Chapter (76) - အထိရောက်ဆုံး တိုက်ခိုက်နည်း

3.1K 579 6
                                    

Chapter (76) - အထိရောက်ဆုံး တိုက်ခိုက်နည်း

ဆူညံသံများက သွေးနံ့ကြောင့် စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည့် ဖုတ်ကောင်တွေရဲ့ အသံဖြစ်သည်။ ထိုအသံကြောင့် နီးနီးဝေးဝေးက ဖုတ်ကောင်တွေကို ဆွဲဆောင်မိပြီး သူတို့ ခံတပ်အပြင်ဘက်နားကို တဖြည်းဖြည်းစုစည်းလာကြည်။

ဖုတ်ကောင်များသည် စိတ်လှုပ်ရှားစွာဖြင့် လက်မောင်းများကို ဝှေ့ယမ်းကာ ပြေးလာကြသည်။ သွေးရနံ့ရှိနေကြောင်း အတည်ပြုပြီးသော ရှ့တန်းမှဖုတ်ကောင်တွေက  ပို၍ပင် စိတ်လှုပ်ရှားလာပြီး တံတွေးဖြင့် အော်ဟစ်လိုက်ကြသည်။

"သတိထား...အခု ဖုတ်ကောင်တွေကို ရှင်းဖို့က ကျန်းရီ နဲ့ ရွှီမိန်တို့ရဲ့ စွမ်းအားတွေအပေါ် မူတည်နေတယ်။"

လော်ရွှင့် ၏ အသံသည် အတော်ပင် ငြိမ်သက်နေပြီး သူ့လက်များက ဖုတ်ကောင်များဆီသို့ ခိုင်မြဲစွာ ချိန်ရွယ်ထားသော သစ်သားချောင်းကို ကိုင်ထားသည်။

စွမ်းအားရှင်များမပါရင်  လော်ရွှင့် သည် ဖုတ်ကောင်အများအပြားကို သူတို့၏ ခံတပ်ပတ်ဝန်းကျင်အတွင်းသို့ ဆွဲဆောင်နိုင်စွမ်းရှိမည်မဟုတ်ပေ။

သူတို့ကိုယ်သူတို့ ထိခိုက်ဒဏ်ရာရ မရအောင် ကမ္ဘာပျက်ကပ် ဖြစ်ပြီးနောက် လူတွေက အရမ်း သတိထားလာကြသည်။  တစ်ဖက်တွင် ရောဂါပိုးကူးစက်နိုင်ခြေကို တားဆီးထားပြီး အခြားတစ်ဖက်တွင် ညစ်ပတ်သည့်အရာများကို ထိတွေ့မိခြင်း နှင့် အခြားရောဂါပိုးများ ကူးစက်ခံရမည်ကို ကြောက်ရွံ့ခြင်းကြောင့်ဖြစ်သည်။ အခုတော့  သွေး၏အနံ့သည် ဖုတ်ကောင်အုပ်စုများကို ဆွဲဆောင်နိုင်ခဲ့လေပြီ။

လော်ရွှင့် သည် အနီးနားရှိ ဖုတ်ကောင်အရေအတွက် မများကြောင်း သတိပြုပြီးနောက် ဒီလမ်းဆုံကို ရွေးချယ်ခဲ့သည်။ သို့သော်လည်း နှစ်ကာလ ကြာအောင် ဖယ်ရှားပြီးနောက်တွင်ပင် ဖုတ်ကောင်အရေအတွက်သည် များစွာ လျော့ကျသွားခြင်း မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် သွေးထွက်ခဲ့ပါက၊ ထိုလူက  ဖုတ်ကောင် အုပ်စုကြီးကို ဆွဲဆောင်နိုင်ဦးမည် ဖြစ်သည်။ ဒါပေမယ့် တိုက်ခိုက်ရေးအုပ်စု မတောင့်လို့ ဒီလိုဖြစ်တဲ့အဖွဲ့ငယ်တွေက ဖုတ်ကောင်အုပ်ရဲ့ဝါးမြိုတာကို ခံလိုက်ရမည် ဖြစ်သည်။
 လမ်းထောင့်မှ ဖုတ်ကောင်များ တဟုန်ထိုး ပြေးလာနေသည်ကို မြင်လိုက်ရ သဖြင့် ကျန်းရီရဲ့မျက်ဝန်းထဲက သတ်ဖြတ်လိုရိပ်တွေဖြင့်    အလင်းရောင် ဖျတ်ခနဲ တောက်သွားသည်။ လေဓါးက ဖြည်းညှင်းစွာ စုစည်းလာသဖြင့် အဖွဲ့ထဲကလူတွေက မသိစိတ်ဖြင့် ကိုယ်တွေ မတ်လာမိသည်။
ယန်ဖေး သည်လည်း အနီးနားရှိ သတ္တုပုံကို စုစည်းကာ တိုက်ခိုက်ဖို့  အသင့်ရှိနေသည်။

ဖုတ်ကောင်အုပ်ကြီးရဲ့ ပထမလှိုင်းလုံးကြီး ရောက်လာသောအခါတွင် မြားတံပါသောလူများသည် လူစုခွဲကာ  ပစ်မှတ်များဖြင့် ပစ်ခတ်ကြသည်။ နောက်ထပ် ဖုတ်ကောင်များနှင့်အတူ ဒုတိယလှိုင်းသည် အဖွဲ့၏ ငါးမီတာအတွင်း ချဉ်းကပ်လာသောအခါ ကျန်းရီ ရဲ့ လေဓါးက ပေါက်ကွဲထွက်သွားသည်။

  သူနှင့်အတူ လေပြင်းနံရံတစ်ခု  ထွက်လာသည်။ ဖုတ်ကောင်များက လွှင့်ထွက်သွားပြီး တချို့က ချည်းကပ်တာ နှေးကွေးသွားခဲ့သည်။ တစ်ချို့က လေ  ဓါးသွားတွေကြောင့်  နောက်ပြန်လွှင့်ကုန်သည်။
 လေဓါးဖြတ်တိုက်ခံရချိန် အားနည်းသော အဆင့်နိမ့်ဖုတ်ကောင်တွေက မလှုပ်ရှားနိုင်တော့ပေ။   ကျန်းရီ ခေတ္တအနားယူပြီးနောက်၊ တတိယမြောက် ဖုတ်ကောင်တွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်။ ရွှီမိန်သည် ခံတပ်အပြင်ဘက်တွင် မီးလုံးလေးများ တန်းစီကာ မီးဖြင့် တိုက်ခိုက်ခဲ့သည်။ မီးလုံး တစ်ခုချင်းစီက ကြီးကြီးမားမားမဟုတ်ပေမယ့် သူမရဲ့ နဖူးမှာ ချွေးတွေ အများကြီးထွက်လာတယ်။ တစ်ချိန်တည်းမှာပင် ကျန်းရီ သည် မီးလုံးများကို လေစွမ်းအားဖြင့် ရှေ့သို့တွန်းထုတ်ရန် လုပ်လိုက်သည်။

