၃၈။ ဇီရွေ့အား စမ်းသပ်၍ ကုသပေးခြင်း

3.7K 379 4
                                    

မိုးမခခြံ၀င်းထဲ၌ အရာအားလုံးမှာ အဆင်ပြေချောမွေ့နေသော်ငြား အိမ်တော်ထဲရှိ လူအချို့မှာတော့ မပျော်မရွှင်ဖြစ်နေကြလေသည်။ ဥပမာဆိုရပါက ဖုန်းဖန်းသိုက်ဖြစ်လေသည်။

ဖုန်းယွိဟန်က သူမအား ရတနာငါးမျိုးထဲမှ တစ်မျိုးဖြင့် လက်ကိုင်ပု၀ါချုပ်ပေးမည်ဟု ပြောထားသော်ငြား ထိုကလေးမလေးမှာ မရောင့်ရဲနိုင်ပေ။ မင်းသားယွီကြောင့် ဖုန်းယွိဟန်၏ ဘ၀သည် တိုးတက်ပြောင်းလဲသွားသည်ကို မြင်ပြိိီးနောက် သူမမှာ လုံး၀မပျော်နိုင်ဖြစ်သည်အထိကို မနာလိုဖြစ်နေတာဖြစ်လေသည်။

သူမ၏ အထက်၌ ရှန်းရုန်အပြင် အစ်မနှစ်ယောက်ရှိသေးကာ တစ်ယောက်က တရား၀င်သမီးလည်းဖြစ်ကာ မြို့တော်ရှိ အလှဆုံးမိန်းကလေးလည်း ဖြစ်ပြီး နောက်တစ်ယောက်ကတော့ မင်းသားယွီ၏ ၀မ်ဖေးဖြစ်လာမည့်သူဖြစ်လေသည်။ ဒါဆို သူမကရော ?

ကလေးမလေးသည် ခေါင်းစောင်းလိုက်ကာ ဖုန်းကျင်းယွမ်လာမည်ကို စောင့်ရင်း မိတ်ကပ်လိမ်းခြယ်နေသည့် ဟန်ရှီအား လှမ်းကြည့်လိုက်ကာ ဒေါသများထွက်လာပြီး ဟန်ရှီ့လက်ထဲမှ ပါးနီဘူးအား ဆွဲလုလိုက်ပြီး အော်ဟစ်တော့သည်။ " အမေသိတာက တစ်နေကုန် မိတ်ကပ်လိမ်းနေဖို့ချည်းပဲ။ ဘာလို့ သမီးအတွက်ကျ ဘာမှမစဥ်းစားပေးတာလဲ။ "

ဟန်ရှီ၏ လက်များတုန်လာကာ သူမမျက်နှာထက်မှ အပြုံးသည်လည်း ပျောက်ကွယ်သွားတော့သည်။

သူမ၏ သမီးသည် အမြဲ ဒီလိုပင်။ ရုတ်ချည်းဆိုသလို စိတ်ခံစားချက်များပေါက်ကွဲကာ သူမအား ဒေါသထွက်တတ်သည်မှာ ဖြစ်နေကြအရာများဖြစ်သည်။

တကယ်က ဟန်ရှီလည်း နားလည်ပါသည်။ ဖုန်းယွိဟန်ကောင်းစားလာသည်ကို မြင်၍ ဖုန်းဖန်းသိုက် သည်းမခံနိုင်ဖြစ်နေသည် ဆိုတာကိုပေါ့ ။ ဒါပေမယ့် သည်းမခံနိုင်တော့ရော သူမဘာလုပ်ချင်လို့လဲ။

" အမေက ကိုယ်လုပ်တော်တစ်ယောက်သာသာပဲလေ။ ဘာအကြံတွေများ စဥ်းစားပေးစေချင်နေတာလဲ။ "

" ဖုန်းချန်းယွီရဲ့ အမေကလည်း ကိုယ်လုပ်တော်ဖြစ်ဖူးတာပဲလေ ! " ဖန်းသိုက်သည် ထိုကိစ္စအား ဘယ်တုန်းကမှ နားမလည်ခဲ့ပေ။ " သူတောင် ကိုယ်လုပ်တော်အဆင့်ကနေ အိမ်တော်သခင်မနေရာကို တွယ်တက်နိုင်သေးတာပဲ။ အမေကျ ဘာလို့ မလုပ်နိုင်ရတာလဲ။ အမေ့မှာသာ အဲ့လို စိတ်ရှိမယ်ဆို သမီးက ဒီလို ကိုယ်လုပ်တော်ဖွားသမီးပဲ ဖြစ်နေဦးပါ့မလား ။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now