၁၂၆။ တို့ကလည်း ကြင်ယာတော်လေးတစ်ပါးပဲဆိုတော့ တို့ကိုရော ရိုက်ကြည့်ချင်သေးလား

3.6K 462 38
                                    

အားလုံးသည် ပင့်သက်ရှိုက်ထားမိကြပြီး အတော်ကြာသည်အထိ အသက်ရှူရမည်ကို မေ့နေကြလေသည်။ အသက်ရှူမ၀ဖြစ်လာတော့မှသာ သက်မ,ချလိုက်မိကြလေသည်။ ဘယ်သူကစ၍ လက်ခုပ်တီးလိုက်သည်ကို မသိသော်လည်း တစ်ခဏကြာသည်အထိ လက်ခုပ်သံများဖြင့် ဆူညံသွားပေသည်။

ဧကရာဇ်ကြီးသည်ပင် " ကောင်းတယ် ! ကောင်းတယ် !ကောင်းတယ် ! " ဟူ၍ သုံးကြိမ်တိုင်တိုင် ရေရွတ်ကာ ချီးကျူးစကားဆိုလေသည်။ ထိုသို့ချီးမွမ်းပုံအား ကြင်ယာတော်ယွင်ထံမှလည်း ကြားခဲ့ဖူးသည်ကို ဖုန်းယွိဟန် အမှတ်ရသွားမိသည် ။

ဖုန်းယွိဟန် ရွှမ်ထျန်းမင်ကို လှည့်ကြည့်လိုက်သည့်အခါတွင် ထိုလူက သူမအား လက်မထောင်ပြနေလေသည်။ သူမ သဘောကျနေသည့်လူမှ ချီးမွမ်းပေးနေတာဖြစ်၍ ဖုန်းယွိဟန် ဘ၀င်မြင့်သွားမိသည် ။ ဖော်ပြ၍ မတက်အောင်လည်း ပျော်ရွှင်သွားမိပေသည်။

သူမက ယခင်ကဲ့သို့ဖြစ်စေရန် ပြန်လေ့ကျင့်နေသည်ဟုဆိုသော်ငြား အလှမ်းတစ်ရာအကွာတွင် ရှိနေသော ပစ်မှတ်အား ထိအောင်ပစ်နိုင်ဖို့က မသေချာသေးသဖြင့် ယခင်ဘ၀မှ သင်ယူခဲ့ဖူးသော နည်းလမ်းများကိုသာ သုံးလိုက်ရတာဖြစ်သည်။ လှည့်ကွက်သုံးလိုက်ခြင်းဟုဆိုနိုင်သော်လည်း ယခုကဲ့သို့သောပွဲမျိုး၌ ထုတ်ပြလိုက်ခြင်းဖြစ်၍ အတော်လေးခမ်းနားသွားလေသည်။

ရဲမက်များက ပစ်မှတ်ရှိရာသို့သွားကာ မြှားစိုက်နေသော ပစ်မှတ်ကြီးခုလုံးကို ဧကရာဇ်ကြီး၏ရှေ့သို့ ပြန်သယ်လာကြသည်။ " အရှင်မင်းကြီး ကြည့်ကြည့်ပါ ၊ သခင်မလေးဖုန်းက အလှမ်းတစ်ရာအကွာကနေ အလယ်မှတ်ကို ထိအောင်ပစ်ခဲ့တာပါ "

ဧကရာဇ်ကြီးသည် ပြုံးခဲသော်လည်း ဤညတွင်မူ ဖုန်းယွိဟန်ကြောင့် ပြုံးနေလေ၏။ ခေါင်းတစ်ညိတ်ညိတ်ဖြင့် ဧကရာဇ်ကြီးသည် ဖုန်းယွိဟန်အား " ဒီကိုလာခဲ့ဦး ကလေးမလေး " ဟု လှမ်းခေါ်သည်။

ဖုန်းယွိဟန်လည်း ရှေ့သို့သွားကာ ဒူးထောက်ချလိုက်ပြီး " ကျွန်တော်မျိုးမ အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ် " ဟုဆ်ိုလိုက်သည် ။

ဧကရာဇ်ကြီးက ပါးစပ်မစိနိုင်အောင်ကို ပြုံးနေတာဖြစ်ပြီး ကိုယ်တိုင်ပင် ဖုန်းယွိဟန်အား ပြန်ထူပေးကာ ဘာမှမပြောသေးဘဲ ခေတ္တမျှစိုက်ကြည့်နေလေသည်။ " ဘာလို့ ကျွန်တော်မျိုးမလို့ သုံးနေရတာလဲ ၊ မင်းက ကိုယ်တော်တို့ကိုယ်တိုင် မင်အာအတွက် ရွေးချယ်ထားတဲ့ ချွေးမပဲလေ ၊ လက်မထပ်ရသေးဘူးဆိုပေမယ့် အနှေးနဲ့အမြန် လက်ထပ်ရမှာပဲဆိုတော့ ကိုယ်တော်တို့က တစ်မိသားစုတည်း ဖြစ်လာကြမှာပဲလေ ၊ ကိုယ်တော်ကြားတာတော့ မင်းက ကြင်ယာတော်ယွင်ကို ကြင်ယာတော်မယ်တော်လို့ခေါ်ပြီး ဟွာအာကိုတော့ အစ်ကိုတော်ခုနစ်လို့ ခေါ်နေပြီဆို ၊ ဒါဆိုရင် ကိုယ်တော့်ကိုလည်း ခမည်းတော်လို့ပဲ ခေါ်တော့ပေါ့ ! "

ပဏာမ ဇနီးသည်ဖွား သမီးပျိုOnde histórias criam vida. Descubra agora