  လေက မီးကို ကူညီပေးလိုက်ချိန်  မီးလုံးသေးသေးလေးက လမ်းမပေါ်မှာ   ကြီးမားသော မီးတောက်တစ်ခုအဖြစ် ပေါက်ကွဲသွားသည် ။  ဖုတ်ကောင်တွေရဲ့ မျက်နှာတွေ မီးလောင်ပြီး တချို့က ခေါင်းတွေတောင် လွင့်သွားကြတယ်။

ရွှီမိန်သည် မျက်လုံးပြူးကာ ထိုမြင်ကွင်းကို မယုံနိုင်အောင်  မြင်ကွင်းကို စိုက်ကြည့်နေသည်။ သူမနှင့် ကျန်းရီ လက်တွဲလုပ်ဆောင်ခြင်း၏ အကျိုးသက်ရောက်မှုကို သူမ မယုံနိုင်အောင် ဖြစ်ခဲ့သည်။ အဲ့ဒါက အရမ်းကို ပြင်းထန်တဲ့ ပေါက်ကွဲနှုန်းကို ဖြစ်ပေါ်စေတာပဲ...

တစ်ဖက်တွင်၊ စုန့်လင်လင် သည် လော်ရွှင့် ကို သဘောကျသည့်မျက်နှာဖြင့် လှည့်ကြည့်သည်။ ဒါက သူ့စိတ်ကူးပဲ၊ သူက ကပ္ပတိန်ဖြစ်နေတာ မဆန်းပါဘူး။ သူက  တိုက်ပွဲအတွေ့အကြုံ များနေခဲ့တာပဲ..

ကပ္ပတိန်အဖြစ် အထင်လွဲခံရသော လော်ရွှင့် သည် လျှို့ဝှက်စွာ အံ့သြ ဝမ်းသာသွားသည်။ ကျန်းရီ သည် ထိန်းသိမ်းရခက်သည့် လူဖြစ်ပေမယ့်  သူ့ စွမ်းအားက တကယ့်ကို ပြင်းထန်လှသည်။

လေနှင့်မီး ပေါင်းစပ်မှုသည် ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက် သာမန်တွဲဖက် တိုက်ခိုက်သူတွေ ဖြစ်ခဲ့သည်။ သူ့အရင်ဘဝတုန်းက လော်ရွှင့် ဟာ မြို့ထဲမှာ ဒီလို တွဲဖက်တိုက်ခိုက်ခြင်းကို အဝေးကပဲ မြင်ဖူးပေမယ့် တိကျတဲ့ စည်းမျဉ်းတွေကို မသိခဲ့ပေ။  သို့သော် သူသည် ရွှီမိန်၏ စွမ်းရည်ကို သိရှိပြီး သူ၏အတိတ်အတွေ့အကြုံနှင့်အတူ တိုက်ခိုက်မှုကို မည်သို့ပူးပေါင်းဆောင်ရွက်ရမည်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။

ကျန်းရီ ၏ လေစွမ်းအားသည် အလွန်အစွမ်းထက်သော်လည်း တွန်းလှန်နိုင်စွမ်း မရှိသည်ကို သိထားသင့်သည်။ သူ့လေဓားတွေက လူတွေကို အပိုင်းပိုင်းဖြတ်ပြီး သွေးထွက်သံယို ထိတ်လန့်စရာ အမျိုးမျိုးကို ဖြစ်စေနိုင်ပေမယ့် ဖုတ်ကောင်တွေပေါ်ကို မသက်ရောက်ပေ။ သေပြီးသား ဖုတ်ကောင်များသည် နာကျင်မှု သို့မဟုတ် ပင်ပန်းနွမ်းနယ်မှုကို မသိခဲ့ကြပေ။ ကိုယ်က ဘာတွေပဲ ပြတ်တောက်ပါစေ။ သူတို့  ဦးနှောက်ထဲမှာ အမြူတေ  ရှိနေသရွေ့တော့ တိုက်ခိုက်မှုကို ရပ်တန့်မှာ မဟုတ်ဘူး။

ထို့ကြောင့် ကျန်းရီ ၏ လေစွမ်းရည်ကို အခြားသူများ၏ စွမ်းရည်များနှင့် တွဲဖက်ခဲ့မယ်ဆိုရင် ဖုတ်ကောင်သတ်ဖို့ အကောင်းဆုံးဖြစ်လာလိမ့်မည်။
 
နောက်ထပ် ရေပန်းစားသော   ပူးပေါင်းဆောင်ရွက်မှုနောက်တစ်ခုမှာ ရေနှင့် မိုးကြိုးတို့ ဖြစ်သည်။ ကံမကောင်းစွာပဲ သူတို့အဖွဲ့တွင် စုန့်လင်လင် သည် ရေစွမ်းအားရှင်   သာဖြစ်ခဲ့သည်။ လျှပ်စီး/ မိုးကြိုး စွမ်းအားရှင် မရှိသောကြောင့် လော်ရွှင့် သည် သူမ၏ တိုက်ခိုက်မှုကို လေ့ကျင့်ရန် ဒူးလေးပစ်ခွင့်သာ ပေးခဲ့သည်။

အပြင်ထွက်မစ်ရှင်လုပ်တဲ့အခါ စုန့်လင်လင်က ထောက်ပံ့ရေးအတွက် အဓိက အရေးပါသူ ဖြစ်ခဲ့သည်။ သူမ ထုတ်ပေးတဲ့ရေက အရမ်းသန့်စင်ပြီး ပိုးမွှားကင်းစင်ကာ  အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေ မပါဝင်ပေ။ ရေစွမ်းအားရှင်ကို အပြင်ထွက်ကာ   ထောက်ပံ့ရေးပစ္စည်းများ စုဆောင်းရန် ထွက်သွားသည့် အဖွဲ့များစွာက ကြိုဆိုခံရသည့် သူတွေဖြစ်လာသည်။

