၁၁၀။ စျာပန

3.4K 406 10
                                    

ချန်ရှီ၏သေဆုံးမှုအား ဖုန်းမိသားစု၀င်များက ထူးဆန်းသည်ဟု မထင်ကြပေ ။ ချန်ရှီ၏ သေလမ်းရှာတက်သော အမူအကျင့်များအရ ဤအဆုံးသတ်ကို အားလုံးက ခန့်မှန့်ထားပြီးသား ဖြစ်ပေသည်။ ဖုန်းကျင်းယွမ်၏ အပြုအမူကလည်း ပြတ်သားပေသည်။ သို့သော်လည်း တကယ်တမ်းတွင်မူ ထိုအကြောင်းကိုတွေး၍ ဖုန်းကျင်းယွမ်က သက်ပြင်းချလိုက်လေသည်။ ဘုရားကျောင်းက ပြန်လာပြီးနောက်တွင် ပြောင်းလဲသွားသည်ဟု ထင်ထားခဲ့သော်လည်း ထိုသည်က ချန်ရှ်ီ၏ မကွယ်လွန်ခင် တောက်ပခဲ့သည့် နောက်ဆုံးသောမီးစာ ဖြစ်သွားခဲ့လေသည်။

မန်ရှီ၏ စကားအဆုံးတွင် သခင်မကြီးနှင့် လက်ဖက်ရည်သောက်ကာ စကားပြောနေခဲ့သော ဖုန်းချန်းယွီက ချကချင်းထရပ်လိုက်လေ၏။ သူမ၏ ဂါ၀န်ပေါ်သို့ ဖိတ်ကျကုန်သော လက်ဖက်ရည်များကိုလည်း သတိမထားမိဘဲ ရူးသွပ်သွားသည့်နှယ် ပြေးထွက်သွားတော့သည်။

၀မ်းနည်းတကြီး ပြေးသွားရာမှ ဖုန်းချန်းယွီ တစ်စုံတစ်ရာဖြစ်သွားမည်ကို စိုးရိမ်၍ သခင်မကြီးက အားလုံးကို သတိပေးလေသည်။ " သူမနောက်ကို ဘာလို့ မြန်မြန်မလိုက်ကြသေးတာလဲ ! ချန်းယွီကို လျှောက်ပြေးမနေစေနဲ့လေ ! "

ထိုအခါမှသာ အားလုံး အသိကပ်ပြီး ဖုန်းချန်းယွီနောက်သို့ ပြေးလိုက်မ်ိကြတော့၏။

သို့သော်လည်း ဖုန်းချန်းယွီက အလွန်လျင်မြန်စွာ ပြေးသွားသဖြင့် အားလုံးထက်စောစွာ ချန်ရှီရှိရာသို့ ရောက်သွားခဲ့လေသည်။ ဖုန်းချန်းယွီ တစ်ချိန်က ပြည့်ပြည့်ဖြိုးဖြိုး ရှိခဲ့ဖူးသော သူမ၏မိခင်ကို ကြည့်လိုက်မိသည်။ ယခုတွင်မူ ချန်ရှီသည် အသားများလှီးထုတ်ခံလိုက်ရသည့်နှယ် ပိန်ချုံးလို့နေလေ၏။ အရေများတွန့်နေသည်အထိ မဟုတ်သော်လည်း ယခင်ကကဲ့သ်ို့ ပြည့်ပြည့်၀၀ မရှိတော့ပေ ။ မျက်နှာသည် အသိသာဆုံးပင် ဖြစ်ချေသည်။ မေးရိုးများက နေရာလွဲနေသလိုရှိပြီး နှာရိုးလည်း ကျိုးနေသည့်ပုံရှိကာ ပါးထက်တွင်လည်း သွေးခြည်ဥနေသည့် ဒဏ်ရာများ ရှိနေလေသည်။ အသက်မရှိတော့သော်လည်း မျက်လုံးများက အပြူးသားရှိနေဆဲဖြစ်ပြီး ဦးခေါင်းခွံထဲမှ တိုးထွက်နေသလိုဖြစ်နေ၍ ကျွတ်ထွက်လာတော့မတက် ဖြစ်နေပေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now