၂၉။ ညီလာခံ၌ ပြဿနာဖြစ်သွားခြင်း

3.7K 401 8
                                    

ဟန်ရှီ တခစ်ခစ်ရယ်လိုက်ပြန်သည်။ " သွားပါတယ်။ သခင်ကြီးက နေမထွက်ခင်ကတည်းက  ညီလာခံတက်ဖို့ ထွက်သွားတာပါ။ သခင်ကြီးလည်း အစတုန်းကတော့ နေ့လယ်လောက်မှ ပြန်လာနိုင်မယ်ထင်ထားတာပါ။ ဒါပေမယ့် ဒီအချိန်ကြိိးပြန်ရောက်လာမယ်လို့တော့ ဘယ်သူထင်ထားမှာလဲ။ "

အန်းရှီသည် ဘာမှမ​​ပြောဘဲ ဘေး၌ ဆက်တိုက်ရပ်နေခြင်းသည် သိပ်၍ မကောင်းဟု တွေးလိုက်ကာ " သခင်ကြီးက ၀တ်ရုံတွေ လဲဖို့သွားပါတယ်။ အမေ့ကို ဂါရ၀ပြုဖို့ ကျွန်မတို့အားလုံး ဒီမှာရှိနေတယ်ဆိုတာကိုကြားတော့ အားလုံးကို ဒီမှာစောင့်နေကြဖို့ ပြောပါတယ်။ ခဏနေရင် သူလာခဲ့မယ်လို့လည်း မှာလိုက်ပါတယ်။ " ဟု၀င်ပြောလိုက်သည်။

သခင်မကြီးသည် ထိုသည်ကို ကြားသည့်အခါ မျက်မှောင်ကြုံ့သွားကာ " ညီလာခံမှာ တစ်ခုခုဖြစ်လာမှာပဲ စိုးရိမ်တယ်။ " ဟုဆိုလိုက်သည်။

ချန်ရှီသည် သူမ ထိုင်ခုံပေါ်သို့ ပြန်ထိုင်ချလိုက်ကာ လက်ကိုင်ပု၀ါအား ခါလိုက်သည်။ ပြီးနောက် စကား စ,မပြောခင် အစေခံမှယူလာပေးသည့် လက်ဖက်ရည်ကိုလည်း တစ်၀က်လောက်မော့ချလိုက်သေးသည်။ " အကယ်၍ တစ်စုံတစ်ရာဖြစ်သွားခဲ့ရင်တောင် ကျွန်မတို့ မိန်းမသားတွေနဲ့ ဘာမှမဆိုင်ဘူးလေ။ သခင်ကြီးက အမေ့ကို ဂါရ၀ပြုအရိုအသေပေးချင်လို့ လာတာနေမှာပါ။ "

ချန်ရှီ ပြောသွားသည်များသည် မမှားပေ။ ညီလာခံမှာ ဘယ်လိုပြဿနာရှိရှိ အနောက်ခြံထဲရှိ မိန်းမသားများနှင့် ဘာမှ မသက်ဆိုင်ပေ။

ဒါပေမယ့် သခင်မကြီးသည် ဖုန်းကျင်းယွန် ရှုးယခြံ၀င်းသို့ လာခြင်းသည် အရိုအသေပေးရုံလောက်တော့ မရိုးစင်းဟု ခန့်မှန်းမိနေသည်။

သူမ ဖုန်းယွိဟန်ဘက်သို့ လှည့်ကြည့်လိုက်မိပြီး ပြဿနာက ထိုကောင်မလေးနှင့် သက်ဆိုင်နေသည်မှာ ၇၀ ၊ ၈၀ ရာခိုင်နှုန်းလောက် သေချာသည်ဟု စိတ်ထဲက သိနေသည်။ ပြီးတော့ ရုတ်ရက် ဆုံးဖြတ်ချက်ပြောင်းသွားပြီး အိမ်တော်၌ နေခွင့်ပြုလိုက်ရသည့်အကြောင်းကိုလည်း အားလုံးသိအောင် ရှင်းပြဖို့ လိုနေသေးသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုHikayelerin yaşadığı yer. Şimdi keşfedin