၁၉၀။ မြို့တော်မှ ထွက်သွားခြင်း

1.5K 203 8
                                    

ဆင်ခြေဖုံးဘက်တွင်ဟူသည်ကို ကြားသောအခါ ဖုန်းယွိဟန် အကြီးအကျယ် စိုးရိမ်သွားမိ၍ အမြန်ပင် ထုတ်မေးလိုက်သည်။ " တပ်ထဲမှာ တစ်ခုခုဖြစ်သွားလို့လား "

ဟူးအန်းချွမ်က လက်တစ်ခါခါဖြင့် ပြန်ဖြေသည်။ " မဟုတ်ဘူး မဟုတ်ဘူး သခင်မလေးရဲ့ အရမ်းစိတ်မပူပါနဲ့ ၊ တပ်နဲ့ဆန့်ကျင်ဘက်အရပ်မှာရှိတဲ့ တောင်ပေါ်ကနေ နှင်းထုတွေပြိုကျလာတာပါတဲ့ ၊ ကျွန်မကြားတာတော့ အတော်လေးဆိုးပြီး တောင်ပါပြိုလာတာပါတဲ့ "

ယခုခေတ်၏ မြေမျက်နှာသွင်ပြင်အကြောင်းကို ဖုန်းယွိဟန် သေချာနားမလည်သော်ငြား စစ်တပ်နှင့် ဆန့်ကျင်ဘက်ဟု သိလိုက်ရ၍ သူမ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်နိုင်သည်။ သို့ပါသော်ငြား ၀မ်ချူအန်း၏စကားများက သူမအား တစ်ဖန်ပူပန်လာပြန်စေသည်။ " ဆန့်ကျင်ဘက် ? ဒါဆို အဲ့ဒါက မြောက်ဘက်မဟုတ်ဘူးလား ၊ ဟူးအန်းချွမ် အရှင့်သားခုနစ်က သူ့မိခင်ကိို ကန်တော့ဖို့သွားတာက ဘယ်နေ့လဲဆိုတာကို အခုထိမမှတ်မိသေးဘူးလား "

ဟူးအန်းချွမ်က ခဏစဥ်းစားလိုက်ပြီးနောက်တွင် " အဲ့ဒါက ဒီရက်ပိုင်းအတွင်းမှာလား "  ဟု အံ့သြတကြီး ပြန်မေးလာသည်။

ဖုန်းယွိဟန်မှာ ရိုလာကိုစတာစီးနေရသလိုပင်။ " နင်တို့ဆိုလိုတာက အစ်ကိုတော်ခုနစ်က ကန်တော့ပွဲကြောင့် မြို့တော်ကထွက်သွားတယ်လို့လား ၊ ဘယ်ဘက်ကိုလဲ မြောက်ဘက်ကိုလား  "

၀မ်ချူအန်းက ခေါင်းညိတ်ပြသည်။ " အရှင့်သားရဲ့မွေးမိခင်ကို မြို့တော်မြောက်ဘက်က ဘုရားကျောင်းလေးမှာ မြှုပ်နှံထားတာပါ ၊ အရှင့်သားက အရွယ်ရောက်တဲ့နှစ်ကနေစပြီး နှစ်တိုင်းသွားနေကြပါ ၊ ရက်ကိုတွက်ကြည့်ရရင် ဒီအတောအတွင်းမှာပါပဲ "

" ကျွန်မ ချွင်းနန်းတော်ကို သွားကြည့်လိုက်ရင်ရော  ဘယ်လိုပါလဲ " ဟူးအန်းချွမ်လည်း စိတ်မအေးနိုင်တော့ ။ " အရှင့်သား ရှိလားမရှိလားဆိုတာကို သွားကြည့်လိုက်ပါ့မယ် "

" မြန်မြန်သွားကြည့်လိုက် " ဖုန်းယွိဟန်မှာ စိုးရိမ်နေသဖြင့် လောခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပဲ ဆေးခတ်ခံခဲ့ရသည့်အချိန်ကိုပါ ပြန်သတိရသွားမိသည်။ ဆေးခန်းထဲ၌ တစ်ယောက်တည်းဖြစ်နေချိန်တွင် ထိုလူ၏ကြည်လင်နေသောအသံကို ကြားလိုက်ရ၍သာ သူမ ထွက်လာခဲ့တာဖြစ်ပြီး သူမကိုကယ်ထုတ်ပေးခဲ့သူမှာ ထိုလူပင်ဖြစ်ချေသည်။ သူမကိုကယ်ရန် ကောင်းကင်ဘုံမှ စေလွှတ်လိုက်သော နတ်ဘုရားတစ်ပါးပမာ ထိုနေ့ညတွင် သူမ၏ညကောင်းကင်အား အလင်းရောင်ပေးခဲ့သူလည်းဖြစ်သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုDonde viven las historias. Descúbrelo ahora