၇၅။ ဟန်ဟန် ဒီကိုလာခဲ့

3.9K 416 19
                                    

" အမေ ! " ချန်ရှီ၏ နှုတ်ခမ်းနှင့် ဇွန်းထ်ိတော့မည့်အချိန်မှာပဲ ဖုန်းချန်းယွီသည် ရုတ်တရက် အော်ခေါ်ကာ တားလေသည်။

ချန်ရှီသည် လန့်သွားတော့သည်။ သူမ မော့ကြည့်လိုက်သည့်အခါ ချန်းယွီမှာ ပူပန်ကာ စိုးရိမ်နေသည့်ဟန် ဖြစ်နေသည်ကို တွေ့လိုက်ရ၍ ဘာဖြစ်နေသည်ကို သေချာမသိသော်လည်း သမီးဖြစ်သူအား နှစ်သိမ့်ပေးလိုက်မိသည်။ " သမီးလေး ၊ ဘာမှ စိတ်ပူမနေနဲ့နော်။ သမီးရဲ့ ဦးလေးတွေက ဖုန်းယွိဟန်ကို လွှတ်ပေးထားမှာ မဟုတ်ပါဘူး။ ဆယ့်ငါးနှစ်ပြည့်လို့ လက်ထပ်ရမယ့် အချိန်ထိကို  လုံး၀ အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး။  "

ဖုန်းချန်းယွီ၏ စိတ်ထဲတွင်တော့ လွန်ဆွဲနေရလေသည်။ သူမ၏စိတ်များ မတည်ငြိမ်တော့။ သူမအား ခလုတ်ကန်သင်းဖြစ်စေမည့် အမေဖြစ်သူအား တကယ် မလိုချင်တော့တာ ဖြစ်သော်လည်း ချန်ရှီမှ စွပ်ပြုတ်အား တစ်ဖန်သောက်မည်ပြုသည့်အခါတွင်လည်း ထပ်၍ တားလ်ိုက်မိပြန်သည်။ " ချန်းယွီ ဆားထည့်ဖို့ မေ့လာခဲ့လို့ပါ ။ အမေ ၊ မသောက်ခင် ခဏလေးစောင့်ပါဦးနော်။ ချန်းယွီ နောက်တစ်ခွက်ပြင်ပေးပါ့မယ်။ " ဟုပြောကာ ဖုန်းချန်းယွီသည် စွပ်ပြုတ်ပန်းကန်အား ဆွဲယူလိုက်ကာ အခန်းထဲမှ အမြန်ထွက်သွားတော့သည်။

[T/N : ဘာတွေဖြစ်နေတာလဲ မရှင်းမှာစိုးလို့ပါ ၊ ဖုန်းချန်းယွီက စွပ်ပြုတ်ထဲကို အဆိပ်ခပ်ထားတာပါ ။ ]

ချန်ရှီသည် ဘာတွေဖြစ်သွားသည်ကို နားမလည်ဘဲ ထွက်သွားသည့် သမီးဖြစ်သူကိုသာ လိုက်ကြည့်နေရင်း "အမေ့ သမီးလေး ၊ ဒီကမ္ဘာမှာ ရှိသမျှ အရာအားလုံးကို သမီးလေးပဲ ပိုင်သင့်တာ။ အမေ့ရဲ့ စည်းစိမ်တွေလည်း အကုန် သမီးပဲ အပိုင်ရမှာပါ။ " ဟူ၍ ခပ်ဖွဖွ ရေရွတ်လိုက်လေသည်။

ညခင်း ကိုးနာရီခန့်အချိန်တွင် ပန်ကျိုးသည် ပြန်ရောက်လာသည်။

ဖုန်းယွိဟန်၏ ရှေ့သို့ ပစ္စည်းတစ်ခုအား ချပေးလာ၍ သူမသည် ကောက်၍ ကိုင်လိုက်ကာ သေချာကြည့်လိုက်သည့်အခါတွင် ဆံထိုးဟောင်းတစ်ခုဖြစ်သည်ကို တွေ့လိုက်ရသည်။

" အထိန်းတော်စွန်းမှာ ဆယ့်ငါးနှစ်အရွယ် မြေးမလေး တစ်ယောက်ရှိပါတယ်။ သူမက ချန်မိသားစုက တတိယသခင်ကြီးရဲ့ ကိုးယောက်မြောက် ကိုယ်လုပ်တော်ပါ။ ကျွန်တော်က သူမရဲ့ဆံထိုးတွေထဲက တစ်ခုကို ယူလာတာပါ။ ဆံထိုးက အတော်လေးဟောင်းနေတော့ အတိတ်နဲ့ သက်ဆိုင်နေတာ ဖြစ်လောက်ပါတယ်။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now