၂၁။ ဒါက လက်သည်းပိုး၀င်တဲ့ရောဂါလား ?

3.8K 379 0
                                    

အထိန်းတော်လီမှာ မျက်လုံးပြူးသွားကာ ထိုစကားများအား ဘယ်လိုတောင် ပြောလိုက်နိုင်တာလဲဟု တွေးမိသွားသည်။

ဖုန်းယွိဟန်သည် ဆက်၍ " အဖေက ကျွန်မတို့ကို အိမ်တော်မှာရှိတဲ့ ကိုယ်လုပ်တော်တွေ နေထိုင်တဲ့ပုံစံအတိုင်း အခြေချနိုင်အောင် ကူညီပေးလိုက်ကြဖို့ကို အသေအချာပြောလိုက်တာပါ။ ဒါပေမယ့်လို့ ဖုန်းအိမ်တော်ရဲ့ ကိုယ်လုပ်တော်တွေစားသောက်နေရတာ ဒီလိုဟာမျိုးတွေဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒါတွေက ရှီးဖင်းရွာမှာ စားခဲ့ရတာတွေထက်တောင် ဆိုးနေသေးတယ်။ အထိန်းတော် ပြောကြည့်ပါဦး ၊ အဖေက ကျွန်မတို့ ပိုပြီး ကောင်းကောင်းမွန်မွန်နေနိုင်ဖို့ အဝေးကို ပို့ထားတာပဲ ဖြစ်ရမယ်နော်။ အဖေက တကယ့်ကို ချစ်ခင်ပေးတတ်တဲ့သူ တစ်ယောက်ပဲ ! "

ယောင်ရှီနှင့် ဖုန်းဇီရွေ့မှာ မရယ်မိစေရန် အတင်းထိန်းထားရပြီး အထိန်းတော်စွန်းမှာတော့ သဘောတွေကျလို့နေသည်။ မကြာသေးခင်အချိန်တွင်းမှာပင်  ဒုတိယသခင်မလေးသည်  အိမ်တော်အတွင်းမှ အနိုင်ကျင့်မှုများကို သည်းခံမနေတော့သည်အထိ တကယ့်ကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမအား အနိုင်ကျင့်၍ မရတော့သည့်အပြင် ဘယ်လိုတန်ပြန်တိုက်ရမည်ကိုတောင် သိနေပြီဖြစ်ကာ အိမ်တော်သို့ ပြန်ရောက်လာကတည်းက သူမအား ပြဿနာရှာလိုသူများအနက် အသာစီးရသွားသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။

အထိန်းတော်လီ ၊ မန်ရှီနှင့် ပေါင်ထန်းတို့မှာ စိတ်ဓာတ်ကျသွားကြသည်။ ဒီလိုအတိုင်းသာဆို သူတို့ ဘယ်လိုကိုင်တွယ်နိုင်ပါတော့မလဲ။  ဒုတိယသခင်မလေးသည် သူတို့ ကြိုတင်ကြံစည်ထားသည့် အကြံအစည်များအတိုင်း မသွားပါဘဲ လုံး၀ကို ခြားနားနေသည်။ ယောင်ရှီက ကြောက်တတ်ပြီး ကိုင်တွယ်ရလွယ်တယ်လို့ မပြောခဲ့ဘူးလား ? ဒုတိယသခင်မလေးရဲ့ အကျင့်စရိုက်ကလည်း ဘယ်အရာကိုမှ ဂရုမစိုက်တတ်သလို ပြန်လည်းမပြောတတ်ဘူးလို့ရော မပြောခဲ့ဘူးလား ? အခုတော့ ဒုတိယသခင်မလေးက ပြန်ပြောတတ်ရုံတင်မကပါဘဲ ကောင်းကင်နှစ်ခြမ်းကွဲသွားတော့မတတ်ကိုပင် နှုတ်ရေးကြွယ်နေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now