၆၂။ အရှက်မရှိတဲ့သူကို သေအောင်ရိုက်

3.9K 435 33
                                    

ဖုန်းယွိဟန် နှာခေါင်းရှုံ့လိုက်ကာ ထိုလူအား ထအော်လိုက်သည်။ " ဆိုတော့ ရှင်က တခြားလူဆိုရင်တော့ လိမ်ရောင်းဖို့ ဆန္ဒရှိတယ်ပေါ့ ၊ အဲ့လိုလား။ "

ဆိုင်ရှင်မှာ လန့်သွားကာ ဘာမှ ထပ်မပြောရဲတော့။

ဖုန်းကျင်းယွမ်လည်း အခြေအနေများကို သဘောပေါက်သွားကာ အကျဥ်းချုပ်နားလည်လိုက်သည်ကား ဤသို့ဖြစ်လေသည် : သူ့ရဲ့ အနောက်ခြံ၀င်းက ၀က်မကြီးက ဖုန်းမိသားစုကို နောက်ထပ် ဒုက္ခပေးပြန်ပြီ ။ ဒီတစ်ခေါက်တော့ ပိုကြီးတဲ့ ဒုက္ခကို ရှာလာတာပဲ !

"မိန်းမယုတ် ! " သခင်မကြီးမှာ သွေးအန်တော့မတက် ဒေါသထွက်လို့သွားသည်။ မြေပေါ်သို့ ကြိမ်တံဖြင့် တစ်ဖြန်းဖြန်းရိုက်နေကာ အစေခံများအား ခိုင်းစေလေသည်။ " အဲ့ဒီ မိန်းမယုတ်ကို ခေါ်လာခဲ့ကြစမ်း ! ဒီကို သွားခေါ်လာခဲ့ကြ !  "

ဖုန်းကျင်းယွမ်သည်လည်း မတားပါ။ မင်းသားကိုးသည် အကြွေးတောင်းဖို့ရာ လာသည်မှန်း သိသာလှကာ ဖုန်းအိမ်တော်က အမှားလုပ်ထားသည် ဖြစ်၍ သူ့၌ ရွေးချယ်စရာမရှိပါဘဲ တစ်ဖက်လူ အလိုရှိရာကိုသာ လုပ်ပေးရတော့မည် ဖြစ်လေသည်။ သည့်အပြင်ကို...

" အရှင့်သား ခုနက ပြောလိုက်တာက ' ချင်းရှန်၏ လက်ရာ ' ပန်းချီကားကို ကြင်ယာတော်ယွင်အတွက် လက်ဆောင်ပေးမလို့လို့ ပြောလိုက်တာပါလား။ "  ဖုန်းကျင်းယွမ် ထိတ်လန့်သွားသည်။ နန်းတွင်းထဲကို ပို့မည့်လက်ဆောင်သာဆို ပို၍တောင် ပြဿနာကြီးလာတော့မည် မဟုတ်ပါလား။

ဖုန်းကျင်းယွမ်သည် ယခုအခါတွင်တော့ မင်းသားကိုးသည် ခေါင်းခါပြကာ မပို့ရသေးဘူးဟု ပြောလာမည်ကိုသာ မျှော်လင့်နေမိတော့သည်။ သို့သော်လည်း တစ်ခါတစ်ရံတော့ ကိစ္စများသည် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာတက်။ ရွှမ်ထျန်းမင်သည် မငြင်းသည့်အပြင် သေချာလေးကို ပြောပြလာသည်။ " အဲ့နေ့ကတည်းကပဲ ပို့ပေးလိုက်တာ။ ကြင်ယာတော်မယ်တော်ကပဲ ပန်းချီကားက အတုကြီးဆိုတာကို သတိထားမိသွားတာ ။ မယ်တော်က ဘာလို့ ကိုယ်တော်က သူမကို အတုကြီးပို့ပေးတာလဲဆိုတာတောင် မေးနေသေးတယ်။ အမတ်ချုပ်ဖုန်း ၊ ကိုယ်တော်က မယ်တော့်ကို ဘယ်လို ပြန်ဖြေလိုက်ရမလဲ ပြောကြည့်စမ်းပါဦး။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now