၁၃၈။ ဘေးဒုက္ခ ဖြစ်ချင်ဖြစ်မှာပေါ့

2.5K 303 5
                                    

ဤသို့ဖြင့် ၄၉ခေါက်လုံး အပ်စိုက်လို့ ပြီးသွားတော့သည်။ ဖုန်းချန်းယွီ၏ အိပ်ရာမှာလည်း သူမ၏ချွေးများနှင့် ရွှဲနေပြီဖြစ်သည်။ သခင်မကြီးအပါအ၀င် ဖုန်းကျင်းယွမ်နှင့် အစေခံတစ်စုမှာလည်း သေလုနီးပါး ပင်ပန်းနေကြပြီဖြစ်၏။

ဟူးအန်းချွမ်အား ငွေအပ်များကို ပေးလိုက်ပြီးနောက်တွင် ဖုန်းယွိဟန် လက်များကို သန့်ရှင်းပစ်လိုက်သည်။ ထို့နောက်တွင် မောဟိုက်နေသံဖြင့် " ဒီရောဂါက တော်တော်လေး ထူးဆန်းတဲ့ ရောဂါပါ ၊ အားဟန်သာ အပ်စိုက်တာ နည်းနည်းလေးဖြစ်ဖြစ် နောက်ကျသွားရင် မမကြီးတော့ ဒီတစ်သက် ပြန်နိုးလာပါ့ဦးမလား မသိတော့ပါဘူး " ဟု ပြောလိုက်သေးသည်။

သခင်မကြီးက ပို၍ကြောက်သွားကာ ဖုန်းကျင်းယွမ်ကို မျက်ထောင့်နီကြီးဖြင့် လှမ်း၍စိုက်ကြည့်နေတော့သည်။ " တော်သေးတာပေါ့ ၊ ငါ အားဟန်ကို သွားခေါ်လာခဲ့လိို့ ၊ မင်းခေါ်ထားတဲ့ သမားတော်ကိုသာစောင့်နေရင် မင်းမှာ ချန်းယွီအတွက် နောင်တရနေဖို့ အချိန်တောင် ရှိမှာမဟုတ်လောက်ဘူး "

ယခုအခြေအနေက ထူးဆန်းနေသည်ဟု ဖုန်းကျင်းယွမ် ခံစားနေမိသည်။ သတိရလာသည့် ချန်းယွီ၏ မျက်၀န်းများက နာကျည်းမှုအပြည့်ဖြင့် ဖြစ်နေပြီး ဖုန်းယွိဟန်အား ကိုက်သတ်ပစ်ချင်နေသော အဆိပ်ပြင်းသည့် ကင်းမြှီးကောက်တစ်ကောင်ပမာ ဖြစ်နေလေ၏။ ထိုအခြေအနေက ယခုမှ သတိရလာသည့် လူနာတစ်ယောက် ပြုမူသင့်သည့် အခြေအနေရော ဟုတ်ရဲ့လား ။

ဖုန်းကျင်းယွမ် သဘောပေါက်လာသလိုပင် ။ ချန်းယွီ၏ လက်ပေါ်မှ အပ်ပေါက်ရာများကိုကြည့်ရင်း ဖုန်းကျင်းယွမ် တောင့်တင်းသွားမိသည်။ မဟုတ်မှလွဲရော ချန်းယွီက နေမကောင်းချင်ယောင် ဆောင်နေခဲ့တာများလား ။ သို့ပေမယ့် သူနှင့် သခင်မကြီးက ဖုန်းယွိဟန်ကို ခေါ်လာခဲ့သဖြင့် ယခုလိုတွေ ဖြစ်သွားခဲ့ရတာများလား ။

ဖုန်းကျင်းယွမ် သဘောပေါက်သွားပြီဆိုသည်ကို ဖုန်းယွိဟန် သိလိုက်သဖြင့် နှုတ်ခမ်းကိုပင့်ကာ သရော်ပြုံး ပြုံးလိုက်မိသည်။

ဖုန်းမိသားစုကတော့ တစ်နေ့တစ်ခြား ပိုပြီးစိတ်၀င်စားဖို့ ကောင်းလာတော့တာပဲ !

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now