 ရေးလင်းရေးလုပ်ငန်းအားလုံးကို ချောမွေ့စွာလုပ်ဆောင်ခဲ့ပြီး၊ လီထယ် နှင့် အခြားသူများသည်   ဖုတ်ကောင်အနည်းငယ်ကို သတ်ဖြတ်ခဲ့ကြသည်။ ခဏကြာပြီးနောက်၊ ဆူညံသံကြောင့် ဆွဲဆောင်ခံရသော ဖုတ်ကောင်အရေအတွက် လျော့နည်းလာပြီး တဖြည်းဖြည်းနှင့် ဖုတ်ကောင်များ ပေါ်လာခြင်းမရှိတော့ပါ။

ထိုအဖွဲ့သည် တိတ်တဆိတ် စိတ်သက်သာရာ ရသွားသည်။ သူတို့ကို ဖုတ်ကောင်အုပ်တွေကို တစ်အုပ်ပြီးတစ်အုပ ်သတ်နိုင်စွမ်းရှိသော်လည်း သူတို့သည် ဖုတ်ကောင်များကို ပထမဆုံးအကြိမ် အမဲလိုက်ခြင်းဖြစ်လို့ ကြောက်ရွံ့နေကြဆဲဖြစ်သည်။ ယခုတော့ နောက်ဆုံး ရလဒ်ကို မြင်လိုက်ရတော့ သူတို့ကိုယ်သူတို့ ဂုဏ်ယုူလိုက်မိ ကြသည်။

စိတ်တွေ ပြေလျော့သွားသလိုခံစားလိုက်ရချိန် လော်ရွှင့် က အော်လိုက်တယ်။
"ကျန်သေးတယ်!"

လူအုပ်ကြီးသည် လျင်မြန်စွာ မျှော်ကြည့်ကာ လမ်းထိပ်မှ အရိပ်တစ်ခု ခုန်ဆင်းလာသည်ကို တွေ့လိုက်ရသည်။
 မီးလုံးနဲ့ တိုက်....!

ရွှီမိန်နှင့် ကျန်းရီ တို့သည် ကြီးမားသောတိုက်ခိုက်မှုကို ပြုလုပ်ပြီးနောက် အနည်းငယ် ဖြူဖျော့သွားကြသည်။ ရုတ်တရက်ဆိုသလိုပင် ဒါဇင်ပေါင်းများစွာသော သံမဏိ အပ်များသည် ပစ်မှတ်ဆီသို့ ပျံသန်းလာအောင် ထိန်းချုပ်လိုက်ပြီးနောက် သူက အိတ်ထဲမှ အမြူတေ အချို့က စွမ်းအားကို စုပ်ယူလိုက်သည်။

ချက်ခြင်းပင် မယုံနိုင်လောက်အောင် ကြီးမားသော သတ္တုအပိုင်းအစ တစ်ခုအဖြစ်ပြောင်းသွားပြီး ဖုတ်ကောင်ကို ဖြိုခွဲပစ်လိုက်ပြီ။

လီထယ် နဲ့ အခြားတစ်ယောက်ရဲ့ မေးရိုးတွေ ပြုတ်ကျကာ အဆင့်မြင့် ဖုတ်ကောင်ကို ပိပြားသတ်လိုက်သည့်  သတ္တုပန်းကန်ပြား ကြီးကို ငေးကြည့်နေမိသည်။   ယန်ဖေး က ဖုတ်ကောင်ဆီ ပျံသန်းဖို့ သံပန်းကန်ပြားကို ထိန်းချုပ် နိုင်တာလား။

ယန်ဖေး သည် ထိတ်လန့်သည့်အကြည့်ကို လျစ်လျူရှုကာ ဖုတ်ကောင် ပြုတ်ကျနေချိန်တွင် ငြိမ်သက်စွာ ထိန်းချုပ်ထားကာ သံပန်းကန်ပြားသည် ပုံစံပြောင်းသွားသည်။ ဖုတ်ကောင်၏လည်ပင်းကို ကတ်ကြေးတစ်စုံကဲ့သို့ ရစ်ပတ်ထားပြီး သူ၏ လည်ပင်းကို ဆွဲယူလိုက်သည် ။ ထို့နောက် သံဆူးတစ်ခုသည် ဆန့်ထွက်ကာ ကြည်လင်သော အမြူတေ ကို ဖယ်ရှားရန် ဦးခေါင်းထဲကို ထိုးစိုက်လိုက်လေသည်။

*ဘမ်း* ဖုတ်ကောင်ခေါင်းက အမြူတေ ထုတ်ခံရပြီးနောက် ဘေးသို့ လှိမ့်သွားသည်။

မြင်ကွင်းကိုမြင်တော့ ကျောင်းသားတွေက "အိုး-" လို့ အော်ဟစ်လိုက်ကြသည်။
 

တကယ်တော့၊ ယန်ဖေး ဟာ သံမဏိအပ်တွေနဲ့ ထိုးစိုက်ထားတဲ့ ဖုတ်ကောင်တွေ သူတို့ဆီ ပြုတ်ကျလာမှာကို စိုးရိမ်နေခဲ့တာ။ ထိုသတ္တုအပ်တွေ စိုက်မိရင် သူတို့ မသေရင်တောင် ဒုက္ခရောက်မှာ သေချာတယ်။ ထို့ကြောင့် ဖုတ်ကောင်ကို တိုက်ခိုက်ဖို့   န် လုံလောက်သော သတ္တုအပိုင်းအစကြီးကို ပန်းကန်ပြားပျံလို ထိန်းချုပ်ကာ အဝေးမှ လှမ်းတိုက်ခိုက်လိုက်တာဖြစ်သည်။ သူက   သတ္တုကို ထိန်းချုပ်နိုင်သူဖြစ်လို့ သတ္တုကို   သံပြားပုံ ပြောင်းပြီး ဖုတ်ကောင်ကို တိုက်ရိုက်သတ်နိုင်ခဲ့တယ်။ သူက ဒီဟာကို စမ်းသပ်လုပ်ပေမယ့် အောင်မြင်ခဲ့သည်။
 "တော်တယ်!"
လော်ရွှင့် က စိတ်လှုပ်ရှားစွာဖြင့် ယန်ဖေး ကို ပွေ့ဖက်ပေးလိုက်သည်။

ယန်ဖေး သည် သူ့စွမ်းအားကို ကြုံရာဖုတ်ကောင်ပေါ် မစမ်းသပ်ရဲပေ။ တကယ်လို့  သူ့စွမ်းအင်ကုန်သွားပြီးနောက် အဆင့်နှစ် ဖုတ်ကောင်ပေါ်လာလျှင် ဘာဖြစ်သွားမလဲလို့တွေးပြီး သူ စိုးရိမ်နေသည်။    ရွေ့လျားမှုနှေးကွေးသော ဖုတ်ကောင်များကို ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း အရှိန်မြန်သွားနိုင်သည့် အဆင့်မြင့် ဖုတ်ကောင်ကို သူက ဒီနည်းနဲ့တိုက်ခိုက်ရန် မလွယ်ကူလှပေ။  

