၈၁။ နင့်ဂါ၀န်က ငါ့ပန်းကန်လောက်တောင် တန်ဖိုးမရှိဘူး

3.6K 429 23
                                    

၀ူယန်း ညွှန်ပြသည့်နေရာသို့ ဖုန်းယွိဟန် လှမ်းကြည့်လိုက်သည့်အခါ ပေါက်စီဆိုင်ရှေ့တွင် ရပ်နေကြသည့် မိန်းကလေးသုံးဦးကို တွေ့လိုက်ရသည်။ ထိုထဲမှ တစ်ယောက်သည် အ၀ါဖျော့ရောင် ဂါ၀န်ရှည်အား ၀တ်ဆင်ထားကာ ပေါက်စိီဆိုင်မှ စားပွဲထိုးလေးထံမှ ပေါက်စီတစ်လုံးကို ယူလိုက်ကာ သူမ၏ သွင်ပြင်အား ဂရုစိုက်မနေဘဲ အားလုံးရှေ့မှာတင် အကြီးကြီး တစ်ကိုက်ကိုက်ပစ်လိုက်လေသည်။

ထိုမြင်ကွင်းကို ကြည့်ကာ ဖုန်းယွိဟန် ပြုံးလိုက်မိသည်။ ဆိုတော့ အဲ့သုံးယောက်က ရွှမ်ထျန်းကောရဲ့ သူငယ်ချင်းတွေပေါ့လေ ။ ထင်ထားတဲ့ အတိုင်းပဲ သူတို့ကလည်း သာမန်မဟုတ်ကြဘူးပဲ !

ရွှမ်ထျန်းကောသည် ဖုန်းယွိဟန်အား ထိုသုံးယောက်ရှိရာသို့ ဆွဲခေါ်သွားမည်အပြုတွင် အစေခံလေးတစ်ယောက်သည် သူတို့ရှိရာသို့ ရောက်လာကာ မကျေမနပ် ပြောဆိုတော့သည်။ " ကျွင်းကျူ ၊ ပြေးသွားတာ အရမ်းမြန်တာပဲ ! မျက်စိတစ်မှိတ်အတွင်း ပျောက်သွားတော့ ဒီအစေခံက လိုက်လို့မမီတော့ဘူးလေ ! "

" ငါမြန်တာပဲ ပြောမနေနဲ့လေ ၊ နင်နှေးလွန်းတာကိုလည်း ပြောဦးလေ ၊ ဟမ် ? " ရွှမ်ထျန်းကောသည် အစေခံလေးအား စလိုက်ပြီးနောက် ဖုန်းယွိဟန်အား ဆွဲခေါ်သွားကာ မိတ်ဆက်ပေးလေသည်။ " ဒါက ဒေါ်ဒေါ်ရော့ရဲ့ သမီး ၊ ဖုန်းယွိဟန်တဲ့ ။ သူမက ငါ့ရဲ့ ကိုးယောက်မြောက် ယောင်းမလောင်းဖြစ်လာမယ့်သူလေ ! "

ဖုန်းယွိဟန် မျက်ခုံးများကို တွန့်ချိုးလိုက်မိတော့သည်။

" ၀ိုးးး ! " ပေါက်စီအား ပါးစပ်အပြည့်၀ါးနေသည့် မိန်းကလေးက စပြောလေသည်။ " နင်က မင်းသားကိုးကို ကြွေဆင်းသွားအောင်လုပ်နိုင်တယ်ဆိုတဲ့ ဖုန်းယွိဟန်လား ။ " ဟုပြောရင်းဖြင့် ဆီများပေနေသည့် လက်ကို ဆန့်ထုတ်ပေးကာ " တွေ့ရတာ ၀မ်းသာပါတယ် ၊ ငါ့နာမည်က ... " ဟုဆိုလေသည်။ ပြီးမှသာ သူမ၏ လက်များက ညစ်ပေနေသည်ကို သတိထားမိသွား၍ လက်ကို ပြန်ရုတ်ကာ ဂါ၀န်စနှင့် သုတ်လိုက်ပြီးမှသာ ပြန်၍ လက်ဆန့်ထုတ်ကာ နှုတ်ဆက်ပြန်လေသည်။ " ငါ့နာမည်က ဖုန်းထျန်းယွီပါ ။ ငါ့အဖေကလည်း ၀န်ကြီးချုပ်ပဲလေ။ နင့်အဖေရဲ့ ရန်သူပေါ့ ။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now