၄၃။ လူမဆန်တဲ့ မိန်းမ

3.6K 380 2
                                    

ထိုသို့ ပြောခံရသည့်အခါ ဖုန်းကျင်းယွမ်မှာ ခံပြင်းသွားကာ " မိန်းမယုတ် !  " ဟုပြန်အော်တော့သည်။
သူအမုန်းဆုံးမှာ ချန်မိသားစုက ဖုန်းမိသားစုအားထောက်ပံ့ပေးနေရသည့်အကြောင်းအား သူ့ရှေ့၌ ထုတ်ပြောလာခြင်းကိုပင်။ ထိုသည်က အမှန်ဖြစ်ကာ မမြင်နိုင်သည့် အနာဂတ်အတွက် ထိုသည်ကို ပြောင်းလဲမပစ်နိုင်သော်လည်း အမှန်တရားက ခါးလေသည်။ ပေါ်တင်ပြောလာလျှင် နားထောင်၍ မကောင်းတော့ဘူး မဟုတ်ပါလား။ ဂုဏ်ကျက်သရေကြီးလှပါသည့် ၀န်ကြီးချုပ်တစ်ဦးက လာဘ်ထိုးနိုင်ဖို့ရာအတွက် မိန်းမတစ်ယောက်ကို အမှီသဟဲပြုနေရသည်ဆိုသည်မှာ လူကြားကောင်းသည့် အကြောင်းလည်းမဟုတ်။

" အငြှိုးကြီးတဲ့ မိန်းမ ! " ဖုန်းကျင်းယွမ်သည် အစေခံယူလာပေးသည့် ၀တ်ရုံအားခြုံလိုက်ကာ စားပွဲရှိရာဆီ လျှောက်သွားလိုက်ပြိိီး သောက်ပြီးသားဆေးခွက်က်ို ကိုင်ပြလိုက်ရင်း " မင်းရဲ့ အစေခံကိုယ်တိုင် ဒီလိုဟာမျိုးကို လာပို့တာကိုတောင် မင်းက ငါ့ကို အပြစ်တင်နေတာလား။ ဒါဆိုလည်း ငါက ဘာအကြောင်းနဲ့များ မင်းကို တရား၀င်ဇနီးနေရာမှာ ထားနေရဦးမှာလဲ ။ " ဟုဆိုသည်။

" လုပ်ရဲရင် ကျွန်မကို အိမ်ကို ပြန်ပို့ကြည့်လိုက်လေ ! " ချန်ရှီသည် လုံး၀ ကြောက်ရွံ့နေခြင်းမရှိဘဲ " ဖုန်းကျင်းယွမ် ၊ ကျေးဇူးမသိတက်တဲ့လူ ။ သတ္တိရှိရင် ကျွန်မကို အိမ်ကို ပြန်ပို့လိုက်စမ်းပါ ။ မလုပ်ရဲရင်လည်း နှစ်ဦးသဘောတူ ကွာရှင်းကြမယ် ! ရှင်နဲ့ ရှိသမျှ ရေစက်အကုန်ဖြတ်ပစ်မယ် ! "

ဖုန်းချန်းယွီ လန့်သွားကာ " အမေ တော်ပါတော့။ "  ဟူ၍ ၀င်တားတော့သည်။

ဖုန်းယွိယန်လည်း နှစ်ဦးသဘောတူ ကွာရှင်းကြမယ် ဆိုသည်ကို ကြားလိုက်ပြီး ထိုသည်က သည်ခေတ်၏ ကွာရှင်းသည့် ပုံစံဖြစ်ရမည်မှန်း သိသွားတော့သည်။ ရေစက်ဖြတ်မယ်ဆိုတာကိုတော့ သူမ သိပ်နားမလည်။ ဖုန်းချန်းယွီ၏ ပူပန်သွားသည့် အမူအရာကို မြင်လိုက်ရ၍ သူမ ၀မ်ချူးအန်းကိုသာ ခေါင်းလေးငဲ့၍ တိုးတိုးလေးမေးလိုက်သည်။ " နှစ်ဦးသဘောတူ ကွာရှင်းတာနဲ့ ရေစက်ဖြတ်တယ်ဆိုတာက ဘာကွာတာလဲ။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now