Chapter (7) - ကမ္ဘာပျက်ကပ်မတိုင်ခင်ည

8K 1.3K 30
                                    

Chapter (7) - ကမ္ဘာပျက်ကပ်မတိုင်ခင်ည





အခြောက်ခံထားသည့် ကြက်၊  ဘဲနှင့် ငန်းတို့က  ဧည့်ခန်း အထက် မျက်နှာကျက်မှာ တွဲလောင်းချိတ်ဆွဲထားသည်။ ထိုထဲမှာ  ဝက်အူချောင်းတွေလည်း ပါဝင်သည်။
 သူ့အခန်းက  လွန်ခဲ့သည့်ရက်အနည်းငယ်က ဟင်းချက်သည့်ရနံ့များဖြင့် ပြည့်နှက်နေသလို ထုရိုက်နေသည့် အသံတွေလည်း ထွက်ပေါ်နေသည်။  သူ နေထိုင်သည့် 16 လွှာက အရမ်းမြန်မြန် ဆန်ဆန်ကို ပြောင်းလဲလာခဲ့တယ်။

14 လွှာ လသာဆောင်ရှိ လက်သမားတွေက လေထဲက ပျံ့လွှင့်လာတဲ့ ဟင်းတွေရဲက   မွှေးရနံ့ကို ရှူရှိုက်နေကြပြီး  တစ်ယောက်က မေးလာခဲ့တယ်၊

"မနေ့က ပန်ကိတ်မုန့် ရဲ့ အနံ့။ ဒီနေ့ ဘာအနံ့လဲ"

" ကောက်ညှင်းခြောက်ကြော်နံ့လား! ငါ့အဖွားဆိုရင်  စူပါမားကတ်တွေက ရောင်းတဲ့ မုန့်ထက် ပိုအရသာရှိအောင် ချက်တတ်တယ်ကွ!"

"သူတို့ ဘာလုပ်နေတယ်ထင်လဲ။  နေ့တိုင်း ဟင်းချက်ဖို့ ဘာကြောင့်  လိုအပ်ရတာလဲ"

"နေ့လည်စာဘူးတွေ ရောင်းနေတာ ဖြစ်နိုင်သလား"

"နေ့လည်စာဗူးကို  ကောက်ညှင်းခြောက်ကြော် လုပ်ဖို့ လိုလို့လား။"

"အရံဟင်းအနံ့ မရဘူး"

"ဘယ်သူပြောလဲ? မနေ့က ဒီလိုအနံ့မျိုး မရှိဘူးလား။"

"ညနေ 5:30 ရှိပြီ၊ တစ်ယောက်ယောက်က ညစာ ချက်နေတာဖြစ်မယ်!"



ယနေ့လုပ်စရာများ ပြီးသွားပါပြီ။ လော်ရွှင့် သည် ကောက်ညှင်းခြောက်ကြော် ကြော်ပြီးနောက် ကျန်သည့် ဆီတွေကို  ဖယ်ရှားရင်း ပြုံးလိုက်သည်။ ဆန်အိမ်တစ်ဝက်လောက်ကို ခုလို ကောက်ညှင်းခြောက်ကြော် လိုလုပ်ပြီး သိမ်းလိုက်ရလို့  လော်ရွှင့် အရမ်းပျော်နေသည်။  အထူးသဖြင့် အပင်များစွာရှိသော အိမ်တွင် အစုလိုက် အပြုံလိုက် အစာများ သိုလှောင်ရန် ခက်ခဲသည်။   မြေကြီးထဲမှာ ပါတဲ့ ပိုးကောင်တွေက သူ သိုလှောင်ထားတဲ့ အစားအစာတွေကို စားသောက်ဖို့ ကြိုးစားနိုင်သည်။

 

 လော်ရွှင့်သည် မီးဖိုချောင်အပြင်ဘက်တွင် ဂက်စ်မီးဖိုမှ ထွက်သည့် အနံ့အသက်တွေ ကင်းရှင်းစေဖို့ ပန်ကာတစ်ခု တပ်ဆင်ထားသည်။ နောင်တွင် စွမ်းအင်ဆိုတာ အမြဲတမ်းရှားပါးလာလိမ့် မည်၊ ထို့ကြောင့် ကမ္ဘာပျက်ကာလတွင် ရှားပါးမှုက နှစ်ဆတိုးလာလိမ့်မည်။ ထို့ကြောင့် အခြားသူများကို   အခကြေးငွေ ပေးဆောင်ခြင်းမှ ရှောင်ရှားနိုင်ရန် လျှပ်စစ်ဓာတ်အား ချွေတာရန် လိုအပ်သည်။

