၆၈။ ဆေးခန်း၏ လုပ်ဆောင်ချက်အသစ်အား ရှာဖွေတွေ့ခြင်း

3.8K 410 8
                                    

ဖုန်းယွိဟန် ပြတင်းတံခါးကို ဖွင့်လိုက်သည့်အခါ မြေပေါ်သို့ လဲကျနေသည့် ဒဏ်ရာများရထားသည့် ၀မ်ချူးအန်းကို တွေ့လိုက်ရလေသည်။ ဖုန်းယွိဟန်အား မော့ကြည့်လာသည့်အခါ သူမ၏ နှုတ်ခမ်းထောင့်များ၌ သွေးစို့နေသည်ကိုပါ တွေ့လိုက်ရသည်။

ဖုန်းယွိဟန် ပတ်၀န်းကျင်အား တစ်ချက်မျှ စူးစမ်းကာ ဝေ့၀ဲကြည့်လိုက်သည်။ ညချမ်းသည် တိတ်ဆိတ်လို့နေကာ နေရာတိုင်းသည်လည်း ငြိမ်သက်နေလေသည်။

သို့သော်လည်း သူမ စိုးရိမ်နေသေး၍ " ပန်ကျိုး ၊ နောက်ကြောင်းရှင်းလိုက်ဦး။ " ဟုခိုင်းလိုက်သည်။

" ကျွန်တော် နားလည်ပါပြီ။ " ဟူသည့်အသံကိုသာ ကြားလိုက်ရကာ လူအားမမြင်လိုက်ရပေ။ ထိုမှသာ  ၀မ်ချူးအန်းအား တွဲပေးလိုက်ကာ အခန်းထဲခေါ်လာပြီးမှ သူမ စိတ်ချသွားန်ိုင်တော့သည်။

၀မ်ချူအန်းသည် ဖုန်းယွိဟန်၏ ပန်ကျိုးဟု ခေါ်သံကြောင့် အံ့အားသင့်သွားလေသည်။ ပန်ကျိုးသည် ဖုန်းယွိဟန်လက်ထဲသို့ ရောက်လာမည်ဟု သူမ လုံး၀မထင်ထားခဲ့ပါ။ ပန်ကျိုး၏ အသံကိုကြားမှသာ ဖုန်းမိသားစု၏ ဒုတ်ိယသခင်မလေးသည် မင်းသားကိုး၏ စိတ်ထဲတွင် မည်မျှအရေးပါကြောင်းကို သူမ သဘောပေါက်သွားတော့သည်။

ပန်ကျိုးလည်း ရှိနေ၍ ၀မ်ချူးအန်း သူမ၏ တင်းထားသောစိတ်များကို လျှော့ချလိုက်တော့သည်။ ဖုန်းယွိဟန်၏ အမေးကို မစောင့်တော့ဘဲ အဖြစ်အပျက်များကို တင်ပြလိုက်သည်။ " ကောင်မလေးတွေ အားလုံးကို ဘေးကင်းရာကို ရွှေ့ပြောင်းပေးပြီပါပြီ။ စုစုပေါင်း ဆယ့်နှစ်ယောက်ရှိပြီး ခြံ၀င်းတစ်ဆောင် ၀ယ်ပေးပြီး ထားခဲ့လိုက်ပါတယ်။ ဒီအစေခံက မြို့တော်ကို ပြန်တဲ့လမ်းမှာ အတိုက်ခိုက်ခံခဲ့ရတာပါ။ နောက်ကနေ တောက်လျှောက်လ်ိုက်လာခဲ့ကြတာပါ ၊ ပြီးတော့ ကြည့်ရတာ ... သူတို့တွေလည်း ဖုန်းအိမ်တော်ထဲကို ၀င်လာကြတာနဲ့ တူပါတယ်။ "

ဖုန်းယွိဟန် လန့်သွားမိသည်။ ဖုန်းယွိဟန်သည် ၀မ်ချူးအန်း၏ သိုင်းပညာမှာ မည်မျှကောင်းသည်ကို သေချာမသ်ိသော်ငြား ပန်ကျိုးနှင့်တော့ သိပ်၍ မကွာလောက်သည်ကို သိသည်။ မဟုတ်ပါက ရွှမ်ထျန်းမင်က သူမဘေး၌ ဘာလို့ထားပေးထားမှာတဲ့လဲ။ ထိုမျှ တော်သည့်သူသည်ပင် ဖုန်းအိမ်တော်ထိ တောက်လျှောက်အလိုက်ခံခဲ့ရသည်ဆိုတော့ တစ်ဖက်ရန်သူသည် ရင်ဆိုင်ရလွယ်မည့်သူ မဟုတ်ပေ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now