၁၆၅။ သရဲဲဖြစ်သွားရင်တောင် နင်တို့ကို ခွင့်မလွှတ်ဘူး

2.4K 254 6
                                    

သီဆိုနေသံက ကြည်လင်ပြတ်သားနေပြီး အသံအားကလည်း ကောင်းသဖြင့် ထိုအနီးတစ်၀ိုက်ကလူများအားလုံး သဲသဲကွဲကွဲ ကြားနေကြရသည် ။

ဖုန်းရှန်းရုန်က အံသြသွားသဖြင့် 'ဟမ် ? ´ ဟု အာမေဋိတ်ပြုလိုက်သည်။

ယောင်ရှီနှင့် အန်းရှီသည်လည်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ကြသည်။

ဖုန်းမိသားစု၏လှည်းများက မြို့တော်အ၀င်ဂိတ်သို့ ရောက်လာချိန်၌ မွန်းတည့်နေပြီဖြစ်သည်။ ဆောင်းဦး၀င်ခါစကလောက် မပူတော့သော်လည်း ကောင်းကင်ထက်တွင် နေမင်းကြီးက ထီးထီးကြီးထွက်နေသဖြင့် ဖုန်းမိသားစု၀င်များမှာ မျက်လုံးကျိန်းသွားသဖြင့် မျက်စိများကို မှေးစင်းလိုက်မိကြသည်။

သီဆိုနေသံကိုကြားလိုက်ရသည့်အခါတွင် ထိုလှည်းတစ်စုသည် ရပ်လိုက်ကြတော့သည်။ မြို့တော်ဂိတ်တံခါးနှင့် ထိုတစ်စု၏ကြားတွင် အမျိုးသမီး အကပညာရှင်တစ်ဦးက ဆံပင်များကို ဖြန့်ချထားပြီး အဖြူရောင်စျာပန၀တ်စုံကို ၀တ်ဆင်ထားကာ ၀တ်ရုံလက်များကို ၀ဲခါရင်း ဖျော်ဖြေနေလေ၏။ သူမ၏နံဘေးတွင်မူ မိန်းကလေးတစ်ဦးက ဗျတ်စောင်းတီးနေပြီး သူမသည်လည်း အဖြူရောင်စျာပန၀တ်စုံကို ၀တ်ဆင်ထားပြန်သည်။ နားထင်တွင်လည်း အဖြူရောင်ပန်းတစ်ပွင့်ကို ပန်လို့ထားပြီး သီချင်းဆိုနေသည်ကို ဗျတ်စောင်းတီးကာ အားဖြည့်ပေးနေလေသည်။

ထိုနှစ်ဦးက အတူတူတွဲ၍ သီဆိုဖျော်ဖြေလာကြသည်မှာ ကြာပြီဖြစ်မှန်း သိသာလှသည်။ အပေးအယူမျှမျှဖြင့် လှလှပပ သီဆို၍ဖျော်ဖြေနေကြပြီး ၀မ်းနည်းခြင်းသံစဥ်များက ကြားမိသူများကို မျက်ရည်၀ဲသွားစေနိုင်လေသည်။

မြို့တော်ဂိတ်တံခါးဖြစ်သဖြင့် ၀င်ကြထွက်ကြသူများ များစွာရှိပြီး တစ်ယောက်ချင်းစီသည် ရပ်ကာကြည့်ကြည့်သွားကြသည်။ အသည်းမခိုင်သည့် သခင်မအချို့နှင့် သခင်မလေးတစ်ချို့သည် ရပ်ကြည့်နေရင်း ငိုမိကြသဖြင့် မျက်ရည်များကို တစ်ရှုံ့ရှုံ့သုတ်နေကြသေးသည်။

ထိုလူများက သီဆိုသံနှင့် ဗျတ်စောင်းသံကြောင့် စျာန်၀င်နေကြစဥ်တွင် ဖုန်းမိသားစု၏လှည်းများကြားမှ  ဒေါသသံတစ်သံထွက်လာသည်ကို ကြားလိုက်ကြရသည်။ " အဓိပ္ပာယ်မရှိတာတွေ ! " ရပ်ကြည့်နေကြသူများ လန့်သွားကြသလို ဖုန်းမိသားစု၀င်များကလည်း ဖုန်းကျင်းယွမ် ဒေါသထွက်နေပြီဆိုသည်ကို သိသဖြင့် တုန်ယင်နေကြ၏။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now