သိုလှောင်ထားတဲ့ အေးခဲအသားနဲ့ ငုံးသားတွေကိုပဲ အားကိုးရတော့မယ်။
"ကောင်းပြီ၊ စောင့်စရာ မလိုပါဘူး၊ အခု ချက်ချင်းလုပ်ကြတာပေါ့။"
ယန်ဖေး သည် နံရံတစ်ဖက်မှ သံတုံးတစ်တုံးကို လှမ်းယူကာ ပြောင်းလဲလိုက်ပြီး ငုံးများ၏ခြေထောက်များကို လျင်မြန်စွာ ရစ်ပတ်ထားသော ပါးလွှာသော ကြိုး ခုနစ်ခု အဖြစ်ပြောင်းလဲကာ ယခင်ရှိပြီးသား ငုံးတွေကို အမှတ်သားပြုလိုက်ပြီးဖြစ်သည်။
သူသည် အိမ်ရှိ ပထမ အသုတ်ငုံးများ၏ ခြေထောက်က သံကွင်းလေးပေါ်မှာ '1' ကိုလည်း တမင်ထွင်းထုခဲ့သည်။လော်ရွှင့် သည် အသစ်ပေါက်လာသော ငုံးများသည် မျိုးသုဉ်းပျောက်ကွယ်မသွားစေရန် အထီးနှင့်အမများ ပေါက်လာနိုင်ဖို့သာ မျှော်လင့်ခဲ့သည်။
ပြီးတာနဲ့ သူတို့နှစ်ယောက် ဒုတိယထပ်ကို အတူတူသွားကြတယ်။ ထိုစဉ် ယန်ဖေး က မေးသည်။
"ဘာလို့ မီးအပူရှိန်နဲ့ ဥကို အကောင် မဖောက်တာလဲ"
ငုံးမတွေ ဥတွေကို ထပ်ဥဖို့ အချိန်ပိုယူရမှာဖြစ်ပြီး တကယ်လို့ ထပ်မဥရင်ကော ဘယ်လိုလုပ်မလဲ။
လော်ရွှင့် က ပခုံးတွန့်ကာ ကူကယ်ရာမဲ့စွာပြောလိုက်သည်။
"လောလောဆယ် ဥ တစ်လုံးတည်းဆိုတော့ နည်းလွန်းတယ်။ ငါတို့ ထပ်စောင့်ရင် ဥတွေ ပိုရလိမ့်မယ်"
အိမ်တွင် မီးဖိုများနှင့် ဖန်လုံအိမ်များရှိသည်။ ငုံးဥတွေ ရပြီးနောက် သူတို့ကို ဆီမှာ ဥတစ်လုံးသာ ရှိသေးပြီး သားပေါက်ဖို့ ထားရှိတဲ့ ပုံးမှာ အနည်းငယ် ကြီးလွန်းသည်။ထို့အပြင် သူတို့သည် တောမှ ငုံးရိုင်းများဖြစ်သည်၊ အရွယ်ရောက်ပြီး ငုံးများနှင့် ကြီးထွားလာမည့် ငုံးသားပေါက်များအတွက် ထပ်ပေါက်လာရင် အတော်ဖြစ်ပါလိမ့်မည်။
ဒုတိယထပ်မှာ အဝတ်အစားတွေလဲတယ်။ ယန်ဖေး သည် သူ၏ စွမ်းအားကို သုံးစွဲရန် ညတိုင်း သူ လေ့ကျင့်သည့် သံဘောလုံးကို တစ်ချက်ကြည့်လိုက်သည်။ သူရုတ်တရက် လော်ရွှင့် ကိုဆွဲထုတ်ပြီး ကုတင်ပေါ်တက်သွားခဲ့တယ်။
"မင်း ဘာလုပ်နေလဲ?"
"နေ့လည်က တစ်ရေးတစ်မောအိပ်ထားလို့ အခု ငါ အိပ်မပျော်သေးဘူး။"
လော်ရွှင့် က သူ့ခါးကို ပတ်ထားတဲ့ လက်က အပူရှိန်ကို ခံစားလိုက်ရတယ်။
"ခင်ဗျားရဲ့ သံဘောလုံးနဲ့ မလေ့ကျင့်ဘူးဆိုရင်လည်း မအိပ်နဲ့။ ကျွန်တော် တို့ မနက်ဖြန် စောစောထရမယ်လေ!"
"နောက်တစ်ခု အရင်လုပ်ရအောင်၊ ဒါဆို အိပ်လို့ရပြီ"
"လူဆိုးကြီး! လွတ်စမ်းပါ..."