ဥပမာအားဖြင့်၊ သူ့တွင်ရေခဲသေတ္တာသုံးခုရှိပြီး တစ်ခုသည် ဒေါင်လိုက်ဖြစ်ပြီး ကျန်နှစ်ခုမှာ အလျားလိုက်ဖြစ်သည်။ သုံးမျိုးလုံးသည် စွမ်းအင်ချွေတာနိုင်စွမ်းမြင့်မားသော ထုထည်ကြီးမားသော ကိရိယာများဖြစ်သည်။ လက်ရှိတွင် စူပါမားကတ်မှ ဝယ်ယူသည့် အသားမျိုးစုံဖြင့် ပြည့်နေပြီး သူ့တိုက်ခန်းတွင် ထို ရေခဲသေတ္တာတွေကသာ တစ်ခုတည်းသာ စွမ်းအင် သုံးစွဲကာ လည်ပတ်နေ သည်။

မီးသီးအားလုံးကို စွမ်းအင်ချွေတာသည့် မီးလုံးများဖြင့် အစားထိုးခဲ့သည်။  လော်ရွှင့်သည် ဖယောင်းတိုင်၊ အရက် စသည်တို့ကို သိုလှောင်ထားသေးသည်။ ဧည့်ခန်းထဲပြန်ရောက်တော့ ခွေးကလေးက  လော်ရွှင့်ကိုတွေ့တော့ ပွေ့ဖက်ပေးဖို့ တောင်းဆိုရင်း အမြီးကို လှုပ်ခါရင်း ခြေထောက်ပေါ် အတင်း ကုတ်တက်နေသည်။

 

 လော်ရွှင့် သည် ခွေးကလေးကို ကောက်ပွေ့ လိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်နေရင်း မေးစေ့ကို ပွတ်သပ်ပေးလိုက်သည်။ သူ့တစ်ကိုယ်လုံး ချွေးတွေစိုနေပေမယ့်  လော်ရွှင့် ဟာ အဝတ်အစားလဲဖို့ ပျင်းလွန်းအားကြီးသလို ခံစားနေရတယ်။ သူတစ်ကိုယ်တည်းရှိဖြစ်နေပြီး ခွေးကလေးက သူ့ကို မစွန့်ခွားသွား နိုင်တဲ့အတွက်လည်း နောက်ပိုင်း သူ့ဘဝက စိတ်ပူစရာမလိုတော့ဘူး။

ဆိုဖာဘေးရှိ  ငါးကန်နှစ်ကန်ထဲမှ တစ်ကန်တွင် ငါးများစွာရှိပြီး အခြားတကန်တွင် ပုဇွန်များ ရှိနေသည်။ သူတို့က အလှမွေးထားသော ရေနေသတ္တဝါများမဟုတ်သော်လည်း ဈေးကွက်တွင် ဝယ်ယူလို့ရနိုင်သည့် တိရစ္ဆာန်များဖြစ်သည်။  လော်ရွှင့် သည် ငါး၊ပုစွန်  ပြုစုစောင့်ရှောက်ရေးနည်းလမ်းများကို အတိအကျ မသိသော်လည်း သူတို့ရဲ့ နေထိုင်ပုံစံအရ ကုန်ကျစရိတ်သက်သာသဖြင့် မွေးကြည့်ဖို့ ဆုံးဖြတ်ထားသည်။ ဒါပေမယ့် သူမွေးထားသည့်    ငါးနှင့် ပုစွန်မျိုးစိတ်များကို အရွယ်အစားသေးငယ်ခြင်းကြောင့်လား မသိတော့ပေ။ သူ ဝယ်လာပြီး   နောက်တစ်နေ့တွင် တစ်ဝက်သေပြီး ကျန် ငါးလေးကောင်နှင့် ပုစွန် ၃ ကောင်တို့ လျော့နည်းသွားသည်။