ဖုတ်ကောင်အုပ်ကို အကုန်ရှင်းပြီးနောက်  ဖုတ်ကောင် အလောင်းများကို မီးရှို့ပြီးနောက်  အမြူတေ ကို စုဆောင်းပြီး ကြိုကြားကြိုကြား ရောက်လာသည့် ဖုတ်ကောင်အချို့ကို ဖယ်ရှားခဲ့သည်။ လော်ရွှင့် နှင့် အဖွဲ့ သည် အနားယူရန် ဘဏ်၏ ဒုတိယထပ်သို့ ပြန်သွားခဲ့သည်။
သန့်ရှင်းသပ်ရပ်သော အင်္ကျီတစ်ထည်ကို တံခါးထောင့်တွင် ထုတ်ကာ  တွင်းထွက်ရေသန့်ဗူး များစွာကို ကိုင်ဆောင်ထားကြသည်။

"၂၁၀၊ ၂၁၁...၂၃၇! အားလုံးပေါင်း အမြူတေ 237!"

ဟော်ချန်ခွန်း က ပုလင်းကို ဝှေ့ယမ်းပြီး လော်ရွှင့် ကို ဝမ်းသာအားရနဲ့  ပြောလိုက်သည်။

"ငါတို့ မစ်ရှင်ထွက်လုပ်တဲ့အတွက် စခန်းကို ပြန်ပေးရမယ့် အမြူတေ အတွက် လုံလောက်ပြီကွ  !"

တစ်ဖက်မှ ရွှီမိန်နှင့် စုန့်လင်လင် က အလန့်တကြားလေး အော်ပြောလိုက်သည်။

 "မယုံနိုင်စရာပဲ! 200 ကျော်လား!"

ဝူရှင်း က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ဘာလဲ? 200 ကျော်လေးပဲလား?"

အမျိုးသမီး နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အံ့သြစွာ ကြည့်ကာ တံတွေးကို မျိုချလိုက်သည်။

 "ကျွန်မတို့ မစ်ရှင်တွေလုပ်ဖို့ ထွက်လာတိုင်း တစ်နေ့လုံးမှ အမြူတေ အလုံး ၁၀၀ ရဖို့က ပြင်းပြင်းထန်ထတ်လုပ်ရတယ်။ ဒါတောင် သူတို့က ဖုတ်ကောင်သတ်ပြီး အမြူတေရှာတဲ့ သီးသန့်အုပ်စုဖြစ်တယ်။   အဓိကအားဖြင့် ရိက္ခာရှာနေတဲ့သူတွေ တနေ့ကို အမြူတေ ၂၀ ဝန်းကျင်လောက်ရှိပဲရပြီး ပုံမှန်အဖွဲ့တွေက အမြူတေ  ခြောက်ဆယ် ဒါမှမဟုတ် ခုနစ်ဆယ်လောက်ဆိုရင် သူတို့ရတာ အတော်လေး များပြီလို့ ပြောလို့ရတယ်။  ဒါကြောင့် မကြာသေးမီက အခြေခံက ပေးဆောင်ရမယ့် အမြူတေ  အရေအတွက်ကို တိုးလာတဲ့အခါ လူတွေက အရမ်းမကျေမနပ်ဖြစ်ခဲ့ကြပါတယ်။"

  အမြူတေရှာမယ့်အဖွဲ့က စခန်းအပြင်ကို တစ်ခါထွက်လျှင်   သုံးရက်အတွင်း အမြူတေ  100 ပြန်ပေးဖို့ လိုအပ်သည်။ အဖွဲ့မှာ အံ့ဖွယ်ဖွယ်ရာ အမြူတေတွေ ရှာနိုင်ခဲ့ရင်တောင် သူတို့ စွမ်းအားကို အဆင့်မြှင့်နိုင်ဖို့ ဘယ်သူက ဒီလောက်များတဲ့ အမြူတေကို ပြန်ပေးချင်မှာတဲ့လဲ။
 
ထို့ကြောင့် အစားအစာမှလွဲ၍ အခြားပစ္စည်းများကို ကောက်ယူရန် ထွက်လာတဲ့ လူအများအပြားသည် အမြူတေ ၊ အစားအစာနှင့် သီးနှံ အစေ့များ စုဆောင်ခြင်းဖြင့် အဆုံးသတ်သွားကြသည်။

လော်ရွှင့်က အမြူတေစုဆောင်းရန် ထွက်မယ်လို့ ကြားတော့   ရွှီမိန်သည် အလုပ်မပြီးမချင်း စိတ်ပူသွားသည်။ ယခုတော့..သူတို့ ဘယ်လောက်မှ မလုပ်ရသေးဘူး ... သူတို့မှာ အမြူတေ  ၂၀၀ ကျော်ရှိပြီလား။

ယန်ဖေး ၏ မျက်နှာသည် ငြိမ်သက်သွားသည်။

"အရေအတွက်ကို မရေတွက်ရသေးဘူး၊ ဒါက သိပ်မများပါဘူး။"

ကျန်းရီကို လှည့်ကြည့်လိုက်ကာ ပြောလိုက်သည်။

 "အများစုကတော့ တစ်လကို တစ်ခေါက်လောက် ထွက်တယ်။ တစ်လလုံးသုံးဖို့ အမြူတေ  လုံလုံလောက်လောက် ရနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။"

ရွှီမိန်၏လက်များ တုန်ခါသွားကာ စုန့်လင်လင် သည် ယန်ဖေး ကို မယုံနိုင်စွာ ကြည့်နေခဲ့ပြီး ကျန်းရီ က ခေါင်းညိတ် ထောက်ခံလိုက်သည်။

 "မဟုတ်ရင် တစ်ခါတည်း ထွက်ရတာ သိပ်အဆင်မပြေဘူး။  အမြူတေ ရှိတာက စခန်းမှာ ဆက်နေနိုင်ဖို့အတွက် အရေးကြီးတယ်"