ယန်ဖေး သည် လူဆိုးတစ်ယောက်သာမဟုတ်၊ သူ့ရဲ့ဆိုးသွမ်းမှုကို စကားလုံးဖြင့်ဖော်ပြရန် မလုံလောက်ပေ၊ သူက တကယ့်ကို စွမ်းဆောင်နိုင်သည့် လူတစ်ဦးလည်းဖြစ်သည်။
မနက်မိုးလင်းတော့ သူတို့နှစ်ယောက် အိပ်ရာထချိန်မှာ ကောင်းကင်က သိပ် မလင်းသေးပေ။ သူတို့ မနက်စာစားပြီး ရေဆေး၊ အိမ်အခြေအနေကို စစ်ဆေးပြီး ကားသော့ကို ယူပြီး ပြတင်းပေါက်တံခါးကို ပိတ်ကာ အိမ်မှ ထွက်လာခဲ့သည်။
လီထယ် နဲ့ တခြားလူတွေ အပြင်ထွက်ရမယ့်အချိန်ရောက်တော့ သူတို့အားလုံး တန်းစီပြီး အောက်ထပ်ကိုဆင်းသွားတယ်။ လော်ရွှင့် က ဒီနေ့ ကားမောင်းပြီး လီထယ် နဲ့ အဖွဲ့ ကို လိုက်ပို့ပေးတယ်။ သူ့ကားက ထိုင်ခုံမလောက်လို့ ကြမ်းပြင်ပေါ် ထိုင်ရပေမယ့် ခြေလျင်ထက် အများကြီး ပိုမြန်တယ်။
တန်းလျားအနီးတစ်ဝိုက်တွင် ကားရပ်ထားသည့်နေရာတွင် လူပေါင်းများစွာ တံခါးဝ သို့ ပြေးသွားကြသည်။ အစောင့်များသည် သူတို့၏ အထောက်အထားတစ်ခုစီကို စစ်ဆေးပြီးနောက် သူတို့အား ဝင်ရောက်ခွင့်ပြုခဲ့သည်။ တံခါးနှစ်ဘက်စလုံးတွင် လူတွေ လှုပ်ရှားမှုရှိနေပြီး လော်ရွှင့် နှင့် ယန်ဖေး တို့က ထွက်ခွာမည့်နေရာသို့ သူတို့၏ ထရပ်ကားဖြင့် ဆက်သွား ကြသည်။ နှစ်ယောက်သားရောက်လာတာကို မြင်တော့ ကားသမားက နှုတ်ဆက်ပြီး အထဲကို ဝင်ခိုင်းလိုက်တယ်။ တပ်မှူး ရောက်လာပြီး မကြာခင်မှာ လူသစ်နှစ်ယောက်နဲ့ စစ်သားတချို့ ရောက်လာတယ်။
"မင်းတို့ သိပြီးသားဖြစ်နိုင်တယ်၊ ဒါပေမယ့် မနေ့မွန်းလွဲပိုင်းက ဖုတ်ကောင်တွေ အများကြီးက အခြေစိုက်စခန်းအပြင်ဘက်မှာ ထပ်ရောက်လာတယ်။ အသက်ရှင်ကျန်ရစ်သူတွေ အများကြီးလည်း ထပ်ရောက်လာတယ်။ အခြေအနေက နည်းနည်းကြောက်စရာကောင်းပေမယ့် အထက်က လူတွေက ကျွန်တော်တို့ကို အန္တရာယ်ကနေ ကာကွယ်ဖို့ ကူညီပေးမယ့်လူကို စေလွှတ်မယ်ဆိုတော့ အားလုံး စိတ်ချနိုင်ပါတယ်။"
လူနှစ်ယောက်က ခေါင်းညိတ်ပြပြီး မကြာသေးမီက အခြေချမယ့် လူသစ်တွေ ရောက်လာတာက သူတို့အခြေစိုက်စခန်းကို ဖုတ်ကောင်တွေ တိုးပွားလာရခြင်းရဲ့ အကြောင်းအရင်းဖြစ်ကြောင်း သူတို့ နှလုံးသားထဲမှာ နားလည်ခဲ့ကြပါတယ်။ လူများစုဝေးများလေလေ ဖုတ်ကောင်များကို ဆွဲဆောင်နိုင်လေဖြစ်သည်။ လူသားတွေရဲ့အနံ့က ပိုပြင်းထန်ကာ ဖုန်ကောင်တွေ ဗီဇ ပြောင်းလဲလာသဖြင့် ဖုတ်ကောင်များ၏ အနံ့ခံအာရုံသည်လည်း တိုးလာကာ အခြေစိုက်စခန်းကို ဝိုင်းထားရန် ဖုတ်ကောင်များ တဖွဲဖွဲကျလာသည်။
ကားထွက်လာပြီးနောက် အရှေ့ဘက်ပိုင်းက နံရံတွေမှာ လူသစ်တွေကို တံခါးတွေကနေ ဝင်လာတာ တွေ့ရသလို ကြိုကြားကြိုကြား တဲများနှင့် နေရာအနှံ့ လူတွေ ပြန့်ကျဲကာ နေထိုင်နေကြသည်။ လူတွေ အများကြီးထပ်ရောက်ခဲ့တယ်။ ယခု မစ်ရှင်များမှ ပြန်လာသူများမှလွဲ၍ အခြားလူသစ်များကို အတွင်းနံရံအတွင်း၌ ဝင်ခိုင်းလို့ မရသေးပေ။ ထရပ်ကားဖြတ်သွားသောအခါ၊ နံရံတည်ဆောက်ခြင်း လုပ်ငန်းမှာ ပါဝင်စေဖို့ အသံချဲ့စက်သုံးပြီး အော်နေသည့် လူတစ်ဦး၏ အသံကို ကြားလိုက်ရသည် ။