ငုံးရှစ်ကောင်ကို လသာဆောင်ပြတင်းပေါက်ဘေးရှိ ပြုပြင်မွမ်းမံထားသော ငါးကန်ထဲတွင် ထိန်းသိမ်းထားသည်။  လော်ရွှင့် သည် သီးခြားကန်တစ်ခုတွင်  ငှက်များကို ကျွေးမွေးနိုင်မည့် စားလို့ရသည့် ပိုးကောင်တစ်မျိုးကိုလည်း ဝယ်ယူကာ မွေးမြူထားသည်။ ထိုပိုးကောင်များက    ပြုစုပျိုးထောင်ရန် လွယ်ကူသည်၊ မြေကြီးနှင့် ဟင်းသီးဟင်းရွက်များ ထားပေးရုံသာလို အပ်သည်။

လော်ရွှင့် သည် ငုံးများက မည်သည့်အချိန်တွင် ဥဥမည်ကို မသိပေ။

လော်ရွှင့်သည် သူ၏ ဆဲလ်ဖုန်းကို ထုတ်ပြီး  အသားဆိုင်များကို  ကြည့်ရင်း အင်တာနက်ကို  အသုံးပြုခဲ့သည်။ သူ့ဖုန်းထဲမှာ ယွမ်ငွေ 2080 ယွမ် ကျန်သေးသဖြင့် လော်ရွှင့် သည် အဆင်သင့်လုပ် ထားသော သရေစာများနှင့် ယူသွားလို့ လွယ်ကူသောမုန့်များဝယ်ရန် ကမ္ဘာပျက်ကပ် မတိုင်မီတစ်ရက်တွင် အပြင်ထွက်ရန် စီစဉ်ခဲ့သည်။ ယခုတော့  ကမ္ဘာပျက် မတိုင်ခင် ကာလကြားတွင်၊ အစားအသောက်ပြင်ဆင်ခြင်းနှင့် ခွေးကလေးနှင့် ကစားခြင်းမှလွဲ၍ သူ့မှာ အခြားလုပ်စရာမရှိပေ။

10 ရက်နောက်ပိုင်းတွင် သူနေထိုင်သည့်  ကမ္ဘာကြီးက တော်တော်ပြောင်းလဲသွားလိမ့်မယ်။ ကမ္ဘာပျက်ကပ်ကာလတွင် လူမည်မျှသေဆုံးမည်ကို မသိရသေးပေ။ မသိစိတ်အရ သူ့လက်ချောင်းများက အင်တာနက်ပေါ်တွင် စကားလုံးများကို ထည့်သွင်းပြီး  ရှာဖွေမှုရလဒ်များထဲမှ တစ်ခုကို ကြည့်လိုက်သည်။

 

နိုဝင်ဘာလ 22 ရက်နေ့တွင် သူက  "ကမ္ဘာပျက်ကာလတွင် နည်းပညာကို မည်သို့အသုံးပြုရမည်နည်း"  ဆိုသည့် အမည်ဖြင့် ဖိုရမ်တစ်ခုကို ဖန်တီးခဲ့သည်။ လူသိများသော အကာအကွယ်အစီအမံများမှ အစပြု၍ ရှိပြီးသား အိမ်သုံးပစ္စည်းများကို ပြန်လည်အသုံးပြုပုံ၊ ရေသန့်စင်ခြင်းနှင့် အစားအစာကို သိုလှောင်သုံးစွဲပုံ၊ စတိုးဆိုင်များရှိ ကုန်များကို မည်သို့ပြန်လည် အသုံးပြုရမည်ကို လူတွေကို  သင်ကြားပေးခြင်း စသည့်အချက်လက်များကနေ လူသိများသော အကာအကွယ် အစီအမံများ စသည့် အကြောင်းအရာများအထိ  အလွန်အသေးစိတ်သည့် အကြောင်းအရာများကို တင်ထားပေးခဲ့သည်။ ထိုအကြောင်းရာတွေက  ကြည့်ရှုသူအများအပြားကို ဆွဲဆောင်ခဲ့သည်။



 ထိုအကြောင်းရာကို ရေးသားသည့် စာရေးဆရာက အွန်လိုင်းတက်တိုင်း (စာဖတ်သူ ) follower များစွာက  အကြောင်းအရာ အသစ်များကို ပျော်ရွှင်စွာ ရှာဖွေ ဖတ်ရှုကြသည်။ ကြိုတင်ခန့်မှန်းချက်များ၊ ကောလာဟလ ဖြန့်ခြင်း၊ သို့မဟုတ် အရောင်းကြေငြာများ မပါပဲ ထို ဖိုရမ်က လူတွေအတွက်  ရှိပြီးသား အိမ်သုံးပစ္စည်းများကို ထပ်မံအသုံးပြုခြင်းအတွက်  သင်ပေးရုံသာဖြစ်သည်။

