၇၁။ ဖုန်းယွိဟန်၏ အချစ်ပြိုင်ဘက်

3.8K 392 6
                                    

၀မ်ရွှမ်းနန်းတော်မှ ၀မ်ဖေးသည် ဆရာသခင်ယဲ့ရုန်၏ တရား၀င်သမီးဖြစ်သည်ကို အားလုံးသိကြသော်လည်း ယဲ့ရုန်အား ယောင်ရှန်း(နန်းတွင်းသမားတော်ယောင်)မှ အသက်ကယ်ပေးခဲ့သည်ဟူသည်ကိုတော့ အားလုံးမသိကြပါ။ ထိုကိစ္စသည် ဖုန်းကျင်းယွမ် ယောင်ရှီနှင့် လက်မထပ်မီ အချိန်ကဖြစ်ခဲ့သည်မို့ ဖုန်းကျင်းယွမ်သည်လည်း မသိခဲ့ပါ။

ယခု ထိုသည်ကို ကြားသည့်အခါ ၀န်ကြီးချုပ်ဖုန်းသည် ကိစ္စတစ်ခုကိုပါ ထပ်စောင်းနားလည်သွားတော့သည်။ ယဲ့မိသားစုကသာ ယောင်မိသားစုအား ကျေးဇူးရှင်အဖြစ် သတ်မှတ်ထားသည်ဆိုပါက ဘာလို့များ ယောင်မိသားစု ဒုက္ခကြုံစဥ်အခါတုန်းက ရပ်တည်၍ ခုခံမပြောပေးခဲ့ရတာပါသလဲ။

ယောင်ရှီနှင့် မင်းသမီးကြီး၀မ်ရွှမ်း၏ ရင်းနှီးနေမှုအရ ကျေးဇူးရှင်အဖြစ်သတ်မှတ်ထားသည်ဆိုသည်ကတော့ မမှားနိုင်ပါ။ သို့ဖြစ်၍ အကြောင်းပြချက်တစ်ခုသာ ရှိတော့ပေမည် ။

ဖုန်းကျင်းယွမ်မှာ လေအေးများ ဖြတ်တိုက်ခံလိုက်ရသလိုပင်။ ယဲ့မိသားစုက ထိုကိစ္စသည် ယောင်မိသားစု၏ အုတ်မြစ်အား ယိုင်လဲမသွားစေနိုင်ဆိုသည်ကို သိထားခဲ့သည်လား။

သခင်မကြီးသည်လည်း ထို့အတူပင် တွေးနေကာ ဖုန်းကျင်းယွမ်အား လှမ်းကြည့်လေသည်။ နှစ်ဦးသား၏ မျက်၀န်းများ၌ နောင်တရိပ်များသန်းနေတော့သည်။

သူတို့ရဲ့ ဆုံဖြတ်ချက်က အလျင်လိုသွားမိပြီ ! လုံး၀ကို အလျင်လိုသွားခဲ့မိပြီ !

" အမတ်ချုပ်ဖုန်း " မင်းသမီးကြီး၀မ်ရွှမ်းသည် ချန်ရှီ၏ အကြောင်းအားထပ်မပြောတော့ဘဲ " ကျွန်မနဲ့ ချန်းရော့နဲ့က မတွေ့ရတာ နှစ်ချီနေပြီမို့လို့ ပြောစရာတွေအများကြီးရှိတာမို့လို့ ချန်းရော့နဲ့ ကလေးတွေကို ကျွန်မရဲ့ ရထားလုံးထဲမှာပဲ ခေါ်ထားလိုက်မယ်။ အမတ်ချုပ်ဖုန်း သဘောတူရဲ့လား။ " ဟု​မေးလာသည်။

ဖုန်းကျင်းယွမ်သည် ဘယ်လိုလုပ် သဘောမတူဘဲ နေရဲတော့မှာလဲ။ ယောင်ရှီမှ သူ့အတွက်လည်း မျက်နှာသာရအောင် အနည်းငယ်ပြောဆိုပေးဖို့ကိုပါ မျှော်လင့်နေလေသည်။ ပြီးမှသာ ဖုန်းယွိဟန်ပါ အတူရှိနေမည်ကိုသတိရ၍ ၄င်းအတွေးအား လက်လျှော့လိုက်တာဖြစ်သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now