တံတိုင်းတည်ဆောက်ခြင်းသည် အစားအစာသုံးမျိုး ထောက်ပံ့ပေးမည်ဖြစ်ပြီး ပစ္စည်း အမျိုးမျိုးအတွက် လဲလှယ်နိုင်သည့် အမှတ် အနည်းငယ်ကိုလည်း ထုတ်ပေး မည်ဖြစ်သည်။ အမှန်တကယ်တော့ ဒါက အတော်လေးကို ပေးတဲ့ အခကြေးငွေက များတယ်လို့ပြောနိုင်တယ်။ အခုချိန်က အနည်းဆုံးတော့ နောက်ပိုင်းမှာထက် ပိုပေးနေပါသေးတယ်။ အခြေခံ စားသောက်ကုန်တွေရဲ့ဈေးနှုန်းကလည်း အရမ်းများသေးပေ။ နောက်ပိုင်း ကမ္ဘာပျက်သည့် အချိန်ကြာလေလေ ငွေကြေးဖောင်းပွမှု ပိုမျးလာမည် ဖြစ်မည်။ ယခုအချိန်တွင် အခြေခံ ဝန်ထမ်းများသည် အမှတ်များကို မြင့်မားသောတန်ဖိုးဖြင့် ထိန်းသိမ်းထား သော်လည်း ငွေကြေးတစ်ခုအနေဖြင့် သုံးလို့ရသည့် ဖုတ်ကောင် အမြူတေ ပေါ်ပေါက်လာသဖြင့် နောက်ပိုင်းတွင် အမှတ်တွေရဲ့တန်ဖိုး အနည်းငယ်ကျ ဆင်းသွားမည်ဖြစ်သည်။
မနေ့က အလုပ်နေရာကို ကားရောက်လာဖို့ အချိန မကြာလိုက်ပေ။ ညနေပိုင်း တာဝန်ကျသည့် သတ္တုစွမ်းရည်အသုံးပြုသူ သုံးဦးကြောင့် ပိုမိုကောင်းမွန်ပြီး နံရံများသည် ပိုမိုရှည်လျားလာခဲ့သည်။ ဖုတ်ကောင်များကို အဝေးကမြင်ရပြီး အဝေးမှ စစ်သားအချို့က လက်နက်များကိုင်ကာ ခုခံနေကြသည်။ ဖုတ်ကောင်များ၏ လှုပ်ရှားမှုများကို ပိတ်ဆို့ရန်အတွက် အချို့သော လုပ်သားများဖြင့် ကတုတ်ကျင်းများကို ညတွင်းချင်း တူးထားပုံရသည်။
သတ္တုစွမ်းအားရှင်များသည် နံရံဆောက်လုပ်ရေးတွင် တစ်ဖန်ပါဝင်ခဲ့ကြသည်။ သူတို့သည် ဖုတ်ကောင်များကို မမြင်နိုင်သောကြောင့် လော်ရွှင့် နှင့် ကာကွယ်ရေး တပ်သားများအားလုံး နိုးနိုးကြားကြားရှိကြပြီး ဧရိယာကို စောင့်ကြည့်နေ ကြသည်။ မနက် ကိုးနာရီခန့်တွင် စုတ်ပြတ်သတ်နေသော အဖွဲ့တစ်ဖွဲ့သည် မြို့လယ်ခေါင်မှ အုတ်တံတိုင်းတံခါးဆီသို့ ပြေးလာကြသည်။ ကားနောက်ကွယ်မှာ တုန်လှုပ်ချောက်ချားနေပြီး ပုံမှန်မဟုတ်တဲ့ ဖုတ်ကောင်တချို့က ကားနောက်ကို လိုက်လာကြသည်။
"ဝန်ထမ်း အားလုံး သတိထားကြပါ... သတိထားကြပါ!"
ဖုတ်ကောင်အများစုကို အဝေးက ကာကွယ်ရေး စစ်သားများက သုတ်သင် လိုက်သော်လည်း၊ ကပ္ပတိန်က ဖုတ်ကောင်တစ်ကောင် သို့မဟုတ် နှစ်ကောင်ကို ဟန့်တားနိုင်ပေမယ့် အကုန်လုံးကို မတားနိုင်ပေ။ ထိုဖုတ်ကောင်များက ခံစစ်ကို ဖြတ်ကျော်သွားသဖြင့် နံနက်ခင်းတွင် အလုပ်လုပ်နေသည့် လူတိုင်းကို ချက်ချင်းသတိပေးခဲ့သည်။
သေနတ်သံများ ထွက်ပေါ်လာပြီး မကြာမီတွင် ဖုတ်ကောင်များက သူတို့ကို ပစ်ခတ်နေသည့် စစ်သားများထံမှ အရပ်သားတွေ ဘက်ကို လှည့်သွားခဲ့ကြသည်။ ယခုတစ်ကြိမ်တွင် ဖုတ်ကောင်နှစ်ဆယ်မှ သုံးဆယ်ခန့်သည် လမ်းမပေါ်တွင် လူတွေကို လိုက်ဖမ်းနေသည်။ သေနတ်သံတွေနဲ့အတူ မူလက ကားနောက်ကို လိုက်လာတဲ့ဖုတ်ကောင်တွေက လမ်းကြောင်းပြောင်းပြီး ရှေ့ကို ပြေးလာကြသည်။
"အသင့်ပြင်....!"
