၁၀၁။ ချန်ရှီအိမ်တော်သို့ ပြန်လာခြင်း

3.3K 362 5
                                    

အစေခံများအားလုံးသည် မီးဖိုချောင်ထဲမှ နှင်ထုတ်ခြင်းခံလိုက်ရကာ ဖုန်းယွိဟန် ဘာတွေးနေသည်ကိုလည်း မသိလိုက်ကြရဘဲ ခြံ၀င်းထဲ၌သာ ရပ်နေကြရလေ၏။

ဖုန်းယွိဟန် ၀မ်ချူအန်းအား မေးလိုက်သည်။ " ငါပြောတာ အားလုံး မှတ်မိတယ်မလား "

၀မ်ချူအန်းက ခေါင်းညိတ်ပြသည်။ " မှတ်မိပါတယ် ၊ ဟူးအန်းချွမ်က ရာချီဆေးပင်ဆိုင်က်ို ရောက်သွားလောက်ပါပြီ ၊ ဆေးတွေကို ဘယ်လောက်မြန်မြန် ထုတ်ပေးနိုင်မလဲပေါ် မူတည်ပြီး သိပ်မကြာခင် ပြန်ရောက်လာလောက်ပါတယ် "

" ကောင်းပြီ " ဖုန်းယွိဟန်က ဆက်ကာဆိုပြန်၏။ " ဒါဆို နင်လည်း လူသွားရှာခဲ့လိုက်လေ ၊ ငါပြောတဲ့အတိုင်းသာလုပ်လိုက် ၊ ဒီစားဖိုဆောင်က ဘယ်လောက်ကြီးလဲ နင်လည်းတွေ့တာပဲဟာ ၊ လူ ဘယ်နှစ်ယောက်ခေါ်ရမလဲ ကြည့်ပြီးခေါ်ခဲ့လိုက်ပေါ့ "

၀မ်ချူအန်းသည် စားဖိုဆောင်အား တစ်ချက်လှည့်ပတ်ကြည့်ပြီးနောက် ထွက်သွားလေသည်။

ဖုန်းယွိဟန် ထိုအခါမှ ခြံ၀င်းထဲရှိ ရပ်နေကြသော အစေခံများထံ ထွက်သွားလိုက်သည်။ " စားသောက်ပွဲက မနက်ဖြန်မှပေမယ့် ငါ အားလုံးက်ို စီစဥ်ထားပြီးပြီမို့လို့ နင်တို့ကတော့ ..... အားလပ်ရက်ယူလိုက်ကြ "

ဖုန်းယွိဟန် စီစဥ်ထားပြိိီးပြီဟု ပြောခြင်းသည် အမှန်တကယ်ကို စီစဥ်ထားပြီးတာဖြစ်သည်။ အစေခံများအား ထွက်သွားခိုင်းပြီးနောက်တွင် ဟူးအန်းချွမ်သည် ရာချီဆေးပင်ဆိုင်မှ စာရေးလေးတစ်ယောက်နှင့်အတူ ပြန်ရောက်လာကာ ဆေးပင်များစွာလည်း ပါလာပြိီး စားပွဲများပေါ်၌ တင်လိုက်ကြလေသည်။ သိပ်မကြာခင်တွင်လည်း ဟင်းသီးဟင်းရွက်များကို လာပို့ကြပြန်သည်။ သားသတ်သမားလည်း ရောက်လာပြီး ဖုန်းယွိဟန်အား " စိတ်မပူပါနဲ့ သခင်မလေး ၊ ငါးတွေ လတ်ဆတ်နေစေဖို့ ကျွန်တော် မနက်ဖြန်မနက်မှ လာပို့ပေးပါ့မယ် " ဟု ပြောသည်။

ဖုန်းယွိဟန် ထိုကဲ့သို့သော စီစဥ်ထားမှုအား သဘောကျသွားသည် ။ ထို့နောက်တွင် ၀မ်ချူအန်း ခေါ်လာသည့်သူနှင့် နာရီအနည်းငယ်ကြာ ဖုန်းယွိဟန် ဆွေးနွေးလိုက်ပြီး ချက်ရမည့်ဟင်းပွဲများကို သတ်မှတ်ပေးပြီးနောက်မှ ထုံရှန်းစံအိမ်သို့ ပြန်လာလိုက်သည်။ စားဖိုဆောင်ကိုမူ ၀မ်ချူအန်းနှင့် ဟူးအန်းချွမ်တို့၏ စောင့်ကြည့်မှုအောက်တွင်သာ ထားခဲ့လိုက်သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now