နောက်တစ်ခုက အိမ်မှာ အလွယ်တကူ ရနိုင်တဲ့ အရာတွေ အများကြီးပဲ၊ ကမ္ဘာပျက်ကပ် ဆုက်ရောက်လာမယ်လို့ အများစုက မယုံကြည်ရင်တောင် အိမ်မှာအိုးတွေနဲ့  ကြက်သွန်ဖြူနဲ့ ချယ်ရီခရမ်းချဉ်သီး (ခရမ်းချဉ်သီး အသေးမျိုးတွေ) ကို စိုက်ပျိုးဖို့ က မကောင်းတဲ့ အကြံအစည်တစ်ခုတော့ မဟုတ်ပါဘူး။ အပင်တွေကို မစားရရင်တောင် ကိုယ့်ရဲ့ ကွန်ပြူတာဘေးမှာ စိမ်းလန်းစိုပြေတဲ့ အပင်တွေကို အလှဆင်ဖို့အတွက် သုံးနိုင်ပါသေးတယ်။

အိမ်တွင်းစိုက်ပျိုးခြင်းသည် လက်ရှိ လူ့အဖွဲ့ အစည်းကြားထဲတွင် ရေပန်းစားနေပါသည်။ အန္တရာယ်မကင်းနိုင်တဲ့ ဓါတ်တုမြေသြဇာတွေ၊ ပိုးသတ်ဆေးနဲ့ ဟိုမုန့်ဆေးတွေက ပါဝင်တဲ့ ထုတ်ကုန်တွေကို ကြောက်တဲ့ အိမ်ရှင်မတွေဟာ ပထမဆုံး အိမ်တွင်းမှာ စားပင်သီးပင်တွေကို စမ်းသပ်စိုက်ပျိုး ကြည့်ဖူးပါတယ်။ 'ကမ္ဘာပျက်ကပ်' ဆိုတဲ့ ခေါင်းစဉ်ကြောင့် ဖတ်ရှုသူတွေကြားထဲမှာ စိတ်အားထက်သန်မှုတွေ တိုးလာသည်။ စိုက်ပျိုးမှုအတွေ့အကြုံရှိသူတွေကို ဆွဲဆောင်တဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး လူအနည်းငယ်က စိတ်ဝင်တစား မေးမြန်းခဲ့ကြတယ်။

လော်ရွှင့် သည် သူ့အိမ်မှ အပြင်သို့ လှမ်းကြည့်ရင်း နောင်တ ရနေမိသည်။ ပို့စ်တင်တာ အရမ်းနောက်ကျနေပြီလား။ ပြန်လည်မွေးဖွားချိန် ခပ်စောစောကတည်းက တင်ထားရင် နောက်ထပ် ပိုများတဲ့လူတွေကို ကူညီပေးနိုင်မှာလား။

မဟုတ်ဘူး၊ သိပ်နောက်ကျသွားပြီ။ လော်ရွှင့် သည် တစ်နေ့တာ သူလုပ်ခဲ့တဲ့ အကြောင်းအရာကို တင်ပြီး အိပ်နေသောခွေးကလေးကို ပွတ်သပ်ပေးလိုက်သည်။

သူ ဖော်ပြတဲ့ အကြောင်းရာကို စိတ်ဝင်စားသူများသည်   စမ်းသပ်ကြည့်ကြပြီး အခြားပို့စ်များကို လိုက်လံ ဖတ်ရှု စစ်ဆေးကြမည်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ဖြစ်လာမယ့် နိမိတ်လက္ခဏာကို ကြိုတင်ခန့်မှန်း ထားသော်လည်း စိတ်မဝင်စားသောသူများသည် ဘာမှ လုပ်မည်မဟုတ်ပေ။

သက်သေမရှိဘဲ စိတ်ကူးဖြင့် ရေးသားထားသော သီအိုရီများကို မည်သူမျှ ယုံမည်မဟုတ်ပေ။ လူသားတွေရဲ့ သာယာအေးချမ်းသော ခေတ်တစ်ခု၏ ဇာတ်သိမ်းခန်းသည် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စတင်တော့မည်ကို သိသော်လည်း လော်ရွှင့် သည် သူ၏ အတိတ်ဘဝသည် အိပ်မက်တစ်ခုဖြစ်ခဲ့သည် ဆိုသည့် အရာကလွဲပြီး လူတွေကို သက်သေပြစရာမရှိလို့ ခုလို ဖိုရမ်တစ်ခုပေါ်မှာ အကြံပေးချက်ကို ရေးတင်ရုံကလွဲပြီး ဘာမှ လုပ်နိုင်စွမ်း မရှိခဲ့ပေ။