ကပ္ပတိန်သည် ဖုတ်ကောင်များပြေးလာသည်ကိုတွေ့တော့ လက်ကို အလျင်အမြန် မြှောက်ကာ လက်နက်ဖြင့် တရစပ် ပစ်ခတ်ရန် အမိန့်ပေးလိုက်သည်။
*ဒိုင်း....ဒိုင်း...ဒိုင်း ..... *
ဖုတ်ကောင်များကို ကျည်ဆန်တချို့ ထိမှန်ပေမယ့် အနည်းငယ်သာ ခေါင်းကို ထိမှန်ကာ ဖုတ်ကောင်ကို သေစေခဲ့သည်။ အများစုက ဖုတ်ကောင်ရဲ့ကိုယ်နဲ့ ခြေလက်တွေကို ထိမှန်ပြီး ဖုတ်ကောင်တွေက ရှေ့ကို ဆက်ပြေးတက်လာခဲ့သည်။
ရုတ်တရက် ဖုတ်ကောင်တစ်ကောင်သည် အံ့သြဖွယ်အရှိန်ဖြင့် ခုန်ဆင်း လာသည်။ သတ္တု စွမ်းအားရှင် နှစ်ဦး အနားယူရာနေရာသို့ ရောက်ရှိတော့မည် ဖြစ်သည်။
ယန်ဖေး သည် လက်ချောင်းတစ်ချောင်းကို မြှောက်လိုက်သော်လည်း သူ မလှုပ်ရှားနိုင်သေးခင် ဖုတ်ကောင်ခေါင်းက မထင်မှတ်ပဲ ပေါက်ကွဲသွားသည် ။
အခြားသတ္တုစွမ်းအားရှင်အနားရှိ စစ်သားက အံ့အားသင့်သွားသည်။ လော်ရွှင့် က ချွေးတွေထွက်ပြီး သူ့လက်ထဲမှာ လေးထောင့်ဒူးလေးကို ကိုင်ထားတာကို သူ တွေ့လိုက်တယ်။ ဖုတ်ကောင်များ ဝိုင်းထားစဉ်အတွင်း ဒူးလေးရဲ့မြှားတံက ဖုတ်ကောင်၏ ပါးစပ်မှ တစ်ဆင့်ခေါင်းကို ပေါက်ကွဲသွားသေည်။ ဒါက တကယ့်ပစ်ချက်ကောင်းပဲ...
တပ်ထဲက လူတိုင်းက လက်ဖြောင့်သူများမဟုတ်ကြပေ။ ဒါပေမယ့်လော်ရွှင့်က ဒူးလေးပစ်တာ အရမ်းကို လက်ဖြောင့်ကာ ကျွမ်းကျင်သည်။ ယန်ဖေး ဘက်မှ လော်ရွှင့်ရဲ့ လက်တည့်မှုကို မြင်ပေမယ့် တည်ငြိမ်သော အသွင်အပြင်ဖြင့် အံ့ဩခြင်းမရှိပေ။ လော်ရွှင့် ၏အကူအညီဖြင့်၊ ခံစစ်ကို ဖြတ်ကျော်ပြေးတက် လာသော ဖုတ်ကောင်များသည် တဖြည်းဖြည်း သေဆုံးကုန်သည်။
လော်ရွှင့် သည် ဘေးပတ်ပတ်လည်တွင် အန္တရာယ်မရှိဟု အတည်ပြုပြီးနောက် ဓားမြှောင်ကို ဘွတ်ဖိနပ်မှ ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ သူသည် ဖုတ်ကောင်ဦးခေါင်းခွံကို ဓားဖြင့် ထိုးကော်ကာ အမြူတေ ကို ရှာတွေ့ရန် လှည့်ပတ် ရှာဖွေလိုက်သည်။ ထိုအမြူတေကို ဖုတ်ကောင် ဦးနှောက်ထဲက မကောက်ယူခင် ရေသန့်ဘူးတစ်ဘူးနဲ့ ဆေးကြောပြီးမှ သိမ်းလိုက်သည်။ ဒါကို စောင့်ကြည့်နေသည့် စစ်သားတွေက တွေ့လိုက်ရတယ်။
ဒါဟာ အလေ့အထ တစ်ခုလိုပဲ မဟုတ်လား? ကိုယ်ရင်ဆိုင်နေရတဲ့ ဖုတ်ကောင်ကို သတ်ပြီးနောက် ကိုယ်ပိုင်ဆိုင်သည့် အမြူတေကို တူးထုတ်ကာ သိမ်းတယ်....
ဒါက ခေတ်ပျက် ကပ်ဆိုးကာလ အတွက် မရေးထားသော စည်းမျဉ်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်၊ လူတိုင်းက ဒီစည်းမျဉ်းကို လိုက်လျောညီထွေရှိရန် လိုအပ်ပါသည်။
ကပ္ပတိန်က သတိဝင်လာချိန်မှာ တခြားသူတွေကို ချောင်းဟန့်ကာ သတိပေးလိုက်သည်။
"အလောင်းတွေကို အတူတူစုပြီး ထောက်ပံ့ရေးသမားတွေက မီးရှို့လိုက်ကြ..."