မထွက်ခင်မှာ သူတို့ဟာ အမြူတေကို အချိုးကျခွဲဝေဖို့ ဆုံးဖြတ်ထားပြီးသားပါ။ လော်ရွှင့် နှင့် ယန်ဖေး တို့ကို အုပ်စု တစ်စုအဖြစ် သတ်မှတ်ပြီး အမြူတေ၏ သုံးဆယ်ရာခိုင်နှုန်းအထိ ရရှိခဲ့သည်။ ကျန်းရီ နှင့် ဝမ်သော် တို့ကို အုပ်စုတစ်စုအဖြစ် ရေတွက်ရာတွင်လည်း သုံးဆယ်ရာခိုင်နှုန်းရှိသည်။ လီထယ် နှင့် အခြားသူတို့သည် သူတို့၏လက်နက်များနှင့် အခြားအရာများကို လော်ရွှင့်က ပေးခဲ့တာဖြစ်တဲ့အပြင် သူတို့ရဲ့    တိုက်ခိုက်ရေးစွမ်းရည်မှာ အတော်လေး ညံ့ဖျင်းသောကြောင့် လီထယ် နဲ့  အခြားသူများ၏ အချိုးအစားမှာ နှစ်ဆယ်ရာခိုင်နှုန်းဖြစ်သည်။ ရွှီမိန်နှင့် စုန့်လင်လင် တို့သည် အတွေ့အကြုံရင့်ကျက်သူများဖြစ်သောကြောင့် ကျန်နှစ်ဆယ်ရာခိုင်နှုန်းကို ရရှိခဲ့သည်။

ဒီကိစ္စတွင်၊ အလုပ်အတွက် စခန်းကို ပြန်ပေးရမယ့် ပမာဏကို နုတ်ယူပြီးနောက်၊ လော်ရွှင့် နှင့် အခြားသူများသည် နူကလိယ 40 ဝန်းကျင်သာ ရရှိမည်ဖြစ်ပြီး များများစားစား မရကြပေ။

လော်ရွှင့် က မျက်မှောင်ကြုတ်ပြီး ရုတ်တရက် အပြင်ဘက် လမ်းကို လှည့်ကြည့်လိုက်တယ်။ အနီးနားရှိ ဖုတ်ကောင်များက သူတို့  ချေမှုန်းလို့ ကုန်လုနီးပါးဖြစ်ခဲ့သော်လည်း အဝေးမှာဆိုရင်...

"ကျွန်တော်တို့သည် ထောင်ချောက်ဆင်ပြီး မြို့ထဲက အခြားဖုတ်ကောင်ကို ဆွဲဆောင်ဖို့   သွေးအိတ်ကို အသုံးပြုနိုင်တယ်။ ဒါပေမယ့် ပြင်ဆင်မှု အများကြီး ယူရမှာဖြစ်ပြီး ကျွန်တော်တို့မှာ အချိန် နှစ်ရက်ပဲ ရှိပါကျန်တော့တယ်။  ထောင်ချောက်နဲ့ ဆိုရင် ကျွန်တော်တို့ အတွက် လုံလောက်တဲ့ ဖုတ်ကောင်တွေကို မရမှာ စိုးရိမ်စရာ မလိုတော့ဘူး။ ဒါပေမယ့်   ဖုတ်ကောင်အများကြီးကို တစ်ပြိုင်နက်တည်း မသတ်နိုင်ရင် တစ်ကြိမ်ကို တစ်ကောင်သတ်တာက ပိုကောင်းပါတယ်။"

"လော်ရွှင့်..... ဘာထောင်ချောက်တွေလဲ။" ဟန်လိသည် လက်ကို ကမန်းကတန်း မြှောက်ကာ မေးလိုက်သည်။

"မြေပြင်မှာ အပေါက်ဖောက်ပြီး ဖုတ်ကောင်အားလုံးကို တွင်းထဲကျအောင် သွေးအိတ်ကို သုံးပြီးမြှားခေါ်မယ်။ ပြီးရင် အားလုံးကို တပြိုင်တည်း သတ်မယ်။"

 လော်ရွှင့် သည် ယန်ဖေး ကို ကြည့်လိုက်သည်။

"တွင်းကို သတ္တုနဲ့ သံမဏိအပ်များနဲ့ စိုက်ထားလို့ ဖုတ်ကောင်တွေ အောက်ကို ကျတာနဲ့ သတ္တု ချောင်းထဲ တစ်ခါတည်း စိုက်ဝင်သွားလိမ့်မယ်။  အဲ့ဒီအချိန် ရွှီမိန်နှင့် ကျန်းရီ တို့ရဲ့ လေနဲ့မီး ပေါင်းစပ်တိုက်ခိုက်မှုနဲ့ အားလုံးကို  အပြီးသတ်နိုင်လိမ့်မယ်။ ဝမ်းနည်းစရာကောင်းတာက အဖွဲ့မှာ မြေကြီးစွမ်းအားရှင်  မရှိဘူး"

 လော်ရွှင့်က ဝမ်းနည်းမှုအချို့ဖြင့် သက်ပြင်းချမိသည်။   ဒါမှမဟုတ် သူတို့ကိုယ်တိုင် တွင်းတူးရမှာလား...
 
ထိုနည်းလမ်း၏ အောင်မြင်နိုင်ချေသည် အလွန်မြင့်မားသော်လည်း အခြား ပြဿနာများလည်း ရှိခဲ့သည်။

"ငါက တွင်းတူးနိုင်တဲ့ အရည်အချင်းရှိပေမယ့် အမြူတေတော်တော်များများကို စားသုံးမိလိမ့်မယ်။ စွမ်းအားမလုံလောက်ရင် ငါ တွင်းတူးတဲ့နေရာ  ထိရောက်မှု မရှိနိုင်ဘူး။ မြေကြီးစွမ်းအားရှင်က အခြေစိုက်စခန်းအတွက် အလုပ်လုပ်လို့ အပြင်မှာ ရှိတာ ရှားတယ်..."

ကျန်းရီ ရုတ်တရက်ထပ်ပြောတယ်။

 "တကယ်လို့ ငါတို့က ဖုတ်ကောင်တွေကို ဆွဲဆောင်ဖို့ အရင်နည်းလမ်းကို သုံးလို့ရတယ်။ နောက်လ ငါတို့ ထပ်ထွက်တဲ့အခါ သင့်တော်တဲ့ မြေ စွမ်းအားရှင်  ရှိမရှိ သိနိုင်တယ်။ ဘယ်သူမှ မရှိရင်တောင်မှ သတ္တုကို ပြန်ယူလို့ရတယ်။ နောက်တစ်ခါ ထောင်ချောက်တွေ လုပ်ဖို့အတွက် ဖုတ်ကောင်တွေအများကြီးရှိတဲ့နေရာကို သွားကြ တာပေါ့။"

