၁၅။ အခြေအနေအား နားလည်သဘောပေါက်တတ်ခြင်း

3.9K 409 0
                                    

" မမ " ဖုန်းဇီရွေ့၏ လက်လေးများက ဖုန်းယွိဟန်အား ကိုင်ပြီး အနည်းငယ် ဆွဲလှုပ်လိုက်သည်။ " ဘာဖြစ်လို့လဲ ? "

ဖုန်းယွိဟန် လှည့်ကာ ဇီရွေ့အား ခေါင်းပုတ်ပေးလိုက်ပြီး " ဘာမှမဟုတ်ပါဘူး။ သွားကြရအောင်။ " ဟု ပြန်ဖြေလိုက်ပြီးနောက် အထိန်းတော်စွန်းအား မေးလိုက်သည်။ " မိုးမခ ခြံ၀င်းကို ရောက်ဖို့ ဘယ်လောက်တောင် လိုသေးတာလဲ။ "

အထိန်းတော်စွန်းက ရှေ့နားရှိ လမ်းလေးအား ညွှန်ပြလိုက်ပြီး " ဒီတံခါးကို ဖြတ်ပြီး အဲ့လမ်းတစ်လျှောက် လျှောက်သွားပြီး ရေကန်အသေးလေးတစ်ခုနှင့် ဥယျာဥ်ငယ်တစ်ခုက်ို ဖြတ်လျှောက်သွားပြီး နောက်ထပ် ခြေလှမ်း ၃၀၀ လောက်ဆိုရောက်ပါပြီ။ "

ဖုန်းယွိဟန် မထိန်းနိုင်တော့ပဲ ရယ်ချလ်ိုက်မိသည်။ ဖုန်းမိသားစုက သူမတို့အား တကယ့်ကို စက်ဆုပ်နေသည်ထင်ပါ့။ သူမတို့နေရာမည့် ခြံ၀င်းက အရမ်းဝေးနေတာကို ထည့်မပြောရင်တောင်မှ သူတို့အား ဦးဆောင်ပြီး လမ်းပြခေါ်သွားပေးမယ့်အစေခံသည်ပင် ပေါ်မလာပေ။ အထိန်းတော်စွန်းမှ လမ်းသိနေ၍သာ တော်သေးတော့သည်။ မဟုတ်ပါက သူမတို့ ဧကန်မုချ ခေါင်းငုံ့ကာ လမ်းလိုက်မေးနေရပေဦးမည်။

မိုးမခခြံ၀င်းဟု အမည်ပေးထားရခြင်းသည် အထဲ၌ အကိုင်းအခတ်များတွဲကျနေသော မိုးမခပင်ရှိနေသောကြောင့်တော့ မဟုတ်ဟု ယောင်ရှီကပြောပြသည်။ " လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက အဲ့နေရာမှာ ခြံ၀င်းတစ်ခု တကယ်ရှိခဲ့တယ်။ အိမ်တော်က ၁၃နှစ်ပဲရှိသေးတဲ့ သခင်လေး ဖုန်းဇီဟောင်က လျိုအာ လို့ခေါ်တဲ့ မိန်းကလေးတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့တယ်လေ။ အဲ့တုန်းက ဖုန်းဇီဟောင်က ကိုယ်လုပ်တော်ဖွား သားတစ်ယောက်ဖြစ်နေတုန်းပဲ။ လျိုအာကကျ ဆွေမျိုးနီးစပ်တော်ရုံကောင်မလေးပေါ့။ သူတို့ နှစ်ယောက်မှာ ခြံ၀င်းတစ်ခုသက်သက်ရန်ိုင်မယ့် အခွင့်အရေးဘယ်ရှိပါ့မလဲ။ ဒါပေမယ့် ဖုန်းဇီဟောင်က လျိုအာကို အရမ်းအလိုလိုက်ပြီး ချန်ရှီကို မင်းတို့အဖေကို ခွင့်ပြုချက်တောင်းပေးဖို့ ​အပူကပ်တော့တာပဲ။ နောက်ဆုံးကျ  မင်းတို့အဖေက ချန်ရှီကို ကိုယ့်ပိုက်ဆံကိုယ်သုံးပြီး ဆောက်ချင်တာဆောက်ဆိုပြီး ခွင့်ပြုပေးလိုက်ပြီး အိမ်တော်ထဲက အစွန်ကျတဲ့နေရာတစ်နေရာကို ပေးလိုက်တယ်လေ။ ကံမကောင်းတာက လျိုအာက အသက်ရှည်ရှည် မနေခဲ့ရရှာခဲ့ဘူး။ ခြံ၀င်းထဲကို မပြောင်းခင်မှာပဲ ရေနနစ်ပြီး ဆုံးသွားတယ်လေ။"

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now