၂၈။ ပဏာမဇနီးဖွား တရား၀င်သမီးနေရာကို လိုချင်နေတာလား?

4K 363 1
                                    

ဖုန်းရှန်းရုန်သည် နားမလည်ပြန်၍ " ဘာလို့ ကိုယ်လုပ်တော်အမေယောင်က သန့်ရှင်းရေးကို ကိုယ်တိုင်လုပ်နေရတာလဲ။ အဲ့လိုအလုပ်တွေက အစေခံတွေ လုပ်ရမှာ မဟုတ်ဘူးလား။ " ဟုမေးမိပြန်သည်။ သူမ သိသည်က ကိုယ်လုပ်တော်များသည် တကယ့်သခင်များဟု မှတ်ယူ၍ မရနိုင်သော်ငြား ကိုယ်တိုင်ကိုယ်ကျ သန့်ရှင်းရေးလုပ်နေခြင်းသည် မသင့်လျော်ဟုပင် !

ချန်ရှီ ဖုန်းရှန်းရုန်အား ၀ါးစားမတက်စိုက်ကြည့်လာ၍ ရှန်းရုန်မှာ လန့်သွားကာ ခေါင်းမဖော်ရဲတော့ပေ။

ဖုန်းယွိဟန် ထိုသည်ကို ဂရုမစိုက်။ မေးလာမှတော့ ပြန်ဖြေရမည်သာ။ " အ​မေက သဘောထားကြီးကြီးနဲ့ သမီးရဲ့ မိုးမခခြံ၀င်းကို သူမရဲ့ နို့ထိန်းနဲ့ ပထမအဆင့် အစေခံ နှစ်ဦးကို ပို့ပေးတယ်လေ။ ကိုယ်လုပ်တော်အမေနဲ့ အားဟန်က အရမ်းတွေ ကျေးဇူးတင်မိပါတယ်။ ဒါပေမယ့် သူတို့တွေက ပထမအဆင့် အစေခံတွေဆိုမှတော့ သူတို့ကို လုပ်ကြမ်းတွေမခိုင်းရက်ဘူးလေ။ ပြီးတော့ အားဟန်က မန်ရှီကို အတူခေါ်လာခဲ့ပြီး ဇီရွေ့ကလည်း ငယ်သေးတာမို့ အထိန်းတော်စွန်းက လိုက်ထိန်းပေးနေရသေးတယ်လေ။ အထိန်းတော်လီကျတော့ အမေ့ကို ဂါရ၀ပြုဖို့သွားရသေးတော့ ပေါင်ထန်းပဲ ကျန်ခဲ့တာဆိုတော့ ကိုယ်လုပ်တော်အမေမှ မလုပ်ရင်  ဘယ်သူလုပ်ပေးမှာလဲ။ "

ထိုသည်များကို ကြားသည့်အခါ အခန်းထဲရှိ လူအားလုံး၏ မျက်နှာများပျက်သွားကြတော့သည်။

ဖုန်းယွိဟန်က ထပ်မံ၍ " ရပါတယ်။ ရပါတယ်။ ကိုယ်လုပ်တော်အမေနဲ့ အားဟန်က တောင်ပေါ်မှာနေရင်း ဒီအလုပ်တွေကို အသားကျနေပါပြီ။ အားကိုးရမယ့် အစေခံတွေမရှိရင်တောင် အားဟန်တို့က ဘယ်လိုနေရမလဲ သိပါတယ် ! " ဟု မီးလောင်ရာလေပင့်ပြောဆိုလိုက်သေးသည်။ ထိုသို့ပြောလိုက်ခြင်းက မိုးမခခြံ၀င်း၌ အစေခံ လုံလုံလောက်လောက် ပေးပို့ထားခြင်းမရှိဟု ကြေညာလိုက်ခြင်းပင်။

သခင်မကြီးသည် ဖုန်းယွိဟန် ဒီအခန်းထဲ ၀င်လာကတည်းက သူမ ခဏခဏ မျက်နှာဖြတ်ရိုက်ခံနေရသလို ခံစားနေရသည်။ သူမ အတော်လေး မျက်နှာပျက်နေရပြီဖြစ်သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now