သူတို့ ဒီကို မောင်းလာကတည်းက တိုက်ခိုက်မှုကြုံတာ နှစ်ခါရှိပြီ။ မွန်းတည့်အချိန်၌ သူတို့သည် ဖုတ်ကောင်များ၏ လှိုင်းလုံးများကို ရင်ဆိုင်ခဲ့ကြရသည်။ အခု သူတို့ တွင်းတူးရမယ်ဆိုရင် မနက်ဖြန်တောင် မပြီးမှာကို ကြောက်နေကြတယ်။ ဖုတ်ကောင် ဘယ်လောက် စုဝေးလာမယ်ဆိုတာ မသေချာဘူး။ သူတို့ သတ်နိုင်တာထက် ပိုများလာရင် အကုန် အကျိုးနည်းကုန်မယ်။

"ဒါဆို ထမင်းအရင်စားရအောင်"
လော်ရွှင့် သည် ခေါင်းမာသူ မဟုတ်ပေ။ သူက အခုတကြိမ် စူးစမ်းဖို့ပဲ ထွက်လာကြပြီး နောက်တခါမှ ပစ္စည်းတွေ များများ ယူတာက ပိုကောင်းပါတယ်။ သူတို့သည် နံရံတွင် အလုပ်လုပ်ခြင်းမှ ရိက္ခာများ ရရှိနိုင်သေးသည်။ အမြူတေတွေ ရနို်င်မယ့် အခွင့်ရေးကို ကြုံပေမယ့် ကြိုတင်မပြင်ဆင်ခဲ့မိလို့ တတ်နိုင်သမျှ အမြူတေ မရနိုငတာ ဝမ်းနည်းစရာပဲ။

ကျန်းရီ သည်  အမြူတေနဲ့ ပြန်လဲလှယ်ရန်အတွက်  အမှတ်များကို အသုံးချနိုင်သော်လည်း အမှန်တကယ် နောင်တရမိတယ်လို့  ခံစားခဲ့ရသည်။ အပြင်မှာ ဖုတ်ကောင်တွေ အများကြီးရှိပေမဲ့ အခြေစိုက်စခန်းထဲမှာ အမြူတေ ဟာ ဈေးကြီးတဲ့ ကုန်ပစ္စည်းတွေပါ။ နောက်ပြီး လူတွေက မရောင်းချင်ကြဘူး။

နေ့လယ်စာစားချိန်အတွင်း စုန့်လင်လင် သည် သူတို့၏ မျက်နှာကို ဆေးရန် ရေဖန်တီးပေးခဲ့သည်။ လော်ရွှင့် စတင်ချက်ပြုတ်ရန် ရွှီမိန်သည် သူမ၏မီးစွမ်းအားကို သုံးခဲ့သည်။ ပြီးတော့ သုံးယောက်သား စားစရာတွေ ပေးကြတယ်။

တခြားသူတွေက ကူညီချင်ကြပြီး လီထယ် နဲ့ တခြားလူပျိုကြီးတွေက မိန်းမလှလေး နှစ်ဦးနဲ့ ခံစားချက်တွေကို ပြုစုပျိုးထောင်ချင်ပေမယ့် သူတို့ရဲ့ အရည်အချင်းက မလုံလောက်တဲ့အတွက် လော်ရွှင့် က သူတို့ကို မောင်းထုတ်လိုက်တယ်။

အစားအသောက်ကတော့ ရိုးစင်းတဲ့ အသီးအရွက် ဂျုံယာဂုနဲ့ ချဉ်ချဉ်စပ်စပ် အဆာတွေ ထည့်ပေါင်းထားတဲ့ ပေါင်မုန့်ကြီးတွေဖြစ်တယ်။ ဒါ့အပြင် လီထယ် နဲ့ တခြားသူတွေ မသိတဲ့ အမဲသားတွေလည်း အစာသွပ်ထားသေးတယ်။ လော်ရွှင့်က လုံလောက်အောင် များတဲ့ အမဲသားကို ဘယ်အချိန်က ဝယ်ခဲ့လဲဆိုတာ သူတို့ မသိဘူး။

ဟော်ချန်ခွန်း က သူ့လက်ထဲက အဆာသွပ်ပေါက်ဆီပေါင်းကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။

"ကင်တင်းက အကြော်မုန့်တွေရဲ့ အရောင်က ပိုပိုပြီး ထူးဆန်းလာတယ်။"

အခြေစိုက်စခန်းတွင် ပေးဝေသည့် မုန့်သည် အဓိကအားဖြင့် အဖြူရောင်ဖြစ်ပြီး အနည်းငယ်ဝါနေသေးသည်။ ပေါက်ဆီလုပ်သည့် အထဲမှာ ပြောင်းဖူးမှုန့် ထည့်ထား သည်ဟု သူတို့က သံသယရှိကြသည်။ ထို့နောက် ပေါင်းထားသော ပေါင်မုန့်သည် အနည်းငယ် နီလာလို့ ပန်းဂျုံကို ထည့်တာ ဖြစ်နိုင်ပြီး အခု ကင်တင်းက ပေါက်ဆီပေါင်းက အရောင်ညိုနေလို့ ဘာထပ်ရောထားတယ်ဆိုတာ ဘယ်သူမှ မသနိုင်ဘူး။

"အရောင်တင်မကဘူး။  အရသာက ပိုဆိုးလာတယ်"

ပေါင်မုန့်ကို ဝါးရင်း ဟန်လီက ထပ်ပြောသည်။

"သခွားသီးသနပ်က အရသာရှိတယ်။ လော်ရွှင့် .....မင်း အဲ့ဒါကို  ကိုယ်တိုင် လုပ်တာလား။ ဒါမှမဟုတ် ကမ္ဘာပျက်ကပ် မတိုင်ခင်က ဝယ်ခဲ့တာလား။ ဘာတံဆိပ်လဲ"

လော်ရွှင့် က မျက်တောင်မခတ်ပဲ ဖြေလိုက်တယ်

 "ကိုယ်တိုင်လုပ်ထားတာ။ မင်းတို့ အချဉ်လေး စားချင်ရင် သခွားသီးတွေ သီးလာတဲ့အထိ ခဏလောက်အောင်စောင့်ပေးနော်"

"ကောင်းလိုက်တာ! ကျေးဇူးတင်ပါတယ် လော်ရွှင့်!"

ရွှီမိန်နှင့် စုန့်လင်လင် တို့သည် လော်ရွှင့် ကို ထူးဆန်းစွာ စိုက်ကြည့်နေကြသည်။ သူက အမိန့်ပေးတယ်၊ ချက်ပြုတ်နိုင်တယ်၊ အချဉ် သနပ်တွေလည်း လုပ်နိုင်တယ်။  မူလက လော်ရွှင့် က အဖွဲ့ရဲ့ကပ္ပတိန်လို့ ထင်ခဲ့ပေမယ့် လီထယ် ပြောတဲ့စကားကြောင့်...   အိုတာ့ခု အဖွဲ့မှာ ကပ္ပတိန် လုံးဝမရှိခဲ့ဘူး!

