၁၄၃။ ၀င်ပူးခံရတာပါ

2.8K 341 11
                                    

ဖုန်းယွိဟန် မျက်မှောင်ကြုံ့လိုက်မိသည်။ အသံများကို မှတ်နိုင်စွမ်းကောင်းသူဖြစ်၍ တစ်ခါကြားဖူးပြီးပါက မည်သူ့အသံဖြစ်သည်ကို သူမ ကောင်းကောင်းကြီး မှတ်မိနေပေသည်။ " သတိထား " ဟူသောအသံကို ကြားပြီးနောက်တွင် ဖုန်းယွိဟန် ခေါင်းမော့၍ မည်သူမည်၀ါဖြစ်သည်ကို ကြည့်နေဖို့ပင် မလိုတော့ပါ ။

လက်ကို အသာအယာပြန်ရုန်းလိုက်ကာ ဖုန်းယွိဟန်  ဣန္ဒြေမပျက်စေဘဲ " အားဟန် အရှင်မင်းသာရှန်ကို နှုတ်ခွန်းဆက်ပါတယ် " ဟုဆို၍ ဂါ၀ရပြုလိုက်သည်။

ထိုသူမှာ မင်သားသုံး ရွှမ်ထျန်းယဲ့ပင် ဖြစ်ချေသည် !

ဤသို့ဖြင့် အားလုံးမှာ တစ်ဖန်ဒူးထောက်ကာ ကြိုဆ်ိုကြရပြန်သည် ။ " အားလုံး ထလို့ရပါပြီ ! ဒီနေ့က အမတ်ပုရဲ့ နာရေးဆိုတော့ ဒီလိုတွေ လုပ်နေဖို့ မလိုပါဘူး "ဟုဆိုကာ ပြောပြီးနောက်တွင် ရွှမ်ထျန်းယဲ့က ဖုန်းယွိဟန်ကိုကြည့်လိုက်ပြီး " ဘာမှမဖြစ်သွားဘူးမလား " ဟု မေးပြန်လေသည်။

ဖုန်းယွိဟန် ခေါင်းခါပြလိုက်သည်။ " စိုးရိမ်ပေးလို့ အရှင့်သားကို ကျေးဇူးတင်ပါတယ် ၊ ဘာမှ မဖြစ်သွားပါဘူး "

ရွှမ်ထျန်းယဲ့က ဘာမှထပ်မပြောတော့ဘဲ ဖုန်းယွိဟန်ကို ဘေးသို့ကပ်၍ ရပ်လို့ရအောင် ကူညီပေးပြီး သူကိုယ်တိုင်ကတော့ အမတ်ပုအတွက် အမွှေးတိုင်ပူဇော်ပေးနေလေ၏။

အမတ်ပုက ကိစ္စများစွာကို ထူးချွန်စွာ ဆောင်ရွက်နိုင်ခဲ့သူဖြစ်သည့်အပြင် ပုမိသားစုက သူ့ဘက်တွင် ရှိမနေသည်မှာ သေချာသော်လည်း အပြင်တွင်တော့ ဟန်ဆောင်ပြရပေဦးမည် ။

ဖုန်းယွိဟန် သခင်မကြီးဖုန်း၏ ဘေးသို့ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။ " ဖွားဖွား အားဟန်တို့ ပြန်သင့်နေပြီမဟုတ်ဘူးလား "

သခင်မကြီးက ရွှမ်ထျန်းယဲ့၏ အပြုအမူကြောင့် အနည်းငယ် ကြောင်အ,နေခဲ့တာဖြစ်သည်။ ဖုန်းယွိဟန်၏ စကားကိုကြားမှသာ " ဟုတ်တာပေါ့ ၊ အမွှေးတိုင်လည်း ပူဇော်ပြီးပြီဆိုတော့ ပြန်ကြရမယ့် အချိန်ရောက်ပြီပေါ့ " ဟုဆိုသည်။

ပုပိုင်ချီအား ဦးစွာနှုတ်ဆက်စကားဆိုလိုက်ပြီး သခင်မကြီးဖုန်းသည် မြေးသုံးယောက်ကိုခေါ်ကာ ၀မ်းနည်းခြင်းခန်းမဆောင်မှ ထွက်သွားတော့သည်။ ပုအိမ်တော်သို့ လာသည့်ဧည့်သည်များက မနည်းသဖြင့် ပုမိသားစုသည် ဖုန်းမိသားစုကိုပဲ ဧည့်ခံမနေနိုင်ပေ ။ ဖုန်းယွိဟန်တို့အား ပြန်လိုက်ပို့ပေးသူမရှိဘဲ သူမတို့ဘာသာ ထွက်လာလိုက်ကြတာဖြစ်သော်လည်း အရှေ့ခြံ၀င်းသို့ ရောက်သည့်အခါတွင် ပုနင်ရှန်းက ဖုန်းယွိဟန်၏ရှေ့တွင် ပိတ်ရပ်လိုက်လေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now