၁၂၇။ နတ်ဆေးသမားတော်အဖြစ် အစွမ်းပြခြင်း

3.3K 412 22
                                    

ဧကရာဇ်ကြီးသည် ကိုယ့်ကိုယ်ကို တုံးလွန်းသည်ဟု ထင်သွားမိသည် ။ ဤမျှလောက်ထိ အကြာကြီးစောင့်ခဲ့သော်လည်း ကြင်ယာတော်ယွင်၏ အသံကိုသာ ကြားနေရပြီး မျက်နှာကိုမမြင်ရမှတော့ သူ စိတ်ထင်နေတာပဲ ဖြစ်လောက်မှာပါ ။

အားလုံးသည် ကြားယောင်နေကြခြင်းသာ ဖြစ်ရမည်ဟု ထင်နေကြစဥ်တွင် ကြင်ယာတော်ယွင်၏ အသံကိုတစ်ဖန်ကြားလိုက်ကြရပြန်သည်။ " ဒီကြင်ယာတော်က လျိုလီနန်းဆောင်ကို လမ်းလျှောက်ထွက်လာရင်း ဒီစကားတွေကို မထင်မှတ်ဘဲ ကြားလိုက်ရတာပါလား ၊ ကြည့်ရတာ နှစ်တွေကြာသွားလို့ အားလုံးပြောင်းလဲကုန်ပြီထင်ပါတယ် ! အရင်နှစ်တွေတုန်းက မျက်နှာသာအပေးမခံခဲ့ရတဲ့ ကြင်ယာတော်လေးတစ်ပါးကတောင် အခုတော့ ပွဲတော်အလယ်မှာ လူတွေကို ရိုက်ရဲနေပြီပဲ ...ကျစ်စ် ကျစ်စ် ... ကြောက်ဖို့ကောင်းလိုက်တာ ၊ ဒီကြင်ယာတော်က အရှင်မင်းကြီးကို မတွေ့တာကြာပြီမို့လို့ ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြန်ပြောကြမလားလို့  တွေးထားခဲ့တာဆိုပေမယ့်လည်း အခုတော့ အဲ့လိုမလုပ်ရဲတော့ပါဘူး ၊ ဒီကြင်ယာတော်ကလည်း သာမန်ကြင်ယာတော်လေးတစ်ပါးပဲဆိုတော့ အရိုက်ခံရမှာ ကြောက်မိပါတယ်ရှင် ၊ အရှင်မင်းကြီး ဒီကြင်ယာတော်ကို ပြန်ခွင့်ပြုပါတော့ "

အားလုံးသည် အမွှေးတိုင်တစ်တိုင်ထွန်းရန် ကြာချိန်အထိ စောင့်နေကြသော်လည်း ကြင်ယာတော်ယွင်၏ အသံကိုထပ်မကြားရတော့ပေ ။ ရွှမ်ထျန်းမင်လည်း ၀င်ကာ သတိပေးလိုက်ရတော့သည်။ " ခမည်းတော် ... ကြင်ယာတော်မယ်တော်က ပြန်သွားလောက်ပါပြီ "

ထိုအခါမှသာ ဧကရာဇ်ကြီးက အသိကပ်သွားပြီး စဥ်းစားနေခြင်းပင်မပြုပါဘဲ ပုပိုင်ဖျင်းထံသို့ ခွက်ဖြင့်ပစ်ပေါက်လိုက်သောကြောင့် နဖူးကို ထိသွားလေတော့သည်။

အားလည်းပါသလို ပုပိုင်ဖျင်းကလည်း မရှောင်နိုင်လိုက်သဖြင့် နဖူးကိုထိသွားသည့်နေရာမှ သွေးများစီးကျပြီးနောက်တွင် သတိလစ်သွားတော့၏။

စင်မြင့်အောက်ရှိ အမတ်များမှာ ချက်ချင်းဆိုသလိုပင် ဒူးထောက်ကာ တောင်းပန်ကြရတော့သည်။ " အရှင်မင်းကြီး စိတ်လျှော့တော်မူပါ ! "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now