၄၁။ အားဟန် လက်ဆောင်ပေးမလို့ပါ

3.6K 386 2
                                    

သို့ဖြစ်၍ ၀မ်ချူးအန်းသည် ကျင်းကျန့်၏အစား ဖြေပေးရတော့သည်။  " သခင်ကြီးကို ပြန်ဖြေရရင် ဒီလိုပါ။ မနေ့ညက ဒုတိယသခင်လေးက ရုတ်တရက် နေမကောင်းဖြစ်လို့ ဒီမနက်မှာ အိမ်တော်သခင်မက  သမားတော်ကို လွှတ်ပြီး ကြည့်ခိုင်းလိုက်ပါတယ်။ ပြိီးတော့ သမားတော်က ကိုယ်တိုင်ဆေးကျိုပေးပြီး မိုးမခခြံ၀င်းကို အစေခံတစ်ဦးနဲ့  ပို့ခိုင်းလိုက်ပါတယ်။ ဒါပေမယ့် မိန်းကလေး ကျင်းကျန့်ရောက်လာပြီး ဆေးက မှားပို့မိတာပါလို့ ပြောပါတယ်။ ဒီဆေးက သခင်မက သခင်ကြီးအတွက် ပြင်ထားတဲ့ အားဆေးလို့ ပြောတာကြောင့် ဒုတိယသခင်မလေးက အချိန်မနှောင့်နှေးရအောင် ဒီအစေခံကိုပါ ကျင်းကျန့်နဲ အတူ လာပို့ခိုင်းလိုက်တာပါ။ "

ဖုန်းကျင်းယွမ်လည်း သဘောပေါက်သွားကာ ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက် " မင်းက ဘယ်လိုလုပ် အဲ့လောက် နမော်နမဲ့နိုင်ရတာလဲ။ သခင်မဆီ ပြန်ရောက်ရင် အပြစ်ပေးခံရလိမ့်မယ်
" ဟူ၍ ကျင်းကျန့်အား အပြစ်တင်စကားဆိုလိုက်၏။ ၀မ်ချူးအန်းပြောသည့် ဖုန်းဇီရွေ့နေမကောင်းလို့ ဟူသည့်စကားအား မကြားလိုက်သကဲ့သို့ပင် မေးလည်းမမေး စကားဆိုခြင်းလည်းမပြုဘဲ နေနေလိုက်သည်။

၀မ်ချူးအန်း စိတ်ထဲမှ ရှုတ်ချမိရင်း ဒီမိသားစု၏ မိသားစုမဆန်သည့် အပြုအမူများကို တွေးမိရင်း သက်ပြင်းသာချလိုက်တော့သည်။ ဒုတိယသခင်လေးက ကိုယ်လုပ်တော်ဖွားဆိုပေမယ့်လည်း ဖုန်းအိမ်တော်တွင် သားနှစ်ဦးသာရှိတာမို့ နှစ်ယောက်လုံး အချစ်ခံရသင့်ပေသည်။ ဒါပေမယ့် အဖေဖြစ်တဲ့ ဖုန်းကျင်းယွမ်ကတော့ တစ်ဦးကို သိသိသာသာ လျစ်လျူရှုထားသည်မှာ စိတ်ပျက်စရာအတိ။

" ယူခဲ့လေ ။ " ဖုန်းကျင်းယွမ် ပြောလာ၍ ၀မ်ချူးအန်း ရှေ့သို့တိုးကာ ဆေးအား စားပွဲပေါ်သို့ တင်လိုက်သည်။

ဇနီးများမှ ပို့ပေးနေသည့် အားဆေးများသောက်ရသည်ကို ဖုန်းကျင်းယွမ်မှာ အကျင့်ရနေပြီး ဖြစ်ပုံရသည်။ ဒီတစ်ခါကိုလည်း အရင်လိုပဲဟုထင်ကာ တစ်ကျိုက်တည်း သောက်လိုက်လေသည်။

ကျင်းကျန့်သည် တားချင်သည့် ဟန်ဖြင့် " သခင်ကြီး - " ဟုအော်မိသွားသည်။ ဖုန်းကျင်းယွမ်သည် တစ်ခဏမျှ တန့်သွားပြီးနောက် သောက်ပြီးသော ဆေးခွက်အား စားပွဲပေါ် ဆောင့်ချလိုက်ကာ " ပိုပိုပြီး စည်းမရှိ ကမ်းမရှိ ဖြစ်လာတာပဲ ! " ဟု ဒေါသတကြီး ပြောတော့သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now