၉၄။ အကြွေးပြန်ပေးခြင်း

3.4K 397 2
                                    

ယခုတလော ဖုန်းအိမ်တော်အား ပြဿနာများမပေးဖြစ်သည်မှာ ကြာပြီဟု ဖုန်းယွိဟန်ထင်သည်။ သူတို့ကို ရက်အတော်ကြာအောင် ခေါင်းကိုက်စရာများ မပေးရသည်မှာ ကြာနေပြီဖြစ်သဖြင့် ဖုန်းယွိဟန် စိတ်ထဲ၌ အကြံဆိုးလေးတစ်ခု ပေါ်လာတော့သည်။ အားလုံး နေရာယူနေကြသည်ကို စောင့်ပြီးနောက် ဖုန်းယွိဟန် စကားစလိုက်သည်။ " ကိုယ်လုပ်တော်ဟန်ရဲ့ မျက်နှာက ဘာလို့ရောင်နေတာလဲဟင် ။ နဖူးမှာလည်း သွေးထွက်နေသလိုပဲ ။ တစ်ယောက်ယောက်နဲ့များ ရန်ဖြစ်လာတာလားဟင် ။ "

ဟန်ရှီမှာ ဒေါသထွက်ကာ နှာခေါင်းများ ရဲလာတော့သည်။

အဆင့်မရှိ သူများတွေနဲ့ ဆွဲလားရမ်းလား ရန်ဖြစ်ခြင်းမျိုးကို ချန်ရှီလိုလူမျိုးကသာ လုပ်ရဲတာဖြစ်သည်။ သူမ ဘယ်လောက်ပဲ မကောင်းနေပါစေ ၊ ဖန်းသိုက်၏ မျက်နှာကိုထောက်ရဦးမည်ကိုတော့ ဟန်ရှီ နားလည်ပါသည်။ ဒါပေမယ့် ဒီမျက်နှာက ....လူမမြင်အောင် သူမ တက်နိုင်သလောက် ဖုံးထားခဲ့သော်လည်း ဖုန်းယွိဟန်၏ မျက်လုံးများမှ လွတ်အောင်တော့ မရှောင်နိုင်ခဲ့သည့်ပုံပင် ။

ဟန်ရှီ ကူကယ်ရာမဲ့စွာ ပြန်ဖြေရတော့သည်။ " မဖြစ်ပါဘူး ။ ကျွန်မရဲ့ နမော်နမဲ့နိုင်မှုကြောင့် မနေ့ညက တစ်ခုခုနဲ့ ၀င်တိုက်ခဲ့မိတာပါ ။ "

" ဪ " ဟုဆိုကာ ဖုန်းယွိဟန်သည် အတွေးနက်သွားဟန်ဖြင့် ထပ်ပြောပြန်သည်။ " နဖူးကတော့ တိုက်မိတာကို နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် မျက်နှာတစ်ခုလုံး ရောင်နေအောင် တိုက်မိတာဆိုတော့ ကိုယ်လုပ်တော်ဟန်က ထူးဆန်းတာပဲနော် ။ "

ဖုန်းယွိဟန် ပြောနေပုံမှာ ထူးဆန်းနေသော်လည်း သခင်မကြီးသည် အများကြီးတွေးမနေဘဲ ဟန်ရှီကိုသာ ဆူလေသည်။ " ညဘက်မှာ တိုက်မိတယ်လို့ ပြောရအောင် အသက်ကပဲ ဘယ်အရွယ်ရှိနေပြီလဲ ။ ဘာလဲ ၊ ဖုန်းမိသားစုက ညည်းကို ညဘက်မှာ အလုပ်အကျွေးပြုဖို့ အစေခံတွေ ပေးမထားလို့လား။ "

ဟန်ရှီ အမြန်ထရပ်လိုက်ကာ သခင်မကြီးကို တောင်းပန်ရလေသည်။ " ဒါတွေက ဒီိကိုယ်လုပ်တော်ရဲ့ ဂရုမစိုက်မှုကြောင့် ဖြစ်ရတာပါ ။ သခင်မကြီးကို အာရုံစိုက်ရအောင် လုပ်မိလို့ တောင်းပန်ပါတယ်။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now