ပြီးသည်နှင့် သူသည် လော်ရွှင့် ထံသို့သွားခဲ့သည်။
"ဒီဒူးူလေးနဲ့ ပစ်တာ မဆိုးဘူး၊ အရင်က ပစ်တာကို လေ့ကျင့်ဖူးလား"
လော်ရွှင့် သည် ခြောက်သွေ့သောအပြုံးဖြင့် ဖြေရင်း အမြူတေကို တိတ်တဆိတ် အိတ်ထဲထည့်လိုက်သည်။
"ကျွန်တော် က အမြဲ ဒူးလေးနဲ့ ပစ်တမ်း ကစားလေ့ရှိတယ်။"
သူက အမြူတေတွေ ရနေလို့ ပျော်နေသည်၊ လော်ရွှင့် သည် လီထယ် နှင့် အခြားသူများကဲ့သို့ မဟုတ်ပဲ အတော်လေး သန့်ရှင်းနေသေးသည်။ ကပ္ပတိန်နဲ့ တခြားသူတွေက သူ့ကို အန္တရာယ်ရှိတဲ့ အကြမ်းဖက်သမားအဖြစ် မမှတ်ယူပေ။ ထိုလူက အားတက်သရော စကားများပြောဆိုကာ သူ့ ပခုံးကို ပုတ်ကာ ချီးကျူးပေမယ့် သူ စုဆောင်းနေတဲ့ ကြည်လင်သော အမြူတေ ကို ပေးအပ်ဖို့ လော်ရွှင့်ကို မတောင်းဆိုခဲ့ပေ။
လော်ရွှင့် သည် သူ၏ လေးထောင့် ဒူးလေးရဲ့ မြှားနှစ်ချောင်းကို ပြန်လည်တွေ့ရှိပြီး ယန်ဖေး ဘက်သို့ မလာခင် အရင် ရေဆေးချလိုက်သည်။ သူသည် အမြူတေများကို ယန်ဖေးအနားကို ခိုးကြောင်ခိုးဝှက်ဖြင့် ကမ်းပေးလိုက်သည်။ အမြူတေဆီက စွမ်းအားကို စုပ်ယူတာက စွမ်းအားရှင်တွေ လုပ်နိုင်သောအလုပ်သာ ဖြစ်သည်။
ယန်ဖေး သည် သူ၏စွမ်းရည်ကို မြှင့်တင်ရန် သို့မဟုတ် စွမ်းအားကုန်ဆုံးချိန် အရေးကြီးသော အခိုက်အတန့်တွင် သူ၏စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် အမြူတေကို သုံးရမည်ဖြစ်လို့ ဒီအမြူတေတွေကို ယန်ဖေးကို ဦးစားပေးရမည် ဖြစ်သည်။
ယန်ဖေး သည် ပေါ့ပေါ့ပါးပါး ပြုံးကာ ချစ်သူ၏လက်ကို ဆုပ်ကိုင်ရန် အခွင့်အရေးယူ လိုက်သည်။ သူက ဒီ အမြူတေကို အခုအချိန်မှာ သုံးဖို့ မလိုအပ်သေးဘူး။ လက်ရှိ အမြူတေတွေက အရေအတွက်နည်းလွန်းပြီး သူ အဆင့်တခု တက်တော့မယ့် အချိန်မှာ စုပြီးသုံးဖို့ သိမ်းဆည်းတာက ပိုကောင်းပါတယ်။
မကြာခင် နေ့တစ်ဝက်လောက် ကုန်ဆုံးသွားတော့ လူတိုင်းက နေ့လည် ထမင်းစားချိန်အထိ နာရီပိုင်းလောက် စကားတွေပြောကာ စောင့်နေကြသည်။ အလုပ်ပြီးရင် အိမ်ပြန်ပြီး အနားယူလို့ရတယ်။ တစ်ဖန် သူတို့သည် ထရပ်ကားပေါ်မှ ကင်တင်းဆီသို့ ပြန်သွားကြသည်။ ကင်တင်းများသည် ယခင်ကထက် ပိုမိုပြည့်စုံလာသည်ဟု လူနှစ်ဦးက သိသာထင်ရှားစွာ ခံစားခဲ့ရသည်။
အကဲခတ်ပြီးနောက် ပဉ္စမမြောက် canteen သို့ရောက်လာသောလူမှာ အငယ်တန်း အရာရှိတစ်ဦးဖြစ်သော်လည်း လူသစ်အချို့ရှိပုံရသည်။ သူတို့သည် ယမန်နေ့က အခြား အခြေစိုက်စခန်းများမှ ပြောင်းရွှေ့လာသူများ ဖြစ်နိုင်သည်။ အထက်လူကြီးတွေ အတွက်တော့ စားသောက်ဆိုင်ထဲမှာ အစားစားပြီး ဂိတ်ဝမက ကင်တင်းတွေမှာ သူုတို့ကို မမြင်ရပါဘူး။ ဟင်းနှစ် ပန်းကန်ယူကာ နံရံနားက စားပွဲမှာ ထိုင်နေတဲ့ လူနှစ်ယောက်က ဖြည်းညှင်းစွာ မျက်နှာချင်းဆိုင် စားနေကြတယ်။
"အပြင်မှာ ဖုတ်ကောင်တွေ ပိုရှိမယ် ထင်လား"
ယန်ဖေး တိုးတိုးလေးပြောသည်။
လော်ရွှင့် မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။
