၁၄၀။ ဘယ်သူ့မှာ ပိုကောင်းတဲ့နောက်ခံရှိလဲ ကြည့်ကြသေးတာပေါ့

2.7K 353 17
                                    

ထိုအဖြူရောင်အရိပ်ကြောင့် သခင်မကြီးက လန့်သွားကာ နောက်သို့ဆုတ်သွားပြီး အထိန်းတော်ကျောက်အား တွဲလိုက်၍  တုန်တုန်ယင်ယင်ဖြင့် " ဘာ-ဘာကြီးလဲ " ဟူ၍ မေးလာလေသည် ။

ဖုန်းရှန်းရုန်ကလည်း ကြောက်နေပြီး ဖုန်းယွိဟန်အား အယောင်ယောင်အမှားမှားဖြင့် လှမ်းဆွဲသည်။

ဖုန်းယွိဟန်လည်း လေပေါ်တွင် ပေါလောပေါ်နေသော " အရာ " အား သေချာကြည့်လိုက်ပြီးမှ ဖုန်းရှန်းရုန်အား လက်ကိုပြန်ဆုပ်ကိုင်ပေးလိုက်ပြီး သခင်မကြီးကိုလည်း နှစ်သိမ့်ပေးလိုက်သည်။ " ဖွားဖွား မကြောက်ပါနဲ့ ၊ အဲ့ဒါ မမကြီးပါ "

ထိုသို့ကြားမှသာ သခင်မကြီးက မျက်လုံးများကို ပွတ်သပ်ကာ လှမ်းကြည့်လေသည်။ ဟုတ်ပေသည် ! ဖုန်းချန်းယွီက ဆံနွယ်များအား ပုခုံးပေါ်တွင် ဖြန့်ချထားပြီး အဖြူရောင်အင်္ကျီကို ၀တ်ဆင်ထားကာ နားထင်တွင် ပန်းအဖြူလေးတစ်ပွင့်ကိုလည်း ပန်ထားသေးလေသည်။ မျက်နှာမှာ ဖြူဖက်ဖြူလျော် ဖြစ်လို့နေပြီး ကြောက်ဖို့ကောင်းသည်အထိကို ဖြူဖက်နေတာ ဖြစ်ချေသည်။

ဖုန်းရှန်းရုန်း နားမလည်နိုင်ပါ ။ " မမကြီး ဘာလုပ်နေတာပါလဲ "

သခင်မကြီးကလည်း ဒေါသတကြိိီး ကြိမ်တံကိုရမ်းကာ " ချန်းယွီ ! ဘာကိစ္စ ဒီလို၀တ်စားထားရတာလဲ " ဟူ၍ မေးတော့သည်။

ဖုန်းချန်းယွီကမူ အအော်ခံလိုက်ရသည်က သူမ မဟုတ်သည့်အတိုင်း ကြွကြွရွရွ လျှောက်လာကာ သခင်မကြီးအား ဦးညွတ်၍ အရင်ဂါ၀ရပြုလ်ိုက်သေးသည်။ " ချန်းယွီက ဖွားဖွားနဲ့အတူ အမတ်ပုရဲ့ နာရေးကို လိုက်မှာမို့လို့ပါ "

" ညည်းကို ဘယ်သူက ဒီလို၀တ်လာဖို့ ပြောလို့လဲ "

" နာရေးကိုသွားမှတော့ အဖြူကို၀တ်မှ သင့်တော်မှာပေါ့ ! " ချန်းယွီက ဂရုမစိုက် ။ " အဲ့နေ့တုန်းက အမတ်ပု ကွယ်လွန်သွားတာကို ချန်းယွီ မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာပါ ၊ ဒီနေ့ထိလည်း မျက်လုံးမှိတ်လိုက်တိုင်း မြင်ယောင်နေလို့ အိပ်လို့တောင် မပျော်ပါဘူး ၊ ချန်းယွီသာ ကောင်းကောင်းမွန်မွန် ၀မ်းနည်းကြောင်း မပြဘူးဆိုရင် အမတ်ပုက ... ချန်းယွီကို လိုက်နှောင့်ယှက်နေမှာ စိုးလို့ပါ ! "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now