၁၄၆။ အလောင်းကို အသက်ပြန်သွင်းပေးခြင်း

2.2K 265 7
                                    

ဖုန်းယွိဟန်၏ အသံကြောင့် သခင်မကြီးမှာ အသက်ထွက်မတတ် လန့်သွားတော့သည်။ " ဘာလုပ်နေတာလဲ "

ဖုန်းယွိဟန်က သခင်မကြီး၏အမေးစကားကို ပြန်ဖြေသည်။ " အားဟန်က သူတို့ကို နန်းတော်ကို ပို့ပေးနေတာပါ ၊ သူတို့က အရှင်မင်းကြီးကို တိုင်ချင်နေတာ မဟုတ်ဘူးလား ၊ သူတို့ လမ်းပျောက်နေရင် မကောင်းဘူးလေ ၊ ဒါပေမယ့် ဒီအလောင်းကိုလည်း အတူယူသွားကြရမှာပါ ၊ ပြီးရင် အားဟန်က အစေခံတစ်ယောက်လွှတ်ပြီး သေမှုသေခင်းအရာရှိတစ်ဦးကို ဆင့်ခေါ်ခိုင်းပြီး ဆေးလုံးကြောင့် သေသွားရတာလားဆိုတာကို စစ်ဆေးခိုင်းမလို့ပါ ၊ စစ်ဆေးပြီးတော့ ရလဒ်ထွက်လာမှသာ အမှန်တရားကို သက်သေပြနိုင်မှာပါ "

ဖုန်းယွိဟန်၏ အဖြေကြောင့် သခင်မကြီး စိတ်အေးသွားမိသည် ။ ဤမြေးမလေး၏ ဆေးကတော့ အမှားအယွင်း ရှိစရာအကြောင်းမရှိသည်ကို သူမ သေချာသိသည် ။ ဖုန်းယွိဟန်ပေးသော ဆေးများကို သူမလည်း သောက်ဖူးကာ ဆေးလုံးဟူသည်များ မပါသော်လည်း အခြားသောဆေးများ၏ အာနိသင်ကလည်း အလွန်ကောင်းမွန်လေသည် ။

သခင်မကြီးက ခေါင်းတစ်ညိတ်ညိတ်ဖြင့် ထောက်ခံသည်။ " ဟုတ်တယ် ၊ အားဟန်လုပ်နေတာက လမ်းကြောင်းအမှန်ပဲ "

သေမှုသေခင်းအရာရှိဟူသည်ကို ကြားသောအခါ လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြတော့သည်။ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရှေ့ဆက်၍ ဘာလုပ်ရမည်ကိုမသိ ဖြစ်နေကြလေ၏။

ထိုတစ်စု၏ မျက်နှာအမူအရာများ​ကိုကြည့်ကာ ဖုန်းယွိဟန် ကျေနပ်သွားမိသည် ။ " တစ်ယောက်ယောက်ကို စွပ်စွဲချင်တာတောင် အစီအစဥ်တစ်ကျ မလုပ်နိုင်ဘဲနဲ့များ ဒီလိုကြီးကြီးကျယ်ကျယ်ဖြစ်အောင် လုပ်ချင်သေးတာလား " ဟုဆိုရင်း ဖုန်းယွိဟန် ဒေါသတကြီး ထအော်လိုက်သည်။ " ပြောစမ်း ! ဖုန်းမိသားစုကို ပြဿနာရှာဖို့ ရှင်တို့ကို ဘယ်သူပြောတာလဲ "

လူအုပ်ကြီးမှာ တုန်တုန်ယင်ယင်ဖြစ်လာပြီး တောင့်တောင့်ဖြောင့်ဖြောင့်လူက စပြောလာသည်။ " အဲ့ဒါက မိန်းက ... "

" ပါးစပ်ပိတ်ထားစမ်း ! မင်း အသက်မရှင်ချင်တော့ဘူးလား " ဘေးရှိ လူတစ်ယောက်က ထိုလူအား အားပါပါဆွဲဆိတ်ကာ သတိပေးလိုက်လေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now