"ဖြစ်ကောင်းဖြစ်နိုင်တယ်။ လူတွေက ဖုတ်ကောင်တွေကို ဆွဲဆောင်လာမိသလို လူအများကြီးစုနေတဲ့နေရာက အနံ့ပိုပြင်းလို့ ဖုတ်ကောင်တွေက အနံ့ခံပြီး လိုက်နိုင်ပါလိမ့်မယ်။ ဖုတ်ကောင်တွေ ပိုများလာမှာ သေချာပါတယ်။ ဒါကြောင့် လူတွေက ခြံစည်းရိုးတွေကို မြန်မြန် ဆောက်ဖို့ လိုအပ်ပြီး တကယ့် အကျပ်တည်းကြား မရောက်မီ လူတွေကို ကာကွယ်ရန် မြန်မြန် ရွှေ့ပြောင်း ပေးဖို့လိုတယ်"
ယန်ဖေး က စိတ်ထဲကနေ ထိုအချက်ကို သဘောတူလိုက်သည်။ မွန်းတည့်အချိန်၌ မြို့တွင်းတံခါးသို့ ပြန်လာကြပြီး မြို့တွင်းဘက်သို့ ထရပ်ကားတစ်စီး မောင်းနှင်လာသည့် လူအနည်းငယ်ကို တွေ့ခဲ့သည်။ ထိုလူများသည် တံတိုင်း ဆောက်လို စိတ်ရှိသည့်လူသစ်များ ဖြစ်နိုင်သည်။
"မနက်ဖြန်က စပြီး အလုပ်လုပ်ရင် သတိထားပါ၊ ကိုယ့်ကိုကိုယ် အလစ်တိုက် မခံရအောင် သတိထားပါ။"
ယန်ဖေးက လှည့်လိုက်ပြီး ဆက်ပြောသည်။
"ဒီနေ့ ဖုတ်ကောင်တွေက အရင်ကနဲ့မတူတော့ဘူး။ အပြင်က ဖုတ်ကောင် အများစုက ပြောင်းလဲလာတယ်လို့ ကိုယ်ထင်ပါတယ်။"
လော်ရွှင့် သည် သူ၏အရင်ဘဝတွင် ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်များ အကြောင်းကို သိခဲ့သည်။ အခုဘဝမှာ ထိုသို့ ဆင့်ကဲပြောင်းလဲလာသည့် ဖုတ်ကောင်ကို တွေ့ရပြီး အမြူတေရမယ်ဆိုရင် ဘယ်လောက်ပျော်ဖို့ ကောင်းလိုက်မလဲ။ ဒါပေမယ့် လော်ရွှင့် သည် သာမာန်လူတစ်ဦးဖြစ်ပြီး အနောက်တွင် စနိုက်ပါသမားအဖြစ် ရပ်တည်သွားမည် ဖြစ်သည်။ ယန်ဖေး သည် ထိုစစ်သားများကဲ့သို့ လော်ရွှင့်ကို ရှေ့တန်းမှ နေခွင့်မပေးချင်ပေ။ ကံကောင်းထောက်မစွာပင် ယခု သူ့လက်ထဲတွင် ကြည်လင်သော အမြူတေတွေ ရှိနေသည်၊ တကယ်လို့ အခြေအနေ ဆိုးရွားလာပါက သူ၏ စွမ်းအင်ကို ပြန်လည် ရရှိစေနိုင်သည်။ လော်ရွှင့် နှင့်အတူ ထိုဖုတ်ကောင်ကို သူလည်း ဝင်ရောက်တိုက်ခိုက်နိုင်သည်။ သူ့လက်ထဲမှာ သေးငယ်သော ပုံဆောင်ခဲ ဖုတ်ကောင်အမြူတေ နှစ်ခုသာ ရှိသော်လည်း၊ သူတို့၏အဖွဲ့အတွက် အနာဂတ်အန္တရာယ်ကို သူ ကာကွယ်နိုင်မည်ဖြစ်သည်။
ဒီနေ့ ထမင်းသွားစားတော့ စားစရာတောင် မကျန်တော့ဘူး။ နေ့လယ်စာ စားပြီးနောက် ပန်းကန်ခွက်ယောက်များကို စားသောက်ခန်းမှ မထွက်ခွာမီ ပြန်ထားခဲ့သည်။ အိမ်ပြန်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော အခြေစိုက် စခန်းမှ ကားဖြင့် လာကြိုသည်။
လူစည်ကားသော ဧရိယာတစ်ဝိုက်တွင် စပီကာပါသော ဝါဒဖြန့်ကားတစ်စီးကို တွေ့လိုက်ရသည်။ တံတိုင်းဆောက်လုပ်ရေးတွင် အလုပ်သမားများပါဝင်ရန် လူသစ်စုဆောင်းရေး ကြေညာချက်ကို ကြေငြာနေသည်။ ရက်အနည်းငယ် အကြာတွင် အခြေချနေထိုင်လာသူများနှင့် အနာဂတ်အသက်မွေးဝမ်းကြောင်း အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။ မရပ်မနား လူသစ်စုဆောင်းနေတဲ့အတွက် နောက်ဆုံးတွင် စစ်ဆင်ရေးကို ပံ့ပိုးပေးမည့် လူတွေကို လုံလောက်အောင် စုနိုင်ခဲ့သည်။