သူတို့သည် အခြေစိုက်စခန်းတွင် အပြင်ထွက်ဖို့အတွက် သုံးနေတဲ့ အိုတာ့ခု  Otaku အဖွဲ့ ဆိုပြီး နာမည်ပေးထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ဒါပေမယ့် ဒီလူက အရမ်းကို စေ့စပ်သေချာပြီး အဖွဲ့သားအားလုံးရဲ့ လုံခြုံရေးကို ဂရုစိုက်ကာ  အိမ်မှုကိစ္စလည်း  နိုင်နင်းတယ်။  ခင်ပွန်းသည်အဖြစ် ရွေးချယ်ဖို့ အကောင်းဆုံး လူသားဖြစ်တယ်။

   မိန်းမနှစ်ယောက်က လော်ရွှင့်ရဲ့ အရည်ချင်းကို စောစောက သတိမထားမိတဲ့အတွက်  နောင်တရသွားတယ်။ လော်ရွှင့် နဲ့ ယန်ဖေး အတူတူရှိမှန်း မသိပေမယ့် ယောက်ျားတွေရဲ့ နှလုံးသားကို သူတို့က အတော်လေးကို သိထားကြပြီး ဖြစ်သည်။
 
ကမ္ဘာပျက်မတိုင်မီက ယောကျာ်းတစ်ယောက်ကို ရွေးတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်သည်ထက် ချောမောခန့်ညားသည့် ရုပ်ရည်ကို အဓိက ကြည့်ပြီးရွေးခဲ့ကြသည်။ ဒါပေမယ့် ကမ္ဘာပျက်ဆိုက်ပြီးနောက် ရုပ်ရည်ချောတဲ့ ယောကျာ်းတိုင်းက လူကောင်းမ ဟုတ်ဘူးဆိုတာ သူတို့ ဘဝကို ရင်းပြီး သိခဲ့ရပြီးပြီ။ သူမတို့လည်း အရာအတော် များများကို ဆုံးရှုံးခဲ့ရပြီးပြီ။ ဒါကြောင့် ဒီလို ကမ္ဘာပျက်အချိန်ကြီးမှာ သူမတို့က တစ်ကိုယ်တည်း စင်ဂယ်အနေနဲ့ဆက်လက် နေထိုင်ခဲ့ကြတာ ဖြစ်သည်။


အစာစားနေစဉ် အနီးနားရှိ ပြတင်းပေါက်မှ ကားသံ ထွက်ပေါ်လာသည်။ သူတို့အုပ်စုသည် ပြတင်းပေါက်ဆီသို့ ချက်ချင်းသွားကာ ကားအမြောက်အမြားကို သတိထားပြီး ကြည့်ကြသည်။ သူတို့သည် မြို့အတွင်းပိုင်းမှ အခြေစိုက်စခန်း ဆီသို့ ပြန်လာသည့် လူတွေဖြစ်သည်။  ဒီကားတွေနောက်ကို လိုက်နေတာ  ဖုတ်ကောင်တွေ ဘယ်လောက်များတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

"သူတို့အားလုံးဟာ သာမန်ကားတွေပဲ၊ ပြုပြင်မွမ်းမံထားတဲ့ စစ်ဘက်ဆိုင်ရာ ကား မဟုတ်ဘူး"

လော်ရွှင့် က အဖွဲ့ကို ပြောသည်။

"ဖုတ်ကောင်အနည်းငယ်တော့ ရှိတယ်။  ငါတို့အပေါ်ထပ်မှာတွေ့တဲ့ အဆင့်နှစ်ဖုတ်ကောင်ရှိနေရင် လူတိုင်း သတိထားပါ။ မြန်မြန်စားကြရအောင်.... ထမင်းပြီးအောင် ဖုတ်ကောင်တချို့ကို သတ်ကြစို့..."

ဒီအရာက အဖွဲ့ကို တက်ကြွစေခဲ့ပြီး၊ သူတို့က ဖုတ်ကောင်များများသတ်နိုင်လေ အမြူတေ များများရလေ ဖြစ်သည်။   လျင်မြန်စွာ ရွေ့လျားပြီး အဆင့်ပိုမြင့်သော ဖုတ်ကောင်များသည် အများအားဖြင့် အနောက်တွင် ရှိနေကြသည်။ နှေးကွေးသော ဖုတ်ကောင်တွေက လမ်းများပေါ်တွင် ပြန့်ကျဲနေသည်။

လော်ရွှင့် နှင့် အဖွဲ့ သည် အဆင့်မြင့်ကာ လျင်မြန်စွာ ရွှေ့လျားနိုင်သော ဖုတ်ကောင်များ မရှိကြောင်း အတည်ပြုရန် အပြင်မှ အခြေအနေကို စောင့်ကြည့်ရင်း အမြန်စားသောက်ကာ အနားယူခဲ့သည်။ အောက်ထပ်မှာ ကျန်လူတွေက  ပြန်စဖို့ အဆင်သင့်ဖြစ်နေပါပြီ။

အချို့သော ဖုတ်ကောင်များသည် ခံတပ်အပြင်ဘက်ရှိ လူသားများ၏ ရနံ့ကို ရှူရှိုက်ပြီးနောက် ရောက်လာကြသည်။ လော်ရွှင့် က သူတို့ကိုမြင်တော့ ဧည့်သည်တွေကို နှုတ်ဆက်ဖို့ ပြင်ဆင်လိုက်တယ်...  အိုး.....နိုး... မဟုတ်သေးဘူး။ ဖုတ်ကောင်တွေက  ခြံစည်းရိုးကို ကျော်တက်ဖို့ ရုန်းကန်ရင်း ရန်ဖြစ်နေကြတာပဲ...
 

နံနက်ခင်း တိုက်ပွဲအပြီးတွင်၊ သူတို့အားလုံးသည် ဝင်ပေါက်တစ်ဝိုက်ရှိ ဖုတ်ကောင်များကိုသတ်ဖို့ လက်နက်များကို ပို၍ ရင်းနှီးခဲ့ကြသည်။ လော်ရွှင့် သည် လတ်ဆတ်သော သွေးထည့်ထားသည့် သံဘားတစ်ခုကို ယူလိုက်ပြီး အဝေးမှ ဖုတ်ကောင်အချို့ ဆူပူအုံကြွကာ   ပြေးဝင်လာစေသည်။

နောက်ထပ် တိုက်ပွဲတွေ ထပ်ဖြစ်တော့မယ်...

