၈၀။ ကိုယ်လုပ်တော်ဟန်ရဲ့ သမီးက ဖိနပ်တွေကို သဘောကျတာ မဟုတ်ဘူးလား

3.8K 395 2
                                    

ချန်ရှီ၏ ပြဿနာများအား ဖုန်းချန်းယွီသည် မဖြေရှင်းချင်သော်လည်း ဖြေရှင်းရတော့သည်။ ဖုန်းယွိဟန် နောက်ထပ်တောင်းဆိုချက်များ မပြုနိုင်တော့အောင် ဖုန်းချန်းယွီသည် စာပို့ရန် စာရေးရဦးမည်ဟူသော အကြောင်းပြချက်ဖြင့် သခင်မကြီးထံမှ ခွင့်တောင်းကာ ပြန်သွားတော့သည်။

ဖုန်းချန်းယွီ ပြန်သွားတော့မှသာ ဟန်ရှီသည် စိတ်သက်သာရာရသွားကာ သက်ပြင်းချနိုင်တော့သည်။ ဟန်ရှီသည် မသိပါက စစ်ပွဲတွင် အနိုင်ရရှိသွားသလို အမူအရာမျိုးဖြင့် ဖြစ်နေကာ ပျော်ရွှင်နေတော့သည်။

ပိုက်ဆံကို ပြန်တောင်းလို့ရပြီဆိုတော့ သူမ၏ ဖန်းသိုက်သည် ခန်း၀င်ပစ္စည်းအဖြစ် ငွေတုံးငါးသောင်းရတော့မှာ ဖြစ်သည်မဟုတ်ပါလား ။

ဖန်းသိုက်သည် ကိုယ်လုပ်တော်ဖွား သမီးတစ်ယောက်သာဖြစ်၍ လက်ထပ်ကာ ထွက်သွားရမည့်အချိန်တွင် မိသားစုဘက်မှ သူမအား ခန်း၀င်ပစ္စည်း အများအပြား ပြင်ဆင်ပေးမည် မဟုတ်ပါ။ သူမကိုယ်တိုင်၌လည်း ၀င်ငွေမရှိသဖြင့် ဤငွေတုံးငါးသောင်းသည် ဖုန်းမိသားစုမှ ပြင်ဆင်ပေးမည့် ခန်း၀င်ပစ္စည်းများထက်တော့ များမည်မှာ အသေအချာပင်။

ဟန်ရှီသည် ထိုသို့တွေးပြီး ဖုန်းယွိဟန်အား မျက်နှာချိုသွေးကာ ကြည့်လေသည်။ ပျော်ရွှင်စွာဖြင့် ဖုန်းယွိဟန်၏ ရှေ့သို့ သွားလိုက်ကာ " စတုတ္ထသခင်မလေးအတွက် ခန်း၀င်ပစ္စည်းကို စီစဥ်ပေးလို့ ဒီကိုယ်လုပ်တော်က ဒုတိယသခင်မလေးက်ို ကျေးဇူးတင်ပါတယ်။ " ဟုဆိုလေသည်။

ဖုန်းယွိဟန်ကတော့ ဂရုမစိုက်ဟန်ဖြင့် ပြောလေသည်။ " အားဟန်ပေးတာက ဖိနပ်လေးတစ်စုံပဲဟာ ။ ကိုယ်လုပ်တော်ဟန် စိတ်ထဲထားဖို့ မလိုပါဘူး။ "

" ဟင် ? " ဖုန်းယွိဟန်၏ စကားများသည် ဟန်ရှီကိုသာ ကြောင်သွားစေတာ မဟုတ်ဘဲ အန်းရှီနှင့် သခင်မကြီးကိုပါ နားမလည်န်ိုင် ဖြစ်သွားစေလေသည်။ ဟန်ရှီသည် ပြန်မေးလာတော့သည်။ " ဒုတ်ိယသခင်မလေးက ဘယ်ဖိနပ်အကြောင်းကို ပြောနေတာပါလဲ။ "

ဖုန်းယွိဟန် ပြန်ဖြေပေးလိုက်သည်။ " စတုတ္ထည်ီမက အားဟန်ရဲ့ ဖိနပ်ကို အရမ်းကြိုက်တဲ့ပုံပဲလေ ။ ဒါကို ကိုယ်လုပ်တော်ဟန်လည်း သိတယ်မဟုတ်ဘူးလား။ အားဟန် နန်းတော်ကနေ ပြန်လာတဲ့ နေ့တုန်းက စတုတ္ထညီမက အပြေးလာပြီး အားဟန်ရဲ့ ဂါ၀န်ကို လာလှန်တာက အားဟန်ရဲ့ ဖိနပ်ကို ကြည့်ချင်လို့ မဟုတ်ဘူးလား။ အဲ့လိုဆိုမှတော့ အစ်မတစ်ယောက်အနေနဲ့ အားဟန်က ဘယ်လိုလုပ် နားမလည်ဘဲနေပါ့မလဲ။ ဆိုရိုးတစ်ခုလည်းရှိတယ်မလား။ လက်ဆောင်ပေးချင်ရင် လက်ဆောင်ကို လက်ခံမယ့်သူရဲ့ အကြိုက်အတိုင်း ဖြစ်ဖို့လိုတယ်ဆိုတာလေ။ စတုတ္ထညီမက အဲ့လောက်တောင် အားဟန်ရဲ့ ဖိနပ်ကို သဘောကျနေမှတော့ ... ၀မ်ချူးအန်း ၊ ထုံရှန်းစံအိမ်ကို ပြန်ရောက်ရင် ငါ၀တ်ပြီးသား ဖိနပ်တွေ အကုန်လုံးကို ထုတ်ခဲ့လိုက် ။ သေချာလေး သန့်ရှင်းရေးလုပ်ပြီးတော့ စတုတ္ထသခင်မလေးဆီ ပို့ပေးလိုက်နော် ။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now