သူတို့က အိမ်ကို ကားမောင်းပြန်လာပြီး 16 ထပ်သို့တက်ကာ ကျန်းရီ ကို နှုတ်ဆက် ကာ နှစ်ယောက်သား အနားယူဖို့ အိမ်ပြန်လာကြတယ်။
"မနေ့က ပေးခဲ့တာနဲ့ ဒီနေ့ ပေးခဲ့တဲ့ အမှတ်တွေပဲ "
လော်ရွှင့် သည် သူတို့၏ အမှတ်များကို ထုတ်ယူပြီး မရေတွက်မီ ပေါင်းထည့်လိုက်သည်။ စွမ်းအားရှင်တွေရဲ့ လစာသည် အလွန်မြင့်မားသည်။ သာမန်လူတွေက တံတိုင်း တည်ဆောက်မှုတွင် တစ်နေကုန် ပါဝင်ဆောင်ရွက်သောအခါတွင် အမှတ် ခြောက်မှတ် ချီးမြှင့်ခံရသည်။ ယန်ဖေး သည် နေ့တစ်ဝက်သာ အလုပ်လုပ်ပြီး အမှတ် တစ်ဒါဇင်အပြည့်နှင့် ထမင်းအလကားပေးသည်။
"လောလောဆယ်တော့ သူတို့ကို ဘာမှ သုံးစရာမရှိသေးလို့ သိမ်းထားလိုက်။ သတ္တု သို့မဟုတ် သံမဏိကို အစားထိုးဖို လိုအပ်လာရင် ဒါကို သုံးရမယ်၊"
လော်ရွှင့် က ပြောပြီး အမှတ်တွေကို ကမ္ဘာပျက်ကပ် နောက်ပိုင်းမှာ သုံးဖို့ အထူးပိုက်ဆံအိတ်ထဲ ပြန်ထည့်လိုက်တယ်။
ယန်ဖေး သည် ဒီအတွက် ဘယ်လိုမှ စိတ်ထဲ မထားပဲ သူရတဲ့ လစာကို အပြည့်ဝ စီမံခန့်ခွဲဖို့ သူ့ချစ်သူထံ ထားခဲ့သည်။ အလုပ်က ရသမျှ ပစ္စည်းအားလုံးကို ယူခွင့်ပေးလိုက်သည်။
တစ်ရက်လောက် လိုက်လျောညီထွေ အလုပ်လုပ်ပြီးနောက် ယန်ဖေး သည် မပင်ပန်းဘဲ အိမ်ပြန်လာသည်။ ထိုနေ့မွန်းလွဲပိုင်းတွင် သူ တစ်ရေးတစ်မော အိပ်မနေဘဲ လော်ရွှင့် ကို အိမ်တွင်အလုပ်များလုပ်ရန် ကူညီပေးခဲ့သည်။ ဥပမာ စိုက်ပျိုးရန် ပစ္စည်းများ၊ ဟိုက်ဒရိုပိုနစ်သေတ္တာများ၊ အပေါက်များဖောက်ရန် လုပ်ပေးခဲ့သည်။
နေ့ခင်းဘက်မှာတော့ ငုံးအသိုက်ထဲမှာ လှုပ်ရှားမှုတချို့ရှိတော့ နှစ်ယောက်သား သွားကြည့်တော့ ငုံးတွေက ထပ်ပြီး ဥဥနေတာ အမှန်ပဲ။ လော်ရွှင့် သည် ဘေးနားရှိ ဓာတ်မီးကို ကောက်ကိုင်လိုက်ပြီး ယနေ့ ဥသုံးလုံးမှ နှစ်လုံးက မျိုးအောင်တယ်ဆိုတာ သိလိုက်သည် ။
"ကောင်းလိုက်တာ!"
လော်ရွှင့် က ဝမ်းသာအားရနဲ့ ငုံးဥ နှစ်လုံးကို ပြန်ထားခဲ့ပြီး တစ်လုံးပဲ စားဖို့ ရခဲ့သည်။ နောက်ဆုံးအကြိမ် မီးဖိုချောင်မှာ ငုံဥ နှစ်လုံးနဲ့ ဟင်းချက်ပေးခဲ့သည်။ ယန်ဖေး လည်း ပြုံးလိုက်ပြီး အိမ်မှာ ငုံးမွေးမြူတာထက် ဘယ်အရာကမှ ပိုအဆင်ပြေမှာ မဟုတ်ပါဘူးဟုတွေးနေသည်။
"ညစာက ရခါနီးပြီ၊ ကျွန်တော် ပြန်လာခဲ့မယ်"
လော်ရွှင့် သည် ငုံးဥကို မီးဖိုချောင်သို့ ယူသွားပြီးနောက် ငုံးကျွေးဖို့ မွေးထားသည့် ပိုးကောင်များကို ယူရန် ပျိုးခင်းခန်းသို့သွားခဲ့သည်။ မကြာမီပင် ယန်ဖေးက လော်ရွှင့်ရဲ့ အော်သံကို ကြားလိုက်ရသည်။
"ဘာဖြစ်တာလဲ။"
ယန်ဖေး သည် လော်ရွှင့် ကို အန္တရာယ်မဖြစ်စေရန် အမြန်ပြေးလာခဲ့သည်။
လော်ရွှင့် သည် မျက်နှာစိမ်းဖန့်ကာ မှန်တံခါးတွင် လှည့်ပတ်ကာ သွားလာနေသည့် ပိုးကောင်များကို ညွှန်ပြရန် သူ့လက်ကို မြှောက်လိုက်သည်။ ယန်ဖေး သည် ဆီကဲ့သို့ ပြောင်ကာ မည်းနက်နေသော ပိုးကောင်တစ်ကောင်ကို တွေ့လိုက်သည် ။
"ဒါက..."
" လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် ဂရုမစိုက်မိလို့ ပိုးတုံးလုံးကနေ အတောင်မည်းမည်းတွေ ပေါက်ပြီး အသွင်ပြောင်းသွားခဲ့တာ.... "
လော်ရွှင့် သက်ပြင်းချလိုက်သည်။
"ကောင်းပြီ၊ ရုတ်တရတ်ပြောင်းလဲမှုကြောင့် ကျွန်တော် လန့်သွားတယ်။"
ရံဖန်ရံခါ အတောင်ပံပါသော မှောင်မိုက်နေသော တွားသွားသတ္တဝါအစုအဝေးသည် ပျော့ပျောင်းသည့် အဖြူရောင်ပိုးကောင်များမှ ဖြစ်လာမယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ။
ကံကောင်းထောက်မစွာပင် လော်ရွှင့် သည် အတော်ပေါက်လာသည့် ထိုပိုးကောင်များကို အဖုံးပါသော သေတ္တာထဲတွင် ထည့်ထားရန် အသင့်ဖြစ်နေ သောကြောင့် အင်းဆက်များ အိမ်တစ်ဝိုက်တွင် မပျံသန်းနိုင်တော့ပေ။
ငုံးဥဥသည့် ငုံးများကို ဆုချရန်အတွက် ပိုးကောင်အချို့ကို ကောက်ယူကာ ကျွေးမွေးခဲ့သည်။ မကြာသေးမီက မွေးဖွားလာသော ပိုးကောင်ငယ်များက များပြားလာခဲ့သည်။ ဒါဆိုရင် ငုံးတွေကို ကျွေးဖို့ လုံလောက်နိုင်သည်။
ပြီးတော့ လော်ရွှင့်က ရေချိုးရန် ရေချိုးခန်းဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။ အနည်းဆုံး အင်းဆက်နက်တွေကြောင့် လန့်သွားသည့်စိတ်က ညစာမစားခင် သူတို့ အစာစားချင်စိတ် ပြန်ပေါ်လာတယ်။
ထိုညတွင် လော်ရွှင့် နှင့် ယန်ဖေး တို့သည် ငုံးဥသုံးလုံးကို အသုံးပြုပြီး ပင်လယ်ရေမှော်ပုဇွန်ငုံးဥ စွပ်ပြုတ်ကို ပြုလုပ်ခဲ့သည်။ လတ်ဆတ်သော ထမင်း၊ အသီးရွက် အချဉ် နှင့် အသီးအရွက်ကြော်များဖြင့် ညစာကောင်းကောင်းစားခဲ့သည်။
လီထယ် နဲ့ တခြားသူတွေက ကျန်းရီကို သူတို့ ပြန်လာတဲ့အခါ စားစရာတွေ ပေးအပ်ခဲ့သည်။ ကျန်းရီ သည် နောက်တစ်နေ့ မွန်းတည့်ချိန်အထိ စားစရာ ဖူလုံသွားသည်။
နောက်တစ်နေ့တွင် ယန်ဖေး နှင့် လော်ရွှင့် တို့သည် အလုပ်အတွက် စုရပ်ကိုရောက်တော့ မက်ဆေ့ခ်ျအသစ်တစ်ခုရခဲ့သည်။ လော်ရွှင့် က တအံ့တသြဖြင့် သူ့ကိုယ်သူ ညွှန်ပြလိုက်သည်။
တပ်မှူးက ပြုံးပြီး ခေါင်းညိတ်တယ်။
"ဒါကို အထက်လူကြီးတွေက အတည်ပြုတယ်။ မင်းက ပိုမိုသန့်စင်တဲ့ သတ္တုအချို့ကို လိုချင်တယ်ဆို။ မင်းတို့ဆီကို တစ်စုံတစ်ဦးက မကြာမီပေးပို့လိမ့်မယ်။ ပမာဏက သိပ်တော့ မများဘူး "
လော်ရွှင့် က ပြုံးပြီး ခေါင်းညိတ်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။ ဘယ်လောက်နည်းပါစေ သူတို့နှစ်ယောက်ကို ရှာဖွေရတာထက် သူတို့နှစ်ယောက်ကို ပေးခဲ့တဲ့ ပစ္စည်းတွေက သေချာပေါက် ကောင်းမှာပဲ။
သတ္တုကို ပေးနိုင်သလို အမှတ်များကိုလည်း ပေးကြပေမယ့် သူတို့ကို ဖုတ်ကောင်အမြူတေ ကို လောလောဆယ်တွင် မပေးကြသေးပေ။ အခြေစိုက် စခန်းက ထိုအမြူတေတွေအကြောင်းကို သေချာ မလေ့လာနိုင်သေးလို့ မကောင်းသည့် ဘေးထွက်ဆိုးကျိုး ရှိ မရှိကို မဆုံးဖြတ်နိုင်သေးခင် လုံးဝ ထုတ်မပေးနိုင်ပေ။
အခြေစိုက်စခန်းပြင်ပမှ ပုံမှန် စွမ်းအားရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းအချို့ ရှိကောင်းရှိနိုင်သော်လည်း စစ်တပ်ကတော့ ဖိအားပိုများလာလောက်သည်။ တကယ်လို့ ဒီအဖွဲ့တွေက တခုခုမှားသွားမယ်ဆိုရင် လူတချို့သာမက အခြေစိုက်စခန်း တစ်ခုလုံးကို ထိခိုက်သွားနိုင်သည်။ စခန်းတစ်ခုလုံးရဲ့ လုံခြုံရေးနှင့် သက်ဆိုင်သောကြောင့် သတိထားရန် လိုအပ်ပါသည်။
****-***
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies