၃၁။ က်ိုယ်ပိုင်စေ့စပ်လက်ဆောင်

4.2K 433 41
                                    

မင်းသားယွီသာ တကယ် ဒီလက်ထပ်ပွဲကို အလေးထားပါက ဒီလောက် နိမ့်ကျသည့် စေ့စပ်လက်ဆောင်များကို ပေးမှာတဲ့လား? ကုန်းကုန်း၏ အော်၍ကြောညာနေမှုကြောင့် သူတို့အားလုံး မျက်နှာများအား ဖွက်ထားပစ်ချင်နေကြသည်။ ဖုန်းအိမ်တော်သို့ အ၀င် တံခါးမကြီးအား ဖွင့်ထားသည်ဖြစ်၍ အပြင်၌ ရပ်ကာ နားထောင်နေကြသူများလည်းရှိလေသည်။ သူတို့သည် ထိုလှောင်ပြောင်နေမှုက မြို့တော်တစ်ခုလုံးကို နေ့တစ်၀က်ဖြင့် ပျံ့သွားမလားဟုတောင် စိုးရိမ်နေကြရတော့သည်။ ထိုသို့သာ ပျံ့သွားပါက ဖုန်းအိမ်တော်၌ ထားစရာ မျက်နှာပင်ရှိတော့မည်မဟုတ်ပေ။

နောက်ဆုံးတော့ လက်ဆောင်ပစ္စည်းများကို သယ်ယူခြင်းပြီးဆုံးသွား၍ ကုန်းကုန်းမှာလည်း ကြေညာနေခြင်းကို ရပ်တန့်လိုက်ပြီဖြစ်သည်။

ဖုန်းကျင်းယွမ်မှာ မျက်နှာကြီး မည်းမှောင်နေကာ သခင်မကြီးမှာလည်း မတ်မတ်မရပ်နိုင်တော့လောက်အောင် စိတ်ဆိုးနေသဖြင့် အစေခံနှစ်ဦးမှ ကူတွဲပေးထားရသည်။ ချန်ရှီကတော့ သူနှင့် မသက်ဆိုင်သလိုပင်။ မင်းသားယွီက ထိုသို့လုပ်လာမှတော့ သူတို့ ယောင်ရှီနှင့် ကလေးတွေအပေါ် ဘယ်လိုဆက်ဆံဆက်ဆံ လာအပြစ်မတင်ကြနဲ့တော့။ အိမ်တော်ထဲမှာရှိနေတဲ့ ယောင်ရှီက အိမ်တော်သခင်မပြန်ဖြစ်လာနိုင်သည်ဟု ထင်နေကြသူတွေလည်း နိုးထသင့်နေပြီ။

အားလုံးသည် ထိုအရှက်ခွဲခံနေရမှုမှာ ပြီးဆုံးသွားပြီဟု ထင်နေကြသည့်အချိန်၌ အထိန်းတော်ကျိုးက စကားထပ်ဆိုလာပြန်သည်။ " ဒါတွေအားလုံးက ဖုန်းအိမ်တော်အတွက် မင်းသားကိုးရဲ့ စေ့စပ်လက်ဆောင်တွေပါ။ ထပ်ပေးမယ့်အရာတွေကတော့ မင်းသားယွီက အနာဂတ်ရဲ့ ယွီ၀မ်ဖေးလောင်း အတွက် ပြင်ဆင်ပေးထားတဲ့ ကိုယ်ပိုင် စေ့စပ်လက်ဆောင်တွေပါ။ "

လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲဖြစ်သွားပြန်တော့သည် !

ကိုယ်ပိုင်စေ့စပ်လက်ဆောင် ?

ဘယ်လိုလူကများ အဲ့လိုဟာမျိုးကို တီထွင်လိုက်တာလဲ ?

သခင်မကြီးမှာ တုန်ယင်လာတော့သည်။ ဖုန်းကျင်းယွမ်မှာလည်း တစ်ဖန်မျက်နှာပျက်သွားပြန်ကာ ချန်ရှီကတော့ နားမလည်နိုင်ဖြစ်သွားသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now