၂၃။ သုံးမရတော့သော ခြေထောက်များနှင့် ပျက်စီးသွားသော မျက်နှာ

3.9K 395 1
                                    

ထင်ထားသည့်အတိုင်းပင် ခြံ၀င်းထဲ၌ အစောင့်များရှိနေသည်။ မြို့တော်သို့ ပြန်လာစဥ်လမ်း၌ အထိန်းတော်စွန်းပြောပြခဲ့ဖူးသည့် အကြောင်းကို ပြန်သတိရသွားမိသည်။ လွန်ခဲ့သည့်နှစ်များအတွင်း ဖုန်းကျင်းယွမ်သည် လျှို့၀ှက်ကိုယ်ရံတော်များစွာ လက်သပ်မွေးထားပြီး ထိုကိုယ်ရံတော်အားလုံးသည် မိဘမဲ့များဖြစ်ကြပြီး သားသမီးလည်းမရှိ ဇနီးလည်းမရှိဘဲ ဖုန်းကျင်းယွမ်၏ အမိန့်ကိုသာလျှင် နာခံကြသည်ဟုပင်။ ၄င်းက ထိုကိုယ်ရံတော်များသည် ဖုန်းကျင်ယွမ်ကိုသာ သစ္စာစောင့်သိတာဖြစ်ပြီး ဖုန်းအိမ်တော်တစ်ခုလုံးကို သစ္စာစောင့်သိတာ မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။

ခြံ၀င်းထဲ၌ အစောင့်မည်မျှရှိနေသည်ကို သူမ မတွက်နိုင်သော်ငြား မလှုပ်မယှက်ဘဲ တစ်နေရာတည်း၌ ဆက်နေ၍လည်းမဖြစ်ပေ။ စာကြည့်ဆောင်ထဲရှိ လူရိပ်သည် ခေါက်တုံ့ခေါက်ပြန်လျှောက်နေခြင်းကို ကြည့်ခြင်းအားဖြင့် ဖုန်းကျင်းယွမ်၏ မူလအစီအစဥ်များ၌ တစ်စုံတစ်ရာဖြစ်သွား၍မှန်း သိနိုင်သည်။ ထိုတင်မကဘဲ ထိုတစ်စုံတစ်ရာက ဖုန်းကျင်းယွမ်အား စိတ်ရှုပ်လွန်း၍ ထိုင်မရ ထမရ ဖြစ်နေစေသည်ကိုလည်း တွေ့နေရသည် ။

ဖုန်းယွိဟန်လည်း ငြိမ်ငြိမ်လေးရပ်မကြည့်နေနိုင်၍ ဇာမဏီအမှတ်လေးကို ထိလိုက်ကာ ရုတ်ချည်းပင် ဆေးခန်းထဲသို့ ၀င်ရောက်လိုက်သည်။

နားနေခန်းထဲရှိ ဗီရိုထဲ၌ စစ်တပ်သုံး အဝေးကြည့်မှန်ပြောင်းတစ်ခုရှိပြီး အရွယ်အစားမှာ လက်မောင်းအရွယ်လောက်ရှိသည်။ ရေတပ်မှ သူမယူလာခဲ့သည့် ပစ္စည်းကောင်းတစ်ခုဖြစ်ကာ ယခုတော့ အသုံး၀င်လာပြီဖြစ်သည်။

[ T/N : ဟန်ဟန်က အရင်ဘ၀တုန်းက တပ်ထဲမှာ ရာထူးကြီးကြီး (အရပ်စကားအရ အကောင်ကြီး) ဖြစ်ခဲ့တာမို့ ပစ္စည်း​ကောင်းတော်တော်များများရှိနေတာပါ။ အဲ့တာကို သူမက ဆေးခန်းကို ပြန်ယူလာခဲ့တာမျိုးပါ။ ယုတ္တိမရှိလည်း ဇာတ်လိုက်ရဲ့ ရောင်၀ါလို့သာ မှတ်လိုက်ပါနော် :)) ။ ]

မှန်ပြောင်းကို ယူလိုက်ပြီး ဖုန်းယွိဟန် ကျောက်ဆောင်တွေကြားထဲ တိုး၀င်လိုက်ကာ သေချာလေး ပုန်းလိုက်သည်။ ပြီးမှသာ သူမ မှန်ပြောင်းကို မျက်လုံးနားကပ်ကာ ကြည့်တော့သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now