 

နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၁၁ နာရီအချိန်က ဖုန်းထဲက ကြိုတင် alarm ပေးထားချက်အရ သူက  နာက်ဆုံးအကြိမ် အပြင်ထွက်ရမည်ဖြစ်ပြီး နောက်နေ့တွင် ကံကြမ္မာဆိုးများ စတင်လာတော့မည် ဖြစ်သည်။ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီတွင် စာရေးသူ၏ နောက်ဆုံးတင်ပြချက်အနေဖြင့် ဖိုရမ်ပေါ်တွင် လော်ရွှင့်က ပို့စ်ကို တင်ခဲ့သည်။

သတင်းအချက်အလက်အသစ်များနှင့် အကြံပြုချက်များကို စောင့်မျှော်ရင်း စာမျက်နှာကို Refresh လုပ်ရင်း ကြည့်ရှုသူ အများအပြားရောက်ရှိလာသည်။ လူတွေက အိမ်မှာ သီးနှံတွေ စိုက်ကြ၊ တချို့က ပေါင်းခံစက်တွေ ဝယ်ကြတယ်။ ဒီအရာများသည် ကျောင်းက သိပ္ပံဓာတ်ခွဲခန်းများမှာ သင်ကြားပေးခဲ့ပေမယ့် ဘယ်သူမှ   မလုပ်ခဲ့သော လှုပ်ရှားမှုများဖြစ်သည်။ ည ၈ နာရီမှာ ပို့စ်အသစ်ပေါ်လာတယ်။

တစ်ချို့အကြောင်းအရာတွေက အရမ်းတုန်လှုပ်စရာကောင်းတဲ့အတွက် ပို့စ်တစ်ခုလုံးကို လူတွေက အပြန်ပြန် အလှန်လှန် ပြန်ဖတ်နေကြတယ်။

စာရေးသူ WasteWoodHouse ၏ ပို့စ်အသစ်-

နိုဝင်ဘာလ ၂၇ ရက်နေ့ ညသန်းခေါင်ကျော်ပြီးနောက်၊ နိုဝင်ဘာလ ၂၈ ရက်နေ့အတွက်  ဒီနေ့ဟာ နောက်ဆုံးပို့စ်ပါ။

စာရေးသူက စာဖတ်သူများအတွက် အောက်ပါတို့ကို အကြံပေးလိုက်ပါတယ်။

တကယ်လို့ မင်းက အခြား တစ်ယောက်နဲ့ အတူနေတယ်ဆိုရင် မင်းရဲ့ လုံခြုံရေးအတွက် အခန်းထဲမှာ သေချာသော့ပိတ်ပြီး နေထိုင်ပါ။  ဖုတ်ကောင်တွေက တံခါးတွေ၊ ခလုတ်တွေကို  ကိုယ်တိုင်  မဖွင့်နိုင်လို့  သီးခြားအခန်းများမှာ  တံခါးများကို သော့ခတ်ခြင်းက အကောင်းဆုံးဖြစ်တယ်။ မင်းမှာ  အိမ်မွေးတိရစ္ဆာန် ရှိရင် သူတို့ကို    လှောင်အိမ် သို့မဟုတ် သီးခြားအခန်းများမှာ  ထားရှိခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဘာကြောင့်လဲဆိုတော့  ဖုတ်ကောင်ဆိုတာ လူတွေတွေးထားဖူးတဲ့ သေခြင်းတရား ထက် ကျော်လွန်အောင် ကြောက်စရာကောင်းတဲ့အတွက် ကြောင့်ဖြစ်တယ်။

 

ဒီစာကိုမြင်ရသူများအတွက် ဘယ်အချိန်မှာ ရေအရင်းမြစ်တွေ  ညစ်ညမ်းလာသည်ကို စာရေးသူ မသိသောကြောင့် တတ်နိုင်သမျှ ပိုက်ကလာတဲ့ ရေကို သိုလှောင်ထားသင့်တယ်။ ရေချွေတာရေးစရိတ်က ဘာမှမရှိဘူး၊ နေ့တိုင်း ရေကို ဂရုတစိုက်နဲ့ ခြွေတာ သုံးစွဲသင့်ပါတယ်။

