၁၉၅။ တော်၀င်သံတမန်

1.1K 150 4
                                    

ဖုန်းချန်းယွီက ကျင်းကျန့်လောက် စိုးရိမ်စရာမရှိပေ ။ ထိုအချိန်တုန်းက ကျင်းကျန့်သည် ချန်ရှီကိုဖြေရှင်းချင်သည့်အတွက် အန္တရာယ်များသည့်အခြေအနေကို လက်ခံခဲ့တာဖြစ်သည် ။ ဖုန်းယွိဟန်သည် သူမ၏ခန္ဓာကိုယ်က ပြန်ကောင်းလာနိုင်သည်ဟု ဆိုခဲ့သော်ငြား ထိုသို့ဖြစ်လာရန် အချိန်အတန်ကြာသည်အထိ ဆေးများဖြင့် အားပြန်ဖြည့်ပေးခဲ့ရတာဖြစ်သည်။

သို့သော်လည်း ဖုန်းချန်းယွီကတော့ ကံကောင်းသည်ဟု ဆိုရပေမည် ။ သူမက ၂၁ရာစုမှ အသစ်လွင်ဆုံးသော နည်းပညာများကို ခံစားနေရတာဖြစ်ပြီး အားလုံးပြီးသွားချိန်တွင် ဖုန်းယွိဟန်က လစဥ်သုံးပစ္စည်းကိုပင် ပြင်ဆင်ပေးထားလိုက်သေးသည်။

တစ်နာရီမျှကြာပြီးနောက်တွင် ဖုန်းချန်းယွီ သတိရလာသည်။ သူမ၏၀မ်းဗိုက်နေရာက အနည်းငယ်နာကျင်နေသော်လည်း ဓမ္မတာလာချိန်တွင် ခံစားရသည့်ခံစားချက်နှင့် ခပ်ဆင်ဆင်သာဖြစ်သည် ။

ဖုန်းချန်းယွီ လန့်သွားသဖြင့် ဖုန်းယွိဟန်ကို မေးလိုက်မိသည် ။ " ဘာလို့ ငါ့ဗိုက်ကနာနေတာလဲ "

" ပုံမှန်အတိုင်းသာဆိုရင် နောက်တစ်နာရီလောက်ကြရင် အနာပျောက်သွားလိမ့်မယ် " ဖုန်းယွိဟန် ဆေးချိတ်ထားပေးနေသည်ကို စစ်ကြည့်နေရင်းပြန်ဖြေလိုက်သည်။

သူမက ဖုန်းယွိဟန်၏ ဆေးသိုလှောင်ခန်းထဲတွင်ပဲ ရှိနေသေးသည်ကို ဖုန်းချန်းယွီ တွေ့လိုက်ရသည်။ ဘာမှမပြောင်းလဲသွားဘဲ ခုတင်ဘေးတွင် ထူးဆန်းသော ပုလင်းလိုအရာလေးတစ်ခု ပိုလာရုံသာ ။ ထိုပုလင်းကို သူမ၏လက်ဖမိုးထံသို့ ဖောက်မြင်နေရသော ပြွန်တစ်ချောင်းနှင့် ဆက်ထားလေသည်။ သူမ နည်းနည်းလှုပ်ကြည့်လိုက်သည့်အခါ ထိုနေရာက နာလာသည်။

" လှုပ်မနေနဲ့ " ဖုန်းယွိဟန်က သတိပေးသည်။ " သွေးကြောထဲကို အပ်စိုက်ထားရတာ ၊ ပြုတ်သွားရင် ပြန်စိုက်နေရဦးမယ် "

ဖုန်းချန်းယွီလည်း ထပ်ပြီးမမေးဖြစ်တော့ပေ ။ ဒုတိယညီမနှင့် စကားပြိုင်ပြောရာတွင် သူမက တစ်ခါလေးပင် အနိုင်ရခဲ့ဖူးခြင်းမရှိခဲ့ချေ ။ ဘယ်လိုပဲဆိုဆို သူမက အကူအညီလာတောင်းခဲ့သူဖြစ်ပြီး ဖုန်းယွိဟန်ကလည်း  ကူညီပေးမယ်ဆိုပြီး ပိုက်ဆံတောင် ယူပြီးသွားပြီပဲ မဟုတ်ဘူးလား ။ အရမ်းအိပ်ချင်နေသဖြင့် အိပ်နေလိုက်တာကမှ ကောင်းဦးမည် ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုTahanan ng mga kuwento. Tumuklas ngayon