၃၄။ ဆယ့်ငါးနှစ်ပြည့်တာနဲ့ ထိမ်းမြားကြမယ်

4.3K 532 11
                                    

သခင်မကြီးသည်လည်း အသိ၀င်လာကာ ရှေ့သို့တိုးပြီး ဖုန်းယွိယန်အနားသို့ ချဥ်းကပ်လာကာ " အားဟန်  ၊ တံခါးဖောက်လို့မပြီးခင်အထိတော့ မိုးမခခြံ၀င်းမှာပဲ နေဦးပေါ့၊ ဖောက်ပြီးမှပဲ ဟိုဘက်ခြံ၀င်းထဲသွားပြီး ဘာလိုနေသေးလဲ ကြည့်ခဲ့လိုက်။ လိုနေတာရှိရင် ဖွားဖွားကိုပြောနော်၊ ဖွားဖွား ဖြည့်ဆည်းပေးမယ် ! " ဟုဆိုလာသည်။

ဖုန်းယွိဟန် ပြုံးပြလိုက်ပြီး " ကျေးဇူးပါ ဖွားဖွား။ မင်းသားယွီက ပရိဘောဂတွေအများကြီး စီစဥ်ပေးထားတာမို့ လိုနေတာမရှိလောက်ပါဘူး။ အားဟန်က ပြောင်းရွှေ့ဖို့အတွက်ပဲ အကူအညီလိုနေတာပါ။ " ဟုပြန်ဖြေပေးလိုက်သည်။

" အဲ့တာက လွယ်လွယ်လေး စီစဥ်လိုက်လို့ရတယ်လေ။ " သခင်မကြီး ပျော်သွားတော့သည်။ ဟုတ်တယ် ! ဒီလိုမှသာ ပုံမှန်စကား၀ိုင်းပဲပေါ့ ။ တောင်းဆိုစရာတွေ ရှိနေတာ ကောင်းတယ်။ သူမသည် ဖုန်းယွ်ိဟန်မှ ဘာမှမလ်ိုပါဘူးဟု ပြန်ဖြေလာမည်ကို စိုးရိမ်နေခဲ့တာဖြစ်သည်။ " အထိန်းတော်ကျောက်က အစေခံတွေ စီစဥ်ပြီးသွားလောက်ပြီထင်တယ်။ အားဟန်လိုသလောက်ခေါ်သွားလိုက်။ " စဥ်းစားလိုက်ပြီးနောက် သခင်မကြီးသည် " အားဟန်ကို ပေးလိုက်တဲ့ အစေခံတွေက အားဟန်အပိုင်ပဲ။ သူတို့ရဲ့ အစေခံစာချုပ်တွေကို အိမ်တော်ကို ပြန်အပ်စရာမလိုဘူး။ သူတို့ရဲ့ လစာကိုတော့ အိမ်တော်ကပဲ ပေးပေးမယ်၊ ဟုတ်ပြီလား။ " ဟု ထပ်မံ၍ ပြောလိုက်သည်။

ထိုသို့ကြားသည့်အခါ ချန်ရှီမှာ " ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ! အိမ်တော်က အစေခံတွေအားလုံးရဲ့ စာချုပ်တွေက အိမ်တော်ထဲမှာပဲ ထားရမှာပေါ့။ အပြင်မှာပေးထားလိုက်ရင် အိမ်တွင်းရေးတွေ ရှုပ်လာမှာပေါ့။ " ဟု အော်ဟစ် ငြင်းဆိုတော့သည်။

ဖုန်းကျင်းယွမ်နှင့် သခင်မကြီးတို့ ချန်ရှီအား ပြိုင်တူ စိုက်ကြည့်လိုက်ကြမိသည်။ ထိုသည်ကို ချန်းယွီမြင်သည့်အခါ ချက်ချင်းဆိုသလိုပဲ " အမေ၊ စိတ်မပူပါနဲ့။ ချန်းယွီက ကိုယ်ပိုင်အစေခံတွေမထားပါဘူးလို့ ကတိပေးပါတယ်။ "ဟု၀င်ရောက်ပြောဆိုလိုက်ရသည်။

အန်းရှီနှင့် ဟန်ရှီလည်း ရှန်းရုန်နှင့် ဖန်းသိုက်အား ဆွဲခေါ်လိုက်ပြီး " ကိုယ်လုပ်တော်တို့လည်း မလုပ်ရဲပါဘူး။" ဟု ပြောလာလေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now