ဇာတ်လမ်း အကျဥ်း

25.5K 642 15
                                    

ရေတပ်မှ ထိပ်တန်းအရာရှိတစ်ဦးဖြစ်ပြီး အနောက်တိုင်းဆေးပညာသာမက တရုတ်ရိုးရာဆေးပညာပါ တစ်ဖက်ကမ်းခပ် တတ်ကျွမ်းသော ဖုန်းယွိဟန်သည် ' ဒုန်း 'ဟူသော အသံတစ်ချက်နှင့်အတူ တာ့ရွှမ်းမင်းဆက်သို့ ကူးပြောင်းလာခဲ့သည် ။

သူမ၏ အဖေသည် ခပ်တန်းတန်းနေတတ်သူဖြစ်ပြီး ဖွားအေ ဆိုသူမှာလည်း မချစ်ခင်တတ်သူဖြစ်သည် ၊ အမေက မကျန်းမာသူဖြစ်ကာ မောင်လေးမှာမူ ငယ်ရွယ်လွန်းပြီး ညီအစ်မများကလည်း တစ်ဦးထက် တစ်ဦး ပိုမိုရက်စက်ကာ အကြင်နာကင်းမဲ့သူများဖြစ်ကြပြီး သူမအား အလွန်မုန်းတီးနေကြသူများ ဖြစ်ကြသည် ။

ကူးပြောင်းလာခဲ့ပြီး ပြန်လည်မွေးဖွားလာတဲ့အခါမှာတော့ သူမသည် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်ကဲ့သို့ အသုံးမကျသောသူတစ်ယောက်အဖြစ် ဆက်၍ မရှင်သန်နိုင်သည်မှာ အသေအချာပင်ဖြစ်သည် ။

ငါနဲ့ ယှဥ်ပြီး ပြိုင်ချင်တာလား ? ပြီးပြည့်စုံတဲ့ အနိုင်ယူ ခြယ်လှယ်ခြင်းကို ခံသွားရစေမယ် ။

ငါ့ကို အန္တရာယ်ပြုချင်တာလား ? ခွဲခန်းသုံးဓားလေး တစ်ချောင်းတည်းနဲ့တင် နင်တို့ကို အသားစဥ်းကောဖြစ်သွားအောင် လုပ်ပစ်လိုက်မယ် ။

လှည့်ကွက်တွေသုံးပြီး ကစားချင်တာလား ? အပ်လေးတစ်ချောင်းတည်းနဲ့တင် နင်တို့ကို ကိုယ်တစ်ပိုင်းသေအောင်လုပ်လိုက်နိုင်တယ် ။

ငါ့ကို သတ်ချင်တာလား ? ကုတ်ရာလေးတစ်ခုနဲ့တင် နင်တို့ကို ရင်ခွဲပြီး ကလီစာတွေထုတ်ပစ်လိုက်ရတော့မှာပေါ့ ။

အရင်တုန်းက အနိုင်ကျင့်ရလွယ်ကူသည့် မိန်းမပျိုလေးသည် လုံး၀ပြောင်းလဲသွားခဲ့ပြီး တာ့ရွှမ်းမင်းဆက်၏ တောင့်တရဆုံးသောသူတစ်ဦးဖြစ်လာခဲ့သည် ။

ဧကရာဇ်၏ ပ,စားပေးမှုနှင့်အတူ ဖွင့်လှစ်ခဲ့သော ဆေးရုံသည် ပြည်သူလူထု၏ ကြည်ညိုချစ်ခင်မှုနှင့်အတူ ကြွယ်၀ချမ်းသာမှုများစွာကိုပါ ယူဆောင်လာပေးလိမ့်မည် ဖြစ်သည် ။

သို့သော်ငြား ဒီကတ်သီးကတ်ဖဲ့နိုင်လွန်းတဲ့ မင်းသားနဲ့ လက်ထပ်ရမယ်ဆိုတာကရော ဘာပါလိမ့် ? ဒုက္ခိတ တစ်ယောက်က ဘာများပြောဆိုနိုင်မှာတဲ့လဲ ?

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now