Chapter (42) - ဝက်သားစွပ်ပြုတ်

5.1K 853 12
                                    

Chapter (42) - ဝက်သားစွပ်ပြုတ်


အနက်ရောင် နံရံရှေ့တွင် ရပ်နေသော လူတစ်ယောက်သည် တံခါးဖွင့်ထားရန် ခလုတ်ကို အမြန်နှိပ်လိုက်ကာ သူ့ရှေ့က နက်မှောင်သော အတားဆီးကို လက်နှင့်စမ်းလိုက်ကာ တွန်းကြည့်၊လှုပ်ကြည့်ပေမယ့် တုတ်တုတ်မှ မလှုပ်ပေ။ ခေါက်ကြည့်တော့ သူ့လက်တွေ နာလာသည်။

"အာ!? နံရံက သတ္တုနဲ့တူတယ်!"

"အရမ်းထူတယ်! ခေါက်သံကိုတောင် မကြားရဘူး!"

"ဒါက နံရံနဲ့ အတူတူပဲ။"

တကယ်လို့ သူတို့လာရောက်စူးစမ်းခြင်းကို တားဆီးရန် လုပ်ထားသည့် နံရံက အရမ်းပါးနေပါက သူတို့က ထိုနံရံကို အလွယ်တကူ ချိုးဖောက်နိုင်လိမ့်မည်။ ဒါပေမယ့် ယန်ဖေးက သံမဏိပြားများစွာကို အသုံးပြုကာ အထူးထူထပ်သော နံရံတစ်ခုကို ပြုလုပ်ခဲ့သည်။ ထိုနံရံ့ 20 စင်တီမီတာအပြည့် အထူရှိပြီး ထို တံခါးကို ပိတ် ပြီးသည်နှင့် သူကိုယ်တိုင် ပြန်ဖွင့်မှသာ ပွင့်နိုင်လိမ့်မည်။

အချိန်အတော်ကြာအောင် ဓာတ်လှေကားက ထိုနေရာတွင် ရပ်နေကာ မရွေ့ပေ။ အောက်ထပ်ရှိ အခြားတစ်ထပ်မှ တစ်စုံတစ်ယောက်သည် ခလုတ်တစ်ခုကို နှိပ်လိုက်သည့် အချိန်ထိ အပေါ်ဆုံးထပ်တွင် အချိန် ငါးမိနစ်ကြာ ရပ်နေခဲ့သည်။

အချို့သောလူတွေက ဓာတ်လှေကားပေါ်ပြန်တက်လိုက်ကာ ဒီတစ်ခါတော့ 16လွှာထိ ဓါတ်လှေကားဖြင့် မတက်တော့ဘဲ 15 ထပ်မှာဆင်းကာ ရိုးရိုးလှေကားဖြင့် အပေါ်ထပ်ကို တက်ဖို့ပြင်လိုက်သည်။ ဒါပေမယ့် လှေကားကနေ အပေါ်ကို လှမ်းမျှော်ကြည့်သောအခါ မျက်လုံးများ ပြူးသွားကြသည်။

"ဒါက ဘာလဲဟ..."

"ဒီမှာလည်း တံခါးကို ပိတ်ထားတယ်!"

"ဒါက တကယ်သတ္တုပဲကွ!"

"မနေ့က စွမ်းရည်အသုံးပြုသူက လုပ်ခဲ့တာလား။ လေပေါ်မျှောနေတဲ့ သံမဏိ အပ်ချွန်တွေကိုလည်း သူက ထိန်းချုပ်ဖန်တီးနိုင်တယ်။ "

ထို စွမ်းအားရှင်သော မည်သို့သော အရည်အချင်းရှိသည်ကို သူတို့အားလုံး အတိအကျ မသိကြသေးသော်လည်း 16 လွှာရှိ အဖွဲ့က ကျန်အထပ်မှ လူတွေနှင့် ပေါင်းသင်းဆက်ဆံမှုနည်းလှသည်။ စစ်တပ်ထဲမှာပင် သတ္တု စွမ်းအားရှင်ကို သိပ်မတွေ့ဖူးပေ။ ဒါပေမယ့် ယန်ဖေးကဲ့သို့ သတ္တုကို ထိန်းချုပ်ကာ သတ္တုစူးချွန်များလို မလုပ်နိုင်တာကိုတော့ သူတို့ သိကြသည်။ စစ်တပ်ထဲက သတ္တုစွမ်းအားရှင်တွေက သတ္တုအတုံးလိုက်ကိုသာ ရွှေ့လျားအောင်လုပ်နိုင်ကြသည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now