 

အခြားသော ကြိုတင်ကာကွယ်မှုများကိုလည်း ဖော်ပြထားပါတယ်။ အရင်က  ဖော်ပြထားတဲ့ အစားအသောက်နှင့် ဆေးဝါးလို  ပစ္စည်းများကို မပြင်ဆင်ထားရသေးရင်  ကယ်ဆယ်ရေး အဖွဲ့ရောက်ရှိသည်အထိ ရှေးဦး သူနာပြုစုနည်းများကို အသုံးပြုနိုင်သည်။  ဖုတ်ကောင်တွေ မကြာခင် ပေါ်လာတော့မယ်ဆိုတာ ယုံကြည်ပေးထားကြပါ။

 

စာကြွင်း - စာရေးသူရဲ့ ဒီခန့်မှန်းချက်တွေက  မှားယွင်းနေပြီး မနက်ဖြန်မှာလည်း ကနေ့လို သာယာနဲ့ အလင်းရောင်နဲ့ ဘဝကို အားလုံး မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။

 

ထိုရေးသားချက်က ဖတ်ရှုသူတိုင်းကို
 အံ့အားသင့်စေခဲ့ပါတယ်။ ထိုပို့စ်များသည် လူများကို တမင်သက်သက် စိုးရိမ်စိတ်ပေါ်အောင် လုပ်ကြံဖန်တီးရေးထားသည့်အရာလို့ တချို့က ထင်ကြေးပေးနေကြသည်။

 

ယခုအချိန်အထိ စာရေးဆရာသည် စိုးရိမ်ပူပန်မှုများဖြင့်  သူတို့ကို  အသက်ရှင်နေနိုင်မယ့် နည်းလမ်းကို သင်ကြားပေးခဲ့ပေမယ့်   နောက်ဆုံးပို့စ်က လူများကို   "အဓိပ္ပာယ်မရှိလျှောက်ရေးထားသည့်အရာ" ဟု ထင်စေခဲ့သည်။ ည ၈း၂၁ နာရီတွင် လူတွေက ထိုပို့စ်ကို တင်ပြီးပြီးချင်း ပေါက်ကွဲထွက်သလို ဆွေးနွေးနေကြချိန်မှာ စာရေးသူက    နောက်ဆုံးစာတိုကို ဖျက်လိုက်ပါသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ညသန်းခေါင်ယံအချိန်၌ ကောင်းကင်သည် တိတ်တဆိတ် အနီရောင်ပြောင်းသွားသည်ကို အချို့က သတိပြု မိသော်လည်း ပုံမှန်ဟုသာ  ထင်နေခဲ့ကြသည်။

လော်ရွှင့် သည် အိပ်ခန်းပြတင်းပေါက်ရှေ့တွင် ရပ်နေကာ ခွေးကလေးသည် သူမ၏လှောင်အိမ်ထဲတွင် ရှိနေပြီး၊   ငုံးငယ်များနှင့် မှန်ကန် တစ်ခုစီတွင် ငါးနှင့်ပုဇွန်အနည်းငယ်ရှိသည်။ ပိုးကောင်များနှင့် အပင်များပင် အချင်းချင်း ခွဲထားခဲ့သည်။

 

ဒီညက အနီရောင် ကောင်းကင်ကြီးက ယခင်ဘဝနဲ့ တူညီတဲ့ မှောင်မိုက်တဲ့ အငွေ့အသက်တွေ ရှိနေခဲ့တယ်။ နှင်းများကျလာသည်နှင့်အမျှ အစိမ်းရောင်အလင်းတန်းများ တဖြည်းဖြည်း တောက်ပလာသည်။

လော်ရွှင့် သည် ကောင်းကင်ကို ငေးကြည့်နေပြီးနောက် ကုတင်ပေါ်သို့ တွားသွားကာ တက်ခဲ့သည်။ သူ၏အတိတ်ဘဝတွင် သူသည် ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခြင်း သို့မဟုတ် စွမ်းအားပေါ်လာခြင်း မရှိခဲ့ပေ။

  ယခုအချိန်တွင် သူသည် စွမ်းအားများကို ဂရုမစိုက်နိုင်တော့ဘဲ သူသည် ဖုတ်ကောင်တစ်ကောင်အဖြစ်  မနိုးထလာစေဖို့ပဲ မျှော်လင့်နေမိတော့သည်...



********-************

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