အလုပ်ချိန် နှစ်ရက်မပြည့်သေးတဲ့ သူတို့ အဖွဲ့သည် နံနက် ရှစ်နာရီတွင် စခန်းမှ ထွက်ခွာပြီး နောက်တစ်နေ့ ညနေ ငါးနာရီခန့်တွင် ဂိတ်သို့ ပြန်လာခဲ့သည်။

အကျွမ်းတဝင်ရှိသော အဆောက်အအုံများနှင့် လက်နက်ကိုင်တပ်သား များရှိသည့် အခြေစိုက်စခန်းကို ကြည့်လိုက်ပြီး  ရွှီမိန်နှင့် စုန့်လင်လင် တို့သည် လေထဲတွင် လမ်းလျှောက်နေသလို ခံစားရသည်။

သူတို့အား လုံခြုံရေး တပ်သားများက ယာယီစောင့်ဆိုင်းနေရာသို့ နှစ်နာရီကြာ ပို့ဆောင်ပေးခဲ့သည် - ဒီအချက်က အခြေစိုက်စခန်းမှ ထုတ်ထားသော နောက်ဆုံး စည်းမျဉ်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရခြင်း မရှိပါက စခန်းသို့ပြန်မဝင်မီ နှစ်နာရီကြာ စောင့်ဆိုင်းရမည်ဖြစ်ပါသည်။

ကားကိုတော့ လုံခြုံတဲ့နေရာမှာ ရပ်ထားပြီး နောက်မှ ယူဖို့ ပြင်ထားသည်။ အဖွဲ့ဘက်ကို တစ်ချက်ကြည့်လိုက်တော့ ရွှီမိန်နဲ့ စုန့်လင်လင် က ပြောလိုက်သည်။

"နောက်တစ်ခါ အပြင်ထွက်ရင် တခြားသူတွေနဲ့ အတူတူ ဝတ်သင့်လား?"

ဦးထုပ်၊ ယူနီဖောင်းသားရေဂျာကင်၊ ဂျင်းဘောင်းဘီ၊ မိုးကာဘွတ်ဖိနပ်နှင့် ခြုံထည်တို့ကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးများ ဝတ်ထားသည်... ပုံစံက အခြားသူတွေထက်   လွန်ကဲနေသော်လည်း ဖုတ်ကောင်များကို ကာကွယ်ရန်အတွက် တကယ်လိုအပ်တာတွေ ဖြစ်သည်။  

အမျိုးသားအများစုကို အလွန်ရွံရှာခဲ့သည့် အမျိုးသမီးနှစ်ဦးသည် လော်ရွှင့် ၏ အသုံးအဆောင်ပစ္စည်းများနှင့် ဆင်တူရန် ဆုံးဖြတ်ခဲ့သည်။ သူတို့ရဲ့ ယောက်ျားတွေကို မကြိုက်ပေမယ့် ဘာကြောင့် လော်ရွှင့် နဲ့ တခြားသူတွေကို မရွံ့ရှာတာလဲ။

အဘယ်ကြောင့်ဆိုသော်... နှစ်ရက်တာကာလအတွင်း လီထယ် နဲ့  ကျောင်းသားများက သူတို့ကို မသိစိတ်က ကြိုးစား စောင့်ရှောက်ခဲ့သော်လည်း လော်ရွှင့် ၊ ယန်ဖေး နှင့် ကျန်းရီ တို့သည် အသန်မာဆုံး သုံးယောက်က သူတို့ကို လှည့်ကြည့်ရမည့် အမျိုးသမီးများအဖြစ် မမှတ်ယူခဲ့ကြပေ။ ထို့ကြောင့် အမျိုးသမီးနှစ်ဦးက သူတို့ကို ရိုးသားစွာ ဆက်ဆံခဲ့သည်။

သူတို့နှစ်ဦးသည် လီထယ် နှင့် ကျောင်းသားများထက် အကြိမ်ရေ ပိုမိုများစွာ  လော်ရွှင့် နှင့် စကားပြောဆိုခဲ့ကြသည်။ သနားစရာကောင်းသော လီထယ် နှင့် အခြားသူများ အနီးသို့ လာချင်သော်လည်း မလာနိုင်ခဲ့ပေ။ ကံကောင်းထောက်မစွာပင် လော်ရွှင့် နှင့် အခြားနှစ်ဦးတို့သည် လိင်တူချစ်သူများဖြစ်ကြပြီး မဟုတ်ပါက တက္ကသိုလ် ကျောင်းသား လေးဦးက သူတို့အား ဗီလိန်ဟု လျှို့ဝှက်စွာ တွေးတော မိမည်ဖြစ်သည်။

ဘာကြောင့်လဲဆိုတော့ အမျိုးသမီးနှစ်ယောက်က သူတို့လက်ထဲမှာ အမြူတေ စုစုပေါင်း 1265 လုံးရှိလို့ သူတို့က စခန်းကို ပြန်ပေးအပ်ဖို့ လိုအပ်တဲ့ အမြူတေ 100 ကို ပေးချေပြီးနောက် ကျန်အမြူတေ အားလုံးက သူတို့လက်ထဲမှာပဲ ရှိနေတယ်။

မှန်တယ်၊  အမြူတေ  ၁၀၀၀ ကျော်ရဖို့ သူတို့ ၂ ရက်လောက် အချိန်ယူ ခဲ့ရပါတယ်။ နှစ်ရက်တာကာလအတွင်း သူတို့ စားသုံးခဲ့သော ပမာဏကို ထည့်မတွက်ဘဲ အရောင်ကွဲပြားသော အဆင့်နှစ်အမြူတေကိုလည်း ထည့်မတွက်ခဲ့ပေ။

အမြူတေ 1000 ကျော်တောင် ရခဲ့တာလား...

အခြေစိုက်စခန်းထဲက နာမည်ကြီးအသင်းအချို့ပင်လျှင်  အချိန်တိုလေး အတွင်း ဒီမျှလောက်များသော အမြူတေကိုမရနိုင်ပေ။ ဒါက  အရူးအဖွဲ့မို့လား? ဖုတ်ကောင်သတ်သမားအဖွဲ့နှင့် ပိုတူသည်။ သူတို့ရဲ့ စွမ်းဆောင်ရည်က စစ်တပ်နဲ့ ယှဉ်နိုင်တယ်။


*****-*******

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Hikayelerin yaşadığı yer. Şimdi keşfedin