၁၂၄။ ပုနင်ရှန်း၏ စိန်ခေါ်မှု

3.3K 416 27
                                    

အထူးဆုဆိုသည်ကို သတင်းများကြားထားပြီးကြပြီဖြစ်၍ အားလုံး စိတ်လှုပ်ရှားလာကြတော့သည်။

ဖုန်းချန်းယွီက ချင်လဲ့အား မေးခွန်းမေးနေသည်ကို ဖုန်းယွိဟန် တွေ့လိုက်ရသည်။ ချင်လဲ့၏အဖြေကို ကြားပြီးသည့်အခါတွင် ဖုန်းချန်းယွီက အလွန်အံ့သြသွားဟန်ရှိပြီး ထအော်မိတော့မလိုဖြစ်သွားသဖြင့် ချင်လဲ့က အမြန်ပါးစပ်ကိုအုပ်၍ တားလိုက်လေသည်။ ထိုမြင်ကွင်းအား သတိထားမိသွားကြသူများရှိသဖြင့် ဖုန်းချန်းယွီက ခေါင်းမဖော်ရဲတော့ပေ ။

ဖုန်းယွိဟန် ခုံကိုနောက်သို့ဆုတ်၍ သက်သောင့်သက်သာ ထိုင်နေလိုက်တော့သည်။ ထိုပြိုင်ပွဲများက သူမနှင့် မသက်ဆိုင်ဟု ထင်မိ၍ဖြစ်သည်။ ဧကရီကိုယ်တိုယ်က မျိုးဆက်သစ်လူငယ်တွေ ကြင်ယာရှာနိုင်ဖို့ဟု ဆိုခဲ့သဖြင့် စေ့စပ်ထားပြီးသူဖြစ်သော သူမက ၀င်ပြိုင်နေဖို့ မလိုလောက်ပေ ။

သို့သော်လည်း ဖုန်းယွိဟန်က မပြိုင်ချင်လျှင်တောင် သူမအား လွှတ်ပေးမထားမည့်သူက ရှိလို့နေလေသည်။ ' ဗျတ်စောင်းတီးခြင်း ၊ ကျားကွက်ထိုးခြင်း ၊ လက်ရေးလှရေးခြင်း ၊ ပန်းချီဆွဲခြင်း ၊ သီဆိုခြင်း ၊ ကခုန်ခြင်း ' အစရှိသော ပြိုင်ပွဲနေရာခြောက်ခု၌ သခင်မလေးများနှင့် ပြည့်နှက်သွားသဖြင့် ကျယ်၀န်းလှသော လျိုလီနန်းဆောင်၌ နေရာခြောက်ခုကွဲသွားပြီး ပြိုင်ပွဲ၀င်များဖြင့် ပြည့်နှက်လို့နေသည်။

လျိုလီနန်းဆောင်၏ အပြင်ဘက်တွင်ရှိသော မြှားပစ်ပြိုင်ကွင်းတွင်မူ ခြောက်ကပ်လို့နေပြီး ပြိုင်ပွဲ၀င်တစ်ဦးသာ ရှိနေပေ၏။

ထိုရှိနေသော တစ်ယောက်သည် ဖုန်းယွိဟန်ထံသို့လှည့်လာကာ လက်ညှိုထိုးပြရင်း " နင် ... ငါနဲ့ လာပြိုင် " ဟု မောက်မာစွာ လှမ်းခေါ်သည်။

ဖုန်းယွိဟန် ထိုတစ်ယောက်ကိုကြည့်ကာ ပြုံးပြလိုက်သည်။ သူမ၏ အပြုံးသည် စဥ်းလဲသည်ဟုထင်ရသော်လည်း ဆွဲဆောင်မှုရှိနေပြန်ကာ ပျင်းတိပျင်းရွဲဟန်ကလည်း ပျောက်မသွားသလို ဂရုမစိုက်သည့်ဟန်လေးကလည်း ပါနေလေသည်။

အဟုတ်ကိုပင် ၊ ကြင်ယာတော်ယွင် ပြောခဲ့သည့်အတိုင်းပင် ဖြစ်ချေသည်။ သူမ ဘာမှမလုပ်သည်ကိုတောင် ကြင်ယာတော်ပု၏ တူမက သူမအား စိန်ခေါ်လာလေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now