၁၅၀။ ဘိုးဘေးအုတ်ဂူများကြားတွင် ကာမဂုဏ်၌ မွေ့လျော်နေခြင်း

2.6K 283 12
                                    

ထိုနေ့ည သန်းခေါင်ယံအချိန် မတိုင်ခင်တွင် ဖုန်းချန်းယွီသည် တစ်ကိုယ်လုံးကို အနက်ရောင်၀တ်ရုံခြုံပြီး ယီယွဲ့နှင့်အတူ ဖုန်းမိသားစုအိမ်၏ ဘေးတံခါးမှ ခိုးထွက်လာခဲ့သည်။

ထိုနှစ်ယောက်သည် လူမိသွားမည်စိုး၍ အတော်လေး သတိထားနေကြသော်လည်း ကံကောင်းချင်တော့ ခရိုင်သည် မြို့တော်နှင့်မတူသဖြင့် ညရောက်သည်နှင့် လမ်းမများထက်၌ လူသူမရှိကြတော့ပေ ။ ညစောင့်လေးတစ်ယောက်ပင် ရှိမနေတာဖြစ်သည် ။

ခိုးကြောင်ခိုး၀ှက်သွားနေကြသည်မှာ ချီဖုန်းတောင်ခြေရောက်သည်အထိပင်ဖြစ်ပြီး ထိုနေရာသို့ရောက်မှသာ သစ်ပင်ကြီးတစ်ခုကိုမှီ၍ ဖုန်းချန်းယွိီ အသက်ပြင်းပြင်း ရှုနိုင်တော့သည်။

" သခင်မလေး နည်းနည်းလောက် အားတင်းထားပါ ၊ တောင်ပေါ်ကို တစ်ခါတည်းရောက်သွားရင် ပိုကောင်းပါတယ် " ယီယွဲ့က ဖုန်းချန်းယွီ လမ်းဆက်မလျှောက်နိုင်တော့သည်ကို မြင်သောအခါ စိုးရိမ်နေလေ၏။

ဖုန်းချန်းယွီ ယီယွဲ့အား မျက်ထောင့်နီဖြင့်ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။ " အသုံးမကျတဲ့ နင်ကတော့လေ ၊ နင် ဘာတွေတွေးနေတယ်ဆိုတာ ငါမသိဘူး ထင်မနေနဲ့ ၊ ခဏနေလို့ ငါ့အစ်ကိုကိုတွေ့ရင် နင့်စိတ်ရော ၊ ပါးစပ်ရော ၊ မျက်လုံးတွေကိုပါထိန်းထား ၊ မဟုတ်လို့ကတော့ နင့်ဒုက္ခနင်ရှာနေတာ ဖြစ်သွားလိမ့်မယ် "

ယီယွဲ့ကလည်း သဘောပေါက်လွယ်သူဖြစ်သဖြင့် ချက်ချင်း ကတ်ိပေးလာသည်။ " ဒီအစေခံက သခင်မလေးကို အဖော်ပြုပြီး လိုက်လာပေးရုံပါ ၊ ပထမသခင်လေးကို မျက်လုံးနဲ့တောင် ယောင်လို့မကြည့်မိစေရပါဘူး "

" ကိုယ့်အဆင့်ကိုယ်သိရင်တော့ ကောင်းတာပေါ့ "

ယီယွဲ့ ငိုချင်လာမိသည်။ " သခင်မလေး ဒီအစေခံက ပထမသခင်လေးကို တွေ့ချင်နေလို့ မဟုတ်ပါဘူး ၊ ဒီနေရာက မလုံခြုံဘူးထင်လို့ မနားခင် တောင်ပေါ်အထိ ရောက်အောင် သွားသင့်တယ်ထင်လို့ပါ "

ဖုန်းချန်းယွီက နှာမှုတ်လိုက်သော်လည်း ဆက်မနားတော့ဘဲ ၀တ်ရုံကိုသာ သေချာဆွဲခြုံကာ ခြေထောက်များက်ို အလုပ်ပေး၍ တောင်ပေါ်သို့ ဦးတည်လိုက်လေသည်။ သို့သော်လည်း သူမတို့၏နောက်တွင် တစ္ဆေသဖွယ် အရိပ်နှစ်ရိပ် ပါလာသည်ကိုမူ မသိကြပေ ။ ထိုနှစ်ရိပ်၏ ခြေလှမ်းများမှာ ပေါ့ပါးပြီး ဖုန်းချန်းယွီ၏ ပြောစကားများကိုပါ အလုံးစုံ ကြားသွားခဲ့လေသည် ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now