Chapter (44) - စတီးပြားကြီးများ
သံမဏိအိုးများနှင့် ဒယ်အိုးများ ရောင်းချသည့် လမ်းဘေးဆိုင်အချို့ရှိသော်လည်း သူတို့ကို ဝယ်ရန် အစားစာနဲ့လဲဖို့ မထိုက်တန်ပေ။ လော်ရွှင့်က တချက်သာကြည့်ပြီး ယန်ဖေးက ဈေးဝယ်ထွက်လိုစိတ် အနည်းငယ်သာရှိသည်။ လော်ရွှင့်က သူတို့အိမ်မှာ လိုအပ်နေသည့် စတီးနှင့် သတ္တုအနည်းငယ်သာ လိုအပ်နေသည်။ ထို့ထက်မက၊ ယန်ဖေးလည်း ဈေးကွက်အခြေနေကို မသိပေ။
အတွင်းခံနှင့်အဝတ်အစားများရောင်းသောကားကဲ့သို့ပင် ထိုအရာများကို လူများလိုအပ်နေသော်လည်း ယန်ဖေးသည် ထို အတွင်းခံဘောင်းဘီတွေကို လူဘယ်နှစ်ယောက်ထိမိလဲဆိုတာ မသိတဲ့အတွက် ထိုအရာတွေကို မလိုချင်ပေ။
လီထယ်က အတွင်းခံဘောင်းဘီသေတ္တာကြီးကို စူပါမားကက်တွင် မတွေ့မီကပင် ယန်ဖေး သည် သူ့ပစ္စည်းများသည် ကားထဲတွင်ရှိသော ကုန်ပစ္စည်းများထက် ပိုမိုသန့်ရှင်းသည်ဟု ခံစားခဲ့ရသည်။
အိမ်ရှေ့ကနေ ငိုယိုသံကြားလို့ သူတို့ နှစ်ယောက်သား မျှော်ကြည့်လိုက်တော့ ကလေးလေးတွေနဲ့ လှမ်းအော်ငေါက်နေတဲ့ အမျိုးသမီးကို တွေ့လိုက်ရတယ်။
"တစ်ဝက်ပဲစားတယ်လို့ မပြောဘူးလား! မင်း ဘာကြောင့် အကုန်စားလိုက်တာလဲ!"
တစ်ဖက်တွင် ဖောက်သည်တစ်ဦးက ရောင်းသူနှင့် ငြင်းခုံသည်။
"ဒါက ကွတ်ကီး တစ်ဝက်လောက် တန်လို့လား။ စဉ်းစဉ်းစားစားလေး ပြောပါဦး!"
လော်ရွှင့်က သက်ပြင်းချလိုက်သည်။
"အပြင်က နံရံကို ပြုပြင်မလို့လာကြည့်တာ... အခု ဈေးကွက်ထဲမှာ လူတော်တော်များနေပြီ"
"လွန်ခဲ့တဲ့နှစ်ရက်ကမှ အသစ်ရောက်လာတာဖြစ်မယ်။"
ယန်ဖေးက လှည့်ကြည့်လိုက်တော့ အခြေနေတွေ တင်းမာပြီး သွေးထွက်သံယို ရန်ဖြစ်နေသည့်ဖြစ်ရပ်များစွာကို တွေ့လိုက်ရသည်။ အစကတည်းက အခြေချနေထိုင်သူတွေနဲ့ နောက်ရောက်လာသူကြား သဘောထား ကွဲလွဲမှုတွေ ရှိခဲ့ပုံပေါ်တယ်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies