Chapter (172) - ပေါက်စလေးရဲ့ စွမ်းရည်
လော်ရွှင့်ပြောလို့မှ မဆုံးသေးခင် ကားရုတ်တရက် ပြင်းထန်စွာလှုပ်သွားသောအခါ ထူးထူးဆန်းဆန်း သွားများကဲ့သို့ နှင်းထဲမှ သွယ်လျသော အနက်ရောင် အရာများ ထွက်ပေါ်လာသည်။
"ဒါ...နတ်ဆိုးနွယ်ပင်လား!" လော်ရွှင့်၏ သွေးများသည် သူ့သွေးကြောများထဲတွင် အေးခဲသွားသည်။
ညသည် မည်းမှောင်နေပြီး၊ ပတ်ဝန်းကျင်တစ်ခုလုံးမှုန်မှိုင်းနေသလို သူတို့လည်း တစ်နေကုန် ထိတ်လန့်တကြားနဲ့ အသဲအသန်ထွက်ပြေးလာရလို့ မျက်စိလည်ပြီး နတ်ဆိုးနွယ်ပင်တွေရှိရာကို တစ်နည်းနည်းနဲ့ ရောက်သွားမိတာ ဖြစ်မည်။။
လော်ရွှင့်သည် လွန်ခဲ့သော နှစ်ရက်ကတည်းက ထိုနေရာသည် စမ်းသပ်ကွင်းဟုတ်မဟုတ် မသိပေ။ ကံကြမ္မာဆိုးဆိုက်ရောက်လို့ သူတို့ ဒီနေရာကို ဆိုက်ဆိုက်မြိုက်မြိုက် လာမိသွားတယ်လို့ ထင်သည်။
လော်ရွှင့်သာ စဉ်းစားရန်အချိန်ရှိလျှင် ယာဉ်တန်းအပျက်အစီးကို ရောက်ရန် နှစ်ရက်ခန့် အချိန်ယူခဲ့ရသည်။ ထိုနှစ်ရက်အတွင်း သူတို့သည် အစာစားရန် အနားယူရန်၊ အနှီးများပြောင်ရန် တစ်ကြိမ်ထက်ပိုပြီး မနားခဲ့ပေ။ ဒါပေမယ့် သူတို့ ဖုတ်ကောင်တွေရဲ့ လိုက်ဖမ်းတဲ့ အခါမှာတော့ သူတို့ အရှိန်ပြင်းပြင်းနဲ့ ပြေးလာရလို့ နှစ်ရက်လာရသည့် ခရီးကို တစ်ရက်တည်းနဲ့ ရောက်လာခဲ့သည်။
သို့သော်၊ သူတို့သည် နတ်ဆိုး နွယ်ပင်များထဲသို့ တည့်တည့်ကြီး ပြေးဝင်သွားမိကြသည်။ သားကောင်ကို ရစ်ပတ်မိပါက လုံးဝ အလွတ်မပေးပဲ ဝါးမြိုတတ်သည့် မျိုးပြောင်းအပင်အုပ်ကြီးဆီကိုမှလေ...
လော်ရွှင့်နှင့် အဖွဲ့ သည် မျိုးပြောင်းတိရစ္ဆာန်ကြီး၏ သေဆုံးမှုကို သတိရပြီး သူတို့ အသက်လေး ဆက်ရှင်မယ်လို့ မမျှော်လင့်နိုင်တော့ပေ...
"ရွှီမိန်...i! မီး! စုန့်လင်းလင်း၊ အနီးဆုံးနွယ်ပင်တွေကနေ ရေကိုထုတ်စမ်း!"
သူက ယန်ဖေးရဲ့ နောက်ကျောကို မှီပြီး အမိန့်ဆက်ပေးလိုက်သည်။
ESTÁS LEYENDO
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Terrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies