Chapter (89) _ စွမ်းအားလေးခု ပေါင်းစပ်တိုက်ခိုက်ခြင်း
"အမြူတေကို ကျွန်တော် ဘယ်လိုစုဆောင်းရတော့မှာလဲ"
သူ့မျက်စိရှေ့က ပိပြားကျိုးကြေနေသည့် ဖုတ်ကောင်အုပ်ကြီး၏မြင်ကွင်းကို ရည်ညွှန်းရင်း လော်ရွှင့် ၏ ပါးစပ်လှုပ်သွားသည်။
ယန်ဖေးသည် အမည်မသိအရည်များဖြင့် ဖုံးလွှမ်းနေသော သတ္တုလုံးကြီးကို ရုတ်သိမ်းလိုက်ပြီး လော်ရွှင့် ကို ညင်သာစွာ ကြည့်လိုက်သည်။ "အရေးမကြီးပါဘူး၊ ငါတို့ ဖြည်းဖြည်းလုပ်မယ်။"
ဖုတ်ကောင်များထဲစိုက်ဝင်နေသည့် သတ္တုမြှားများသည် အသွင်ပြောင်းကာ ထိုဖုတ်ကောင်အသေကောင်တွေကို ဝန်းရံထားသည့် ယာယီခံတပ်အဖြစ်သို့ ပြောင်းလဲသွားသည်။ မိုးကာဖိနပ်များ ဝတ်ဆင်ထားသည့် စုံတွဲသည် လက်ချင်းချိတ်ကာ သတ္တုခံတပ် အတွင်းသို့ ဝင်လာပြီး အမြူတေကို စတင် တူးဖော်ကြသည်။
သတ္တုပြားများဖြင့် ရိုက်ခွဲခံရသော်လည်း အလောင်းအစိတ် အပိုင်းများမှာ ကြီးမားနေဆဲဖြစ်သည်။ ရွေ့လျားနေသော ပါးစပ်များပါရှိသော မကျိုးပဲ့သောဦးခေါင်းအနည်းငယ်ရှိပြီး အဆင့်နှစ်ဖုတ်ကောင်အများစုကို တိုက်ရိုက်သတ်ပစ်ခဲ့ရသည်။ ရုန်းကန်စရာမလိုဘဲ တခါတည်း သေဆုံးသွားနိုင်တဲ့ ရေနဲ့ မီးလုံးတွေကို ထွေးထုတ်နိုင်တဲ့ ဒီဖုတ်ကောင်တွေအတွက် ခုလို သတ္တုဘောလုံးကြီးဖြင့် ဖိသတ်ခံရတာက နည်းနည်းတော့ သနားစရာပါပဲ။
တစ်ဖက်တွင်၊ လီထယ် နှင့် အခြားသူများသည် ဘဏ်ရှိ မည်သူမျှမလိုလားအပ်သော အမှိုက်မျိုးစုံကို ခံတပ်များအတွင်းသို့ ပေါင်းထည့်ကာအကာရံကို မြင့်မားလာစေသည်။
ရုတ်တရက် လမ်းတစ်ခုလုံး တုန်ခါလာသည်နှင့်အမျှ လူအနည်းငယ်က ပေါက်ကွဲသံနှင့် ဖုတ်ကောင် အော်ဟစ်သံများကို ကြားလိုက်ရသည်။
"မြေကြီးတုန်နေတယ်၊ မြေငလျင်လား!"
"မဖြစ်နိုင်ဘူး?! ကမ္ဘာပျက်တဲ့ကာလမှာတောင် ငလျင်လှုပ်တာလား။"
"ကမ္ဘာပျက်ပြီးရင် ငလျင်လှုပ်လို့ မရဘူးလို့ ဘယ်သူပြောလဲ။"
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies